Tuesday, July 14, 2020

U Kyaw Hein (ကျော်ဟိန်းဟုခေါ်သည် )

***** ကျော်ဟိန်းဟုခေါ်သည် ******


၁၉၆၂ ခုနှစ်ဝန်းကျင်။  မိတ္ထီလာမြို့မှ ထွက်ခွာလာသည့် ဝါဂွမ်း အိတ်များ အပြည့်တင်ဆောင်လာ သော ကုန်တင်ကားကြီးတစ်စီး သည် ရန်ကုန်-မန္တလေးလမ်း ဟောင်းကြီးပေါ်တွင် တအိအိ ဖြင့် မောင်းနှင်လာလေသည်။ ထို ကားကြီးပေါ်တွင် အသက်(၁၅) နှစ်ဝန်းကျင် ကလေးငယ်နှစ် ယောက်သည် ဝါဂွမ်းအိတ်များ ကြားတွင် မျက်စိမျက်နှာပျက်ကာ ကျပ်ကျပ်တည်းတည်းဖြင့် ထိုင် ရင်းလိုက်ပါလာသည်။ ထိုကလေးနှစ်ယောက်အနက် တစ်ဦးမှာ မောင်ကျော်ဌေးခေါ် ကျော်ကြီး ဖြစ်လေသည်။ ကျော်ကြီး စိတ် တွေ လေနေသည်။ သူ အိမ်မပြန် ချင်။ သူ ဘာဆက်လုပ်ရမည်လဲ မသိ။

ကျော်ကြီးသည် ရန်ကုန်စမ်း ချောင်းက ကျောင်းကုန်းလမ်းတွင် နေပါသည်။ သူသည် အခြေအ နေမဲ့တစ်ယောက်တော့ မဟုတ် ပါ။ သူ့ဖခင်မှာ ဗြိတိသျှခေတ်  ခရိုင်ရဲဝန်တစ်ယောက်။ သို့သော်  သူ့အဖေတွင် သြဇာအာဏာမရှိ တော့။ သူလူမှန်းသိတတ်စအချိန် တွင်  အဖေသည် အငြိမ်းစားယူပြီးလေပြီ။ သို့သော် အဖေသည် ယခင်က ရှိခဲ့ဖူးသော ဂုဏ်တွေ ကြောင့် မာန်ကတော့ ဘယ်တော့ မှမချ။ ကျော်ကြီး အဖေ့ကို ကြောက်ရသည်။

ကျော်ကြီးတို့သည် အဖေ၏ ဦးဦးဖျားဖျား သားသမီးရတနာ များတော့ ဖြစ်ခွင့်မရခဲ့ကြပါ။ ကျော်ကြီး၏အမေ ဒေါ်ချိုချိုသည် ဒုတိယမြောက် အိမ်ထောင်သာ ဖြစ်သည်။ အမေ့အတွက်လည်း  ကျော်ကြီး စိတ်မကောင်း။ ထိုခံ စားမှုကို ဒုတိယလူဒေါ်ချိုချို အ မည်ဖြင့် ဝတ္ထုလေးတစ်ပုဒ်တောင် ကျော်ကြီး ရေးခဲ့ဖူးသည်။ ဒုတိယ အိမ်ထောင်မှရသည့် ကျော်ကြီး တို့ သားသမီးတွေသည် မျက်နှာ ငယ်ခဲ့ရသည်။

အဖေက ပင်စင်စား အမေ က မှီခို၊ သားသမီးက ခြောက် ယောက်မို့ ကျော်ကြီးတို့ မိသားစု အဆင်မပြေလှပါ။

ကျော်ကြီးကို အိမ်က တစ် ရက်လျှင် မုန့်ဖိုးတစ်မတ်သာ ပေး နိုင်သည်။ ကျောင်းကို  ကြည့်မြင် တိုင်ဘူတာမှတ်တိုင်ကနေ ကား စီးသွားမည်ဆိုလျှင် ၁၀ ပြား ပေး ရသည်။ အသွားအပြန် ဘတ်စ် ကားခ ပြားနှစ်ဆယ်ကျတော့ သူ့ မှာ ငါးပြားသာ ကျန်သည်။ ထိုငါးပြားက ဘာမှဝယ်စား၍မရ။ ကျောင်းမုန့်ဈေးတန်းမှာ ငါးပြား တန်မုန့်မရှိ။ သို့သော် ကျော်ကြီး  လူရည်လည်ပါသည်။  ကျောင်း က ထမင်းကြော်ရောင်းသည့် ဦး လေးကြီးကို ပေါင်းထားပြီး သူခိုင်း တာတွေလည်း ကူလုပ်ပေးသည်။ သူကျွေးသည့် ထမင်းကြော်ဖြင့် ကျောင်းမုန့်စားဆင်းချိန် ကျော် ကြီး ဝမ်းပြည့်ရလေသည်။

ကျောင်းပြန်လျှင်လည်း ရင်း နှီးနေသည့် ဘတ်စ်ကားတွေကို ကျော်ကြီးစောင့်ပြီးစီးပါသည်။ထို ကားပေါ်က ဒရိုင်ဘာတွေ၊ စပယ် ယာတွေက ကျော်ကြီးကို ချစ်ခင် ပြီး ကားခမယူတော့။ အပိုထွက် လာသည့် ကျောင်းမုန့်ဖိုးလေး တွေကိုစုကာ ကျော်ကြီး  လိုအပ် တာလေးတွေ ဝယ်ပါသည်။ ထိုအချိန်ကတည်းက ကျော်ကြီး  ငွေစုတတ်သည့် အလေ့အကျင့် ကောင်း စရခဲ့သည်။

ကျော်ကြီး ကျောင်းကနေ ပြန်လာလျှင် လမ်းထဲက ပျော်ရွှင် နေသည့် မိသားစုတွေကို ကြည့် ကာ အားကျရင်း သူ့ဘဝကိုယ်သူ အားမလိုအားမရဖြစ်ခဲ့သည်။ သူ တို့အိမ်ရှေ့ကနေ ကားတွေတဝီဝီ ဖြတ်သွားတိုင်း သူ့ဘဝကို သူရင် မောကာနေခဲ့သည်။ ငါ ဒီအတိုင်း လမ်းထဲမှာ ဒီလိုပဲနေသွားရတော့ မှာလားဆိုသည့်အတွေးက မကြာ ခဏဝင်လာသည်။ ထို့ကြောင့် သူ မကြာခဏ အိမ်က ထွက်ပြေး သည်။ ထွက်ပြေးသည်မှာ ဆယ့် ခြောက်ခါလောက်ရှိပြီ။ ထို့ ကြောင့် ကျော်ကြီး အိမ်မှာ မနေ ချင်တော့။  ကျော်ကြီး အိမ်က ထွက်ပြေးသည်။

အခုလည်း အိမ်ကထွက်အ ပြေး လမ်းမှာ ရွယ်တူကောင်လေး တစ်ယောက်နှင့်တွေ့ပြီး  သူ လည်း စိတ်လေနေသည်ဆိုတာ ကြောင့် ‘‘မင်းနဲ့ ငါနဲ့ စစ်ထဲဝင် မလား’’ဟု မေးကြည့်တော့ ဝင် မယ်ကွာဆိုတာနှင့် ကျော်ကြီးတို့ သေတ္တာလေးတစ်လုံးဆွဲကာ မိတ္ထီ လာကို ရောက်လာကြသည်။ သို့ သော် အသက်မပြည့်သေး၍ လက်မခံလိုက်။ ကျော်ကြီးတို့နှစ် ယောက် လှည့်ပြန်ခဲ့ရပြီး ဝါဂွမ်း ကားကြီးနှင့် ရန်ကုန်ဘက် လမ်း ကြုံ လိုက်စီးခဲ့ရခြင်း ဖြစ်လေ သည်။

ရန်ကုန်ရောက်တော့ ကား ပေါ်ကအဆင်း အိမ်မပြန်သေးဘဲ ပြည်လမ်းဘက်မှတစ်ဆင့် နတ်တ လင်းဘက် ဆက်ပြေးကြသည်။ ကျော်ကြီးတို့နှစ်ယောက် နတ်တ လင်းဘက်က ဆိတ်ကျောင်းသည့်  တဲလေးတစ်တဲမှာ ကပ်နေရ သည်။  နတ်တလင်းဘူတာမှာ ကုန်စိမ်းတောင်းတွေ အတင်အချလုပ် ရသည်။ တစ်တောင်းကို ၃၅ ပြား ရသည်။ သို့သော် ကျော်ကြီးတို့ မရ။ သူတို့ကိုတင်ခေါ်ထားသည့်  ဆိတ်ကျောင်းတဲ့ကောင်က သိမ်း သွားသည်။ သူက ကျော်ကြီးတို့ကို ထမင်းတစ်နပ်ပဲကျွေးသည်။ ည အိပ်တော့ ကျော်ကြီးတို့နှစ် ယောက် အိမ်အောက်က ဆိတ် တွေကြား အိပ်ရသည်။

ထိုသို့နေထိုင်ရင်း တစ်ပတ် ဆယ်ရက်ခန့်အကြာ ကျော်ကြီး အဒေါ်က လိုက်ရှာတွေ့ပြီး ရန် ကုန်ပြန်ပါသွားသည်။ ကျော်ကြီး ကမာရွတ်ထဲက ဒေါ်သာထက် ကျောင်းမှာ တက်ရသည်။ ကိုး တန်းရောက်ပြီဖြစ်သည်။ ကိုးတန်းတွင်လည်း သုံးနှစ်တောင် ကျသည်။ ထိုသို့နေလာရင်း ကျော် ကြီး လူမိုက်ဂိုဏ်းတစ်ခုထဲရောက်ဖို့ အကြောင်းဖန်လာလေသည်။ ထိုဂိုဏ်းကတော့ စိန်ဂေါ်လီတဲ့။

ကျော်ကြီး ဖခင်ကို ချစ် လည်းချစ်သလို ကြောက်လည်း ကြောက်ပါသည်။ သို့သော် အဖေ့ကိုတော့ နားလည်ပေးလို့မရပါ။ အဖေ့တွင် ညီဝမ်းကွဲတစ်ယောက် ရှိပါသည်။ သူ့တွင်သားသမီးငါးယောက်ရှိပြီး ငါးယောက်လုံး ဆရာဝန်တွေ။ အဖေက ကျော်ကြီးတို့ကို သူ့ညီမိသားစုနှင့် နှိုင်းနှိုင်းပြီး မကြာခဏ ပြောလေ့ရှိသည်။ ‘‘ရှက်တယ်ကွာ၊ ရှက်တယ်ကွာ ငါ မင်းတို့ကို သူတို့ဆီခေါ်သွားရမှာ ရှက်တယ်ကွာ’’တဲ့။ သူ့ညီ၏ သားသမီးတွေ ဘယ်လိုနေရထိုင်ရ စားသောက်ရ ပညာသင်ကြားခွင့်ရတာတွေကျ အဖေက ထည့်မပြောခဲ့။ ကျော်ကြီးကို အဖေက မကြာခဏ ပြောဖူးသည်က ‘‘ခွေးဖြစ်မယ့်ကောင်’’တဲ့။

ထိုသို့အပြောခံရတိုင်းကျော် ကြီး စိတ်ထဲခံစားရသည်။ နောက် ပိုင်း တစ်ယောက်ယောက်က နှိမ် သလိုလို၊ အထင်သေးသလိုလို မျက်နှာပေါက်နှင့် လာပြောပြီဆို ချက်ချင်းထထိုးကြိတ်ပြီး ဘာလို့ ဒီလိုကြည့်တာလဲဟု မေးချင်လုပ် ချင်စိတ်တွေ ပေါက်လာခဲ့သည်။    ထိုစိတ်တွေက ကျော်ကြီး လူမိုက် တစ်ယောက်ဖြစ်လာစေဖို့ လမ်းစ ဖြစ်မှန်းမသိဖြစ်လာစေခဲ့သည်။

ကြည့်မြင်တိုင်ထဲက ဟွာ ကျုံးတရုတ်ကျောင်းမှာ တစ်နှစ် တစ်ခါလုပ်သည့် ပွဲတော်တစ်ခု ရှိသည်။ ကျောင်းပြန်တက်ရင်း ထိုပွဲတော်မှာ  ကျော်ကြီးတို့အဖွဲ့ တွေ လာသည့်ကားတွေကို သွား စောင့်ပေးသည်။ ကားရှင်တွေက မုန့်ဖိုးတွေပေးကြသည်။ ထိုအချိန် တခြားအဖွဲ့ကလည်း ကျော်ကြီး တို့အဖွဲ့လို ကားလာစောင့်ရင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်စောင်ကြ တော့သည်။ ကျော်ကြီးတို့ကလေး ခွနှင့်ပစ်သည်။ ပစ်တာမှ ရိုးရိုး လောက်စာလုံးနှင့်မဟုတ်။ ဖန် ဂေါ်လီလုံးတွေနှင့်ပစ်သည်။ ထို ဖန်ဂေါ်လီတွေက ညဘက်မှာ ပြောင်လက်နေတာမို့ စိန်ဂေါ်လီ ဟုခေါ်ကြသည်။ စိန်ဂေါ်လီအဖွဲ့ မှာ ရန်ကုန်မှာတင် အဖွဲ့ဝင်ငါး ရာကျော်လောက် ရှိတာကြောင့်  အတော်ပင်အင်အားတောင့်တင်း သည်။ ကျော်ကြီး စိန်ဂေါ်လီဂိုဏ်း သား လူမိုက်လေးဖြစ်လာတော့ သည်။

ကျော်ကြီး အတော်ပင်ပေခဲ့ပါသည်။ အိမ်မပြန် လေလွင့် သည့် ရက်တွေလည်းအများကြီး။ ကြံတောသင်္ချိုင်းမှာလည်း ကာလ အတော်ကြာ ခိုဝင်နေခဲ့ဖူးသည်။ သင်္ချိုင်းထဲက ဖဲဝိုင်းတွေမှာ ကျော်ကြီး ပျော်ခဲ့သည်။ သို့သော်  ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိ တော့  ဘယ်လိုမှ အားရစရာတစ် ကွက်မှမရှိ။ ငါ့ဘဝကြီးက ဒီအ တိုင်းကြီးပဲ ပြီးသွားတော့မှာလား ဒီအတိုင်း နေလို့မဖြစ်ဘူးဟုဆို သည့်အတွေးကလည်း မကြာ ခဏ ဝင်ဝင်လာသည်။  

ကျော်ကြီး ကိုးတန်းအောင် ဆယ်တန်းရောက်တော့  အပေါင်းအသင်းတွေ စုံလာလေပြီ။ ထိုအချိန်က ပျော်ပွဲရွှင်ပွဲတွေ ခေတ်စားတာမို့ ပါတီတွေလည်း လုပ်လိုက်တာမနည်း။ ကျော်ကြီးတို့က ထိုပါတီတွေကို သိသိမသိသိ၊ ဖိတ်ဖိတ်မဖိတ်ဖိတ် တက်သည်။ သီချင်းတွေလည်း တက်ဆိုလိုဆို မကြာခဏ ရန်ပွဲတွေ၊ ရိုက်ပွဲတွေဖြစ်သည်။ တစ်ခါ ရန်ဖြစ်တော့ ကျော်ကြီး ဓားနှင့်ခုတ်လိုက်၍ တစ်ဖက်လူ ညာဘက်လက် ရှပ်ထိမိသွားပြီး  လက်သန်းတောင်ပြတ်သွားသည်။ ထို့နောက် သူငယ်ချင်းကိုးယောက် ဆယ်တန်းဆက်မဖြေတော့ဘဲ ရေတပ်ထဲ ဝင်ခဲ့ကြသည်။  ရေတပ်မှာလည်း တစ်နှစ်လောက်ကြာတော့ ထွက်ခဲ့ကြပြန်သည်။ သို့သော် ရေတပ်ထဲကထွက်သည့်အချိန် ကျော်ကြီးတို့အမြတ်တစ်ခုတော့ ရလိုက်ကြသည်။  ပရမ်းပတာနေခဲ့ကြသည့် ကျော်ကြီးတို့ အပိုးကျိုးသွားခဲ့လေသည်။

 ကျော်ကြီး ရန်ကုန်ပြန် ရောက်သည်။  ထိုအချိန် ရုပ်ရှင် ကောင်စီက မင်းသား၊ မင်းသမီး ခေါ်သည်။ အရွေးခံရပြီး ရုပ်ရှင် ရိုက်ရလျှင် ပိုက်ဆံရမည်တဲ့။ ခက် သည်က သူ့မှာ လျှောက်လွှာတွင် ပါရမည့် ဓာတ်ပုံရိုက်ဖို့ပင် ပိုက် ဆံကမရှိ။ သူငယ်ချင်းတွေက ငါး မူးတစ်ကျပ်စီစုပြီး ဓာတ်ပုံဖိုးဝိုင်း စိုက်ပေးကြသည်။ အနုပညာအ မည်က မောင်မောင်ကျော်။ ရည် ရွယ်ချက်က ‘ကြီးကျယ်ချမ်းသာ သော လူတစ်ယောက်ဖြစ်ရမည်’ တဲ့။

နောက်ဆုံး ကျော်ကြီး အ ရွေးခံရပါသည်။ သို့သော် ရုပ်ရှင် ရိုက်ဖို့ မည်သူကမှမငှား။

ပထမဆုံး ရုပ်ရှင်စရိုက်သည့်အချိန်က အဖြစ်အပျက်တွေ ကျော်ကြီးမမေ့။ ကျော်ကြီး မင်းသားမဖြစ်သေးခင် အိမ်ထောင်ကျ သည်။ ထိုအိမ်ထောင်ရယ်၊ အမေ့ ကျေးဇူးရယ်ဖြင့်  ကျော်ကြီး ပထမ ဦးဆုံးဇာတ်ကား စရိုက်ခွင့်ရ သည်။ သို့သော် ချောချောမော မောတော့မဟုတ်။

ထိုဇာတ်ကားက မန္တလေးမှာ သွားရိုက်ရသည်။ သို့သော် ကျော် ကြီးကို ရထားလက်မှတ်ပင် ဝယ် မပေး။ ရုပ်ရှင်မင်းသမီး ဒေါ်စံရှား တင်က ဟဲ့မောင်ကျော် လာ တို့နဲ့ လိုက်ခဲ့ဟု ခေါ်ပေးခဲ့သဖြင့် မန္တ လေး ရောက်ခဲ့ရသည်။ ဟိုရောက် တော့ ဒါရိုက်တာက ပြောသည်။ ‘‘ရီဂျက်တစ်ခါဖြစ်တာနဲ့ (မှားလို့ ပြန်ရိုက်ရတာနဲ့) ကိုယ့်စရိတ်နဲ့ကိုယ် ရန်ကုန်ပြန်ပေတော့’’ တဲ့။ ကျော်ကြီးစိတ်ထဲ ဒိုင်းခနဲဖြစ်သွားသည်။  ကျော်ကြီးက စိန်ခေါ်ရင် တိမ်ပေါ်အထိ လိုက်ဆော်ချင်သူ။ ချမယ်ဟု ပြောလိုက်သည်။

ဇာတ်လမ်းအရ ကျော်ကြီး က ဆရာဝန်။ မင်းသမီးက မြင်းလှည်းသမားသမီး။ အမေက ဒေါ်စံရှားတင်က ကျော်ကြီးကို အောက်တန်းစား မိန်းကလေးနဲ့ ပတ်သက်ရပါ့မလားဟု ဆူတော့ ကျော်ကြီး ပြန်ပြောရမည့်အခန်း။ ကျော်ကြီးကလည်း သူ့ဘဝမှာ တစ်ဖက် ဆွေမျိုးအသိုင်းအဝိုင်းက  မတူမတန်အပြောခံနေရသည့်အချိန်။ ရင်ထဲမှာ မွန်းကျပ်နေအောင် ခံစားနေရတာမို့ ပြော ကောင်းကောင်းနှင့် ပြောချလိုက် တာများ ဇာတ်ညွှန်းထဲပါတာတွေ ရော၊ မပါတာတွေရော ဒါရိုက် တာက ဟိုးဟိုးဖြင့် တားယူရ သည်။

ထိုသို့ မခံချင်စိတ် တသီ တတန်းကြီးဖြင့် ချလာရင်း ရုပ် ရှင်ကားတချို့ ဆက်ရိုက်လာရ သည်။ နောက်ဆုံးသုံးကား လောက်ရိုက်အပြီး နုနုငယ်ငယ် ဇာတ်ကားကျမှ  လူသိကာ ကျော် ဟိန်း ဖြစ်လာတော့လေသည်။

ကျော်ဟိန်းဖြစ်လာပြီး သူ ရုပ်ရှင်ဇာတ်ကားတွေ အများကြီး ရိုက်လာရသည်။ သီချင်းတွေပါ သူဆိုသည်။ အဲဒီအချိန် ငုပ်လျှိုး ကွယ်ပျောက်နေသည့် ငယ်စဉ်က လမ်းသရဲစိတ်ကလေး အလည် ပြန်လာခဲ့သည်။ တခြားမဟုတ်  မူးယစ်ဆေးဝါးကိစ္စ။ မူးယစ်ဆေး အကူအညီနဲ့ တွေးရတာ မိုက် တယ်တဲ့။ သူ ဘိန်းဖြူနံပါတ်ဖိုး ချသည်။ ရုပ်ရှင်ရိုက်၍ ပိုက်ဆံ ရလာလျှင် ထိုငွေကို သုံးပုံပုံတစ်ပုံ ကို ဆေးသုံးသည်။ ဆေးထိုးတာ မဟုတ် ဆေးလိပ်ထဲထည့်ပြီး ရှူ တာဖြစ်သည်။ တစ်ပုံကို စားဖို့ ထားသည်။ တစ်ပုံကတော့ စု သည်။ မစု၍မရ။ ဆင်းရဲမှာ သူ ကြောက်သည်။



သူဘိန်းဖြူသုံးနေတာကို သူ လေးစားသည့်သူတွေသိမှာတော့ ကိုကျော် ကြောက်ပါသည်။ သူ ဘယ်သူ့မှမကြောက်ချင်။ ဘယ် သူ့အချုပ်အကိုင် လွှမ်းမိုးမှုလည်း မခံချင်။ ခက်သည်က ခုဘိန်းဖြူရဲ့ လွှမ်းမိုးမှုကို သူခံနေရပြီ။  သူဘာ လုပ်မည်နည်း။ ဘိန်းဖြူကြောင့် တခြားသူက သူ့ကိုလွှမ်းမိုးတာ တစ်ပါးသူကို ကြောက်နေရမှာ သူ ကြောက်လာသည်။ ဟုတ်ပြီ ဒါဆို သူဖြတ်မှရတော့မည်။

ခက်သည်က သူတော်တော် လေး စွဲနေပြီ။ ဘယ်လောက် တောင် စွဲသလိုဆို သူဘိန်းသုံး သည့်အခန်းက အိမ်မြှောင်တွေ ပင် ဘိန်းဖြူစွဲကုန်သည်။ သူရ အောင်ဖြတ်မည်ဟုဆုံးဖြတ်လိုက် သည်။ ဘိန်းဖြူတစ်လိပ်ကို ဖြေ အဝချပြီးသည်နှင့် အထုပ်လိုက် ကြီးကို အိမ်သာထဲ ရေသွန်ချ လိုက်လေသည်။ ကိုယ့်ကိုယ် ကိုယ်တော့ ဟုတ်လှပြီအထင်နှင့် ဘိန်းစည်းစိမ်လေး မှိန်းနေခိုက် နှစ်နာရီလောက်ကြာတော့ တဖြည်းဖြည်းပြယ်သွားသည်။ ထိုအခါ ကိုကျော် မနေနိုင်တော့။ အိမ်သာထဲပြန်သွားကာ အိမ်သာဘေးနှုတ်ခမ်းတွေထိ ကျန်များကျန်ခဲ့မလား သွားရှာလေသည်။ သတိဝင်လာတော့လည်း ကိုကျော် ရှက်မိသည်။ အဲဒီနောက် ဇွတ်ကိုဖြတ် တော့သည်။ စိတ်အားထက်သန်မှု ကြောင့် ပြတ်သွားခဲ့ပါသည်။ ကို ကျော် သူ့စိတ်ကိုသူယုံကြည်လာ သည်။ ငါ တကယ်လုပ်ချင်ရင် တ ကယ့်ကိုဖြစ်တယ်။ ငါ့စိတ်ကို ငါ နိုင်တယ်လို့ ယုံကြည်လာခဲ့သည်။

နောက်ပိုင်း ဘိန်းဖြူတင် မက  မကောင်းတာတွေ အကုန် ဖြတ်မယ်ဆိုပြီး စီးကရက်လည်း ဖြတ်၊ သူ အလွန်ကြိုက်သည့် ကော်ဖီပါဖြတ် နောက်ဆုံး ရာသက်ပန် သားငါးစားတာကိုပါ ဖြတ်လိုက်နိုင်လေသည်။

ထို့နောက် ကျော်ဟိန်းဟု အ မည်ရသည့် ကိုကျော်သည် ရုပ်ရှင် အနုပညာကို တစိုက်မက်မက် ရူးသွပ်စွာ ကြိုးစားခဲ့ပါသည်။ သူ ရူးသွပ်လွန်း၍ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ၊ သရုပ်ဆောင်အ ချင်းချင်းတွေ  ကတောက်ကဆ ဖြစ်ရတာတွေလည်း ရှိခဲ့ပါသည်။

 ကျော်ဟိန်းက  မင်းသား ထက် သရုပ်ဆောင်ဖြစ်လိုသူ။  သူ သရုပ်ဆောင်ရမည့် ဇာတ်ကောင် ၏ စရိုက်ကိုပဲ ပီပြင်အောင်သရုပ် ဆောင်ချင်သူဖြစ်သည်။ ထိုစိတ် ဓာတ်က သူပထမဆုံးအကယ်ဒမီ ရခဲ့သည့် ‘အကာကအချစ် အနှစ် က မေတ္တာ’တွင် သက်သေပြခဲ့ သည်။  တင်ပါးနှစ်ဖက် ပြောင် နေအောင် ခါးတောင်းကျိုက်ပြီး ရေနံချေးသုတ်ခဲ့သည့် ဇာတ်ဝင် ခန်းကလည်း ဇာတ်ကောင်စရိုက် ပီပြင်စေခဲ့ပြီး အကယ်ဒမီထူးချွန် ဆုပင် ရရှိခဲ့ပါသည်။

ဗီဒီယိုတွေ ပေါ်လာတော့ လည်း ဗီဒီယိုဈေးကွက်မှာ ဦး ကျော်ကားတွေက  ဇာတ်ကား ကြေး အမြင့်ဆုံးရခဲ့ပါသည်။ လူ ကြီး၊ လူလတ်ပရိသတ်တွေက ကျော်ဟိန်းမှ ကျော်ဟိန်း။ အကြွေးဇာတ်ကားထဲ ဆယ်နှစ်ဆယ်နှစ် ဟု ပြောသည့်စကားလုံးက ယခု အချိန်ထိ မှတ်မှတ်သားသားရှိကြ ဆဲ။ လူငယ်တွေအတွက် လူကြီး တွေပြောချင်သည့်စကားလုံးတွေ ကိုလည်း  ကျော်ဟိန်းက  ဇာတ် ကားထဲကနေပြောပေးသည်။

ခေတ်ကို မျက်ခြည်မပြတ် အသစ်ထဲက  လက်စလက်နရှိ သည့်လူငယ်တွေနဲ့လည်းဦးကျော် တွဲပါသည်။ တချို့ကတော့ ကွယ် ရာမှာ စကားတင်းဆိုကြသည်။ အဲဒီဘိုးတော်က နင်တို့ကိုမှီပြီး ပြန်တက်ဖို့ ကြိုးစားနေသည်တဲ့။  ဦးကျော် ဘာမှမပြော။ လုပ်စရာရှိ တာတွေသာ ဦးကျော်လုပ်သည်။

အကယ်ဒမီပွဲကို  သူမရလျှင် လာမတက်ဘူးဟုလည်း ဦးကျော် က လူပြောများသည်။ တစ်နှစ်က  သူအကယ်ဒမီရတော့  ဝတ်စုံအ နက်ဖြင့် ဘယ်ကမှန်းမသိသည့် ကောင်မလေးတစ်ယောက် အ နမ်းဝင်ပေးသွားသည်ကလည်း ထိုအချိန်က လစဉ်ထုတ် မဂ္ဂဇင်း တွေမှာ အထူးပြောစရာ ဖြစ်ခဲ့ သည်။

ရုပ်ရှင်တင်မက သီချင်း တွေပါ ဦးကျော် ဆိုခဲ့ပါသည်။  နောက်ပိုင်း အာရုံသစ်အမည်ဖြင့်  ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ တာဝန်ယူကာ သူကိုယ်တိုင်သရုပ် ဆောင်ပြီး ဇာတ်ကားတွေရိုက်ခဲ့ ပါသည်။ သူ့အတွေးတွေက အ နည်းငယ်ဆန်းသဖြင့် ရှိပြီးသား မြန်မာရုပ်ရှင်ပရိသတ်နှင့် သိပ်အံ ဝင်ခွင်ကျမဖြစ်။ သို့သော်  စကား လုံးတွေက စေတနာပါသည်။ ဦးကျော်က လူငယ်တွေအတွက်  ပြောချင်တာတွေ အတော်များ သည်။ ငယ်စဉ်ကတည်းက ဘိန်း စားဘဝကနေ အကယ်ဒမီအများ ကြီးရသည့် နိုင်ငံကျော်ရုပ်ရှင်မင်း သားတစ်ယောက်ဘဝ ရောက်ဖို့  ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသူ။ သူ့လိုပဲ လူငယ်တွေကို အောင်မြင် စေချင်သည်။ ကြိုးစားစေချင် သည်။

ဦးကျော်၏ ခြံကြီးက ရန် ကုန်မြို့ကြီးမှာ အတော်ပင် ကျယ် ဝန်းလှသည်။ ခြံထဲမှာ အိမ်တွေ လည်း အများကြီး။ ရုပ်ရှင်ရိုက် သည့်အခါ ဆက်တင်တဲ့။ ငယ် စဉ်က ဘတ်စ်ကားခမတတ်နိုင်၍ စပယ်ယာကို မျက်နှာချိုသွေးစီး ခဲ့ရသူ  ကျော်ကြီးဆိုသည့်ကောင် လေးသည် အခုတော့ သူ့ခြံဝင်း ထဲမှာ သူပိုင်ဆိုင်သည့်ကားတွေ က လေးငါးခြောက်စီးမက။ သူ့ ငယ်အိပ်မက်တွေ  အကောင်အ ထည်ပေါ်ခဲ့လေသည်။

မြန်မာနိုင်ငံ၏  ထိပ်တန်းအနုပညာရှင်ကြီးဖြစ်သည့် ဦးကျော်ဟိန်းသည် အသက် (၆၁)နှစ်အရွယ်အရောက် ၂၀၀၈ ခုနှစ်တွင်  ပရိသတ်များ အံ့သြစေမည့်သတင်းတစ်ခု ယူဆောင်လာပေးခဲ့ပါသည်။ မင်းသားကြီး ကျော်ဟိန်း  သာသနာ့ဘောင်သို့  အပြီးဝင်ရောက်သွားပြီတဲ့။ သူ့ပရိသတ် များက နှမြောကြသည်။ တချို့က တော့ စတန့်ထွင်ပြန်ပြီနေမှာဟု ဆိုကြသည်။ ဒီတစ်ခါတော့ စတန့်ထွင်တာမဟုတ် တကယ် ဝင်တာဖြစ်ကြောင်း ဦးကျော်ဖြေခဲ့ ဖူးပါသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဦးကျော်ဟိန်းဘဝမှ သည် ဦးကိတ္တိသာရဘဝသို့ လှမ်း တက်သွားခဲ့ပါသည်။ တစ်ခါ တစ်ရံ ဆရာတော်၏ တရားပွဲ သတင်းတချို့ ရံဖန်ရံခါကြားရ တတ်သည်။ ဘယ်အချိန်များပြန် ထွက်လာပြီး ရုပ်ရှင်ရိုက်ဦးမလဲ  ဟု ထင်သူကထင်သည်။ သို့သော် ဦးကျော် လူ့လောကသို့ ပြန်မဝင် လာခဲ့ပါ။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင်  သတင်းဆိုးတစ်ခု တက်လာခဲ့ပါသည်။ ဦးကျော် ဟိန်းတစ်ဖြစ်လဲ ဆရာတော် ဦး ကိတ္တိသာရသည် မြန်မာစံတော် ချိန် မနက် ၉ နာရီ ၂ရမိနစ်တွင် ဩစတြေးလျနိုင်ငံ ကင်ဘာရာ မြို့၌ ပျံလွန်တော်မူသွားပြီတဲ့။ ကျော်ဟိန်းပရိသတ်များ စိတ်ထဲ ထိခိုက်ကြလေသည်။ ထူးခြားစွာ တိုက်ဆိုင်မှုမှာ လွန်ခဲ့သည့်၁၃နှစ် ၂ဝဝရခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ကလည်း ဦးကျော်ဟိန်း၏တူ နာမည်ကျော် သရုပ်ဆောင်ဒွေး  ကွယ်လွန်ခဲ့ခြင်းဖြစ်လေသည်။

ကျော်ဟိန်း၏ လက်သုံး စကားမှာ လူသားအားလုံးကိုလေးစားပါတယ်ဖြစ်သည်။ သူ ထိုစကားကို ရင်ထဲက လှိုက်လှဲစွာ ခံစားမိ၍ ပြောခဲ့ခြင်းဖြစ်သည်။  အနှိမ်ခံ လူသားတစ်ယောက်ဖြစ် ခဲ့၍ လူသားတိုင်း တစ်ဦးချင်းစီ သည် ကိုယ်ပိုင်သိက္ခာ  ကိုယ်ပိုင် လေးစားစရာတွေရှိသည်ကို သူ သိ၍ဖြစ်သည်။  ဘဝတစ်လျှောက် ရုန်းကန်မှုတွေဖြင့် ဘဝတိုက်ပွဲ ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် ဦးကျော်ဟိန်းသည် အောင်မြင်မှု တွေ အလီလီသိမ်းပိုက်ပြီးနောက်  ရဟန်းဘဝဖြင့် ဘဝတစ်ခန်းရပ် သွားခဲ့ပြီဖြစ်သည်။ ရဟန်းဘဝ ရောက်သွားတော့လည်း ဆရာ တော်သည် လူငယ်များအတွက် စာတွေ ရေးခဲ့ဖူးပါသည်။

‘‘ကိုယ်လုပ်နေတဲ့ အလုပ် တွေနဲ့ပတ်သက်ပြီး လက်ခုပ်သံ ကို မမျှော်လင့်ပါနဲ့။ ဘေးကကြည့် နေတဲ့လူတွေထဲမှာတော့ အား ပေးတဲ့လူရှိသလို  အသားလွတ်ဆဲ ဆိုနေတဲ့ အသံတွေကလည်း ဆူ ညံနေမှာ သေချာတယ်။ လှည့် ကြည့်နေရင် ခြေလှမ်းယိုင်တယ်။

ဆက်သာလျှောက်...

အသံတွေနောက်မှာ ကျန်ခဲ့ လိမ့်မယ်။ လမ်းဆုံးရင် သရဖူ ဆောင်းပေးမယ့်သူက အဆင် သင့်စောင့်နေတယ်’’တဲ့။

ကိုးကား - ဆရာအောင်သင်း၏ ကျော် ဟိန်းလို့ နာမည်ကြီးတဲ့လူတစ် ယောက် အင်တာဗျူး - ကျော်ဟိန်း၏ ကျော်ဟိန်းများ စာအုပ်

Ref: 7Day

ZN.H 🇦🇺

(Zawgyi)

***** ေက်ာ္ဟိန္းဟုေခၚသည္ ******


၁၉၆၂ ခုႏွစ္ဝန္းက်င္။  မိတၳီလာၿမိဳ့မွ ထြက္ခြာလာသည့္ ဝါဂြမ္း အိတ္မ်ား အျပည့္တင္ေဆာင္လာ ေသာ ကုန္တင္ကားႀကီးတစ္စီး သည္ ရန္ကုန္-မႏၲေလးလမ္း ေဟာင္းႀကီးေပၚတြင္ တအိအိ ျဖင့္ ေမာင္းႏွင္လာေလသည္။ ထို ကားႀကီးေပၚတြင္ အသက္(၁၅) ႏွစ္ဝန္းက်င္ ကေလးငယ္ႏွစ္ ေယာက္သည္ ဝါဂြမ္းအိတ္မ်ား ၾကားတြင္ မ်က္စိမ်က္ႏွာပ်က္ကာ က်ပ္က်ပ္တည္းတည္းျဖင့္ ထိုင္ ရင္းလိုက္ပါလာသည္။ ထိုကေလးႏွစ္ေယာက္အနက္ တစ္ဦးမွာ ေမာင္ေက်ာ္ေဌးေခၚ ေက်ာ္ႀကီး ျဖစ္ေလသည္။ ေက်ာ္ႀကီး စိတ္ ေတြ ေလေနသည္။ သူ အိမ္မျပန္ ခ်င္။ သူ ဘာဆက္လုပ္ရမည္လဲ မသိ။

ေက်ာ္ႀကီးသည္ ရန္ကုန္စမ္း ေခ်ာင္းက ေက်ာင္းကုန္းလမ္းတြင္ ေနပါသည္။ သူသည္ အေျခအ ေနမဲ့တစ္ေယာက္ေတာ့ မဟုတ္ ပါ။ သူ႔ဖခင္မွာ ၿဗိတိသၽွေခတ္  ခရိုင္ရဲဝန္တစ္ေယာက္။ သို့ေသာ္  သူ႔အေဖတြင္ ၾသဇာအာဏာမရွိ ေတာ့။ သူလူမွန္းသိတတ္စအခ်ိန္ တြင္  အေဖသည္ အၿငိမ္းစားယူၿပီးေလၿပီ။ သို့ေသာ္ အေဖသည္ ယခင္က ရွိခဲ့ဖူးေသာ ဂုဏ္ေတြ ေၾကာင့္ မာန္ကေတာ့ ဘယ္ေတာ့ မွမခ်။ ေက်ာ္ႀကီး အေဖ့ကို ေၾကာက္ရသည္။

ေက်ာ္ႀကီးတို့သည္ အေဖ၏ ဦးဦးဖ်ားဖ်ား သားသမီးရတနာ မ်ားေတာ့ ျဖစ္ခြင့္မရခဲ့ၾကပါ။ ေက်ာ္ႀကီး၏အေမ ေဒၚခ်ိဳခ်ိဳသည္ ဒုတိယေျမာက္ အိမ္ေထာင္သာ ျဖစ္သည္။ အေမ့အတြက္လည္း  ေက်ာ္ႀကီး စိတ္မေကာင္း။ ထိုခံ စားမွုကို ဒုတိယလူေဒၚခ်ိဳခ်ိဳ အ မည္ျဖင့္ ဝတၳဳေလးတစ္ပုဒ္ေတာင္ ေက်ာ္ႀကီး ေရးခဲ့ဖူးသည္။ ဒုတိယ အိမ္ေထာင္မွရသည့္ ေက်ာ္ႀကီး တို့ သားသမီးေတြသည္ မ်က္ႏွာ ငယ္ခဲ့ရသည္။

အေဖက ပင္စင္စား အေမ က မွီခို၊ သားသမီးက ေျခာက္ ေယာက္မို့ ေက်ာ္ႀကီးတို့ မိသားစု အဆင္မေျပလွပါ။

ေက်ာ္ႀကီးကို အိမ္က တစ္ ရက္လၽွင္ မုန႔္ဖိုးတစ္မတ္သာ ေပး နိုင္သည္။ ေက်ာင္းကို  ၾကည့္ျမင္ တိုင္ဘူတာမွတ္တိုင္ကေန ကား စီးသြားမည္ဆိုလၽွင္ ၁၀ ျပား ေပး ရသည္။ အသြားအျပန္ ဘတ္စ္ ကားခ ျပားႏွစ္ဆယ္က်ေတာ့ သူ႔ မွာ ငါးျပားသာ က်န္သည္။ ထိုငါးျပားက ဘာမွဝယ္စား၍မရ။ ေက်ာင္းမုန႔္ေဈးတန္းမွာ ငါးျပား တန္မုန႔္မရွိ။ သို့ေသာ္ ေက်ာ္ႀကီး  လူရည္လည္ပါသည္။  ေက်ာင္း က ထမင္းေၾကာ္ေရာင္းသည့္ ဦး ေလးႀကီးကို ေပါင္းထားၿပီး သူခိုင္း တာေတြလည္း ကူလုပ္ေပးသည္။ သူေကၽြးသည့္ ထမင္းေၾကာ္ျဖင့္ ေက်ာင္းမုန႔္စားဆင္းခ်ိန္ ေက်ာ္ ႀကီး ဝမ္းျပည့္ရေလသည္။

ေက်ာင္းျပန္လၽွင္လည္း ရင္း ႏွီးေနသည့္ ဘတ္စ္ကားေတြကို ေက်ာ္ႀကီးေစာင့္ၿပီးစီးပါသည္။ထို ကားေပၚက ဒရိုင္ဘာေတြ၊ စပယ္ ယာေတြက ေက်ာ္ႀကီးကို ခ်စ္ခင္ ၿပီး ကားခမယူေတာ့။ အပိုထြက္ လာသည့္ ေက်ာင္းမုန႔္ဖိုးေလး ေတြကိုစုကာ ေက်ာ္ႀကီး  လိုအပ္ တာေလးေတြ ဝယ္ပါသည္။ ထိုအခ်ိန္ကတည္းက ေက်ာ္ႀကီး  ေငြစုတတ္သည့္ အေလ့အက်င့္ ေကာင္း စရခဲ့သည္။

ေက်ာ္ႀကီး ေက်ာင္းကေန ျပန္လာလၽွင္ လမ္းထဲက ေပ်ာ္ရႊင္ ေနသည့္ မိသားစုေတြကို ၾကည့္ ကာ အားက်ရင္း သူ႔ဘဝကိုယ္သူ အားမလိုအားမရျဖစ္ခဲ့သည္။ သူ တို့အိမ္ေရွ႕ကေန ကားေတြတဝီဝီ ျဖတ္သြားတိုင္း သူ႔ဘဝကို သူရင္ ေမာကာေနခဲ့သည္။ ငါ ဒီအတိုင္း လမ္းထဲမွာ ဒီလိုပဲေနသြားရေတာ့ မွာလားဆိုသည့္အေတြးက မၾကာ ခဏဝင္လာသည္။ ထို့ေၾကာင့္ သူ မၾကာခဏ အိမ္က ထြက္ေျပး သည္။ ထြက္ေျပးသည္မွာ ဆယ့္ ေျခာက္ခါေလာက္ရွိၿပီ။ ထို့ ေၾကာင့္ ေက်ာ္ႀကီး အိမ္မွာ မေန ခ်င္ေတာ့။  ေက်ာ္ႀကီး အိမ္က ထြက္ေျပးသည္။

အခုလည္း အိမ္ကထြက္အ ေျပး လမ္းမွာ ရြယ္တူေကာင္ေလး တစ္ေယာက္ႏွင့္ေတြ႕ၿပီး  သူ လည္း စိတ္ေလေနသည္ဆိုတာ ေၾကာင့္ ‘‘မင္းနဲ႔ ငါနဲ႔ စစ္ထဲဝင္ မလား’’ဟု ေမးၾကည့္ေတာ့ ဝင္ မယ္ကြာဆိုတာႏွင့္ ေက်ာ္ႀကီးတို့ ေသတၱာေလးတစ္လုံးဆြဲကာ မိတၳီ လာကို ေရာက္လာၾကသည္။ သို့ ေသာ္ အသက္မျပည့္ေသး၍ လက္မခံလိုက္။ ေက်ာ္ႀကီးတို့ႏွစ္ ေယာက္ လွည့္ျပန္ခဲ့ရၿပီး ဝါဂြမ္း ကားႀကီးႏွင့္ ရန္ကုန္ဘက္ လမ္း ၾကဳံ လိုက္စီးခဲ့ရျခင္း ျဖစ္ေလ သည္။

ရန္ကုန္ေရာက္ေတာ့ ကား ေပၚကအဆင္း အိမ္မျပန္ေသးဘဲ ျပည္လမ္းဘက္မွတစ္ဆင့္ နတ္တ လင္းဘက္ ဆက္ေျပးၾကသည္။ ေက်ာ္ႀကီးတို့ႏွစ္ေယာက္ နတ္တ လင္းဘက္က ဆိတ္ေက်ာင္းသည့္  တဲေလးတစ္တဲမွာ ကပ္ေနရ သည္။  နတ္တလင္းဘူတာမွာ ကုန္စိမ္းေတာင္းေတြ အတင္အခ်လုပ္ ရသည္။ တစ္ေတာင္းကို ၃၅ ျပား ရသည္။ သို့ေသာ္ ေက်ာ္ႀကီးတို့ မရ။ သူတို့ကိုတင္ေခၚထားသည့္  ဆိတ္ေက်ာင္းတဲ့ေကာင္က သိမ္း သြားသည္။ သူက ေက်ာ္ႀကီးတို့ကို ထမင္းတစ္နပ္ပဲေကၽြးသည္။ ည အိပ္ေတာ့ ေက်ာ္ႀကီးတို့ႏွစ္ ေယာက္ အိမ္ေအာက္က ဆိတ္ ေတြၾကား အိပ္ရသည္။

ထိုသို့ေနထိုင္ရင္း တစ္ပတ္ ဆယ္ရက္ခန႔္အၾကာ ေက်ာ္ႀကီး အေဒၚက လိုက္ရွာေတြ႕ၿပီး ရန္ ကုန္ျပန္ပါသြားသည္။ ေက်ာ္ႀကီး ကမာရြတ္ထဲက ေဒၚသာထက္ ေက်ာင္းမွာ တက္ရသည္။ ကိုး တန္းေရာက္ၿပီျဖစ္သည္။ ကိုးတန္းတြင္လည္း သုံးႏွစ္ေတာင္ က်သည္။ ထိုသို့ေနလာရင္း ေက်ာ္ ႀကီး လူမိုက္ဂိုဏ္းတစ္ခုထဲေရာက္ဖို့ အေၾကာင္းဖန္လာေလသည္။ ထိုဂိုဏ္းကေတာ့ စိန္ေဂၚလီတဲ့။

ေက်ာ္ႀကီး ဖခင္ကို ခ်စ္ လည္းခ်စ္သလို ေၾကာက္လည္း ေၾကာက္ပါသည္။ သို့ေသာ္ အေဖ့ကိုေတာ့ နားလည္ေပးလို့မရပါ။ အေဖ့တြင္ ညီဝမ္းကြဲတစ္ေယာက္ ရွိပါသည္။ သူ႔တြင္သားသမီးငါးေယာက္ရွိၿပီး ငါးေယာက္လုံး ဆရာဝန္ေတြ။ အေဖက ေက်ာ္ႀကီးတို့ကို သူ႔ညီမိသားစုႏွင့္ ႏွိုင္းႏွိုင္းၿပီး မၾကာခဏ ေျပာေလ့ရွိသည္။ ‘‘ရွက္တယ္ကြာ၊ ရွက္တယ္ကြာ ငါ မင္းတို့ကို သူတို့ဆီေခၚသြားရမွာ ရွက္တယ္ကြာ’’တဲ့။ သူ႔ညီ၏ သားသမီးေတြ ဘယ္လိုေနရထိုင္ရ စားေသာက္ရ ပညာသင္ၾကားခြင့္ရတာေတြက် အေဖက ထည့္မေျပာခဲ့။ ေက်ာ္ႀကီးကို အေဖက မၾကာခဏ ေျပာဖူးသည္က ‘‘ေခြးျဖစ္မယ့္ေကာင္’’တဲ့။

ထိုသို့အေျပာခံရတိုင္းေက်ာ္ ႀကီး စိတ္ထဲခံစားရသည္။ ေနာက္ ပိုင္း တစ္ေယာက္ေယာက္က ႏွိမ္ သလိုလို၊ အထင္ေသးသလိုလို မ်က္ႏွာေပါက္ႏွင့္ လာေျပာၿပီဆို ခ်က္ခ်င္းထထိုးႀကိတ္ၿပီး ဘာလို့ ဒီလိုၾကည့္တာလဲဟု ေမးခ်င္လုပ္ ခ်င္စိတ္ေတြ ေပါက္လာခဲ့သည္။    ထိုစိတ္ေတြက ေက်ာ္ႀကီး လူမိုက္ တစ္ေယာက္ျဖစ္လာေစဖို့ လမ္းစ ျဖစ္မွန္းမသိျဖစ္လာေစခဲ့သည္။

ၾကည့္ျမင္တိုင္ထဲက ဟြာ က်ဳံးတ႐ုတ္ေက်ာင္းမွာ တစ္ႏွစ္ တစ္ခါလုပ္သည့္ ပြဲေတာ္တစ္ခု ရွိသည္။ ေက်ာင္းျပန္တက္ရင္း ထိုပြဲေတာ္မွာ  ေက်ာ္ႀကီးတို့အဖြဲ႕ ေတြ လာသည့္ကားေတြကို သြား ေစာင့္ေပးသည္။ ကားရွင္ေတြက မုန႔္ဖိုးေတြေပးၾကသည္။ ထိုအခ်ိန္ တျခားအဖြဲ႕ကလည္း ေက်ာ္ႀကီး တို့အဖြဲ႕လို ကားလာေစာင့္ရင္း တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ရန္ေစာင္ၾက ေတာ့သည္။ ေက်ာ္ႀကီးတို့ကေလး ခြႏွင့္ပစ္သည္။ ပစ္တာမွ ရိုးရိုး ေလာက္စာလုံးႏွင့္မဟုတ္။ ဖန္ ေဂၚလီလုံးေတြႏွင့္ပစ္သည္။ ထို ဖန္ေဂၚလီေတြက ညဘက္မွာ ေျပာင္လက္ေနတာမို့ စိန္ေဂၚလီ ဟုေခၚၾကသည္။ စိန္ေဂၚလီအဖြဲ႕ မွာ ရန္ကုန္မွာတင္ အဖြဲ႕ဝင္ငါး ရာေက်ာ္ေလာက္ ရွိတာေၾကာင့္  အေတာ္ပင္အင္အားေတာင့္တင္း သည္။ ေက်ာ္ႀကီး စိန္ေဂၚလီဂိုဏ္း သား လူမိုက္ေလးျဖစ္လာေတာ့ သည္။

ေက်ာ္ႀကီး အေတာ္ပင္ေပခဲ့ပါသည္။ အိမ္မျပန္ ေလလြင့္ သည့္ ရက္ေတြလည္းအမ်ားႀကီး။ ႀကံေတာသခၤ်ိဳင္းမွာလည္း ကာလ အေတာ္ၾကာ ခိုဝင္ေနခဲ့ဖူးသည္။ သခၤ်ိဳင္းထဲက ဖဲဝိုင္းေတြမွာ ေက်ာ္ႀကီး ေပ်ာ္ခဲ့သည္။ သို့ေသာ္  ကိုယ့္ကိုယ္ကိုယ္ ျပန္ၾကည့္မိ ေတာ့  ဘယ္လိုမွ အားရစရာတစ္ ကြက္မွမရွိ။ ငါ့ဘဝႀကီးက ဒီအ တိုင္းႀကီးပဲ ၿပီးသြားေတာ့မွာလား ဒီအတိုင္း ေနလို့မျဖစ္ဘူးဟုဆို သည့္အေတြးကလည္း မၾကာ ခဏ ဝင္ဝင္လာသည္။  

ေက်ာ္ႀကီး ကိုးတန္းေအာင္ ဆယ္တန္းေရာက္ေတာ့  အေပါင္းအသင္းေတြ စုံလာေလၿပီ။ ထိုအခ်ိန္က ေပ်ာ္ပြဲရႊင္ပြဲေတြ ေခတ္စားတာမို့ ပါတီေတြလည္း လုပ္လိုက္တာမနည္း။ ေက်ာ္ႀကီးတို့က ထိုပါတီေတြကို သိသိမသိသိ၊ ဖိတ္ဖိတ္မဖိတ္ဖိတ္ တက္သည္။ သီခ်င္းေတြလည္း တက္ဆိုလိုဆို မၾကာခဏ ရန္ပြဲေတြ၊ ရိုက္ပြဲေတြျဖစ္သည္။ တစ္ခါ ရန္ျဖစ္ေတာ့ ေက်ာ္ႀကီး ဓားႏွင့္ခုတ္လိုက္၍ တစ္ဖက္လူ ညာဘက္လက္ ရွပ္ထိမိသြားၿပီး  လက္သန္းေတာင္ျပတ္သြားသည္။ ထို့ေနာက္ သူငယ္ခ်င္းကိုးေယာက္ ဆယ္တန္းဆက္မေျဖေတာ့ဘဲ ေရတပ္ထဲ ဝင္ခဲ့ၾကသည္။  ေရတပ္မွာလည္း တစ္ႏွစ္ေလာက္ၾကာေတာ့ ထြက္ခဲ့ၾကျပန္သည္။ သို့ေသာ္ ေရတပ္ထဲကထြက္သည့္အခ်ိန္ ေက်ာ္ႀကီးတို့အျမတ္တစ္ခုေတာ့ ရလိုက္ၾကသည္။  ပရမ္းပတာေနခဲ့ၾကသည့္ ေက်ာ္ႀကီးတို့ အပိုးက်ိဳးသြားခဲ့ေလသည္။

 ေက်ာ္ႀကီး ရန္ကုန္ျပန္ ေရာက္သည္။  ထိုအခ်ိန္ ႐ုပ္ရွင္ ေကာင္စီက မင္းသား၊ မင္းသမီး ေခၚသည္။ အေရြးခံရၿပီး ႐ုပ္ရွင္ ရိုက္ရလၽွင္ ပိုက္ဆံရမည္တဲ့။ ခက္ သည္က သူ႔မွာ ေလၽွာက္လႊာတြင္ ပါရမည့္ ဓာတ္ပုံရိုက္ဖို့ပင္ ပိုက္ ဆံကမရွိ။ သူငယ္ခ်င္းေတြက ငါး မူးတစ္က်ပ္စီစုၿပီး ဓာတ္ပုံဖိုးဝိုင္း စိုက္ေပးၾကသည္။ အႏုပညာအ မည္က ေမာင္ေမာင္ေက်ာ္။ ရည္ ရြယ္ခ်က္က ‘ႀကီးက်ယ္ခ်မ္းသာ ေသာ လူတစ္ေယာက္ျဖစ္ရမည္’ တဲ့။

ေနာက္ဆုံး ေက်ာ္ႀကီး အ ေရြးခံရပါသည္။ သို့ေသာ္ ႐ုပ္ရွင္ ရိုက္ဖို့ မည္သူကမွမငွား။

ပထမဆုံး ႐ုပ္ရွင္စရိုက္သည့္အခ်ိန္က အျဖစ္အပ်က္ေတြ ေက်ာ္ႀကီးမေမ့။ ေက်ာ္ႀကီး မင္းသားမျဖစ္ေသးခင္ အိမ္ေထာင္က် သည္။ ထိုအိမ္ေထာင္ရယ္၊ အေမ့ ေက်းဇူးရယ္ျဖင့္  ေက်ာ္ႀကီး ပထမ ဦးဆုံးဇာတ္ကား စရိုက္ခြင့္ရ သည္။ သို့ေသာ္ ေခ်ာေခ်ာေမာ ေမာေတာ့မဟုတ္။

ထိုဇာတ္ကားက မႏၲေလးမွာ သြားရိုက္ရသည္။ သို့ေသာ္ ေက်ာ္ ႀကီးကို ရထားလက္မွတ္ပင္ ဝယ္ မေပး။ ႐ုပ္ရွင္မင္းသမီး ေဒၚစံရွား တင္က ဟဲ့ေမာင္ေက်ာ္ လာ တို့နဲ႔ လိုက္ခဲ့ဟု ေခၚေပးခဲ့သျဖင့္ မႏၲ ေလး ေရာက္ခဲ့ရသည္။ ဟိုေရာက္ ေတာ့ ဒါရိုက္တာက ေျပာသည္။ ‘‘ရီဂ်က္တစ္ခါျဖစ္တာနဲ႔ (မွားလို့ ျပန္ရိုက္ရတာနဲ႔) ကိုယ့္စရိတ္နဲ႔ကိုယ္ ရန္ကုန္ျပန္ေပေတာ့’’ တဲ့။ ေက်ာ္ႀကီးစိတ္ထဲ ဒိုင္းခနဲျဖစ္သြားသည္။  ေက်ာ္ႀကီးက စိန္ေခၚရင္ တိမ္ေပၚအထိ လိုက္ေဆာ္ခ်င္သူ။ ခ်မယ္ဟု ေျပာလိုက္သည္။

ဇာတ္လမ္းအရ ေက်ာ္ႀကီး က ဆရာဝန္။ မင္းသမီးက ျမင္းလွည္းသမားသမီး။ အေမက ေဒၚစံရွားတင္က ေက်ာ္ႀကီးကို ေအာက္တန္းစား မိန္းကေလးနဲ႔ ပတ္သက္ရပါ့မလားဟု ဆူေတာ့ ေက်ာ္ႀကီး ျပန္ေျပာရမည့္အခန္း။ ေက်ာ္ႀကီးကလည္း သူ႔ဘဝမွာ တစ္ဖက္ ေဆြမ်ိဳးအသိုင္းအဝိုင္းက  မတူမတန္အေျပာခံေနရသည့္အခ်ိန္။ ရင္ထဲမွာ မြန္းက်ပ္ေနေအာင္ ခံစားေနရတာမို့ ေျပာ ေကာင္းေကာင္းႏွင့္ ေျပာခ်လိုက္ တာမ်ား ဇာတ္ညႊန္းထဲပါတာေတြ ေရာ၊ မပါတာေတြေရာ ဒါရိုက္ တာက ဟိုးဟိုးျဖင့္ တားယူရ သည္။

ထိုသို့ မခံခ်င္စိတ္ တသီ တတန္းႀကီးျဖင့္ ခ်လာရင္း ႐ုပ္ ရွင္ကားတခ်ိဳ့ ဆက္ရိုက္လာရ သည္။ ေနာက္ဆုံးသုံးကား ေလာက္ရိုက္အၿပီး ႏုႏုငယ္ငယ္ ဇာတ္ကားက်မွ  လူသိကာ ေက်ာ္ ဟိန္း ျဖစ္လာေတာ့ေလသည္။

ေက်ာ္ဟိန္းျဖစ္လာၿပီး သူ ႐ုပ္ရွင္ဇာတ္ကားေတြ အမ်ားႀကီး ရိုက္လာရသည္။ သီခ်င္းေတြပါ သူဆိုသည္။ အဲဒီအခ်ိန္ ငုပ္လၽွိုး ကြယ္ေပ်ာက္ေနသည့္ ငယ္စဥ္က လမ္းသရဲစိတ္ကေလး အလည္ ျပန္လာခဲ့သည္။ တျခားမဟုတ္  မူးယစ္ေဆးဝါးကိစၥ။ မူးယစ္ေဆး အကူအညီနဲ႔ ေတြးရတာ မိုက္ တယ္တဲ့။ သူ ဘိန္းျဖဴနံပါတ္ဖိုး ခ်သည္။ ႐ုပ္ရွင္ရိုက္၍ ပိုက္ဆံ ရလာလၽွင္ ထိုေငြကို သုံးပုံပုံတစ္ပုံ ကို ေဆးသုံးသည္။ ေဆးထိုးတာ မဟုတ္ ေဆးလိပ္ထဲထည့္ၿပီး ရွူ တာျဖစ္သည္။ တစ္ပုံကို စားဖို့ ထားသည္။ တစ္ပုံကေတာ့ စု သည္။ မစု၍မရ။ ဆင္းရဲမွာ သူ ေၾကာက္သည္။



သူဘိန္းျဖဴသုံးေနတာကို သူ ေလးစားသည့္သူေတြသိမွာေတာ့ ကိုေက်ာ္ ေၾကာက္ပါသည္။ သူ ဘယ္သူ႔မွမေၾကာက္ခ်င္။ ဘယ္ သူ႔အခ်ဳပ္အကိုင္ လႊမ္းမိုးမွုလည္း မခံခ်င္။ ခက္သည္က ခုဘိန္းျဖဴရဲ့ လႊမ္းမိုးမွုကို သူခံေနရၿပီ။  သူဘာ လုပ္မည္နည္း။ ဘိန္းျဖဴေၾကာင့္ တျခားသူက သူ႔ကိုလႊမ္းမိုးတာ တစ္ပါးသူကို ေၾကာက္ေနရမွာ သူ ေၾကာက္လာသည္။ ဟုတ္ၿပီ ဒါဆို သူျဖတ္မွရေတာ့မည္။

ခက္သည္က သူေတာ္ေတာ္ ေလး စြဲေနၿပီ။ ဘယ္ေလာက္ ေတာင္ စြဲသလိုဆို သူဘိန္းသုံး သည့္အခန္းက အိမ္ေျမႇာင္ေတြ ပင္ ဘိန္းျဖဴစြဲကုန္သည္။ သူရ ေအာင္ျဖတ္မည္ဟုဆုံးျဖတ္လိုက္ သည္။ ဘိန္းျဖဴတစ္လိပ္ကို ေျဖ အဝခ်ၿပီးသည္ႏွင့္ အထုပ္လိုက္ ႀကီးကို အိမ္သာထဲ ေရသြန္ခ် လိုက္ေလသည္။ ကိုယ့္ကိုယ္ ကိုယ္ေတာ့ ဟုတ္လွၿပီအထင္ႏွင့္ ဘိန္းစည္းစိမ္ေလး မွိန္းေနခိုက္ ႏွစ္နာရီေလာက္ၾကာေတာ့ တျဖည္းျဖည္းျပယ္သြားသည္။ ထိုအခါ ကိုေက်ာ္ မေနနိုင္ေတာ့။ အိမ္သာထဲျပန္သြားကာ အိမ္သာေဘးႏွုတ္ခမ္းေတြထိ က်န္မ်ားက်န္ခဲ့မလား သြားရွာေလသည္။ သတိဝင္လာေတာ့လည္း ကိုေက်ာ္ ရွက္မိသည္။ အဲဒီေနာက္ ဇြတ္ကိုျဖတ္ ေတာ့သည္။ စိတ္အားထက္သန္မွု ေၾကာင့္ ျပတ္သြားခဲ့ပါသည္။ ကို ေက်ာ္ သူ႔စိတ္ကိုသူယုံၾကည္လာ သည္။ ငါ တကယ္လုပ္ခ်င္ရင္ တ ကယ့္ကိုျဖစ္တယ္။ ငါ့စိတ္ကို ငါ နိုင္တယ္လို့ ယုံၾကည္လာခဲ့သည္။

ေနာက္ပိုင္း ဘိန္းျဖဴတင္ မက  မေကာင္းတာေတြ အကုန္ ျဖတ္မယ္ဆိုၿပီး စီးကရက္လည္း ျဖတ္၊ သူ အလြန္ႀကိဳက္သည့္ ေကာ္ဖီပါျဖတ္ ေနာက္ဆုံး ရာသက္ပန္ သားငါးစားတာကိုပါ ျဖတ္လိုက္နိုင္ေလသည္။

ထို့ေနာက္ ေက်ာ္ဟိန္းဟု အ မည္ရသည့္ ကိုေက်ာ္သည္ ႐ုပ္ရွင္ အႏုပညာကို တစိုက္မက္မက္ ႐ူးသြပ္စြာ ႀကိဳးစားခဲ့ပါသည္။ သူ ႐ူးသြပ္လြန္း၍ ထုတ္လုပ္သူေတြ၊ ဒါရိုက္တာေတြ၊ သ႐ုပ္ေဆာင္အ ခ်င္းခ်င္းေတြ  ကေတာက္ကဆ ျဖစ္ရတာေတြလည္း ရွိခဲ့ပါသည္။

 ေက်ာ္ဟိန္းက  မင္းသား ထက္ သ႐ုပ္ေဆာင္ျဖစ္လိုသူ။  သူ သ႐ုပ္ေဆာင္ရမည့္ ဇာတ္ေကာင္ ၏ စရိုက္ကိုပဲ ပီျပင္ေအာင္သ႐ုပ္ ေဆာင္ခ်င္သူျဖစ္သည္။ ထိုစိတ္ ဓာတ္က သူပထမဆုံးအကယ္ဒမီ ရခဲ့သည့္ ‘အကာကအခ်စ္ အႏွစ္ က ေမတၱာ’တြင္ သက္ေသျပခဲ့ သည္။  တင္ပါးႏွစ္ဖက္ ေျပာင္ ေနေအာင္ ခါးေတာင္းက်ိဳက္ၿပီး ေရနံေခ်းသုတ္ခဲ့သည့္ ဇာတ္ဝင္ ခန္းကလည္း ဇာတ္ေကာင္စရိုက္ ပီျပင္ေစခဲ့ၿပီး အကယ္ဒမီထူးခၽြန္ ဆုပင္ ရရွိခဲ့ပါသည္။

ဗီဒီယိုေတြ ေပၚလာေတာ့ လည္း ဗီဒီယိုေဈးကြက္မွာ ဦး ေက်ာ္ကားေတြက  ဇာတ္ကား ေၾကး အျမင့္ဆုံးရခဲ့ပါသည္။ လူ ႀကီး၊ လူလတ္ပရိသတ္ေတြက ေက်ာ္ဟိန္းမွ ေက်ာ္ဟိန္း။ အေႂကြးဇာတ္ကားထဲ ဆယ္ႏွစ္ဆယ္ႏွစ္ ဟု ေျပာသည့္စကားလုံးက ယခု အခ်ိန္ထိ မွတ္မွတ္သားသားရွိၾက ဆဲ။ လူငယ္ေတြအတြက္ လူႀကီး ေတြေျပာခ်င္သည့္စကားလုံးေတြ ကိုလည္း  ေက်ာ္ဟိန္းက  ဇာတ္ ကားထဲကေနေျပာေပးသည္။

ေခတ္ကို မ်က္ျခည္မျပတ္ အသစ္ထဲက  လက္စလက္နရွိ သည့္လူငယ္ေတြနဲ႔လည္းဦးေက်ာ္ တြဲပါသည္။ တခ်ိဳ့ကေတာ့ ကြယ္ ရာမွာ စကားတင္းဆိုၾကသည္။ အဲဒီဘိုးေတာ္က နင္တို့ကိုမွီၿပီး ျပန္တက္ဖို့ ႀကိဳးစားေနသည္တဲ့။  ဦးေက်ာ္ ဘာမွမေျပာ။ လုပ္စရာရွိ တာေတြသာ ဦးေက်ာ္လုပ္သည္။

အကယ္ဒမီပြဲကို  သူမရလၽွင္ လာမတက္ဘူးဟုလည္း ဦးေက်ာ္ က လူေျပာမ်ားသည္။ တစ္ႏွစ္က  သူအကယ္ဒမီရေတာ့  ဝတ္စုံအ နက္ျဖင့္ ဘယ္ကမွန္းမသိသည့္ ေကာင္မေလးတစ္ေယာက္ အ နမ္းဝင္ေပးသြားသည္ကလည္း ထိုအခ်ိန္က လစဥ္ထုတ္ မဂၢဇင္း ေတြမွာ အထူးေျပာစရာ ျဖစ္ခဲ့ သည္။

႐ုပ္ရွင္တင္မက သီခ်င္း ေတြပါ ဦးေက်ာ္ ဆိုခဲ့ပါသည္။  ေနာက္ပိုင္း အာ႐ုံသစ္အမည္ျဖင့္  ဇာတ္လမ္းဇာတ္ညႊန္း ဒါရိုက္တာ တာဝန္ယူကာ သူကိုယ္တိုင္သ႐ုပ္ ေဆာင္ၿပီး ဇာတ္ကားေတြရိုက္ခဲ့ ပါသည္။ သူ႔အေတြးေတြက အ နည္းငယ္ဆန္းသျဖင့္ ရွိၿပီးသား ျမန္မာ႐ုပ္ရွင္ပရိသတ္ႏွင့္ သိပ္အံ ဝင္ခြင္က်မျဖစ္။ သို့ေသာ္  စကား လုံးေတြက ေစတနာပါသည္။ ဦးေက်ာ္က လူငယ္ေတြအတြက္  ေျပာခ်င္တာေတြ အေတာ္မ်ား သည္။ ငယ္စဥ္ကတည္းက ဘိန္း စားဘဝကေန အကယ္ဒမီအမ်ား ႀကီးရသည့္ နိုင္ငံေက်ာ္႐ုပ္ရွင္မင္း သားတစ္ေယာက္ဘ၀ ေရာက္ဖို့  ၾကမ္းတမ္းစြာ ျဖတ္သန္းခဲ့ရသူ။ သူ႔လိုပဲ လူငယ္ေတြကို ေအာင္ျမင္ ေစခ်င္သည္။ ႀကိဳးစားေစခ်င္ သည္။

ဦးေက်ာ္၏ ၿခံႀကီးက ရန္ ကုန္ၿမိဳ့ႀကီးမွာ အေတာ္ပင္ က်ယ္ ဝန္းလွသည္။ ၿခံထဲမွာ အိမ္ေတြ လည္း အမ်ားႀကီး။ ႐ုပ္ရွင္ရိုက္ သည့္အခါ ဆက္တင္တဲ့။ ငယ္ စဥ္က ဘတ္စ္ကားခမတတ္နိုင္၍ စပယ္ယာကို မ်က္ႏွာခ်ိဳေသြးစီး ခဲ့ရသူ  ေက်ာ္ႀကီးဆိုသည့္ေကာင္ ေလးသည္ အခုေတာ့ သူ႔ၿခံဝင္း ထဲမွာ သူပိုင္ဆိုင္သည့္ကားေတြ က ေလးငါးေျခာက္စီးမက။ သူ႔ ငယ္အိပ္မက္ေတြ  အေကာင္အ ထည္ေပၚခဲ့ေလသည္။

ျမန္မာနိုင္ငံ၏  ထိပ္တန္းအႏုပညာရွင္ႀကီးျဖစ္သည့္ ဦးေက်ာ္ဟိန္းသည္ အသက္ (၆၁)ႏွစ္အရြယ္အေရာက္ ၂၀၀၈ ခုႏွစ္တြင္  ပရိသတ္မ်ား အံ့ၾသေစမည့္သတင္းတစ္ခု ယူေဆာင္လာေပးခဲ့ပါသည္။ မင္းသားႀကီး ေက်ာ္ဟိန္း  သာသနာ့ေဘာင္သို့  အၿပီးဝင္ေရာက္သြားၿပီတဲ့။ သူ႔ပရိသတ္ မ်ားက ႏွေျမာၾကသည္။ တခ်ိဳ့က ေတာ့ စတန႔္ထြင္ျပန္ၿပီေနမွာဟု ဆိုၾကသည္။ ဒီတစ္ခါေတာ့ စတန႔္ထြင္တာမဟုတ္ တကယ္ ဝင္တာျဖစ္ေၾကာင္း ဦးေက်ာ္ေျဖခဲ့ ဖူးပါသည္။

၂၀၀၈ ခုႏွစ္ နိုဝင္ဘာလ ၄ ရက္ေန႔တြင္ ဦးေက်ာ္ဟိန္းဘဝမွ သည္ ဦးကိတၱိသာရဘဝသို့ လွမ္း တက္သြားခဲ့ပါသည္။ တစ္ခါ တစ္ရံ ဆရာေတာ္၏ တရားပြဲ သတင္းတခ်ိဳ့ ရံဖန္ရံခါၾကားရ တတ္သည္။ ဘယ္အခ်ိန္မ်ားျပန္ ထြက္လာၿပီး ႐ုပ္ရွင္ရိုက္ဦးမလဲ  ဟု ထင္သူကထင္သည္။ သို့ေသာ္ ဦးေက်ာ္ လူ႔ေလာကသို့ ျပန္မဝင္ လာခဲ့ပါ။

၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၁၁ ရက္ေန႔တြင္  သတင္းဆိုးတစ္ခု တက္လာခဲ့ပါသည္။ ဦးေက်ာ္ ဟိန္းတစ္ျဖစ္လဲ ဆရာေတာ္ ဦး ကိတၱိသာရသည္ ျမန္မာစံေတာ္ ခ်ိန္ မနက္ ၉ နာရီ ၂၇မိနစ္တြင္ ဩစေၾတးလ်နိုင္ငံ ကင္ဘာရာ ၿမိဳ့၌ ပ်ံလြန္ေတာ္မူသြားၿပီတဲ့။ ေက်ာ္ဟိန္းပရိသတ္မ်ား စိတ္ထဲ ထိခိုက္ၾကေလသည္။ ထူးျခားစြာ တိုက္ဆိုင္မွုမွာ လြန္ခဲ့သည့္၁၃ႏွစ္ ၂၀၀၇ခုႏွစ္ ဇူလိုင္လ ၁၁ ရက္ေန႔ ကလည္း ဦးေက်ာ္ဟိန္း၏တူ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေဒြး  ကြယ္လြန္ခဲ့ျခင္းျဖစ္ေလသည္။

ေက်ာ္ဟိန္း၏ လက္သုံး စကားမွာ လူသားအားလုံးကိုေလးစားပါတယ္ျဖစ္သည္။ သူ ထိုစကားကို ရင္ထဲက လွိုက္လွဲစြာ ခံစားမိ၍ ေျပာခဲ့ျခင္းျဖစ္သည္။  အႏွိမ္ခံ လူသားတစ္ေယာက္ျဖစ္ ခဲ့၍ လူသားတိုင္း တစ္ဦးခ်င္းစီ သည္ ကိုယ္ပိုင္သိကၡာ  ကိုယ္ပိုင္ ေလးစားစရာေတြရွိသည္ကို သူ သိ၍ျဖစ္သည္။  ဘဝတစ္ေလၽွာက္ ႐ုန္းကန္မွုေတြျဖင့္ ဘဝတိုက္ပြဲ ေပါင္းမ်ားစြာ ျဖတ္သန္းခဲ့သည့္ ဦးေက်ာ္ဟိန္းသည္ ေအာင္ျမင္မွု ေတြ အလီလီသိမ္းပိုက္ၿပီးေနာက္  ရဟန္းဘဝျဖင့္ ဘဝတစ္ခန္းရပ္ သြားခဲ့ၿပီျဖစ္သည္။ ရဟန္းဘဝ ေရာက္သြားေတာ့လည္း ဆရာ ေတာ္သည္ လူငယ္မ်ားအတြက္ စာေတြ ေရးခဲ့ဖူးပါသည္။

‘‘ကိုယ္လုပ္ေနတဲ့ အလုပ္ ေတြနဲ႔ပတ္သက္ၿပီး လက္ခုပ္သံ ကို မေမၽွာ္လင့္ပါနဲ႔။ ေဘးကၾကည့္ ေနတဲ့လူေတြထဲမွာေတာ့ အား ေပးတဲ့လူရွိသလို  အသားလြတ္ဆဲ ဆိုေနတဲ့ အသံေတြကလည္း ဆူ ညံေနမွာ ေသခ်ာတယ္။ လွည့္ ၾကည့္ေနရင္ ေျခလွမ္းယိုင္တယ္။

ဆက္သာေလၽွာက္...

အသံေတြေနာက္မွာ က်န္ခဲ့ လိမ့္မယ္။ လမ္းဆုံးရင္ သရဖူ ေဆာင္းေပးမယ့္သူက အဆင္ သင့္ေစာင့္ေနတယ္’’တဲ့။

ကိုးကား - ဆရာေအာင္သင္း၏ ေက်ာ္ ဟိန္းလို့ နာမည္ႀကီးတဲ့လူတစ္ ေယာက္ အင္တာဗ်ဴး - ေက်ာ္ဟိန္း၏ ေက်ာ္ဟိန္းမ်ား စာအုပ္

Ref: 7Day

No comments: