Sunday, July 12, 2020

YABA _WY_ICE _ ၾကယ္သီး

တခုလို (သို့) နဂါးငွေ့တန်းကို လိုက်ဖမ်းကြသူများ မဖြစ်စေဖို့~~~ 

အဲ့ကောင်က မသုံးတော့ဘူးလို့ ဆုံးဖြတ်ထားလဲ  လွယ်လွယ်ဝယ်လို့ရတဲ့နေရာရောက်ရင် ပြန်သုံးဖြစ်တာပါဘဲ... လူကနေ နိုင်ပေမယ့် စိတ်က လှုံ့ဆော်နေသလိုပေါ့..

တကယ်တော့ အဲ့ဆေးပြားလေးကို ခဲ ပြားလေးပေါ်တင်ပီး ရှို့နေရတဲ့အခိုက်အတန့်လေးကိုသာ လိုချင်တပ်မက်နေကြတာ.. ဆွဲပီးရင်းဆွဲချင် ဖြစ်လာအောင်လဲ သူက အနံ့လေးနဲ့ဆွဲဆောင်သေးသဗျ....

ဒါပေမယ့် တစ်ချို့တွေသိမှာပါ.. အထူးသဖြင့် ကိုယ့်အံသွားတွေ ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ.. နောင်တ တွေနဲ့ အတူ ဖြတ်နိုင်အောင် ကြိုးစါးသင့်နေပီ
ကြာလာရင် ခါးတွေနာပီး လက်ပျဉ်တွေ နာလာလိမ့်မယ်.. ဆက်မလုပ်တော့တာ အကောင်းဆုံး
အဓိက စိတ်ကို နိုင်ရင် ဖြတ်ဖို့လွယ်လွယ်လေးပါ..  ဖြတ်လိုက်ခြင်းအားဖြင့် ရရှိနိုင်မယ့် အခွင့်အရေးတွေကတော့...

အသားအရေပြန်လည်စိုပြေလာမယ်
ယခင်က ချိုင့်ဝင်နေတဲ့ မျက်နှာ ပြန်လည်ပြည့်တင်းလာမယ်
အပေါင်းအသင်းပြန်လည် ဝင်ဆံ့လာမယ်
ဝင်ငွေ တိုးလာမယ်
မိမိကိုကိုယ် ယုံကြည်မှုရှိလာမယ်....
ကဲ..  ဘယ်လောက်ကောင်းလဲ...ဒီတော့ မဖြတ်နိုင်ရင်တောင်... ရက်ခြားလေးလောက်ဘဲ သုံးသွားတာကောင်းတယ်..
 အကျထိလို့ ပြန်တင်တာတွေ မလုပ်ရဘူး.. လုပ်လဲ မထူးဘူး..  အဲ့ဒီအစား အိပ်ရေးဝဝပြန်အိပ်လိူက်.. တတ်နိုင်သလောက် မလုပ်မိစေနဲ့...
ကြာလာရင် ဖြတ်နိုင်သွားမှာပါ 😃
အခုခေတ်လူငယ်လေးတွေတွက်
အနာဂတ်လမ်းစပျောက်နေသည့်
အရာပေါ့ဗျာ👉yaba👈
WY ဆိုတာ စိတ်ကြွရူးသွပ်ဆေးပြားပါ။ အစပိုင်းမှာ စိတ်ကြွပြီး ကောင်းသလို ဖြစ်ပေမယ့် ရေရှည်မှာ စိတ်ဖောက်ပြန်ရူးသွပ်စေနိုင်ပါတယ်။ စိတ်ကို အမှန်တကယ် ပြောင်းလဲစေတဲ့အပြင် ကိုယ်ခန္ဓာကိုပါ ဒုက္ခမျိုးစုံပေးလို့ ဒီစာကို ရေးတာပါ။


WY လို့ လူသိများတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကို ရာဘ / ယာဘ / ရာမ / ယာမ / မြင်းဆေး / ကြယ်သီး / အသီး ဆိုပြီး နာမည်မျိုးစုံနဲ့ လူသိများပါတယ်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ Methamphetamine (45 - 65) mg နဲ့ Caffeine (25 - 35) mg အကြမ်းဖျင်း အချိုးအစားနဲ့ ပြုလုပ်ထားတာပါ။ လူသိနည်းတာတခုက Lithium ပါဝင်တယ်ဆိုတာပါပဲ။ ဘထ္ထရီတွေမှာ အသုံးများတဲ့ သတ္ထုတခုပါ။ 88 လို့ တံဆိပ်ရိုက်ထားတဲ့အတွက် 88 လို့လည်း ခေါ်ကြပါတယ်။

သန့်စင်တဲ့ Methamphetamine ကိုတော့ ICE လို့ခေါ်ပါတယ်။ အချိုမှုန့်ပုံစံ အဖြူရောင်ပုံဆောင်ခဲတွေပါ။

MDMA ကတော့ Ecstasy လို့ လူသိများပါတယ်။ အကုန်လုံးကတော့ Amphetamine အနွယ်ဝင်တွေပါပဲ။

Amphetamine ဆိုတာ ဗဟိုအာရုံကြောမအဖွဲ့အစည်းကို လှုံဆော်ပေးတဲ့နေရာမှာ အားကောင်းတဲ့အရာဖြစ်ပါတယ်။

(၁၈၈၇) ခုနှစ်မှာ ဂျာမနီနိုင်ငံမှာ စတင်တွေ့ရှိပါတယ်။ (၁၉၁၉) ခုနှစ်မှာ ဂျပန်ပညာရှင်တယောက်က အခဲအဖြစ် စတင်ပြုလုပ်ပါတယ်။ အစပိုင်းကတော့ စစ်သုံးဆေးဝါးအဖြစ်သာ သုံးခဲ့ပေမယ့် (၁၉၅၀) ကျော်လာတော့ အဝေးပြေးကားမောင်းသမားတွေ၊ အားကစားသမားတွေနဲ့ ကျောင်းသားတွေပါ သုံးစွဲလာကြပါပြီ။ (၁၉၆၀) ခုနှစ်မှာတော့ ထိုးဆေးအနေနဲ့ပါ ထွက်ရှိလာပါတယ်။

အာရှတိုက်မှာ အာဖဂန်နစ္စတန်တွင် အကြီးအကျယ် ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါတယ်။ နောက်တော့ ' ဝ ' စစ်တပ်က စတင်ပြီး မြန်မာနိုင်ငံဘက်မှာ စတင်ဖြန့်ဖြူးခဲ့တာပါ။ WY ဆိုတာ Wa Youth (ဝ လူငယ်) ကနေ လာတာပါ။ အခုတော့ မြန်မာနိုင်ငံအနှံမှာ WY မရှိတဲ့နေရာ မရှိသလောက်ပါပဲ။ အဓိက ကုန်ကြမ်းဖြစ်တဲ့ Pseudoephedrine ကို အိန္ဒိယနယ်စပ်ဘက်ကနေ ဆေးကတ်ကနေခွာပြီးတော့ သွင်းယူပါတယ်။ အခုနောက်ပိုင်းကျတော့ နေရာစုံ လမ်းကြောင်းပေါင်းစုံကနေ ကုန်ကြမ်းရော ကုန်ချောပါ ကြိုက်သလို ဝင်ထွက်ကူးသန်းနေတော့တာပါပဲ။ ဆေးပြားရိုက်ဖို့အတွက် (၈) ပေပတ်လည် အခန်းလောက်နဲ့ပဲ အဆင်ပြေနေပါပြီ။ အခုနောက်ပိုင်းတော့ ထိုင်းဘက်မှာဆိုရင် ဆေးပြားရိုက်စက်ကို ကားထဲထည့်ပြီး အဝေးပြေးလမ်းပေါ်မှာတင် ဆေးပြားထုတ်နေကြတာပါပဲ။ မြန်မာနိုင်ငံမှာတော့ စံချိန်တင် ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိမှုအများဆုံး မူးယစ်ဆေးဝါးအဖြစ် နေရာယူထားပါတယ်။ အဖမ်းအခံရဆုံးကတော့ သုံးစွဲသူတွေပါ။

လူသိများတဲ့ WY ဆေးပြားတွေက ပန်းရောင် နဲ့ အနီရောင်လောက်ပဲ ရှိပါတယ်။ တကယ်တမ်းက တံဆိပ် ရိုက်နှိပ်ထားပုံ အမြောက်အများ ရှိသလို အရောင်မျိုးစုံလည်း ရှိပါတယ်။

WY မှာ
တံဆိပ်ရိုက်ထားပုံအရ ( ပုံမှန်၊ Yအမှီးတို၊ အမှီးအရှည်၊ အမှီးကောက်) ဟူ၍ (၄)မျိုး
တံဆိပ်ရဲ့တဖက်ခြမ်းမှာ (ဖင်ချိုင့်၊အပြည့်၊ အခုံး) ဟူ၍ (၃)မျိုး
ပန်းရောင်မှာ (အဖျော့၊ ပုံမှန်၊ အရင့် ကြက်သွေး) ဟူ၍ (၄)မျိုး
အဖြူရောင်မှာ (အဖြူစင်၊ နို့နှစ်ရောင်) ဟူ၍ (၂)မျိုး
ဆေးလုံးရဲ့ထုထည် (အထူ၊ အလယ်အလတ်၊ အပါး) ဟူ၍ (၃)မျိုး
စုစုပေါင်း (၁၆) မျိုး ရှိပါတယ်။

88 မှာ တဖက်မှာ 88 နောက်တဖက်မှာ (ပြောင်၊ 0၊ 1၊ 2၊ 8) ဟူ၍ (၅) မျိုး ရှိပါတယ်။

#သုံးစွဲပုံ


ဆေးပြားကို ဝါးစားတယ်။ Methamphetamine သီးသန့်ပဲပါတဲ့ ဆေးတွေက ဝါးစားလို့ ရပါတယ်။ ဒါပေမယ့် လက်ရှိစျေးကွက်ထဲက WY တွေနဲ့တော့ မစမ်းသပ်ပါနဲ့။ အန္တရာယ်ရှိလို့ပါ။

ဆေးကို အမှုန့်ချေပြီး နှာဝမှာ ဘိန်းဖြူရှူသလို ရှူလို့ရတယ်။ ဒါလည်း ပြဿနာရှိတာပါပဲ။

အကြောထဲ ထိုးတယ်။ ဆေးပြားလေးတွေကို မိုးရေနဲ့ဖျော်ပြီး ဘိန်းထိုးသလို ထိုးတာပါ။ အဓိက သွေးကြောမကြီးတွေထဲမှာ ဆေးခဲသွားတတ်လွန်းလို့ သေကြတဲ့သူတွေလည်း မနည်းပါဘူး။ အရှိန်တက်တာ အရမ်းမြန်သလို အရမ်းကြောက်ဖို့ကောင်းပါတယ်။

ဆေးပြားအငွေ့ကို ရှူကြတယ်။ အကင်ခဲပြား၊ အလှပြင်ဆိုင်သုံးခဲပြား၊ အိုးဖာတိပ်၊ ပီကယ်ခွံ နဲ့ ဆေးလိပ်ဗူးခွံထဲက ခဲပြား အစရှိသဖြင့် အောက်ခံခဲပြားပေါ်မှာ ဆေးပြားကိုတင်ပြီး ပြုပြင်ထားတဲ့ မီးအသေးစားလေးနဲ့ အပူပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူကြတာပါ။ ပိုက်ဆံကို လိပ်ပြီးတော့ တိုက်ရိုက်ရှူကြတယ်။ ရေသန့်ဘူးခွံကို အအေးသောက်ပိုက်ကောက်တပ်ပြီးတော့လည်း ရေခံပြီးတော့ ရှူကြတယ်။ နဂါးငွေ့တန်းကို လိုက်ဖမ်းတယ်လို့ တင်စားကြတာပဲ။ ရေ မခံရင် အသေမြန်တယ်လို့လည်း ပြောကြပါတယ်။ ဂျိုး လို့ခေါ်တဲ့ အဖြူရောင် အမှုန့်လေးတွေကို ပြန်မစားသင့်ပါဘူး။ ငတ်ကြီးကြရင် ကြသလို အန္တရာယ်ပိုများလာမှာပါ။


အစပိုင်း သုံးစွဲကာစမှာ ဘာကို ယူလို့ ယူရမှန်းမသိ ဖြစ်နေပေမယ့် နောက်ပိုင်းကြရင် ဆေးထိုင်ချနေရတဲ့ ခံစားမှုကိုပဲ အကြိုက်ဆုံး ဖြစ်လာမှာပါ။ အဲ့ဒါဆိုရင်တော့ ဆေးစွဲနေတာ သေချာပါပြီ။ WY ကို တိုင်းရင်းသားတွေက " တခုလို " လို့ ခေါ်တာ ကြားဖူးပါတယ်။ ဘယ်လောက်ရှိရှိ မလောက်တာရယ် ချပြီးရင်း ချချင်စိတ် ဖြစ်တတ်တာရယ်ကြောင့်ပါ။ အရမ်းကို ဆေးစွဲဖို့ လွယ်ကူကြောင်း သတိပေးပါရစေ။ အစ မလုပ်တာ အကောင်းဆုံးပါပဲ။ သုံးစွဲသူအဆင့်ကနေ စွဲလန်းသူဖြစ်သွားဖို့ မခက်ခဲတာမို့လို့ ရပ်တန်းက ရပ်ကြဖို့ အရေးကြီးပါတယ်။ စိတ်ကြွရူးသွပ်ဆေးဖြစ်တာကို မမေ့စေချင်ပါဘူး။


#အန္တရာယ်များ

စတင် သုံးစွဲကာစမှာ ဘာလုပ်လုပ် အာရုံစူးစိုက်မှု ကောင်းပြီးတော့ တက်ကြွနေမယ်။ စိတ်ကြည်နူး ပျော်ရွှင်နေသလို ခံစားရမယ်။ အင်အားတွေ တိုးနေသလို ခံစားရမယ်။ အဆာခံနိုင်ပြီးတော့ အစာစားချင်စိတ် မရှိဘူး။ လုပ်သမျှ အဆင်ပြေနေသလို ပြောကောင်းဆိုကောင်း ဖြစ်နေမှာပါ။

ဆေးသုံးကာစမှာ ကောင်းသလိုဖြစ်နေပေမယ့် ဆေးဆက်သုံးစွဲတာနဲ့အမျှ လူလည်း စိတ်ရောကိုယ်ပါ ပျက်စီးလာမှာပါ။ ဆေးပမာဏများလာရင်တော့ အာရုံထိန်းချုပ်မှု ပျက်ယွင်းလာပြီး ကြွက်သားတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။ မှတ်ဉာဏ်နည်းပါးလာပြီး အာရုံစူးစိုက်နိုင်စွမ်း နည်းပါးလာပါလိမ့်မယ်။ သံသယစိတ်တွေ များလာပြီးတော့ ရိုင်းစိုင်းကြမ်းတမ်းလာပါလိမ့်မယ်။ လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေ များပြားလာပြီးတော့ နောက်ဆုံးတော့ သေရမှာပါပဲ။ အဖမ်းခံရတာ ထောင်ကျတာတွေကတော့ မလွဲမသွေနည်းပါး ကြုံရမှာပဲလေ။

မသုံးဖူးသေးရင် လက်တည့်မစမ်းပါနဲ့။ သုံးမိနေရင် ရအောင်ဖြတ်ပါ။ ဆေးကျတဲ့ အချိန်ဆိုရင် တကိုယ်လုံး ကိုက်ခဲပြီး အားမရှိဖြစ်ပြီးတော့ ဘာမှလုပ်ချင်စိတ်မရှိတာကို ကြုံဖူးရင် သိကြမှာပါ။ စိုးရိမ်ထိတ်လန့်မှု များလာမယ်။ စိတ်တိုလွယ်မယ်။ ခေါင်းကိုက်မယ်။ ဂနာမငြိမ်ဖြစ်မယ်။ အဲ့ဒီတော့ ဆေးသုံးတဲ့ခံစားမှုပြန်ရဖို့အတွက် ငွေကုန်လူပန်းခံပြီးတော့ ထောင်နှုတ်ခမ်းပေါ်နင်းပြီး ကြိုးစားတော့မှာ အသေအချာပါပဲ။ လူမှုစီးပွားပျက်စီးပြီးတော့ အရာရာဆုံးရှုံးသွားတဲ့ ငမိုက်သားဘဝကို အသေအချာရောက်ရမှာပါ။

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လည်ပင်းကြီး ဟော်မုန်းများရောဂါ၊ စိတ်ရောဂါအခံရှိသူတွေ၊ ဆေးဝါးအလွဲသုံးဖူးသူတွေ နဲ့ ကိုယ်ဝန်ဆောင်တွေရော နို့တိုက်မိခင်တွေပါ လုံးဝ မသုံးစွဲသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးတွေကတော့ အသက်အရွယ် နဲ့ လူအပေါ်မူတည်ပြီးတော့ ကွဲပြားပါတယ်။ အမြင်မှုန်ဝါးမယ်။ ခံတွင်းတွေ ခြောက်မယ်။ ရေငတ်မယ်။ ပါးစပ်နံမယ်။ သွားအရင်းမှာ ကျောက်တည်မယ်။ သွားတွေ ကြွေကျမယ်။ နှလုံးခုန်အရမ်းမြန်မယ်။ သွေးတိုးမယ်။ သွေးပေါင်လည်း ထိုးကျတတ်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်မယ်။ ဦးနှောက်အတွင်း သွေးယိုစီးတတ်တယ်။ အဆုတ်ရေဝိုင်းတဲ့ရောဂါလည်း ဖြစ်နိုင်တယ်။ ချွေးထွက်များမယ်။ ကိုယ်ခန္ဓာ အပူချိန်က သိသိသာသာ တက်နေတတ်တယ်။ ခြေဖျားလက်ဖျားတွေကတော့ အေးစက်နေမယ်။ ကြွက်သားတွေ နာကျင် ပျက်စီးပြီး ပိန်ချုံးလာပါမည်။ ကျောက်ကပ် ပျက်စီးလာရင် ခါးနာတတ်တာကို သတိထားပါ။ ဆီးသွားရခက်ခဲလာမယ်။ ဆီးသွားချင်စိတ်ကိုလည်း မထိန်းနိုင်ဖြစ်တတ်သလို ဆီးမထွက်တာလည်း ဖြစ်နိုင်တယ်။ ဝမ်းလည်း အရမ်းချုပ်လာလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ မျိုးစုံ ဖြစ်မှာပါ။ စိတ်ရှုပ်ထွေးမယ်။ ဒေါသထွက်လွယ်မယ်။ အရမ်းမေ့တတ်လာမယ်။ မှတ်ဉာဏ်တွေ နည်းလာမယ်။ လိင်စိတ်ပြောင်းလဲလာမှုတွေ ကြုံရမယ်။ ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုတွေကို တောင့်တလာလိမ့်မယ်။ သံသယစိတ်တွေများမယ်။ ရဲတွေကို တွေ့ရင် အလိုလို ကြောက်စိတ် မုန်းစိတ်ဝင်လာမယ်။ ထင်ယောင်ထင်မှားတွေဖြစ်မယ်။ အရမ်းဆိုးလာရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လုပ်လိမ့်မယ်။

အရက်၊ ဘီယာကဲ့သို့သော လေးလံထိုင်းမှိုင်းစေသည့် မူးယစ်ဆေးဝါးများနှင့် တွဲဖက်၍ မသုံးသင့်ပါ။ Cocaine နှင့် Ecstasy ကဲ့သို့သော စိတ်ကြွဆေးများနှင့် တွဲသုံးပါကလည်း ပိုမို၍ အန္တရာယ် ဖြစ်စေနိုင်ပါသည်။ MAOIs (စိတ်မကျဆေး) များနှင့်တွဲသုံးပါကလည်း အာနိသင်ပြင်းထန်သွားမည်ဖြစ်၍ ဘေးထွက်ဆိုးကျိုးများပါသည်။ ICE နှင့်တွဲသုံးပါကလည်း အရှိန်မထိန်းနိုင်ပဲ ပိုမိုဆိုးရွားစေနိုင်ပါသည်။

#ကုသခြင်း

ဆေးစွဲနေသူတယောက်အဖို့ ရုတ်တရက် ဆေးဖြတ်လိုက်သောအခါ စိတ်ဓါတ်ကျခြင်း၊ ဘာမှ လုပ်ချင်စိတ်မရှိခြင်း၊ စိုးရိမ်ကြောက်လန့်နေခြင်း၊ အစာစားချင်စိတ်များနေခြင်း နှင့် အိပ်မရဖြစ်ခြင်း (သို့) အလွန်အမင်းအိပ်ချင်နေခြင်းတို့ကို (၂၄) နာရီအတွင်း ကြုံတွေ့ရမှာပါ။ အာရုံကြောအဆိပ်သင့်ခြင်း (Neurotoxicity) ကိုတော့ ဆေးဖြတ်ပြီး အချိန်အတော်အကြာအထိ ခံစားနေရမှာပါ။ အရေးကြီးတာကတော့ ဆေးဖြတ်ချင်စိတ် ဖြစ်ပါတယ်။ ဖြတ်ပြီးနောက် ပြန်လည်မသုံးစွဲမိစေရန် ရှောင်ကျဉ်ပါ။

(၂၀၁၄) ခုနှစ် မေလအထိ တိုက်ရိုက်ကုသနိုင်မည့် နည်းလမ်းမရှိသေးပါ။ (၂၀၁၆) အစောပိုင်းတွင်တော့ စမ်းသပ်ကုသနိုင်မည့် ဆေးတမျိုး ထွက်ပေါ်လာပေမယ့် ဈေးကွက်အတွင်းတွင် မပေါများသေးပါ။ Cocaine ဖြတ်တာနှင့် ဆင်တူပါတယ်။

ကုသသည့် နည်းလမ်းတခုတည်းနှင့် အဆင်မပြေပါ။ ဆေးဖြတ်ပြီးနောက် အပြုအမူဆိုင်ရာ ကုထုံးများ နှင့် စိတ်ဖက်ဆိုင်ရာ ကုထုံးများကို တွဲဖက် ကုသပေးရပါမည်။ ဆေးဖြတ်ပြီးနောက် ကြုံရမည့် ဝေဒနာ နှင့် စိတ်ခံစားမှုများ လျော့ပါးစေရန် အပြေးလေ့ကျင့်ခြင်းကဲ့သို့ မိမိ ဝါသနာပါသည့် အားကစား ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲစေရန် ပြုလုပ်ခြင်း နှင့် ဘာသာရေး လိုက်စားခြင်းများဖြင့် ဆေးစွဲခြင်းကို ကုသနိုင်ပါတယ်။ Amino acid ပါသော အားဆေးများ နှင့် Vitamin C ကို သောက်လို့ရပါတယ်။ စိတ်ကျန်းမာရေးဆေးရုံမှာ တက်ရောက်ကုသပြီး ဆေးဖြတ်လို့ရသလို စိတ်ကို နိုင်နင်းရင် မိမိဖာသာ ဖြတ်လို့ရပါတယ်။

#ဥပဒေရေးရာ

(၁၉၉၃) ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ (၁၅) အရ သုံးစွဲသူ ဆိုရင် ထောင်ဒဏ် (၃ - ၅) နှစ် ချနိုင်သလို ပုဒ်မ (၁၆) အရ လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် (၅ - ၁၀) နှစ် ချလို့ရပါတယ်။

ရဲဖမ်းခံရရင် (၁) နှစ်ကျော်တဲ့အထိ အမှုမပြတ်ပဲ (၂) ပတ်တခါ ရုံးချိန်းတက်နေရမှာပါ။ ဆီးစစ်လို့ ဆေးကျရင် ကျိန်းသေ ထောင်ကျမှာပါ။ ဆေးသုံးတဲ့လူနဲ့ အတူဖမ်းမိတဲ့အခါ ဆေးအောင်နေရင်တောင် အနည်းဆုံး (၆) လလောက် အချုပ်ကျနေမှာပါ။ အပေါင်းပါအနေနဲ့ အမှုပြီးတဲ့အထိရှင်းရမှာပါ။

မိမိဆီမှာ ဆေးပြား (၃၀) နဲ့ ဖမ်းဆီးခံရရင်တော့ ပုဒ်မ ၁၉ (က) နဲ့ ငြိသွားမှာပါ။

ပုဒ်မ ၁၉ (က) မှာ " မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ရောင်းချရန် အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်း " လို့ ဖော်ပြထားပြီး ကျူးလွန်ကြောင်း ပြစ်မှုစီရင်ခြင်း ခံရပါက ကျူးလွန်သူကို ထောင်ဒဏ် အနည်းဆုံး (၁၀) နှစ်ကနေ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဆေးစစ်တဲ့အခါ Detection Period ကတော့ (၂ - ၃) ရက်ပါပဲ။ သိထားတဲ့အတိုင်း ဆေးစစ်ချက်ကလည်း ငွေပါပဲ။ ရေထည့်စစ်တာတောင် ဆေးကျတာတွေ ရှိတတ်ပါတယ်။ လက်လီထက် လက်ကားကို ဦးစားပေးတာကို သတိရကြပါ။

ဆေးသုံးရင် ပထမဦးစွာ ငွေကုန်မယ်။ ဒုတိယက လူ ထိမယ်။ တတိယက မိသားစုကိုပါ အကျိုးသက်ရောက်မယ်။ ရဲဖမ်းခံရရင် ဘဝပါ ပျက်မယ်။ အဲ့ဒါကြောင့် အစမလုပ်ကြဖို့ နဲ့ ရပ်တန်းကရပ်ကြဖို့ ရည်ရွယ်ပြီးတော့ ဒီစာကို ရေးပါတယ်။

ကိုယ့်ဘဝမှာ ကိုယ့်ရွေးချယ်မှုကသာ အဓိကပါ။ ဆေးသုံးစွဲပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးလို့ အထင်ရောက်နေပြီး နှစ်အနည်းငယ်လောက် နေပြီးတော့ ပတ်ဝန်းကျင်ရဲ့ အစွန့်ပယ်ခံ ဆေးသမားတယောက်အဖြစ် နေထိုင်မလား။ ပုံမှန်လူတယောက်လို ကောင်းမွန်စွာ ရှင်သန်သွားမလား။ မိမိဖာသာ ဆုံးဖြတ်ကြပါ။

ဒီစာဖြစ်မြောက်လာဖို့အတွက် ကိုးကားခဲ့ရတဲ့ စာရေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အမှားအယွင်းပါခဲ့ရင် ကျနော့်ရဲ့ လေ့လာမှု အားနည်းလို့သာ ဖြစ်ပါတယ်။ အများအကျိုးအတွက် ဝေဖန်ထောက်ပြပေးပါ။ မြန်မာနိုင်ငံကြီး မူးယစ်ဆေးဝါး အန္တရာယ်မှ မြန်စွာ လွတ်မြောက်ပါစေ။

References.

(1.) “Yaba Fast Facts”. US National Drug Intelligence Center. National Drug Intelligence Center. Jun 2003. Retrieved 2014-11-13.

(2.) Thornton, Phil (12 February 2012). “Myanmar’s rising drug trade”. Bangkok Post.
Retrieved 2012-02-19.

(3.) YABA: The source of super sexual crave and desire, the source of endless energy and nurturing of the INNER MONSTER (written by Arunav Shuvro)

(4.) Technology impacts on drug production in Asia: The role of amphetamines in Asia’s growing drug problem
This paper was presented by Dr Sandy G
23.6,2017

Sai Nge

(Zawgyi) 

တခုလို (သို႔) နဂါးေငြ႕တန္းကို လိုက္ဖမ္းၾကသူမ်ား မျဖစ္ေစဖို႔~~~ 



အဲ့ေကာင္က မသံုးေတာ့ဘူးလို႔ ဆံုးျဖတ္ထားလဲ  လြယ္လြယ္ဝယ္လို႔ရတဲ့ေနရာေရာက္ရင္ ျပန္သံုးျဖစ္တာပါဘဲ... လူကေန ႏိုင္ေပမယ့္ စိတ္က လွံု႔ေဆာ္ေနသလိုေပါ့..

တကယ္ေတာ့ အဲ့ေဆးျပားေလးကို ခဲ ျပားေလးေပၚတင္ပီး ႐ိႈ့ေနရတဲ့အခိုက္အတန္႔ေလးကိုသာ လိုခ်င္တပ္မက္ေနၾကတာ.. ဆြဲပီးရင္းဆြဲခ်င္ ျဖစ္လာေအာင္လဲ သူက အနံ႔ေလးနဲ႔ဆြဲေဆာင္ေသးသဗ်....

ဒါေပမယ့္ တစ္ခ်ိဳ႕ေတြသိမွာပါ.. အထူးသျဖင့္ ကိုယ့္အံသြားေတြ ဆံုး႐ွံုးလိုက္ရတဲ့အခ်ိန္မွာ.. ေနာင္တ ေတြနဲ႔ အတူ ျဖတ္ႏိုင္ေအာင္ ႀကိဳးစါးသင့္ေနပီ
ၾကာလာရင္ ခါးေတြနာပီး လက္ပ်ဥ္ေတြ နာလာလိမ့္မယ္.. ဆက္မလုပ္ေတာ့တာ အေကာင္းဆံုး
အဓိက စိတ္ကို ႏိုင္ရင္ ျဖတ္ဖို႔လြယ္လြယ္ေလးပါ..  ျဖတ္လိုက္ျခင္းအားျဖင့္ ရ႐ွိႏိုင္မယ့္ အခြင့္အေရးေတြကေတာ့...

အသားအေရျပန္လည္စိုေျပလာမယ္
ယခင္က ခ်ိဳင့္ဝင္ေနတဲ့ မ်က္ႏွာ ျပန္လည္ျပည့္တင္းလာမယ္
အေပါင္းအသင္းျပန္လည္ ဝင္ဆံ့လာမယ္
ဝင္ေငြ တိုးလာမယ္
မိမိကိုကိုယ္ ယံုၾကည္မႈ႐ွိလာမယ္....
ကဲ..  ဘယ္ေလာက္ေကာင္းလဲ...ဒီေတာ့ မျဖတ္ႏိုင္ရင္ေတာင္... ရက္ျခားေလးေလာက္ဘဲ သံုးသြားတာေကာင္းတယ္..
 အက်ထိလို႔ ျပန္တင္တာေတြ မလုပ္ရဘူး.. လုပ္လဲ မထူးဘူး..  အဲ့ဒီအစား အိပ္ေရးဝဝျပန္အိပ္လိူက္.. တတ္ႏိုင္သေလာက္ မလုပ္မိေစနဲ႔...
ၾကာလာရင္ ျဖတ္ႏိုင္သြားမွာပါ 😃
အခုေခတ္လူငယ္ေလးေတြတြက္
အနာဂတ္လမ္းစေပ်ာက္ေနသည့္
အရာေပါ့ဗ်ာ👉yaba👈

WY ဆိုတာ စိတ္ႂကြရူးသြပ္ေဆးျပားပါ။ အစပိုင္းမွာ စိတ္ႂကြၿပီး ေကာင္းသလို ျဖစ္ေပမယ့္ ေရရွည္မွာ စိတ္ေဖာက္ျပန္ရူးသြပ္ေစႏိုင္ပါတယ္။ စိတ္ကို အမွန္တကယ္ ေျပာင္းလဲေစတဲ့အျပင္ ကိုယ္ခႏၶာကိုပါ ဒုကၡမ်ဳိးစံုေပးလို႔ ဒီစာကို ေရးတာပါ။

WY လို႔ လူသိမ်ားတဲ့ စိတ္ႂကြရူးသြပ္ေဆးျပားကို ရာဘ / ယာဘ / ရာမ / ယာမ / ျမင္းေဆး / ၾကယ္သီး / အသီး ဆိုၿပီး နာမည္မ်ဳိးစံုနဲ႔ လူသိမ်ားပါတယ္။ အဓိက ပါဝင္ပစၥည္းေတြကေတာ့ Methamphetamine (45 - 65) mg နဲ႔ Caffeine (25 - 35) mg အၾကမ္းဖ်င္း အခ်ဳိးအစားနဲ႔ ျပဳလုပ္ထားတာပါ။ လူသိနည္းတာတခုက Lithium ပါဝင္တယ္ဆိုတာပါပဲ။ ဘထၳရီေတြမွာ အသံုးမ်ားတဲ့ သတၳဳတခုပါ။ 88 လို႔ တံဆိပ္ရိုက္ထားတဲ့အတြက္ 88 လို႔လည္း ေခၚၾကပါတယ္။

သန္႔စင္တဲ့ Methamphetamine ကိုေတာ့ ICE လို႔ေခၚပါတယ္။ အခ်ဳိမႈန္႔ပံုစံ အျဖဴေရာင္ပံုေဆာင္ခဲေတြပါ။

MDMA ကေတာ့ Ecstasy လို႔ လူသိမ်ားပါတယ္။ အကုန္လံုးကေတာ့ Amphetamine အႏြယ္ဝင္ေတြပါပဲ။

Amphetamine ဆိုတာ ဗဟိုအာရံုေၾကာမအဖြဲ႕အစည္းကို လႈံေဆာ္ေပးတဲ့ေနရာမွာ အားေကာင္းတဲ့အရာျဖစ္ပါတယ္။

(၁၈၈၇) ခုႏွစ္မွာ ဂ်ာမနီႏိုင္ငံမွာ စတင္ေတြ႕ရွိပါတယ္။ (၁၉၁၉) ခုႏွစ္မွာ ဂ်ပန္ပညာရွင္တေယာက္က အခဲအျဖစ္ စတင္ျပဳလုပ္ပါတယ္။ အစပိုင္းကေတာ့ စစ္သံုးေဆးဝါးအျဖစ္သာ သံုးခဲ့ေပမယ့္ (၁၉၅၀) ေက်ာ္လာေတာ့ အေဝးေျပးကားေမာင္းသမားေတြ၊ အားကစားသမားေတြနဲ႔ ေက်ာင္းသားေတြပါ သံုးစြဲလာၾကပါၿပီ။ (၁၉၆၀) ခုႏွစ္မွာေတာ့ ထိုးေဆးအေနနဲ႔ပါ ထြက္ရွိလာပါတယ္။

အာရွတိုက္မွာ အာဖဂန္နစၥတန္တြင္ အႀကီးအက်ယ္ ထုတ္လုပ္ျဖန္႔ျဖဴးခဲ့ပါတယ္။ ေနာက္ေတာ့ ' ဝ ' စစ္တပ္က စတင္ၿပီး ျမန္မာႏိုင္ငံဘက္မွာ စတင္ျဖန္႔ျဖဴးခဲ့တာပါ။ WY ဆိုတာ Wa Youth (ဝ လူငယ္) ကေန လာတာပါ။ အခုေတာ့ ျမန္မာႏိုင္ငံအႏွံမွာ WY မရွိတဲ့ေနရာ မရွိသေလာက္ပါပဲ။ အဓိက ကုန္ၾကမ္းျဖစ္တဲ့ Pseudoephedrine ကို အိႏၵိယနယ္စပ္ဘက္ကေန ေဆးကတ္ကေနခြာၿပီးေတာ့ သြင္းယူပါတယ္။ အခုေနာက္ပိုင္းက်ေတာ့ ေနရာစံု လမ္းေၾကာင္းေပါင္းစံုကေန ကုန္ၾကမ္းေရာ ကုန္ေခ်ာပါ ႀကိဳက္သလို ဝင္ထြက္ကူးသန္းေနေတာ့တာပါပဲ။ ေဆးျပားရိုက္ဖို႔အတြက္ (၈) ေပပတ္လည္ အခန္းေလာက္နဲ႔ပဲ အဆင္ေျပေနပါၿပီ။ အခုေနာက္ပိုင္းေတာ့ ထိုင္းဘက္မွာဆိုရင္ ေဆးျပားရိုက္စက္ကို ကားထဲထည့္ၿပီး အေဝးေျပးလမ္းေပၚမွာတင္ ေဆးျပားထုတ္ေနၾကတာပါပဲ။ ျမန္မာႏိုင္ငံမွာေတာ့ စံခ်ိန္တင္ ပိုင္ရွင္မဲ့ ဖမ္းဆီးရရွိမႈအမ်ားဆံုး မူးယစ္ေဆးဝါးအျဖစ္ ေနရာယူထားပါတယ္။ အဖမ္းအခံရဆံုးကေတာ့ သံုးစြဲသူေတြပါ။

လူသိမ်ားတဲ့ WY ေဆးျပားေတြက ပန္းေရာင္ နဲ႔ အနီေရာင္ေလာက္ပဲ ရွိပါတယ္။ တကယ္တမ္းက တံဆိပ္ ႐ိုက္ႏွိပ္ထားပံု အေျမာက္အမ်ား ႐ွိသလို အေရာင္မ်ိဳးစံုလည္း ႐ွိပါတယ္။

WY မွာ
တံဆိပ္႐ိုက္ထားပံုအရ ( ပံုမွန္၊ Yအမွီးတုိ၊ အမွီးအ႐ွည္၊ အမွီးေကာက္) ဟူ၍ (၄)မ်ိဳး
တံဆိပ္ရဲ႕တဖက္ျခမ္းမွာ (ဖင္ခ်ိဳင့္၊အျပည့္၊ အခံုး) ဟူ၍ (၃)မ်ိဳး
ပန္းေရာင္မွာ (အေဖ်ာ့၊ ပံုမွန္၊ အရင့္ ၾကက္ေသြး) ဟူ၍ (၄)မ်ဳိး
အျဖဴေရာင္မွာ (အျဖဴစင္၊ ႏို႔ႏွစ္ေရာင္) ဟူ၍ (၂)မ်ိဳး
ေဆးလံုးရဲ႕ထုထည္ (အထူ၊ အလယ္အလတ္၊ အပါး) ဟူ၍ (၃)မ်ိဳး
စုစုေပါင္း (၁၆) မ်ိဳး ရွိပါတယ္။

88 မွာ တဖက္မွာ 88 ေနာက္တဖက္မွာ (ေျပာင္၊ 0၊ 1၊ 2၊ 8) ဟူ၍ (၅) မ်ိဳး ရွိပါတယ္။

#သံုးစြဲပံု

ေဆးျပားကို ဝါးစားတယ္။ Methamphetamine သီးသန္႔ပဲပါတဲ့ ေဆးေတြက ဝါးစားလို႔ ရပါတယ္။ ဒါေပမယ့္ လက္ရွိေစ်းကြက္ထဲက WY ေတြနဲ႔ေတာ့ မစမ္းသပ္ပါနဲ႔။ အႏၲရာယ္ရွိလို႔ပါ။

ေဆးကို အမႈန္႔ေခ်ျပီး ႏွာဝမွာ ဘိန္းျဖဴရွဴသလို ရွဴလို႔ရတယ္။ ဒါလည္း ျပႆနာရွိတာပါပဲ။

အေၾကာထဲ ထိုးတယ္။ ေဆးျပားေလးေတြကို မိုးေရနဲ႔ေဖ်ာ္ၿပီး ဘိန္းထိုးသလို ထိုးတာပါ။ အဓိက ေသြးေၾကာမၾကီးေတြထဲမွာ ေဆးခဲသြားတတ္လြန္းလို႔ ေသၾကတဲ့သူေတြလည္း မနည္းပါဘူး။ အရွိန္တက္တာ အရမ္းျမန္သလို အရမ္းေၾကာက္ဖို႔ေကာင္းပါတယ္။

ေဆးျပားအေငြ႕ကို ရွဴၾကတယ္။ အကင္ခဲျပား၊ အလွျပင္ဆိုင္သံုးခဲျပား၊ အိုးဖာတိပ္၊ ပီကယ္ခြံ နဲ႔ ေဆးလိပ္ဗူးခြံထဲက ခဲျပား အစရွိသျဖင့္ ေအာက္ခံခဲျပားေပၚမွာ ေဆးျပားကိုတင္ၿပီး ျပဳျပင္ထားတဲ့ မီးအေသးစားေလးနဲ႔ အပူေပးၿပီး ထြက္လာတဲ့ အေငြ႕ကို ရွဴၾကတာပါ။ ပိုက္ဆံကို လိပ္ၿပီးေတာ့ တိုက္ရိုက္ရွဴၾကတယ္။ ေရသန္႔ဘူးခြံကို အေအးေသာက္ပိုက္ေကာက္တပ္ၿပီးေတာ့လည္း ေရခံၿပီးေတာ့ ရွဴၾကတယ္။ နဂါးေငြ႕တန္းကို လိုက္ဖမ္းတယ္လို႔ တင္စားၾကတာပဲ။ ေရ မခံရင္ အေသျမန္တယ္လို႔လည္း ေျပာၾကပါတယ္။ ဂ်ဳိး လို႔ေခၚတဲ့ အျဖဴေရာင္ အမႈန္႔ေလးေတြကို ျပန္မစားသင့္ပါဘူး။ ငတ္ႀကီးၾကရင္ ၾကသလို အႏၲရာယ္ပိုမ်ားလာမွာပါ။

အစပိုင္း သံုးစြဲကာစမွာ ဘာကို ယူလို႔ ယူရမွန္းမသိ ျဖစ္ေနေပမယ့္ ေနာက္ပိုင္းၾကရင္ ေဆးထိုင္ခ်ေနရတဲ့ ခံစားမႈကိုပဲ အႀကိဳက္ဆံုး ျဖစ္လာမွာပါ။ အဲ့ဒါဆိုရင္ေတာ့ ေဆးစြဲေနတာ ေသခ်ာပါၿပီ။ WY ကို တိုင္းရင္းသားေတြက " တခုလို " လို႔ ေခၚတာ ၾကားဖူးပါတယ္။ ဘယ္ေလာက္ရွိရွိ မေလာက္တာရယ္ ခ်ၿပီးရင္း ခ်ခ်င္စိတ္ ျဖစ္တတ္တာရယ္ေၾကာင့္ပါ။ အရမ္းကို ေဆးစြဲဖို႔ လြယ္ကူေၾကာင္း သတိေပးပါရေစ။ အစ မလုပ္တာ အေကာင္းဆံုးပါပဲ။ သံုးစြဲသူအဆင့္ကေန စြဲလန္းသူျဖစ္သြားဖို႔ မခက္ခဲတာမို႔လို႔ ရပ္တန္းက ရပ္ၾကဖို႔ အေရးႀကီးပါတယ္။ စိတ္ႂကြရူးသြပ္ေဆးျဖစ္တာကို မေမ့ေစခ်င္ပါဘူး။

#အႏၲရာယ္မ်ား

စတင္ သံုးစြဲကာစမွာ ဘာလုပ္လုပ္ အာရံုစူးစိုက္မႈ ေကာင္းၿပီးေတာ့ တက္ၾကြေနမယ္။ စိတ္ၾကည္ႏူး ေပ်ာ္ရႊင္ေနသလို ခံစားရမယ္။ အင္အားေတြ တိုးေနသလို ခံစားရမယ္။ အဆာခံႏိုင္ၿပီးေတာ့ အစာစားခ်င္စိတ္ မရွိဘူး။ လုပ္သမၽွ အဆင္ေျပေနသလို ေျပာေကာင္းဆိုေကာင္း ျဖစ္ေနမွာပါ။

ေဆးသံုးကာစမွာ ေကာင္းသလိုျဖစ္ေနေပမယ့္ ေဆးဆက္သံုးစြဲတာနဲ႔အမၽွ လူလည္း စိတ္ေရာကိုယ္ပါ ပ်က္စီးလာမွာပါ။ ေဆးပမာဏမ်ားလာရင္ေတာ့ အာရံုထိန္းခ်ဳပ္မႈ ပ်က္ယြင္းလာၿပီး ႂကြက္သားေတြကိုပါ ပ်က္စီးေစႏိုင္ပါတယ္။ မွတ္ဉာဏ္နည္းပါးလာၿပီး အာရံုစူးစိုက္ႏိုင္စြမ္း နည္းပါးလာပါလိမ့္မယ္။ သံသယစိတ္ေတြ မ်ားလာၿပီးေတာ့ ရိုင္းစိုင္းၾကမ္းတမ္းလာပါလိမ့္မယ္။ လူမႈပတ္ဝန္းက်င္မွာ အဆင္မေျပမႈေတြ မ်ားျပားလာၿပီးေတာ့ ေနာက္ဆံုးေတာ့ ေသရမွာပါပဲ။ အဖမ္းခံရတာ ေထာင္က်တာေတြကေတာ့ မလြဲမေသြနည္းပါး ၾကံဳရမွာပဲေလ။

မသံုးဖူးေသးရင္ လက္တည့္မစမ္းပါနဲ႔။ သံုးမိေနရင္ ရေအာင္ျဖတ္ပါ။ ေဆးက်တဲ့ အခ်ိန္ဆိုရင္ တကိုယ္လံုး ကိုက္ခဲၿပီး အားမရွိျဖစ္ၿပီးေတာ့ ဘာမွလုပ္ခ်င္စိတ္မရွိတာကို ၾကံဳဖူးရင္ သိၾကမွာပါ။ စိုးရိမ္ထိတ္လန္႔မႈ မ်ားလာမယ္။ စိတ္တိုလြယ္မယ္။ ေခါင္းကိုက္မယ္။ ဂနာမၿငိမ္ျဖစ္မယ္။ အဲ့ဒီေတာ့ ေဆးသံုးတဲ့ခံစားမႈျပန္ရဖို႔အတြက္ ေငြကုန္လူပန္းခံၿပီးေတာ့ ေထာင္ႏႈတ္ခမ္းေပၚနင္းၿပီး ႀကိဳးစားေတာ့မွာ အေသအခ်ာပါပဲ။ လူမႈစီးပြားပ်က္စီးၿပီးေတာ့ အရာရာဆံုးရႈံးသြားတဲ့ ငမိုက္သားဘဝကို အေသအခ်ာေရာက္ရမွာပါ။

ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါ၊ လည္ပင္းႀကီး ေဟာ္မုန္းမ်ားေရာဂါ၊ စိတ္ေရာဂါအခံရွိသူေတြ၊ ေဆးဝါးအလြဲသံုးဖူးသူေတြ နဲ႔ ကိုယ္ဝန္ေဆာင္ေတြေရာ ႏို႔တိုက္မိခင္ေတြပါ လံုးဝ မသံုးစြဲသင့္ပါဘူး။

ေဘးထြက္ဆိုးက်ဳိးေတြကေတာ့ အသက္အရြယ္ နဲ႔ လူအေပၚမူတည္ၿပီးေတာ့ ကြဲျပားပါတယ္။ အျမင္မႈန္ဝါးမယ္။ ခံတြင္းေတြ ေျခာက္မယ္။ ေရငတ္မယ္။ ပါးစပ္နံမယ္။ သြားအရင္းမွာ ေက်ာက္တည္မယ္။ သြားေတြ ေႂကြက်မယ္။ ႏွလံုးခုန္အရမ္းျမန္မယ္။ ေသြးတိုးမယ္။ ေသြးေပါင္လည္း ထိုးက်တတ္တယ္။ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ ျဖစ္မယ္။ ဦးေႏွာက္အတြင္း ေသြးယိုစီးတတ္တယ္။ အဆုတ္ေရဝိုင္းတဲ့ေရာဂါလည္း ျဖစ္ႏိုင္တယ္။ ေခၽြးထြက္မ်ားမယ္။ ကိုယ္ခႏၶာ အပူခ်ိန္က သိသိသာသာ တက္ေနတတ္တယ္။ ေျခဖ်ားလက္ဖ်ားေတြကေတာ့ ေအးစက္ေနမယ္။ ႂကြက္သားေတြ နာက်င္ ပ်က္စီးၿပီး ပိန္ခ်ဳံးလာပါမည္။ ေက်ာက္ကပ္ ပ်က္စီးလာရင္ ခါးနာတတ္တာကို သတိထားပါ။ ဆီးသြားရခက္ခဲလာမယ္။ ဆီးသြားခ်င္စိတ္ကိုလည္း မထိန္းႏိုင္ျဖစ္တတ္သလို ဆီးမထြက္တာလည္း ျဖစ္ႏိုင္တယ္။ ဝမ္းလည္း အရမ္းခ်ဳပ္လာလိမ့္မယ္။ စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြ မ်ဳိးစံု ျဖစ္မွာပါ။ စိတ္ရႈပ္ေထြးမယ္။ ေဒါသထြက္လြယ္မယ္။ အရမ္းေမ့တတ္လာမယ္။ မွတ္ဉာဏ္ေတြ နည္းလာမယ္။ လိင္စိတ္ေျပာင္းလဲလာမႈေတြ ၾကံဳရမယ္။ ပံုမွန္မဟုတ္တဲ့ လိင္ဆက္ဆံမႈေတြကို ေတာင့္တလာလိမ့္မယ္။ သံသယစိတ္ေတြမ်ားမယ္။ ရဲေတြကို ေတြ႕ရင္ အလိုလို ေၾကာက္စိတ္ မုန္းစိတ္ဝင္လာမယ္။ ထင္ေယာင္ထင္မွားေတြျဖစ္မယ္။ အရမ္းဆိုးလာရင္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ လုပ္လိမ့္မယ္။

အရက္၊ ဘီယာကဲ့သို႔ေသာ ေလးလံထိုင္းမႈိင္းေစသည့္ မူးယစ္ေဆးဝါးမ်ားႏွင့္ တြဲဖက္၍ မသံုးသင့္ပါ။ Cocaine ႏွင့္ Ecstasy ကဲ့သို႔ေသာ စိတ္ႂကြေဆးမ်ားႏွင့္ တြဲသံုးပါကလည္း ပိုမို၍ အႏၲရာယ္ ျဖစ္ေစႏိုင္ပါသည္။ MAOIs (စိတ္မက်ေဆး) မ်ားႏွင့္တြဲသံုးပါကလည္း အာနိသင္ျပင္းထန္သြားမည္ျဖစ္၍ ေဘးထြက္ဆိုးက်ဳိးမ်ားပါသည္။ ICE ႏွင့္တြဲသံုးပါကလည္း အရွိန္မထိန္းႏိုင္ပဲ ပိုမိုဆိုးရြားေစႏိုင္ပါသည္။

#ကုသျခင္း

ေဆးစြဲေနသူတေယာက္အဖို႔ ရုတ္တရက္ ေဆးျဖတ္လိုက္ေသာအခါ စိတ္ဓါတ္က်ျခင္း၊ ဘာမွ လုပ္ခ်င္စိတ္မရွိျခင္း၊ စိုးရိမ္ေၾကာက္လန္႔ေနျခင္း၊ အစာစားခ်င္စိတ္မ်ားေနျခင္း ႏွင့္ အိပ္မရျဖစ္ျခင္း (သို႔) အလြန္အမင္းအိပ္ခ်င္ေနျခင္းတို႔ကို (၂၄) နာရီအတြင္း ၾကံဳေတြ႕ရမွာပါ။ အာရံုေၾကာအဆိပ္သင့္ျခင္း (Neurotoxicity) ကိုေတာ့ ေဆးျဖတ္ၿပီး အခ်ိန္အေတာ္အၾကာအထိ ခံစားေနရမွာပါ။ အေရးႀကီးတာကေတာ့ ေဆးျဖတ္ခ်င္စိတ္ ျဖစ္ပါတယ္။ ျဖတ္ၿပီးေနာက္ ျပန္လည္မသံုးစြဲမိေစရန္ ေရွာင္က်ဥ္ပါ။

(၂၀၁၄) ခုႏွစ္ ေမလအထိ တိုက္ရိုက္ကုသႏိုင္မည့္ နည္းလမ္းမရွိေသးပါ။ (၂၀၁၆) အေစာပိုင္းတြင္ေတာ့ စမ္းသပ္ကုသႏိုင္မည့္ ေဆးတမ်ဳိး ထြက္ေပၚလာေပမယ့္ ေဈးကြက္အတြင္းတြင္ မေပါမ်ားေသးပါ။ Cocaine ျဖတ္တာႏွင့္ ဆင္တူပါတယ္။

ကုသသည့္ နည္းလမ္းတခုတည္းႏွင့္ အဆင္မေျပပါ။ ေဆးျဖတ္ၿပီးေနာက္ အျပဳအမူဆိုင္ရာ ကုထံုးမ်ား ႏွင့္ စိတ္ဖက္ဆိုင္ရာ ကုထံုးမ်ားကို တြဲဖက္ ကုသေပးရပါမည္။ ေဆးျဖတ္ၿပီးေနာက္ ၾကံဳရမည့္ ေဝဒနာ ႏွင့္ စိတ္ခံစားမႈမ်ား ေလ်ာ့ပါးေစရန္ အေျပးေလ့က်င့္ျခင္းကဲ့သို႔ မိမိ ဝါသနာပါသည့္ အားကစား ျပဳလုပ္ျခင္း၊ ပတ္ဝန္းက်င္ အေျခအေန ေျပာင္းလဲေစရန္ ျပဳလုပ္ျခင္း ႏွင့္ ဘာသာေရး လိုက္စားျခင္းမ်ားျဖင့္ ေဆးစြဲျခင္းကို ကုသႏိုင္ပါတယ္။ Amino acid ပါေသာ အားေဆးမ်ား ႏွင့္ Vitamin C ကို ေသာက္လို႔ရပါတယ္။ စိတ္က်န္းမာေရးေဆးရံုမွာ တက္ေရာက္ကုသၿပီး ေဆးျဖတ္လို႔ရသလို စိတ္ကို ႏိုင္နင္းရင္ မိမိဖာသာ ျဖတ္လို႔ရပါတယ္။

#ဥပေဒေရးရာ

(၁၉၉၃) ခုႏွစ္မွာ ျပဌာန္းခဲ့တဲ့ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒ ပုဒ္မ (၁၅) အရ သံုးစြဲသူ ဆိုရင္ ေထာင္ဒဏ္ (၃ - ၅) ႏွစ္ ခ်ႏိုင္သလို ပုဒ္မ (၁၆) အရ လက္ဝယ္ေတြ႕ရွိမႈနဲ႔ ေထာင္ဒဏ္ (၅ - ၁၀) ႏွစ္ ခ်လို႔ရပါတယ္။

ရဲဖမ္းခံရရင္ (၁) ႏွစ္ေက်ာ္တဲ့အထိ အမႈမျပတ္ပဲ (၂) ပတ္တခါ ရံုးခ်ိန္းတက္ေနရမွာပါ။ ဆီးစစ္လို႔ ေဆးက်ရင္ က်ိန္းေသ ေထာင္က်မွာပါ။ ေဆးသံုးတဲ့လူနဲ႔ အတူဖမ္းမိတဲ့အခါ ေဆးေအာင္ေနရင္ေတာင္ အနည္းဆံုး (၆) လေလာက္ အခ်ဳပ္က်ေနမွာပါ။ အေပါင္းပါအေနနဲ႔ အမႈၿပီးတဲ့အထိရွင္းရမွာပါ။

မိမိဆီမွာ ေဆးျပား (၃၀) နဲ႔ ဖမ္းဆီးခံရရင္ေတာ့ ပုဒ္မ ၁၉ (က) နဲ႔ ၿငိသြားမွာပါ။

ပုဒ္မ ၁၉ (က) မွာ " မူးယစ္ေဆးဝါး သို႔မဟုတ္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးကို ေရာင္းခ်ရန္ အလို႔ငွာ လက္ဝယ္ထားျခင္း၊ သယ္ယူပို႔ေဆာင္ျခင္း၊ တဆင့္ေပးပို႔ျခင္း၊ လႊဲေျပာင္းေပးျခင္း " လို႔ ေဖာ္ျပထားၿပီး က်ဴးလြန္ေၾကာင္း ျပစ္မႈစီရင္ျခင္း ခံရပါက က်ဴးလြန္သူကို ေထာင္ဒဏ္ အနည္းဆံုး (၁၀) ႏွစ္ကေန အမ်ားဆံုး ႏွစ္အကန္႔အသတ္မရွိ ေထာင္ဒဏ္ခ်မွတ္ရမယ္လို႔ ျပ႒ာန္းထားပါတယ္။

ေဆးစစ္တဲ့အခါ Detection Period ကေတာ့ (၂ - ၃) ရက္ပါပဲ။ သိထားတဲ့အတိုင္း ေဆးစစ္ခ်က္ကလည္း ေငြပါပဲ။ ေရထည့္စစ္တာေတာင္ ေဆးက်တာေတြ ရွိတတ္ပါတယ္။ လက္လီထက္ လက္ကားကို ဦးစားေပးတာကို သတိရၾကပါ။

ေဆးသံုးရင္ ပထမဦးစြာ ေငြကုန္မယ္။ ဒုတိယက လူ ထိမယ္။ တတိယက မိသားစုကိုပါ အက်ဳိးသက္ေရာက္မယ္။ ရဲဖမ္းခံရရင္ ဘဝပါ ပ်က္မယ္။ အဲ့ဒါေၾကာင့္ အစမလုပ္ၾကဖို႔ နဲ႔ ရပ္တန္းကရပ္ၾကဖို႔ ရည္ရြယ္ၿပီးေတာ့ ဒီစာကို ေရးပါတယ္။

ကိုယ့္ဘဝမွာ ကိုယ့္ေရြးခ်ယ္မႈကသာ အဓိကပါ။ ေဆးသံုးစြဲၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ ဆရာႀကီးလို႔ အထင္ေရာက္ေနၿပီး ႏွစ္အနည္းငယ္ေလာက္ ေနၿပီးေတာ့ ပတ္ဝန္းက်င္ရဲ႕ အစြန္႔ပယ္ခံ ေဆးသမားတေယာက္အျဖစ္ ေနထိုင္မလား။ ပံုမွန္လူတေယာက္လို ေကာင္းမြန္စြာ ရွင္သန္သြားမလား။ မိမိဖာသာ ဆံုးျဖတ္ၾကပါ။

ဒီစာျဖစ္ေျမာက္လာဖို႔အတြက္ ကိုးကားခဲ့ရတဲ့ စာေရးသူေတြ အားလံုးကို ေက်းဇူးတင္ပါတယ္။ အမွားအယြင္းပါခဲ့ရင္ က်ေနာ့္ရဲ႕ ေလ့လာမႈ အားနည္းလို႔သာ ျဖစ္ပါတယ္။ အမ်ားအက်ဳိးအတြက္ ေဝဖန္ေထာက္ျပေပးပါ။ ျမန္မာႏိုင္ငံႀကီး မူးယစ္ေဆးဝါး အႏၲရာယ္မွ ျမန္စြာ လြတ္ေျမာက္ပါေစ။

References.

(1.) “Yaba Fast Facts”. US National Drug Intelligence Center. National Drug Intelligence Center. Jun 2003. Retrieved 2014-11-13.

(2.) Thornton, Phil (12 February 2012). “Myanmar’s rising drug trade”. Bangkok Post.
Retrieved 2012-02-19.

(3.) YABA: The source of super sexual crave and desire, the source of endless energy and nurturing of the INNER MONSTER (written by Arunav Shuvro)

(4.) Technology impacts on drug production in Asia: The role of amphetamines in Asia’s growing drug problem
This paper was presented by Dr Sandy G
23.6,2017

Sai Nge

No comments: