Thursday, July 2, 2020

ရာသီတုပ်ကွေး (Seasonal flu)

ရာသီတုပ်ကွေးကာကွယ်ဆေးအကြောင်း သိကောင်းစရာများ
😷💉😷💉😷💉😷💉😷💉😷💉😷💉😷💉😷💉😷💉


ရာသီတုပ်ကွေး (Seasonal flu) ရောဂါဟာ ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုး (Influenza Viruses) တွေကူးစက်ခံရလို့ ဖြစ်လာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်... ရာသီတုပ်ကွေးရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်စေတတ်ပြီး နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ ကိုက်ခဲစေတတ်တဲ့အပြင် အဆုတ်ရောင်ရောဂါ (Pneumonia) ကိုပါ ဖြစ်စေတတ်ပါတယ်... ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေး (Flu Vaccine) တွေကို ထိုးနှံကြရတာပါ... ဒီအပတ်ဆောင်းပါးမှာတော့ ရာသီတုပ်ကွေးကာကွယ်ဆေးနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်...

၁။ ရာသီတုပ်ကွေးကာကွယ်ဆေးဆိုတာ ဘာလဲ?
ရာသီတုပ်​ကွေးရောဂါကို ဖြစ်စေတတ်တဲ့ Influenza ဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်ကို ကာကွယ်တားဆီးနိုင်ဖို့အတွက် ကြိုတင်ထိုးနှံရတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်...

၂။ ရာသီတုပ်ကွေးကာကွယ်ဆေးအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ?
ရာသီတုပ်ကွေးကာကွယ်ဆေးအမျိုးအစား (၃) မျိုးရှိပါတယ်...
(၁) Inactivated Influenza Vaccine (IIV) ထိုးဆေး (ဗိုင်းရပ်စ်ပိုးအသေ)
(၂) Recombinant Influenza Vaccine (RIV) ထိုးဆေး (ဗိုင်းရပ်စ်ပိုးမပါ)
(၃) Live Attenuated Influenza Vaccine (LAIV) အစွမ်းမရှိသော ဗိုင်းရပ်စ်ပိုးအရှင်ပါသည့် နှာခေါင်းဖြန်းဆေး (Nasal Spray) တို့ဖြစ်ပါတယ်...
ရာသီတုပ်ကွေးကာကွယ်ဖို့အတွက် ထိုးရတဲ့ ကာကွယ်​ဆေးမှာတော့
- ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုး ၃ မျိုးကို ကာကွယ်နိုင်တဲ့ Trivalent ထိုးဆေးနဲ့
- ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုး ၄ မျိုးကို ကာကွယ်နိုင်တဲ့ Quadrivalent ထိုးဆေးဆိုပြီးရှိပါတယ်...

၃။ ရာသီတုပ်ကွေးကာကွယ်ဆေးက ဘယ်လို ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးနိုင်ပါသလဲ?
ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးတွေဖြစ်တဲ့
Human Influenza A Virus နဲ့ Human Influenza B Virus ပိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်...

ယခု ၂၀၁၉-၂၀၂၀ အတွက်
ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုး ၃ မျိုးကာကွယ်နိုင်တဲ့ ကာကွယ်ဆေး (Trivalent vaccine) မှာ
(၁) A/Brisbane/02/2018 (H1N1)pdm09-like virus (updated from an A/Michigan/45/2015 (H1N1)pdm09-like virus)

(၂) A/Kansas/14/2017 (H3N2)-like virus (updated from an A/Singapore/INFIMH-16-0019/2016 A(H3N2)-like virus) နဲ့

(၃) B/Colorado/06/2017-like (Victoria lineage) virus တွေကို ကာကွယ်နိုင်ပြီး

ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုး ၄ မျိုးကာကွယ်နိုင်တဲ့ ကာကွယ်ဆေး (Quadrivalent vaccine) မှာ အပေါ်က ဗိုင်းရပ်စ်ပိုး ၃ မျိုးအပြင်
(၄) B/Phuket/3073/2013-like (Yamagata lineage) virus ကိုပါ ကာကွယ်ပေးနိုင်အောင် စီမံထုတ်လုပ်ပေးထားပါတယ်...

ဒါပေမယ့် ဒီနှစ်အတွက် စျေးကွက်အတွင်းမှာတော့ ဗိုင်းရပ်စ်ပိုး ၄ မျိုးကာကွယ်ဆေးတွေကိုသာ ရရှိနိုင်တယ်လို့ CDC (Centers for Disease Control and Prevention) က ဖော်ပြထားပါတယ်...

၄။ ရာသီတုပ်ကွေးကာကွယ်ဆေးကို အသက်ဘယ်လောက်ကစပြီး ထိုးနှံပေးနိုင်ပါသလဲ?
 ရာသီတုပ်ကွေးကာကွယ်ဆေး အမျိုးအစားပေါ်မူတည်ပြီး အသက် ၆ လမှစတင်ကာ ထိုးနှံပေးနိုင်ပါတယ်...

၅။ ရာသီတုပ်ကွေးကာကွယ်ဆေးကို မည်သို့ထိုးနှံသင့်ပါသလဲ?
ဆေးထိုးနှံတဲ့အခါ လက်မောင်းရင်းရှိ Deltoid ကြွက်သားနေရာကို ထိုးနှံပေးရတာဖြစ်ပါတယ်...
အသက် ၆ လမှ ၈ နှစ်အတွင်း ကလေးငယ်တွေကတော့ ပထမဆုံးအကြိမ်ထိုးပြီး တစ်လအကြာမှာ နောက်ထပ် ကာကွယ်ဆေးတစ်လုံး ထပ်မံထိုးနှံပေးဖို့လိုအပ်ပါတယ်...
အသက် ၈ နှစ်အထက် လူငယ်တွေနဲ့ လူကြီးတွေကတော့ တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးနှံပေးနိုင်ပါတယ်...
ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက ဗီဇပြောင်းလဲလွယ်တဲ့အတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်နှစ်တိုင်း အဆင့်မြှင့်နေရတာကြောင့် တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးပေးသင့်ပါတယ်...

၆။ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီး ဘယ်လောက်ကြာရင် ကိုယ်ခံအားရပြီလဲ?
ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီး ၂ ပတ်အကြာမှာမှ ကိုယ်ခံအား စတင်ရရှိတာဖြစ်ပါတယ်... ဆေးထိုးပြီး ချက်ချင်း မကာကွယ်နိုင်ပါဘူး...

၇။ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားရင် တုပ်ကွေးရောဂါ မဖြစ်တော့ဘူးလား?
ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားပေမယ့် ဗီဇပြောင်းနေတဲ့ အခြားရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရရင်တော့ တုပ်ကွေးဖြစ်နိုင်ပါသေးတယ်... ရာသီတုပ်ကွေးကာကွယ်ဆေးက ကာကွယ်နိုင်တဲ့ဗိုင်းရပ်စ်ပိုးနဲ့ သွင်ပြင်ဗီဇကွဲပြားလေလေ ကာကွယ်နိုင်မှုနည်းလေလေဖြစ်တာကြောင့် အခြားတုပ်ကွေးဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရရင်လည်း ကာကွယ်ဆေးထိုးထားပေမယ့် တုပ်ကွေးရောဂါဖြစ်နိုင်ပါသေးတယ်...

၈။ ရာသီတုပ်ကွေးကာကွယ်ဆေးကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ?
ဆေးထိုးထားတဲ့နေရာမှာ နီရဲခြင်း၊  နာကျဉ်ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ပျို့ခြင်း၊ ကြွက်သားနာခြင်းတွေ ဖြစ်နိုင်ပါတယ်...

၉။ ဘယ်လိုလူတွေက ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ ပိုပြီးလိုအပ်ပါသလဲ?
အသက် ၆ လအောက် ကလေးငယ်ရှိတဲ့ မိခင်နဲ့ အတူနေမိသားစုတွေက ရာသီတုပ်ကွေးကာကွယ်ဆေးထိုးဖို့ ပိုပြီးလိုအပ်ပါတယ်...
အသက် ၆၅ နှစ်အထက် အဆုတ်ရောဂါ၊ နှလုံး​ရောဂါအခံရှိတဲ့သူတွေကိုလည်း ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးနှံသင့်ပါတယ်...

၁၀။ ကိုယ်ဝန်ဆောင်မိခင်တွေကို ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံ၍ရပါသလား?
ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်အနုအရင့်မရွေး ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံလို့ ရပါတယ်...

၁၁။ ရာသီတုပ်ကွေးကာကွယ်ဆေးက သွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhaegic Fever)၊ ဆင်တုပ်​ကွေးရောဂါ (Chikengunya)ကဲ့သို့သော အခြားတုပ်ကွေးရောဂါများနှင့် COVID-19 ပြင်းထန်အဆုတ်ရောင်ရောဂါကို ကာကွယ်နိုင်ပါသလား?
👉မကာကွယ်နိုင်ပါဘူး...

၁၂။ ရာသီတုပ်ကွေးရောဂါကူးစက်ခံရရင် ကုသလို့ရပါသလား?
ပုံမှန်အားဖြင့် ရောဂါဖြစ်ပွားပြီး ၂ ပတ်အတွင်း
ဆေးကုသမှုခံယူစရာမလိုဘဲ မိမိ ကိုယ်ခံအားကြောင့် အလိုလို ပြန်ကောင်းနိုင်ပါတယ်... တကယ်လို့ ရောဂါပြင်းထန်ရင်တော့
Baloxavir marboxil လို ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေကိုအသုံးပြုပြီး ကုသပေးနိုင်ပါတယ်...

၁၃။ ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးထားသူတွေမှာရော တုပ်ကွေးရောဂါမဖြစ်ပွားအောင် မည်သို့ပြုမူနေထိုင်သင့်ပါသလဲ?
ကိုယ်ခံအားကောင်းအောင် အိပ်ရေးဝဝအိပ်၊ အာဟာရပြည့်အောင်စား၊ အရည်များများသောက်၊ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျှော့ချပြီး ပျော်ပျော်နေ၊ ကိုယ်လက်​လေ့ကျင့်ခန်းလုပ်၊ လူတွေကြားထဲသွားလာရမယ်ဆိုရင် နှာခေါင်းစည်း (Mask) တပ်၊ ပါးစပ်နဲ့ နှာခေါင်းကို မကိုင်တွယ်မီ လက်ကို စနစ်တကျ​ဆေးတာမျိုးလုပ်ပြီး ကာကွယ်လို့ရပါတယ်...

နိဂုံးချုပ်အနေနဲ့ပြောရရင် ရာသီတုပ်ကွေး ကာကွယ်ဆေးဟာ တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးနှံပေးရင် အကောင်းဆုံးကာကွယ်မှုကို ရနိုင်တယ်ဆိုပေမယ့် သွေးလွန်တုပ်ကွေးလိုရောဂါတွေကို မကာကွယ်နိုင်တာကြောင့် ကာကွယ်ဆေးထိုးထားသော်လည်း ခြင်ကိုက်မခံရအောင် ဂရုစိုက်ကာကွယ်တာ၊ အခြားတုပ်ကွေးရောဂါပိုးတွေ ကူးစက်မခံရအောင် မျက်နှာဖုံး Mask တပ်တာ၊ လက်ဆေးတာမျိုးကိုပါ လုပ်သင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်ဗျ...။

ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)
၂၇.၅.၂၀၂၀

Myawaddy Magazine. July.2020

(Zawgyi)

ရာသီတုပ္ေကြးကာကြယ္ေဆးအေၾကာင္း သိေကာင္းစရာမ်ား
😷💉😷💉😷💉😷💉😷💉😷💉😷💉😷💉😷💉😷💉


ရာသီတုပ္ေကြး (Seasonal flu) ေရာဂါဟာ ရာသီတုပ္ေကြးဗိုင္းရပ္စ္ပိုး (Influenza Viruses) ေတြကူးစက္ခံရလို႔ ျဖစ္လာတဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္... ရာသီတုပ္ေကြးေရာဂါပိုးဟာ အသက္႐ွဴလမ္းေၾကာင္းကတဆင့္ ကူးစက္ေစတတ္ၿပီး ႏွာေစး၊ ေခ်ာင္းဆိုး၊ ဖ်ားနာ၊ ကိုက္ခဲေစတတ္တဲ့အျပင္ အဆုတ္ေရာင္ေရာဂါ (Pneumonia) ကိုပါ ျဖစ္ေစတတ္ပါတယ္... ဒါေၾကာင့္ ရာသီတုပ္ေကြးကာကြယ္ေဆး (Flu Vaccine) ေတြကို ထိုးႏံွၾကရတာပါ... ဒီအပတ္ေဆာင္းပါးမွာေတာ့ ရာသီတုပ္ေကြးကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး သိသင့္သိထိုက္တဲ့ ဗဟုသုတေတြကို ေရးသားေဖာ္ျပေပးသြားမွာျဖစ္ပါတယ္...

၁။ ရာသီတုပ္ေကြးကာကြယ္ေဆးဆိုတာ ဘာလဲ?
ရာသီတုပ္​ေကြးေရာဂါကို ျဖစ္ေစတတ္တဲ့ Influenza ဗိုင္းရပ္စ္ပိုးရဲ႕ အႏၱရာယ္ကို ကာကြယ္တားဆီးႏိုင္ဖို႔အတြက္ ျကိုတင္ထိုးႏွံရတဲ့ ကာကြယ္ေဆးျဖစ္ပါတယ္...

၂။ ရာသီတုပ္ေကြးကာကြယ္ေဆးအမ်ိဳးအစား ဘယ္ႏွစ္မ်ိဳး႐ွိပါသလဲ?
ရာသီတုပ္ေကြးကာကြယ္ေဆးအမ်ိဳးအစား (၃) မ်ိဳး႐ွိပါတယ္...
(၁) Inactivated Influenza Vaccine (IIV) ထိုးေဆး (ဗိုင္းရပ္စ္ပိုးအေသ)
(၂) Recombinant Influenza Vaccine (RIV) ထိုးေဆး (ဗိုင္းရပ္စ္ပိုးမပါ)
(၃) Live Attenuated Influenza Vaccine (LAIV) အစြမ္းမ႐ွိေသာ ဗိုင္းရပ္စ္ပိုးအ႐ွင္ပါသည့္ ႏွာေခါင္းျဖန္းေဆး (Nasal Spray) တို႔ျဖစ္ပါတယ္...
ရာသီတုပ္ေကြးကာကြယ္ဖို့အတြက္ ထိုးရတဲ့ ကာကြယ္​ေဆးမွာေတာ့
- ရာသီတုပ္ေကြးဗိုင္းရပ္စ္ပိုး ၃ မ်ိဳးကို ကာကြယ္ႏိုင္တဲ့ Trivalent ထိုးေဆးနဲ႔
- ရာသီတုပ္ေကြးဗိုင္းရပ္စ္ပိုး ၄ မ်ိဳးကို ကာကြယ္ႏိုင္တဲ့ Quadrivalent ထိုးေဆးဆိုၿပီး႐ွိပါတယ္...

၃။ ရာသီတုပ္ေကြးကာကြယ္ေဆးက ဘယ္လို ဗိုင္းရပ္စ္ပိုးေတြကို ကာကြယ္ေပးႏိုင္ပါသလဲ?
ရာသီတုပ္ေကြးဗိုင္းရပ္စ္ပိုးေတြျဖစ္တဲ့
Human Influenza A Virus နဲ႔ Human Influenza B Virus ပိုးေတြကို ကာကြယ္ေပးႏိုင္ပါတယ္...

ယခု ၂၀၁၉-၂၀၂၀ အတြက္
ရာသီတုပ္ေကြးဗိုင္းရပ္စ္ပိုး ၃ မ်ိဳးကာကြယ္ႏိုင္တဲ့ ကာကြယ္ေဆး (Trivalent vaccine) မွာ
(၁) A/Brisbane/02/2018 (H1N1)pdm09-like virus (updated from an A/Michigan/45/2015 (H1N1)pdm09-like virus)

(၂) A/Kansas/14/2017 (H3N2)-like virus (updated from an A/Singapore/INFIMH-16-0019/2016 A(H3N2)-like virus) နဲ႔

(၃) B/Colorado/06/2017-like (Victoria lineage) virus ေတြကို ကာကြယ္ႏိုင္ၿပီး

ရာသီတုပ္ေကြးဗိုင္းရပ္စ္ပိုး ၄ မ်ိဳးကာကြယ္ႏိုင္တဲ့ ကာကြယ္ေဆး (Quadrivalent vaccine) မွာ အေပၚက ဗိုင္းရပ္စ္ပိုး ၃ မ်ိဳးအျပင္
(၄) B/Phuket/3073/2013-like (Yamagata lineage) virus ကိုပါ ကာကြယ္ေပးႏိုင္ေအာင္ စီမံထုတ္လုပ္ေပးထားပါတယ္...

ဒါေပမယ့္ ဒီႏွစ္အတြက္ ေစ်းကြက္အတြင္းမွာေတာ့ ဗိုင္းရပ္စ္ပိုး ၄ မ်ိဳးကာကြယ္ေဆးေတြကိုသာ ရ႐ွိႏိုင္တယ္လို႔ CDC (Centers for Disease Control and Prevention) က ေဖာ္ျပထားပါတယ္...

၄။ ရာသီတုပ္ေကြးကာကြယ္ေဆးကို အသက္ဘယ္ေလာက္ကစၿပီး ထိုးႏံွေပးႏိုင္ပါသလဲ?
 ရာသီတုပ္ေကြးကာကြယ္ေဆး အမ်ိဳးအစားေပၚမူတည္ၿပီး အသက္ ၆ လမွစတင္ကာ ထိုးႏွံေပးႏိုင္ပါတယ္...

၅။ ရာသီတုပ္ေကြးကာကြယ္ေဆးကို မည္သို႔ထိုးႏွံသင့္ပါသလဲ?
ေဆးထိုးႏွံတဲ့အခါ လက္ေမာင္းရင္း႐ွိ Deltoid ႂကြက္သားေနရာကို ထိုးႏံွေပးရတာျဖစ္ပါတယ္...
အသက္ ၆ လမွ ၈ ႏွစ္အတြင္း ကေလးငယ္ေတြကေတာ့ ပထမဆံုးအႀကိမ္ထိုးၿပီး တစ္လအၾကာမွာ ေနာက္ထပ္ ကာကြယ္ေဆးတစ္လံုး ထပ္မံထိုးႏံွေပးဖို႔လိုအပ္ပါတယ္...
အသက္ ၈ ႏွစ္အထက္ လူငယ္ေတြနဲ႔ လူႀကီးေတြကေတာ့ တစ္ႏွစ္တစ္ႀကိမ္ ပံုမွန္ထိုးႏံွေပးႏိုင္ပါတယ္...
ရာသီတုပ္ေကြးဗိုင္းရပ္စ္ပိုးေတြက ဗီဇေျပာင္းလဲလြယ္တဲ့အတြက္ ရာသီတုပ္ေကြးကာကြယ္ေဆးကို ႏွစ္စဥ္ႏွစ္တိုင္း အဆင့္ျမႇင့္ေနရတာေၾကာင့္ တစ္ႏွစ္တစ္ႀကိမ္ ပံုမွန္ထိုးေပးသင့္ပါတယ္...

၆။ ရာသီတုပ္ေကြးကာကြယ္ေဆးထိုးၿပီး ဘယ္ေလာက္ၾကာရင္ ကိုယ္ခံအားရၿပီလဲ?
ရာသီတုပ္ေကြးကာကြယ္ေဆးထိုးၿပီး ၂ ပတ္အၾကာမွာမွ ကိုယ္ခံအား စတင္ရ႐ွိတာျဖစ္ပါတယ္... ေဆးထိုးၿပီး ခ်က္ခ်င္း မကာကြယ္ႏိုင္ပါဘူး...

၇။ ရာသီတုပ္ေကြးကာကြယ္ေဆးထိုးထားရင္ တုပ္ေကြးေရာဂါ မျဖစ္ေတာ့ဘူးလား?
ရာသီတုပ္ေကြးကာကြယ္ေဆးထိုးထားေပမယ့္ ဗီဇေျပာင္းေနတဲ့ အျခားရာသီတုပ္ေကြးဗိုင္းရပ္စ္ပိုးေတြ ကူးစက္ခံရရင္ေတာ့ တုပ္ေကြးျဖစ္ႏိုင္ပါေသးတယ္... ရာသီတုပ္ေကြးကာကြယ္ေဆးက ကာကြယ္ႏိုင္တဲ့ဗိုင္းရပ္စ္ပိုးနဲ႔ သြင္ျပင္ဗီဇကြဲျပားေလေလ ကာကြယ္ႏိုင္မႈနည္းေလေလျဖစ္တာေၾကာင့္ အျခားတုပ္ေကြးဗိုင္းရပ္စ္ပိုးေတြ ကူးစက္ခံရရင္လည္း ကာကြယ္ေဆးထိုးထားေပမယ့္ တုပ္ေကြးေရာဂါျဖစ္ႏိုင္ပါေသးတယ္...

၈။ ရာသီတုပ္ေကြးကာကြယ္ေဆးေၾကာင့္ ဘယ္လိုေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ႏိုင္ပါသလဲ?
ေဆးထိုးထားတဲ့ေနရာမွာ နီရဲျခင္း၊  နာက်ဥ္ေရာင္ရမ္းျခင္း၊ ေခါင္းကိုက္ျခင္း၊ ဖ်ားျခင္း၊ ပ်ိဳ႕ျခင္း၊ ႂကြက္သားနာျခင္းေတြ ျဖစ္ႏိုင္ပါတယ္...

၉။ ဘယ္လိုလူေတြက ရာသီတုပ္ေကြးကာကြယ္ေဆးထိုးဖို႔ ပိုၿပီးလိုအပ္ပါသလဲ?
အသက္ ၆ လေအာက္ ကေလးငယ္႐ွိတဲ့ မိခင္နဲ႔ အတူေနမိသားစုေတြက ရာသီတုပ္ေကြးကာကြယ္ေဆးထိုးဖို႔ ပိုၿပီးလိုအပ္ပါတယ္...
အသက္ ၆၅ ႏွစ္အထက္ အဆုတ္ေရာဂါ၊ ႏွလံုး​ေရာဂါအခံ႐ွိတဲ့သူေတြကိုလည္း ရာသီတုပ္ေကြးကာကြယ္ေဆးကို ထိုးႏံွသင့္ပါတယ္...

၁၀။ ကိုယ္ဝန္ေဆာင္မိခင္ေတြကို ရာသီတုပ္ေကြးကာကြယ္ေဆး ထိုးႏံွ၍ရပါသလား?
ကိုယ္ဝန္ေဆာင္ေတြမွာ ကိုယ္ဝန္အႏုအရင့္မေရြး ရာသီတုပ္ေကြးကာကြယ္ေဆး ထိုးႏံွလို႔ ရပါတယ္...

၁၁။ ရာသီတုပ္ေကြးကာကြယ္ေဆးက ေသြးလြန္တုပ္ေကြးေရာဂါ (Dengue Hemorrhaegic Fever)၊ ဆင္တုပ္​ေကြးေရာဂါ (Chikengunya)ကဲ့သို႔ေသာ အျခားတုပ္ေကြးေရာဂါမ်ားႏွင့္ COVID-19 ျပင္းထန္အဆုတ္ေရာင္ေရာဂါကို ကာကြယ္ႏိုင္ပါသလား?
👉မကာကြယ္ႏိုင္ပါဘူး...

၁၂။ ရာသီတုပ္ေကြးေရာဂါကူးစက္ခံရရင္ ကုသလို႔ရပါသလား?
ပံုမွန္အားျဖင့္ ေရာဂါျဖစ္ပြားၿပီး ၂ ပတ္အတြင္း
ေဆးကုသမႈခံယူစရာမလိုဘဲ မိမိ ကိုယ္ခံအားေၾကာင့္ အလိုလို ျပန္ေကာင္းႏိုင္ပါတယ္... တကယ္လို႔ ေရာဂါျပင္းထန္ရင္ေတာ့
Baloxavir marboxil လို ဗိုင္းရပ္စ္ပိုးသတ္ေဆးေတြကိုအသံုးျပဳၿပီး ကုသေပးႏိုင္ပါတယ္...

၁၃။ ရာသီတုပ္ေကြးကာကြယ္ေဆးမထိုးထားသူေတြမွာေရာ တုပ္ေကြးေရာဂါမျဖစ္ပြားေအာင္ မည္သို႔ျပဳမူေနထိုင္သင့္ပါသလဲ?
ကိုယ္ခံအားေကာင္းေအာင္ အိပ္ေရးဝဝအိပ္၊ အာဟာရျပည့္ေအာင္စား၊ အရည္မ်ားမ်ားေသာက္၊ စိတ္ဖိစီးမႈကို အတတ္ႏိုင္ဆံုးေလွ်ာ့ခ်ၿပီး ေပ်ာ္ေပ်ာ္ေန၊ ကိုယ္လက္​ေလ့က်င့္ခန္းလုပ္၊ လူေတြၾကားထဲသြားလာရမယ္ဆိုရင္ ႏွာေခါင္းစည္း (Mask) တပ္၊ ပါးစပ္နဲ႔ ႏွာေခါင္းကို မကိုင္တြယ္မီ လက္ကို စနစ္တက်​ေဆးတာမ်ိဳးလုပ္ၿပီး ကာကြယ္လို႔ရပါတယ္...

နိဂံုးခ်ဳပ္အေနနဲ႔ေျပာရရင္ ရာသီတုပ္ေကြး ကာကြယ္ေဆးဟာ တစ္ႏွစ္တစ္ႀကိမ္ ပံုမွန္ထိုးႏံွေပးရင္ အေကာင္းဆံုးကာကြယ္မႈကို ရႏိုင္တယ္ဆိုေပမယ့္ ေသြးလြန္တုပ္ေကြးလိုေရာဂါေတြကို မကာကြယ္ႏိုင္တာေၾကာင့္ ကာကြယ္ေဆးထိုးထားေသာ္လည္း ျခင္ကိုက္မခံရေအာင္ ဂ႐ုစိုက္ကာကြယ္တာ၊ အျခားတုပ္ေကြးေရာဂါပိုးေတြ ကူးစက္မခံရေအာင္ မ်က္ႏွာဖံုး Mask တပ္တာ၊ လက္ေဆးတာမ်ိဳးကိုပါ လုပ္သင့္ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္ဗ်...။

ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္)
၂၇.၅.၂၀၂၀

Myawaddy Magazine. July.2020

No comments: