Saturday, July 4, 2020

Perfume ဝယ်ဖို့

Perfume ဝယ်ဖို့

#Alex_Aung
#Scent_Whisperer (မူလရေးသားတင်ဆက်သူ)

(ရေမွှေးအကြောင်း ပို့စ်တစ်ခုက တင်ပြီးတာကြာပါပြီ။ သည်နေ့ကတော့ ရေမွှေးဝယ်ဖို့စဉ်းစားတဲ့အခါ ထည့်တွေးဖို့အချက်အလက် လေးတွေနဲ့ ဝယ်ပြီးချိန်မှာ ဘယ်လိုထားသင့်တယ်ဆိုတဲ့အချက်လေးတွေ ထပ်မံဝေငှဖို့ဖြစ်ပါတယ်။ ပြီးလျှင် ရေမွှေးရနံ့ပိုစွဲမြဲအောင် ဘယ်လိုဆွတ်သင့်တယ်ဆိုတာလည်း ပြောပြမှာပါ။)

တကိုယ်ရေသန့်ရှင်းရေးဆိုတာ လူတစ်ယောက်အတွက် အတော်အရေးပါတဲ့ကိစ္စတစ်ခုပါ။ တစ်ဦးတစ်ယောက်တည်း အိမ်မှာနေတာ မဟုတ်ဘဲ အလုပ်ကိုသွားမယ်၊ စျေးဝယ်သွားမယ် စသည်တို့အတွက် မျက်နှာသစ်ခြင်းနဲ့အစပြုကြတာပဲ မဟုတ်လား။ လှုပ်လှုပ်ရှားရှား အနည်းငယ်ပြုလုပ်လိုက်တာနဲ့ ချွေးကထွက်လာပြီ ခန္ဓာကိုယ်ကလည်း ရနံ့ထွက်လာပြီ။ ဒါမျိုးတွေမကြုံမဖြစ်စေချင်လို့ မိမိခန္ဓာကိုယ်မှ ရနံ့ဆိုးတွေ ထိန်းထားဖို့ အဓိကရည်ရွယ်ပြီး ရေမွှေးဆိုတဲ့ အလှကုန်ကို ပုံစံမျိုးစံဝယ်ယူအသုံးပြုကြပါတယ်။


အသုံးပြုမယ့်ပုံစံ သုံးချင်တဲ့ သုံးမယ့် အနေအထားကိုလိုက်လို့ ရေမွှေးဆိုတာကလည်း ပုံစံအစုံ အမျိုးအစားကစုံရတော့တာပါ။
ရေမွှေးဝယ်မယ် ဒါမှမဟုတ် တစ်ယောက်ယောက်အတွက် ရေမွှေးဝယ်ပေးမလို့ဆိုရင် ဘာရေမွှေးဝယ်ရမလဲဆိုတဲ့မေးခွန်း မေးတဲ့အခါ အောက်ပါ အချက်အလက်လေးတွေကို အရင်ပြင်ဆင်ပြီး သိထားပြီးမှမေးမယ်ဆိုရင် ကိုယ်လိုချင်တဲ့အမျိုးအစားရဖို့ အလွန်နီးစပ်သွားပါ လိမ့်မယ်။

(၁) ဘယ်သူသုံးမှာလဲ
သုံးမယ့်လူက ယောက်ျားလား/မိန်းမလား။ အသက်အရွယ်။ သူ့ရဲ့နေထိုင်မှုပုံစံတွေကို သိဖို့လိုပါတယ်။
=> ဥပမာပြောရရင် အသက် ၂၁ နှစ်အရွယ် ကျောင်းသူ… နေထိုင်မှုပုံစံက လူငယ်ဆန်ဆန် ပျော်ပျော်နေတတ်တယ်။ တက်ကြွတယ်။

(၂) ရေမွှေးဆွတ်ထားမယ့် ရာသီဥတုပတ်ဝန်းကျင်
ဒါလည်း အရေးကြီးတာပဲ။ ဘာလို့လဲဆိုတော့ ပူပြင်းတဲ့ရာသီဥတုမှာဆို ရနံ့အေးအေးလေးတွေရွေးဖို့ကောင်းတယ်။ ရနံ့အလွန်ကောင်း ပါတယ်ဆိုတဲ့ ရေမွှေးတွေကို သူ့နေရာနဲ့သူသုံးမှ အဆင်ပြေတာ။ ပြီးတော့ … ရုံးခန်းထဲမှာ ဆွတ်မှာလား၊ အပြင်လျှောက်သွားမှာလား။ ဒါမျိုးသိဖို့လည်းလိုတယ်။

(၃) ဆွတ်မယ့်လူက ဘယ်လိုအနံ့မျိုးကြိုက်တာလဲ
ဒါလည်း အကြမ်းဖျင်းတော့ သိဖို့လိုတာပေါ့။ သူကတော့ဖြင့် woody-floral-musky ကြိုက်တယ်။ သူကတော့ဖြင့် citrus-aqua-oriental ကြိုက်တယ်လို့ တည့်သိရင်တော့ ကောင်းတယ်လေ။ ဒါပေမဲ့ ဘယ်လိုအနံ့မျိုးကြိုက်သလဲဆိုတာ သိနေမှ ဝယ်ပြီး အလဟဿ ဖြစ်မသွား မှာ။ ပန်းနံ့ကိုမှ သစ်ခွလိုပန်းမျိုးလား နှင်းဆီလိုလား …. ဒါမှမဟုတ် နံ့သာဖြူလိုအနံ့လား။ လန်းဆန်းချင်တဲ့ သစ်သီးနံ့လားဆိုတာလေး တော့ အကြမ်းဖျင်းလေး သိအောင်လုပ်ပေါနော်။ ပိုးကြေးပန်းကြေးပေးချင်လို့ ရေမွှေးဝယ်ပေးလိုက်ကာမှ ကိုယ့်ရေမွှေးပုလင်းလေး သူများကိုပြန်ရောင်းနေတာမြင်ရင် ဘယ်လောက်များနင်လိုက်မလဲ။

(၄) ဘယ်လောက်သုံးမှာလဲ
ဆိုင်မှာဝယ်တဲ့အခါဖြစ်ဖြစ် ဘာရေမွှေးသုံးရင်ကောင်းမလဲဆိုပြီး သူများကိုမေးမယ်ဆိုရင်ဖြစ်ဖြစ် ကိုယ်သုံးမယ့် budget လေးလည်း ပြောပြဖို့လိုပါတယ်။ ပိုက်ဆံကရှိပြီးသား အကောင်းဆုံးသာညွှန်းဆိုရင်တော့ တချို့ဆိုင်တွေက သူတို့ရောင်းချင်တာ ထိုးရောင်းတတ်တာ မျိုး ရှိတတ်လို့ပါ။

(၅) အချိန်အခါ
ဘယ်အချိန်မှာ ဆွတ်မှာလဲဆိုတဲ့ အချိန်အခါကလည်း အရေးကြီးတယ်။ တချို့ကတော့ အချိန်နေရာမရွေး တစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲဆွတ်တဲ့အကျင့်ရှိတယ်။ ကြာလာတော့ အဲ့ဒီအနံ့က သူ့ရဲ့ အမှတ်အသားဖြစ်သွားရော။ လူကမရောက်သေးဘူး အနံ့က အရင်ရောက်နေပြီ၊ လူမရှိတော့ပေမဲ့ အနံ့က ကျန်ခဲ့တာမျိုးလေ။ အကြံပေးချင်တာကတော့ နေ့ဘက်ဆွတ်မှာလား၊ ညဘက်ဆွတ်မှာ လား၊ အလုပ်မှာဆွတ်ဖို့လား၊ ဒိတ်ဖို့အတွက် ဆွတ်ချင်တာလား၊ ပွဲလမ်းသဘင်အတွက်လား စတဲ့ အချိန်အခါလေးကိုပါ သိမယ်ဆို အသင့်လျော်ဆုံးရေမွှေးကို ရရှိပါလိမ့်မယ်။

ရေမွှေးဝယ်ပုံ အဆင့်ဆင့်
-
ရေမွှေးဝယ်တာလွယ်ပါတယ် နာမည်ကြီးတဲ့တံဆိပ်ကိုယူ၊ ပစ္စည်းစစ်ဖို့အရေးကြီးတာပဲဆိုတာမျိုးတော့မလုပ်နဲ့နော်။ ရေမွှေးဝယ်တဲ့အခါ အဝယ်မမှားဖို့နဲ့ အကောင်းဆုံးရေမွှေးကို ရွေးချယ်နိုင်ဖို့ ပြောစရာအချို့ရှိသေးတယ်။

(၁) အနံ့စမ်းပါ
ရေမွှေးနံ့ကို မသိဘဲ ဝယ်လိုက်ပြီး လက်ထဲရောက်လာတော့မှမကြိုက်တာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ရေမွှေးဆိုတာမျိုးက နှာခေါင်းနဲ့ရှုပြီးမှ ကြိုက်၊ မကြိုက်သိရတာဆိုတော့ မရှုကြည့်သေးဘဲကြိုက်ဖို့က ခက်ပါတယ်။ ဒါကြောင့် အနံ့စမ်းပြီးမှ ဝယ်ပါနော်။

(၂) ဘယ်လိုအနံ့စမ်းမလဲ
ရေမွှေးဆိုင်တွေမှာ အနံ့စမ်းလို့ရပါတယ်။ အသားပေါ်မှာစမ်းဆွတ်ကြည့်ပြီး ကြိုက်တော့မှဝယ်တာ အကောင်းဆုံးပါ။

(၃) သေးသေးကွေးကွေး
အသေးဆုံးဆိုဒ်လေးတွေ Sample tube လို့ ခေါ်တဲ့အရွယ်လေးတွေလည်း ထုတ်တတ်ပါတယ်။ နမူနာစမ်းဖို့အကောင်းဆုံးပါပဲ။ အဲ့တာလေးတွေဝယ်‌ပြီး ၄ ကြိမ်လောက် ရက်ခြားဆွတ်ကြည့်ပြီးရင် ကြိုက်၊ မကြိုက်ကို သေသေချာချာသိသွားတော့ ရွေးလို့ပိုကောင်း တာပေါ့။

(၄) ဘယ်ဆိုဒ်တွေဝယ်မလဲ
ရေမွှေးတွေမှာ ဆိုဒ် အသေးဆုံးက နမူနာပေးတဲ့ (ဒီမှာတော့ရောင်းကြတဲ့) Sample Tube လေးတွေမှာ ၂ကြိမ်လောက်ဆွတ်လို့ရအောင် 1ml-2ml ပါပါတယ်။ ဆိုဒ်အသေးဆုံး စျေးအနည်းဆုံးပါ။
နောက်တစ်ခုက ပုလင်းကြီးနဲ့ပုံစံတူ ပိစိလေးလေးတွေဖြစ်တဲ့ Mini လေးတွေပါ။ အများအားဖြင့် 5ml ပါဝင်ပါတယ်။ စျေးကတော့ အနည်းဆုံးသောင်းဂဏန်းပါ။
အဲ့ဒီထက် ပိုများတာက 7.5ml/10ml/15ml ပါဝင်တဲ့ Travel Size တွေပါပဲ။ သူတို့ကိုဝယ်ရင် Mini ထက် ပိုတန်ပါတယ်။ စျေးက Mini နဲ့ သိပ်မကွာပေမဲ့ ပါဝင်တဲ့ရေမွှေးပမာဏက ပိုများလို့ ပိုတန်တယ်ပြောရမယ်။

(၅) အသေးမရှိရင်ဘယ်လိုလုပ်မလဲ
ရေမွှေးအကောင်းစားတွေဆိုရင် အနံ့ကရှယ်ကောင်းသလို စျေးကလည်းကြီးကြတယ်လေ။ အဲ့ဒီရေမွှေးတွေဆိုရင် Sample/Mini/Travel တွေကလည်း အမြဲ မရတတ်ဘူး။ အကောင်းဆုံးနည်းကတော့ Decant လေးတွေဝယ်တာပါပဲ။ တချို့ဆိုင်တွေ၊ ရောင်းတဲ့လူတွေက ရေမွှေးကောင်းတွေကို စပရေးဘူးအလွတ်ထဲ ပြန်ခွဲပေးပြီး ရောင်းကြတာရှိတယ်။ အဲ့တာလေးတွေဝယ်တာလည်း ကောင်းပါတယ်။ သွားလေရာလည်း သယ်သွားလို့ရတာမို့ အဆင်အပြေဆုံးပဲပေါ့။


လကုန်ရက် ငွေရွှင်တုန်းလေးမှာ ရေမွှေးဝယ်လိုက်ရမလား???
လကုန်ရက်ငွေရွှင်နေချိန်မှာ ရေမွှေးဝယ်ဖို့စဉ်းစားနေသူတွေအတွက် လုံးဝ လုံးဝမဝယ်စေချင်တဲ့ ရေမွှေးမျိုးတွေရှိပါတယ်။ ဝယ်ပြီးမှ စိတ်ညစ်ရမယ့် ရေမွှေးတစ်ပုလင်းကြောင့် ငွေကုန်စိတ်ညစ်ကိစ္စ မဖြစ်ဖို့ သည်ရေမွှေးတွေကို မဝယ်ဘဲနေလိုက်ပါ။

(၁) အနံ့မသိတဲ့ရေမွှေး
သူများက ကောင်းတယ်ပြောတိုင်း ကိုယ့်အတွက် ကောင်းချင်မှကောင်းမှာပါ။ ရေမွှေးကို အနံ့စမ်းပြီး ကိုယ်တိုင်သဘောကျမှ ဝယ်ဖို့ကောင်းပါတယ်။ အနံ့မစမ်းဘဲ ဝယ်မယ်ဆိုရင်တောင် ရေမွှေးမှာ ပါဝင်တဲ့အနံ့တွေ၊ review လေးတွေ ရှာဖတ်ပြီး ကိုယ်သဘောကျလောက်မယ်ထင်မှ ဝယ်စေချင်ပါတယ်။

(၂) အတု/အစစ် မကွဲပြားတဲ့ရေမွှေး
အတုကို အစစ်စျေးပေးဝယ်ရတာ ရင်နာစရာအကောင်းဆုံးကိစ္စပဲပေါ့။ အွန်လိုင်းမှာ ပေါ်လာတတ်တဲ့ ကြော်ငြာတွေထဲမှာ အတုတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ ရိုးသားတဲ့ဆိုင်တွေက Inspired ၊ ရနံ့တူအဆီ စသဖြင့် ဖော်ပြကြပေမဲ့ တချို့ကတော့ ကွန်တိန်နာကျ၊ ထိုင်း လေကြောင်းလိုင်းထုတ်အစစ်လို့ ပြောလေ့ရှိပါတယ်။ ရနံ့တူ/inspired တွေက အစစ်ထက်ပိုသက်သာပြီး အစစ်နဲ့ရနံ့တူလို့ ဝယ်ရတာတော့ တန်ပါတယ်။ ဒါပေမဲ့ အတုကို အစစ်မှတ်ပြီး အစစ်စျေးပေးပြီး ဝယ်မိရင်တော့ နှမျောစရာကြီးနော်...

(၃) ကိုယ်မကြိုက်တဲ့ရေမွှေး
ဟယ်… ကိုယ်မကြိုက်တဲ့ရေမွှေး ဝယ်စရာလားလို့တော့ ပြန်ပြောချင်သွားပြီဟုတ်?
ရေမွှေးနဲ့မတည့်သူတွေ၊ ရေမွှေးမှာပါဝင်ဖော်စပ်ထားတဲ့ အယ်လ်ကိုဟောနဲ့ မတည့်သူတွေ ရှိပါတယ်။ ကိုယ်နဲ့မတည့်၊ ကိုယ့်အတွက် မသင့်လျော်တဲ့ရေမွှေးကို ဘာအကြောင်းနဲ့မှ ဝယ်စရာမလိုပါဘူးနော်။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး ခန္ဓာကိုယ်က အနံ့ဆိုးတွေကင်းနေရင် ရပါပြီ။

ရေမွှေးနဲ့ သက်တမ်းကုန်ဆုံးရက်
_______
“ရေမွှေးဝယ်တာ ၂ နှစ်ရှိပြီ၊ Expired ဖြစ်သွားပြီလား”
တခြားအလှကုန်ပစ္စည်းတွေနဲ့ မတူဘဲ ရေရှည်အသုံးပြုနိုင်တာ ရေမွှေးရဲ့ အားသာချက်ပါ။
နောက်တစ်ချက်က ရေမွှေးဟာ မျက်နှာပေါ်မှာ လိမ်းရတာလည်း မဟုတ်ပြန်တော့ နှစ်ကြာတဲ့ရေမွှေးကိုဆွတ်ရင်တောင် ဘေးထွက်ဆိုးကျိုးက မရှိသလောက်ကို နည်းပါတယ်။ ဒီလိုဆိုရင် ရေမွှေးသက်တမ်းကုန်တာကို ဘယ်လိုကြည့်ကြမလဲ။

“ဘယ်လောက်အထားခံလဲ”
ရေမွှေးပုလင်းတွေမှာ များသောအားဖြင့် ဘူးအဖုံးဖွင့်ထားတဲ့ပုံလေးနဲ့ 30M, 36M ဆိုပြီး ပြထားလေ့ရှိပါတယ်။ မိတ်ကပ်တို့ ဘာတို့လို အဖုံးဖွင့်ပြီး သုံးနိုင်တဲ့ သက်တမ်း (shelf life) ကို ညွှန်းထားတာပါ။

“သက်တမ်းကုန်ရင် ဘာဖြစ်သွားလဲ”
မိတ်ကပ်/နှုတ်ခမ်းနီတို့လို အဖုံးဖွင့်ပြီး တစ်နှစ်မပြည့်ခင် သက်တမ်းလွန်တဲ့အထဲမှာ ရေမွှေးတော့ မပါပါဘူး။ တစ်ပုလင်းကို အဖွင့်ဖွင့်ထားပြီးရင်တောင်မှ အနည်းဆုံး ၂ နှစ်ဝန်းကျင် အထားခံပါတယ်။ ရေမွှေးမှာ သက်တမ်းကုန်သွားတယ်ဆိုတာကိုတော့ အနံ့ပြောင်းသွားတာလို့ ပြောချင်ပါတယ်။
ရေမွှေးက ပုလင်းထဲမှာ သူ့ဘာသာနေရင်း အရောင်တွေပြောင်း၊ အနံ့တွေပြောင်းသွားပြီး သုံးရအဆင်မပြေတော့တဲ့အသွင် နှစ်လိုဖွယ်ရာမကောင်းတဲ့အချိန်ဟာ သက်တမ်းကုန်သွားတာပါပဲ။

“အထားမတတ် ရေမွှေးပျက်”
ပုလင်းမှာတောင် ၂ နှစ် အထားခံတယ် ရေးထားတာ ဘာလို့ခဏလေးနဲ့ အနံ့ပြောင်းသွားရတာလဲ။ ဝယ်ခါစလို အနံ့မစွဲရတော့တာလဲ။ ဒီမေးခွန်းတွေလည်းရှိတယ်ဟုတ်။
 နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာအောက်၊
 အပူချိန်အပြောင်းလဲများတဲ့နေရာ၊
 ပူတဲ့နေရာ
အဲ့ဒီနေရာတွေမှာ ရေမွှေးပုလင်းကိုသိမ်းထားရင် နှစ်မချီခင် လပိုင်းအတွင်းမှာပဲ ရေမွှေးပုလင်းက ဓာတ်ပြယ်သွားပြီး အနံ့တွေ အရောင်တွေ ပျက်စီးသွားနိုင်ပါတယ်။ ပါကင်မဖွင့်ရသေးရင်တောင် ထားသိုတဲ့နေရာကြောင့် အသစ်စက်စက်နဲ့ သက်တမ်း ကုန်ပျက်စီးသွားတဲ့ ရေမွှေးတွေလည်း အများကြီးပါ။

“သိမ်းဆည်းသိုလှောင် နှစ်ချီအောင်”
ပုံမှန်အားဖြင့် ရေမွှေးကို ဆွတ်တာများလာတာနဲ့အမျှ ပုလင်းထဲက ရေမွှေးနေရာမှာ လေကဝင်ရောက်သွားပြီး လေထဲမှာပါတဲ့ ဓာတ်တွေနဲ့ ရေမွှေးနဲ့ထိတွေ့တဲ့အခါ အနံ့ပြယ်ပါတယ်။ ဒါကြောင့် ပုလင်းကို လုံအောင်သိမ်းရတာပါ။ ဒါပေမဲ့ ကိုယ်သာ အသိမ်းအဆည်းတတ်မယ် ဆိုရင် ၁၀ နှစ်လောက်ထိ အနံ့မပြယ် အရောင်မပြောင်းဘဲ ရေမွှေးကောင်းကောင်းဆွတ်နိုင်ပါသေးတယ်။ အပေါ်မှာပြောခဲ့တဲ့ နေရာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ -
 အရိပ်ရပြီး အေးမြတဲ့နေရာ
 အပူချိန်မပြောင်းတဲ့နေရာ
 မပူတဲ့နေရာ
အဲ့ဒီနေရာတွေမှာ ရေမွှေးပုလင်းကိုထားရင် ၄-၅ နှစ်လောက်ထိ ရေမွှေးပုလင်းဟာ အနံ့၊ အရောင် မပြောင်းလဲပါဘူး။ သက်တမ်း မကုန်/မပျက်စီးလို့ အချိန်အကြာကြီးထိ အသုံးခံနေမှာပါ။
ထားလို့အကောင်းဆုံးနေရာကတော့ ***အဝတ်ဗီရိုပါပဲ။ အဝတ်လည်းမွှေးမယ်။ ရေမွှေးပုလင်းလည်း သက်တမ်းမကုန်တော့ဘူးပေါ့။


"ရနံ့မွှေးတဲ့ မိန်းကလေးရဲ့ လျှို့ဝှက်ချက် (၃) ခု"
---
တချို့ကောင်မလေးတွေရှိတယ်။ ဘယ်အချိန်တွေ့တွေ့ အမြဲတမ်းမွှေးကြိုင်လန်းဆန်းနေတာ။ ညနေခင်း ရုံးဆင်းချိန်သွားတွေ့ရင်တောင် သူ့ဆီက ချွေးနံ့မရဘဲ ရေမွှေးနံ့လေးသင်းနေတာမျိုးလေ။ အဲဒီလိုမိန်းကလေးတွေရဲ့ လျှို့ဝှက်ချက်တွေကို ဒီပို့စ်နဲ့ ဖော်ထုတ်လိုက်ပါပြီ။ တစ်ပုံချင်းနှိပ်ပြီး ဖတ်ကြည့်ပြီး လန်းဆန်းမွှေးကြိုင် ရနံ့လှိုင်နေလိုက်တော့နော်။

(၁) ရေမွှေးဆွတ်တဲ့အခါ ဘယ်နေရာကိုဆွတ်ရမလဲ ကောင်းကောင်းသိကြပါတယ်။ ရေမွှေးဆွတ်ရင် ဘယ်နားကိုပဲဆွတ်ဆွတ် မပွတ်ရဘူးနော်။ “ဆွတ်ရင်မပွတ်နဲ့” လို့ ကြုံတုန်းလေး ထပ်မှာရဦးမယ်။ မဟုတ်ရင် အနံ့တွေပြယ်ပြီး ပျက်စီးကုန်ရော။ ဖြတ်သွားတိုင်း ရေမွှေးနံ့လေးစွဲနေချင်ရင် အဝတ်ပေါ်မှာ - ပုခုံး၊ ရင်ညွှန့်၊ ဝမ်းဗိုက် နေရာတွေကို ဆွတ်ထားကြည့်ပါ။

 (၂) အသားပေါ်တိုက်ရိုက် ရေမွှေးဖြန်းတဲ့အခါ အသားခြောက်နေရင်လည်း အနံ့မစွဲပါဘူး။ အသားလေးစိုပြေနေချိန်ဖြစ်တဲ့ ရေချိုးပြီးစအချိန် ခန္ဓာကိုယ်အေးနေတုန်းမှာ ရေမွှေးဖြန်းပါ။ ဒါမှမဟုတ် body lotion လိမ်းပြီးမှ ရေမွှေးဖြန်းပါနော်။ လျှို့ဝှက်ချက်ကတော့ Vaseline လိမ်းပြီးမှဖြန်းရင် အနံ့ပိုစွဲပါတယ်။

(၃) လာပါပြီ နောက်ဆုံးလက်နက်။ အဲ့တာကတော့ အိမ်မှာဆွတ်တဲ့ ပုလင်းကြီးကို ပုလင်းသေးနဲ့ ခွဲထည့်ပြီး ဆောင်ထားလို့ပါရှင်။ ညနေရုံးဆင်းချိန်၊ ကျောင်းဆင်းချိန် ရောက်ခါနီးတော့မှ ရှုးရှုးဆို ဆောင်လာတဲ့ပုလင်းသေးလေးနဲ့ လူလစ်တုန်း ထုတ်ဖြန်းထားလို့ပါ။


မနေ့က အသိတစ်ယောက်က လာပြောတယ်။ ရေမွှေးတစ်မျိုးတည်းဆွတ်တာကို ဘာလို့ အနံ့မတူတာလဲတဲ့။ ဆွတ်တာက ဘယ်၊ ညာ လက်ကောက်ဝတ်မှာဆွတ်တာပဲ ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် အနံ့က မတူဘူးဖြစ်နေတယ်။ လောလောလတ်လတ် ရေချိုးပြီးခါစမှာ ဘာအမွှေးနံ့မှ ထပ်မသုံးဘဲ ရေမွှေးစမ်းကြည့်တာ အနံ့က ဒီလိုဖြစ်နေတယ်တဲ့။
.
ဒီတော့ မေးရပြီလေ … “ဘယ်လိုဆွတ်လိုက်တာလဲ” ???
ဘယ်ဘက်လက်ကောက်ဝတ်မှာ တစ်ချက်ဖြန်းလိုက်ပြီး ညာဘက်လက်ကောက်ဝတ်ကို ဖိကပ်လိုက်တယ်လို့ သူကပြောတယ်။ ရေမွှေးသုံးရင် မပွတ်ရဘူးလို့ မှာထားတော့ သူကရေမွှေးကို မပွတ်ဘူး ဒါပေမဲ့ ဖိကပ်လိုက်တယ်။ အဲ့ဒီမှာ အနံ့မတူရတဲ့ အကြောင်းရင်းက ဖြစ်လာတော့တာပါပဲ။
.
ရေမွှေးတွေမှာ အော်ဒီကလုန်း အပါအဝင် eau de toilette, eau de perfume စတဲ့ အရက်ပြန်ရောစပ်ထားတဲ့ ရေမွှေးအားလုံးမှာ ရနံ့ကို အဆင့်ဆင့်ဖွဲ့စည်းထားလို့ အနံ့က ဆွတ်ထားရင်းနဲ့ သူ့အလိုလို ပြောင်းသွားရော။

ဆွတ်ဆွတ်ချင်းရတဲ့အနံ့ (Top Note) ၊ မိနစ်အနည်းငယ်အကြာမှာပေါ်လာပြီး အချိန်အတော်ကြာတဲ့အထိ မွှေးနေမယ့် အဓိကအနံ့ (Heart/Middle Note) နဲ့ နောက်ဆုံးမှာ ဖျော့ဆင်းသွားတဲ့အချိန် ရနေတဲ့ရနံ့ (Base Note/Dry Down Smell) ဆိုပြီး ရှိပါတယ်။ အဲ့ဒီလိုအဆင့်လိုက်ပြောင်းရမယ့် ရနံ့တွေက ပွတ်လိုက်ရင် ကမောက်ကမတွေ ဖြစ်သွားတတ်တော့ ရေမွှေးဆွတ်ရင် လက်တစ်ထွာလောက်အကွာက ဖြန်းမယ်ဆို အနေတော်ပါပဲ။
.
အရင်တုန်းကတော့ ရေမွှေးသုံးရင် လက်ကောက်ဝတ်လေးကိုတို့ပြီး လက်နှစ်ဖက်ပွတ်၊ နားထင်နောက်ကို ပွတ်ကြတာမျိုးလည်းရှိတယ်။ ရေမွှေးကို အဆီသုံးကြတဲ့လူတွေဆိုရင်ပေါ့။ အယ်လ်ကိုဟောရောစပ်ထားတဲ့ ရေမွှေးတွေကိုတော့ ပွတ်လိုက်လို့မရဘူး။ အနံ့က ကကြိုးကကြောင်တွေဖြစ်ကုန်တဲ့အခါ သုံးတဲ့ရေမွှေးကို သံသယဝင်တာမျိုးတွေဘာတွေ ဖြစ်လာတတ်တယ်။
.
တကယ်တော့ ရေမွှေးတွေဆိုတာ ပန်းချီကားတွေလို၊ မိန်းမပျိုလေးတွေလို အလှကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့ ခံစားချက်အပေါ် မူတည်ပြီးတော့သာ လှတယ် မလှဘူးဖြစ်သွားကြသလို ရေမွှေးဖော်စပ်တဲ့အခါ သုံးတဲ့ပစ္စည်းတွေနဲ့ ဖော်စပ်နည်းတွေကြောင့်သာ တန်ဖိုးနဲ့ ရလာဒ်က ကွာသွားတာပါ။ ဘယ်ရေမွှေးကိုပဲ ဆွတ်ဖြန်းပါစေ အနံ့ကောင်းလေးရချင်ရင်တော့ ဆွတ်တဲ့အခါ မပွတ်ကြပါနဲ့လို့ မှာလိုက်တယ်နော်။

#Perfume_Tips #Scent #Fragrance #Scent_Whisperer #Myanmar #BetterSmell

(Zawgyi)

Perfume ၀ယ္ဖို


#Alex_Aung
#Scent_Whisperer (မူလေရးသားတင္ဆက္သူ) 

(ေရေမႊးအေၾကာင္း ပို႔စ္တစ္ခုက တင္ျပီးတာၾကာပါျပီ။ သည္ေန႔ကေတာ့ ေရေမႊး၀ယ္ဖို႔စဥ္းစားတဲ့အခါ ထည့္ေတြးဖို႔အခ်က္အလက္ ေလးေတြနဲ႔ ၀ယ္ျပီးခ်ိန္မွာ ဘယ္လိုထားသင့္တယ္ဆိုတဲ့အခ်က္ေလးေတြ ထပ္မံေ၀ငွဖို႔ျဖစ္ပါတယ္။ ျပီးလွ်င္ ေရေမႊးရနံ႔ပိုစြဲျမဲေအာင္ ဘယ္လိုဆြတ္သင့္တယ္ဆိုတာလည္း ေျပာျပမွာပါ။)

တကိုယ္ေရသန္႔ရွင္းေရးဆိုတာ လူတစ္ေယာက္အတြက္ အေတာ္အေရးပါတဲ့ကိစၥတစ္ခုပါ။ တစ္ဦးတစ္ေယာက္တည္း အိမ္မွာေနတာ မဟုတ္ဘဲ အလုပ္ကိုသြားမယ္၊ ေစ်း၀ယ္သြားမယ္ စသည္တို႔အတြက္ မ်က္ႏွာသစ္ျခင္းနဲ႔အစျပဳၾကတာပဲ မဟုတ္လား။ လႈပ္လႈပ္ရွားရွား အနည္းငယ္ျပဳလုပ္လိုက္တာနဲ႔ ေခၽြးကထြက္လာျပီ ခႏၶာကိုယ္ကလည္း ရနံ႔ထြက္လာျပီ။ ဒါမ်ိဳးေတြမၾကံဳမျဖစ္ေစခ်င္လို႔ မိမိခႏၶာကိုယ္မွ ရနံ႔ဆိုးေတြ ထိန္းထားဖို႔ အဓိကရည္ရြယ္ျပီး ေရေမႊးဆိုတဲ့ အလွကုန္ကို ပံုစံမ်ိဳးစံ၀ယ္ယူအသံုးျပဳၾကပါတယ္။ အသံုးျပဳမယ့္ပံုစံ သံုးခ်င္တဲ့ သံုးမယ့္ အေနအထားကိုလိုက္လို႔ ေရေမႊးဆိုတာကလည္း ပံုစံအစံု အမ်ိဳးအစားကစံုရေတာ့တာပါ။

ေရေမႊး၀ယ္မယ္ ဒါမွမဟုတ္ တစ္ေယာက္ေယာက္အတြက္ ေရေမႊး၀ယ္ေပးမလို႔ဆိုရင္ ဘာေရေမႊး၀ယ္ရမလဲဆိုတဲ့ေမးခြန္း ေမးတဲ့အခါ ေအာက္ပါ အခ်က္အလက္ေလးေတြကို အရင္ျပင္ဆင္ျပီး သိထားျပီးမွေမးမယ္ဆိုရင္ ကိုယ္လိုခ်င္တဲ့အမ်ိဳးအစားရဖို႔ အလြန္နီးစပ္သြားပါ လိမ့္မယ္။

(၁) ဘယ္သူသုံးမွာလဲ
သုံးမယ့္လူက ေယာက္်ားလား/မိန္းမလား။ အသက္အရြယ္။ သူ႔ရဲ့ေနထိုင္မွုပုံစံေတြကို သိဖို့လိုပါတယ္။
=> ဥပမာေျပာရရင္ အသက္ ၂၁ ႏွစ္အရြယ္ ေက်ာင္းသူ… ေနထိုင္မွုပုံစံက လူငယ္ဆန္ဆန္ ေပ်ာ္ေပ်ာ္ေနတတ္တယ္။ တက္ႂကြတယ္။

(၂) ေရေမႊးဆြတ္ထားမယ့္ ရာသီဥတုပတ္ဝန္းက်င္
ဒါလည္း အေရးႀကီးတာပဲ။ ဘာလို့လဲဆိုေတာ့ ပူျပင္းတဲ့ရာသီဥတုမွာဆို ရနံ့ေအးေအးေလးေတြေရြးဖို့ေကာင္းတယ္။ ရနံ့အလြန္ေကာင္း ပါတယ္ဆိုတဲ့ ေရေမႊးေတြကို သူ႔ေနရာနဲ႔သူသုံးမွ အဆင္ေျပတာ။ ၿပီးေတာ့ … ႐ုံးခန္းထဲမွာ ဆြတ္မွာလား၊ အျပင္ေလၽွာက္သြားမွာလား။ ဒါမ်ိဳးသိဖို့လည္းလိုတယ္။

(၃) ဆြတ္မယ့္လူက ဘယ္လိုအနံ့မ်ိဳးႀကိဳက္တာလဲ
ဒါလည္း အၾကမ္းဖ်င္းေတာ့ သိဖို့လိုတာေပါ့။ သူကေတာ့ျဖင့္ woody-floral-musky ႀကိဳက္တယ္။ သူကေတာ့ျဖင့္ citrus-aqua-oriental ႀကိဳက္တယ္လို့ တည့္သိရင္ေတာ့ ေကာင္းတယ္ေလ။ ဒါေပမဲ့ ဘယ္လိုအနံ့မ်ိဳးႀကိဳက္သလဲဆိုတာ သိေနမွ ဝယ္ၿပီး အလဟႆ ျဖစ္မသြား မွာ။ ပန္းနံ့ကိုမွ သစ္ခြလိုပန္းမ်ိဳးလား ႏွင္းဆီလိုလား …. ဒါမွမဟုတ္ နံ့သာျဖဴလိုအနံ့လား။ လန္းဆန္းခ်င္တဲ့ သစ္သီးနံ့လားဆိုတာေလး ေတာ့ အၾကမ္းဖ်င္းေလး သိေအာင္လုပ္ေပါေနာ္။ ပိုးေၾကးပန္းေၾကးေပးခ်င္လို့ ေရေမႊးဝယ္ေပးလိုက္ကာမွ ကိုယ့္ေရေမႊးပုလင္းေလး သူမ်ားကိုျပန္ေရာင္းေနတာျမင္ရင္ ဘယ္ေလာက္မ်ားနင္လိုက္မလဲ။

(၄) ဘယ္ေလာက္သုံးမွာလဲ
ဆိုင္မွာဝယ္တဲ့အခါျဖစ္ျဖစ္ ဘာေရေမႊးသုံးရင္ေကာင္းမလဲဆိုၿပီး သူမ်ားကိုေမးမယ္ဆိုရင္ျဖစ္ျဖစ္ ကိုယ္သုံးမယ့္ budget ေလးလည္း ေျပာျပဖို့လိုပါတယ္။ ပိုက္ဆံကရွိၿပီးသား အေကာင္းဆုံးသာညႊန္းဆိုရင္ေတာ့ တခ်ိဳ့ဆိုင္ေတြက သူတို့ေရာင္းခ်င္တာ ထိုးေရာင္းတတ္တာ မ်ိဳး ရွိတတ္လို့ပါ။

(၅) အခ်ိန္အခါ
ဘယ္အခ်ိန္မွာ ဆြတ္မွာလဲဆိုတဲ့ အခ်ိန္အခါကလည္း အေရးႀကီးတယ္။ တခ်ိဳ့ကေတာ့ အခ်ိန္ေနရာမေရြး တစ္မ်ိဳးတည္းကိုပဲ စြဲစြဲျမဲျမဲဆြတ္တဲ့အက်င့္ရွိတယ္။ ၾကာလာေတာ့ အဲ့ဒီအနံ့က သူ႔ရဲ့ အမွတ္အသားျဖစ္သြားေရာ။ လူကမေရာက္ေသးဘူး အနံ့က အရင္ေရာက္ေနၿပီ၊ လူမရွိေတာ့ေပမဲ့ အနံ့က က်န္ခဲ့တာမ်ိဳးေလ။ အႀကံေပးခ်င္တာကေတာ့ ေန႔ဘက္ဆြတ္မွာလား၊ ညဘက္ဆြတ္မွာ လား၊ အလုပ္မွာဆြတ္ဖို့လား၊ ဒိတ္ဖို့အတြက္ ဆြတ္ခ်င္တာလား၊ ပြဲလမ္းသဘင္အတြက္လား စတဲ့ အခ်ိန္အခါေလးကိုပါ သိမယ္ဆို အသင့္ေလ်ာ္ဆုံးေရေမႊးကို ရရွိပါလိမ့္မယ္။

ေရေမႊးဝယ္ပုံ အဆင့္ဆင့္
-
ေရေမႊး၀ယ္တာလြယ္ပါတယ္ နာမည္ၾကီးတဲ့တံဆိပ္ကိုယူ၊ ပစၥည္းစစ္ဖို႔အေရးၾကီးတာပဲဆိုတာမ်ိဳးေတာ့မလုပ္နဲ႔ေနာ္။ ေရေမႊးဝယ္တဲ့အခါ အဝယ္မမွားဖို့နဲ႔ အေကာင္းဆုံးေရေမႊးကို ေရြးခ်ယ္ႏိုင္ဖို႔ ေျပာစရာအခ်ိဳ႕ရွိေသးတယ္။

(၁) အနံ့စမ္းပါ
ေရေမႊးနံ့ကို မသိဘဲ ဝယ္လိုက္ၿပီး လက္ထဲေရာက္လာေတာ့မွမႀကိဳက္တာမ်ိဳး ျဖစ္ဖူးၾကမယ္ထင္ပါတယ္။ ေရေမႊးဆိုတာမ်ိဳးက ႏွာေခါင္းနဲ႔ရွုၿပီးမွ ႀကိဳက္၊ မႀကိဳက္သိရတာဆိုေတာ့ မရွုၾကည့္ေသးဘဲႀကိဳက္ဖို့က ခက္ပါတယ္။ ဒါေၾကာင့္ အနံ့စမ္းၿပီးမွ ဝယ္ပါေနာ္။

(၂) ဘယ္လိုအနံ့စမ္းမလဲ
ေရေမႊးဆိုင္ေတြမွာ အနံ့စမ္းလို့ရပါတယ္။ အသားေပၚမွာစမ္းဆြတ္ၾကည့္ၿပီး ႀကိဳက္ေတာ့မွဝယ္တာ အေကာင္းဆုံးပါ။ 

(၃) ေသးေသးေကြးေကြး
အေသးဆုံးဆိုဒ္ေလးေတြ Sample tube လို့ ေခၚတဲ့အရြယ္ေလးေတြလည္း ထုတ္တတ္ပါတယ္။ နမူနာစမ္းဖို့အေကာင္းဆုံးပါပဲ။ အဲ့တာေလးေတြဝယ္‌ၿပီး ၄ ႀကိမ္ေလာက္ ရက္ျခားဆြတ္ၾကည့္ၿပီးရင္ ႀကိဳက္၊ မႀကိဳက္ကို ေသေသခ်ာခ်ာသိသြားေတာ့ ေရြးလို့ပိုေကာင္း တာေပါ့။

(၄) ဘယ္ဆိုဒ္ေတြဝယ္မလဲ
ေရေမႊးေတြမွာ ဆိုဒ္ အေသးဆုံးက နမူနာေပးတဲ့ (ဒီမွာေတာ့ေရာင္းၾကတဲ့) Sample Tube ေလးေတြမွာ ၂ႀကိမ္ေလာက္ဆြတ္လို့ရေအာင္ 1ml-2ml ပါပါတယ္။ ဆိုဒ္အေသးဆုံး ေစ်းအနည္းဆုံးပါ။
ေနာက္တစ္ခုက ပုလင္းႀကီးနဲ႔ပုံစံတူ ပိစိေလးေလးေတြျဖစ္တဲ့ Mini ေလးေတြပါ။ အမ်ားအားျဖင့္ 5ml ပါဝင္ပါတယ္။ ေစ်းကေတာ့ အနည္းဆုံးေသာင္းဂဏန္းပါ။ 
အဲ့ဒီထက္ ပိုမ်ားတာက 7.5ml/10ml/15ml ပါဝင္တဲ့ Travel Size ေတြပါပဲ။ သူတို့ကိုဝယ္ရင္ Mini ထက္ ပိုတန္ပါတယ္။ ေစ်းက Mini နဲ႔ သိပ္မကြာေပမဲ့ ပါဝင္တဲ့ေရေမႊးပမာဏက ပိုမ်ားလို့ ပိုတန္တယ္ေျပာရမယ္။

(၅) အေသးမရွိရင္ဘယ္လိုလုပ္မလဲ
ေရေမႊးအေကာင္းစားေတြဆိုရင္ အနံ့ကရွယ္ေကာင္းသလို ေစ်းကလည္းႀကီးၾကတယ္ေလ။ အဲ့ဒီေရေမႊးေတြဆိုရင္ Sample/Mini/Travel ေတြကလည္း အျမဲ မရတတ္ဘူး။ အေကာင္းဆုံးနည္းကေတာ့ Decant ေလးေတြဝယ္တာပါပဲ။ တခ်ိဳ့ဆိုင္ေတြ၊ ေရာင္းတဲ့လူေတြက ေရေမႊးေကာင္းေတြကို စပေရးဘူးအလြတ္ထဲ ျပန္ခြဲေပးၿပီး ေရာင္းၾကတာရွိတယ္။ အဲ့တာေလးေတြဝယ္တာလည္း ေကာင္းပါတယ္။ သြားေလရာလည္း သယ္သြားလို့ရတာမို့ အဆင္အေျပဆုံးပဲေပါ့။ 

လကုန္ရက္ ေငြရႊင္တုန္းေလးမွာ ေရေမႊးဝယ္လိုက္ရမလား???

လကုန္ရက္ေငြရႊင္ေနခ်ိန္မွာ ေရေမႊး၀ယ္ဖို႔စဥ္းစားေနသူေတြအတြက္ လံုး၀ လံုး၀မ၀ယ္ေစခ်င္တဲ့ ေရေမႊးမ်ိဳးေတြရွိပါတယ္။ ၀ယ္ျပီးမွ စိတ္ညစ္ရမယ့္ ေရေမႊးတစ္ပုလင္းေၾကာင့္ ေငြကုန္စိတ္ညစ္ကိစၥ မျဖစ္ဖို႔ သည္ေရေမႊးေတြကို မ၀ယ္ဘဲေနလိုက္ပါ။

(၁) အနံ့မသိတဲ့ေရေမႊး
သူမ်ားက ေကာင္းတယ္ေျပာတိုင္း ကိုယ့္အတြက္ ေကာင္းခ်င္မွေကာင္းမွာပါ။ ေရေမႊးကို အနံ့စမ္းၿပီး ကိုယ္တိုင္သေဘာက်မွ ဝယ္ဖို့ေကာင္းပါတယ္။ အနံ့မစမ္းဘဲ ဝယ္မယ္ဆိုရင္ေတာင္ ေရေမႊးမွာ ပါဝင္တဲ့အနံ့ေတြ၊ review ေလးေတြ ရွာဖတ္ၿပီး ကိုယ္သေဘာက်ေလာက္မယ္ထင္မွ ဝယ္ေစခ်င္ပါတယ္။

(၂) အတု/အစစ္ မကြဲျပားတဲ့ေရေမႊး
အတုကို အစစ္ေစ်းေပးဝယ္ရတာ ရင္နာစရာအေကာင္းဆုံးကိစၥပဲေပါ့။ အြန္လိုင္းမွာ ေပၚလာတတ္တဲ့ ေၾကာ္ျငာေတြထဲမွာ အတုေတြ ဒုနဲ႔ေဒး ရွိေနပါတယ္။ ရိုးသားတဲ့ဆိုင္ေတြက Inspired ၊ ရနံ့တူအဆီ စသျဖင့္ ေဖာ္ျပၾကေပမဲ့ တခ်ိဳ့ကေတာ့ ကြန္တိန္နာက်၊ ထိုင္း ေလေၾကာင္းလိုင္းထုတ္အစစ္လို့ ေျပာေလ့ရွိပါတယ္။ ရနံ့တူ/inspired ေတြက အစစ္ထက္ပိုသက္သာၿပီး အစစ္နဲ႔ရနံ့တူလို့ ဝယ္ရတာေတာ့ တန္ပါတယ္။ ဒါေပမဲ့ အတုကို အစစ္မွတ္ၿပီး အစစ္ေစ်းေပးၿပီး ဝယ္မိရင္ေတာ့ ႏွေမ်ာစရာႀကီးေနာ္...

(၃) ကိုယ္မႀကိဳက္တဲ့ေရေမႊး
ဟယ္… ကိုယ္မႀကိဳက္တဲ့ေရေမႊး ဝယ္စရာလားလို့ေတာ့ ျပန္ေျပာခ်င္သြားၿပီဟုတ္?
ေရေမႊးနဲ႔မတည့္သူေတြ၊ ေရေမႊးမွာပါဝင္ေဖာ္စပ္ထားတဲ့ အယ္လ္ကိုေဟာနဲ႔ မတည့္သူေတြ ရွိပါတယ္။ ကိုယ္နဲ႔မတည့္၊ ကိုယ့္အတြက္ မသင့္ေလ်ာ္တဲ့ေရေမႊးကို ဘာအေၾကာင္းနဲ႔မွ ဝယ္စရာမလိုပါဘူးေနာ္။ တစ္ကိုယ္ရည္သန႔္ရွင္းမွုရွိၿပီး ခႏၶာကိုယ္က အနံ့ဆိုးေတြကင္းေနရင္ ရပါၿပီ။


ေရေမႊးနဲ႔ သက္တမ္းကုန္ဆုံးရက္
_______
“ေရေမႊးဝယ္တာ ၂ ႏွစ္ရွိၿပီ၊ Expired ျဖစ္သြားၿပီလား” 
တျခားအလွကုန္ပစၥည္းေတြနဲ႔ မတူဘဲ ေရရွည္အသုံးျပဳနိုင္တာ ေရေမႊးရဲ့ အားသာခ်က္ပါ။

ေနာက္တစ္ခ်က္က ေရေမႊးဟာ မ်က္ႏွာေပၚမွာ လိမ္းရတာလည္း မဟုတ္ျပန္ေတာ့ ႏွစ္ၾကာတဲ့ေရေမႊးကိုဆြတ္ရင္ေတာင္ ေဘးထြက္ဆိုးက်ိဳးက မရွိသေလာက္ကို နည္းပါတယ္။ ဒီလိုဆိုရင္ ေရေမႊးသက္တမ္းကုန္တာကို ဘယ္လိုၾကည့္ၾကမလဲ။

“ဘယ္ေလာက္အထားခံလဲ”

ေရေမႊးပုလင္းေတြမွာ မ်ားေသာအားျဖင့္ ဘူးအဖုံးဖြင့္ထားတဲ့ပုံေလးနဲ႔ 30M, 36M ဆိုၿပီး ျပထားေလ့ရွိပါတယ္။ မိတ္ကပ္တို့ ဘာတို့လို အဖုံးဖြင့္ၿပီး သုံးနိုင္တဲ့ သက္တမ္း (shelf life) ကို ညႊန္းထားတာပါ။ 

“သက္တမ္းကုန္ရင္ ဘာျဖစ္သြားလဲ”

မိတ္ကပ္/ႏွုတ္ခမ္းနီတို့လို အဖုံးဖြင့္ၿပီး တစ္ႏွစ္မျပည့္ခင္ သက္တမ္းလြန္တဲ့အထဲမွာ ေရေမႊးေတာ့ မပါပါဘူး။ တစ္ပုလင္းကို အဖြင့္ဖြင့္ထားၿပီးရင္ေတာင္မွ အနည္းဆုံး ၂ ႏွစ္ဝန္းက်င္ အထားခံပါတယ္။ ေရေမႊးမွာ သက္တမ္းကုန္သြားတယ္ဆိုတာကိုေတာ့ အနံ့ေျပာင္းသြားတာလို့ ေျပာခ်င္ပါတယ္။ 

ေရေမႊးက ပုလင္းထဲမွာ သူ႔ဘာသာေနရင္း အေရာင္ေတြေျပာင္း၊ အနံ့ေတြေျပာင္းသြားၿပီး သုံးရအဆင္မေျပေတာ့တဲ့အသြင္ ႏွစ္လိုဖြယ္ရာမေကာင္းတဲ့အခ်ိန္ဟာ သက္တမ္းကုန္သြားတာပါပဲ။ 

“အထားမတတ္ ေရေမႊးပ်က္”

ပုလင္းမွာေတာင္ ၂ ႏွစ္ အထားခံတယ္ ေရးထားတာ ဘာလို့ခဏေလးနဲ႔ အနံ့ေျပာင္းသြားရတာလဲ။ ဝယ္ခါစလို အနံ့မစြဲရေတာ့တာလဲ။ ဒီေမးခြန္းေတြလည္းရွိတယ္ဟုတ္။ 
 ေနေရာင္ျခည္နဲ႔ တိုက္ရိုက္ထိေတြ႕တဲ့ေနရာေအာက္၊ 
 အပူခ်ိန္အေျပာင္းလဲမ်ားတဲ့ေနရာ၊ 
 ပူတဲ့ေနရာ

အဲ့ဒီေနရာေတြမွာ ေရေမႊးပုလင္းကိုသိမ္းထားရင္ ႏွစ္မခ်ီခင္ လပိုင္းအတြင္းမွာပဲ ေရေမႊးပုလင္းက ဓာတ္ျပယ္သြားၿပီး အနံ့ေတြ အေရာင္ေတြ ပ်က္စီးသြားနိုင္ပါတယ္။ ပါကင္မဖြင့္ရေသးရင္ေတာင္ ထားသိုတဲ့ေနရာေၾကာင့္ အသစ္စက္စက္နဲ႔ သက္တမ္း ကုန္ပ်က္စီးသြားတဲ့ ေရေမႊးေတြလည္း အမ်ားႀကီးပါ။

“သိမ္းဆည္းသိုေလွာင္ ႏွစ္ခ်ီေအာင္”

ပုံမွန္အားျဖင့္ ေရေမႊးကို ဆြတ္တာမ်ားလာတာနဲ႔အမၽွ ပုလင္းထဲက ေရေမႊးေနရာမွာ ေလကဝင္ေရာက္သြားၿပီး ေလထဲမွာပါတဲ့ ဓာတ္ေတြနဲ႔ ေရေမႊးနဲ႔ထိေတြ႕တဲ့အခါ အနံ့ျပယ္ပါတယ္။ ဒါေၾကာင့္ ပုလင္းကို လုံေအာင္သိမ္းရတာပါ။ ဒါေပမဲ့ ကိုယ္သာ အသိမ္းအဆည္းတတ္မယ္ ဆိုရင္ ၁၀ ႏွစ္ေလာက္ထိ အနံ့မျပယ္ အေရာင္မေျပာင္းဘဲ ေရေမႊးေကာင္းေကာင္းဆြတ္နိုင္ပါေသးတယ္။ အေပၚမွာေျပာခဲ့တဲ့ ေနရာေတြနဲ႔ ဆန႔္က်င္ဘက္ျဖစ္တဲ့ -
 အရိပ္ရၿပီး ေအးျမတဲ့ေနရာ
 အပူခ်ိန္မေျပာင္းတဲ့ေနရာ
 မပူတဲ့ေနရာ

အဲ့ဒီေနရာေတြမွာ ေရေမႊးပုလင္းကိုထားရင္ ၄-၅ ႏွစ္ေလာက္ထိ ေရေမႊးပုလင္းဟာ အနံ့၊ အေရာင္ မေျပာင္းလဲပါဘူး။ သက္တမ္း မကုန္/မပ်က္စီးလို့ အခ်ိန္အၾကာႀကီးထိ အသုံးခံေနမွာပါ။
ထားလို့အေကာင္းဆုံးေနရာကေတာ့ ***အဝတ္ဗီရိုပါပဲ။ အဝတ္လည္းေမႊးမယ္။ ေရေမႊးပုလင္းလည္း သက္တမ္းမကုန္ေတာ့ဘူးေပါ့။


"ရနံ့ေမႊးတဲ့ မိန္းကေလးရဲ့ လၽွို့ဝွက္ခ်က္ (၃) ခု"
---
တခ်ိဳ့ေကာင္မေလးေတြရွိတယ္။ ဘယ္အခ်ိန္ေတြ႕ေတြ႕ အျမဲတမ္းေမႊးႀကိဳင္လန္းဆန္းေနတာ။ ညေနခင္း ႐ုံးဆင္းခ်ိန္သြားေတြ႕ရင္ေတာင္ သူ႔ဆီက ေခၽြးနံ့မရဘဲ ေရေမႊးနံ့ေလးသင္းေနတာမ်ိဳးေလ။ အဲဒီလိုမိန္းကေလးေတြရဲ့ လၽွို့ဝွက္ခ်က္ေတြကို ဒီပို့စ္နဲ႔ ေဖာ္ထုတ္လိုက္ပါၿပီ။ တစ္ပုံခ်င္းႏွိပ္ၿပီး ဖတ္ၾကည့္ၿပီး လန္းဆန္းေမႊးႀကိဳင္ ရနံ့လွိုင္ေနလိုက္ေတာ့ေနာ္။

(၁) ေရေမႊးဆြတ္တဲ့အခါ ဘယ္ေနရာကိုဆြတ္ရမလဲ ေကာင္းေကာင္းသိၾကပါတယ္။ ေရေမႊးဆြတ္ရင္ ဘယ္နားကိုပဲဆြတ္ဆြတ္ မပြတ္ရဘူးေနာ္။ “ဆြတ္ရင္မပြတ္နဲ႔” လို့ ၾကဳံတုန္းေလး ထပ္မွာရဦးမယ္။ မဟုတ္ရင္ အနံ့ေတြျပယ္ၿပီး ပ်က္စီးကုန္ေရာ။ ျဖတ္သြားတိုင္း ေရေမႊးနံ့ေလးစြဲေနခ်င္ရင္ အဝတ္ေပၚမွာ - ပုခုံး၊ ရင္ညႊန႔္၊ ဝမ္းဗိုက္ ေနရာေတြကို ဆြတ္ထားၾကည့္ပါ။

 (၂) အသားေပၚတိုက္ရိုက္ ေရေမႊးျဖန္းတဲ့အခါ အသားေျခာက္ေနရင္လည္း အနံ့မစြဲပါဘူး။ အသားေလးစိုေျပေနခ်ိန္ျဖစ္တဲ့ ေရခ်ိဳးၿပီးစအခ်ိန္ ခႏၶာကိုယ္ေအးေနတုန္းမွာ ေရေမႊးျဖန္းပါ။ ဒါမွမဟုတ္ body lotion လိမ္းၿပီးမွ ေရေမႊးျဖန္းပါေနာ္။ လၽွို့ဝွက္ခ်က္ကေတာ့ Vaseline လိမ္းၿပီးမွျဖန္းရင္ အနံ့ပိုစြဲပါတယ္။

(၃) လာပါၿပီ ေနာက္ဆုံးလက္နက္။ အဲ့တာကေတာ့ အိမ္မွာဆြတ္တဲ့ ပုလင္းႀကီးကို ပုလင္းေသးနဲ႔ ခြဲထည့္ၿပီး ေဆာင္ထားလို့ပါရွင္။ ညေန႐ုံးဆင္းခ်ိန္၊ ေက်ာင္းဆင္းခ်ိန္ ေရာက္ခါနီးေတာ့မွ ရွုးရွုးဆို ေဆာင္လာတဲ့ပုလင္းေသးေလးနဲ႔ လူလစ္တုန္း ထုတ္ျဖန္းထားလို့ပါ။

မေန႔က အသိတစ္ေယာက္က လာေျပာတယ္။ ေရေမႊးတစ္မ်ိဳးတည္းဆြတ္တာကို ဘာလို့ အနံ့မတူတာလဲတဲ့။ ဆြတ္တာက ဘယ္၊ ညာ လက္ေကာက္ဝတ္မွာဆြတ္တာပဲ ဒါေပမဲ့ တစ္ဖက္နဲ႔တစ္ဖက္ အနံ့က မတူဘူးျဖစ္ေနတယ္။ ေလာေလာလတ္လတ္ ေရခ်ိဳးၿပီးခါစမွာ ဘာအေမႊးနံ့မွ ထပ္မသုံးဘဲ ေရေမႊးစမ္းၾကည့္တာ အနံ့က ဒီလိုျဖစ္ေနတယ္တဲ့။
.
ဒီေတာ့ ေမးရၿပီေလ … “ဘယ္လိုဆြတ္လိုက္တာလဲ” ???
ဘယ္ဘက္လက္ေကာက္ဝတ္မွာ တစ္ခ်က္ျဖန္းလိုက္ၿပီး ညာဘက္လက္ေကာက္ဝတ္ကို ဖိကပ္လိုက္တယ္လို့ သူကေျပာတယ္။ ေရေမႊးသုံးရင္ မပြတ္ရဘူးလို့ မွာထားေတာ့ သူကေရေမႊးကို မပြတ္ဘူး ဒါေပမဲ့ ဖိကပ္လိုက္တယ္။ အဲ့ဒီမွာ အနံ့မတူရတဲ့ အေၾကာင္းရင္းက ျဖစ္လာေတာ့တာပါပဲ။ 
.
ေရေမႊးေတြမွာ ေအာ္ဒီကလုန္း အပါအဝင္ eau de toilette, eau de perfume စတဲ့ အရက္ျပန္ေရာစပ္ထားတဲ့ ေရေမႊးအားလုံးမွာ ရနံ့ကို အဆင့္ဆင့္ဖြဲ႕စည္းထားလို့ အနံ့က ဆြတ္ထားရင္းနဲ႔ သူ႔အလိုလို ေျေျပာင္းသြားေရာ။

ဆြတ္ဆြတ္ခ်င္းရတဲ့အနံ့ (Top Note) ၊ မိနစ္အနည္းငယ္အၾကာမွာေပၚလာၿပီး အခ်ိန္အေတာ္ၾကာတဲ့အထိ ေမႊးေနမယ့္ အဓိကအနံ့ (Heart/Middle Note) နဲ႔ ေနာက္ဆုံးမွာ ေဖ်ာ့ဆင္းသြားတဲ့အခ်ိန္ ရေနတဲ့ရနံ့ (Base Note/Dry Down Smell) ဆိုၿပီး ရွိပါတယ္။ အဲ့ဒီလိုအဆင့္လိုက္ေျပာင္းရမယ့္ ရနံ့ေတြက ပြတ္လိုက္ရင္ ကေမာက္ကမေတြ ျဖစ္သြားတတ္ေတာ့ ေရေမႊးဆြတ္ရင္ လက္တစ္ထြာေလာက္အကြာက ျဖန္းမယ္ဆို အေနေတာ္ပါပဲ။ 
.
အရင္တုန္းကေတာ့ ေရေမႊးသုံးရင္ လက္ေကာက္ဝတ္ေလးကိုတို့ၿပီး လက္ႏွစ္ဖက္ပြတ္၊ နားထင္ေနာက္ကို ပြတ္ၾကတာမ်ိဳးလည္းရွိတယ္။ ေရေမႊးကို အဆီသုံးၾကတဲ့လူေတြဆိုရင္ေပါ့။ အယ္လ္ကိုေဟာေရာစပ္ထားတဲ့ ေရေမႊးေတြကိုေတာ့ ပြတ္လိုက္လို့မရဘူး။ အနံ့က ကႀကိဳးကေၾကာင္ေတြျဖစ္ကုန္တဲ့အခါ သုံးတဲ့ေရေမႊးကို သံသယဝင္တာမ်ိဳးေတြဘာေတြ ျဖစ္လာတတ္တယ္။ 
.
တကယ္ေတာ့ ေရေမႊးေတြဆိုတာ ပန္းခ်ီကားေတြလို၊ မိန္းမပ်ိဳေလးေတြလို အလွကိုယ္စီရွိၾကပါတယ္။ ကိုယ့္ရဲ့ ခံစားခ်က္အေပၚ မူတည္ၿပီးေတာ့သာ လွတယ္ မလွဘူးျဖစ္သြားၾကသလို ေရေမႊးေဖာ္စပ္တဲ့အခါ သုံးတဲ့ပစၥည္းေတြနဲ႔ ေဖာ္စပ္နည္းေတြေၾကာင့္သာ တန္ဖိုးနဲ႔ ရလာဒ္က ကြာသြားတာပါ။ ဘယ္ေရေမႊးကိုပဲ ဆြတ္ျဖန္းပါေစ အနံ့ေကာင္းေလးရခ်င္ရင္ေတာ့ ဆြတ္တဲ့အခါ မပြတ္ၾကပါနဲ႔လို့ မွာလိုက္တယ္ေနာ္။

#Perfume_Tips #Scent #Fragrance #Scent_Whisperer #Myanmar #BetterSmell

No comments: