Friday, July 3, 2020

ဒူးရင္းသီးနို့သာဂူ - ဘလူးဘယ္ရီေရခဲမုန႔္ - သေဘၤာသီးေထာင္း (ဆြမ့္တမ္) -ရခိုင္မုန္႔တီအာပူလၽွာပူခ်က္နည္း

ဒူးရင္းမလိုင္၊ စေတာ္ဘယ္ရီမလိုင္
---------------------------------------


ပါဝင္ပစၥည္းမ်ား
•  ႏြားနို့ - ၂ လီတာ
•  သၾကား - ၃၀ ဂရမ္
• ဒူးရင္းသီး - ၁ဝဝ ဂရမ္
•  စေတာ္ဘယ္ရီသီး - ၁ဝဝ ဂရမ္
•  သၾကား - စားပြဲဇြန္း ၁ ဇြန္း  

ျပဳလုပ္နည္း
၁။ ႏြားနို့ကို မီးေအးေအးႏွင့္ မလိုင္တက္သည္အထိ က်ိဳထားပါ။ မလိုင္တက္လာၿပီဆို မလိုင္ကို ခြက္ထဲ ခပ္ထည့္ထားပါ။ က်န္ရွိတဲ့ ႏြားနို့ထဲ သၾကားထည့္ၿပီး ေမႊပါ။
၂။ ဒူးရင္းသီးကို အသားႏႊင္ထားပါ။
၃။ စေတာ္ဘယ္ရီသီးကို အညႇာဖယ္၍ သၾကား စားပြဲဇြန္း ၁ ဇြန္းထည့္ၿပီး ႀကိတ္ေျခ ထားပါ။
၄။ ဒူးရင္းသီးေဖ်ာ္ရန္ ခြက္ထဲ ေရခဲအနည္းငယ္ ထည့္ပါ။ ႏႊင္ထားတဲ့ ဒူးရင္းသီးအသား ကို ထည့္ပါ။ ႏြားနို့ထည့္ပါ။ မလိုင္ဖတ္ေလးထည့္ၿပီး အေပၚမွ နို့စိမ္းဆမ္းေပးပါ။
၅။ စေတာ္ဘယ္ရီေဖ်ာ္ရန္ ခြက္ထဲ ေရခဲအနည္းငယ္ ထည့္ပါ။ ေျခထားတဲ့ စေတာ္ဘယ္ရီ ထည့္ပါ။ ႏြားနို့ထည့္ပါ။ မလိုင္ဖတ္ေလးထည့္ၿပီး အေပၚမွ နို့စိမ္းဆမ္းေပးပါ။
------------------------
Tin Tin Oo

ဒူးရင္းသီးနို့သာဂူ
----------------------


 နို့သာဂူကို ဒူးရင္းသီးႏွင့္တြဲဖက္ထားတဲ့ အခ်ိဳပြဲေလးျဖစ္ပါတယ္။ အေအးျဖစ္ေစ၊ ခပ္ေႏြးေႏြးအေနအထားျဖစ္ေစ တည္ခင္းနိုင္တဲ့ အရသာ
ထူးတဲ့ ခ်ိဳဆိမ့္ေမႊးေလးမို့ လုပ္စားၾကည့္ၾကရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
• ဒူးရင္းသီးအသား - ၂ဝဝ ဂရမ္
• ဆား - အနည္းငယ္
• သာဂူေစ့ - ၅၀ ဂရမ္
• သၾကား - ၂ဝဝ ဂရမ္
• ႏြားနို့ - ၁ လီတာ
• အုန္းနို့ - ၁ ပန္းကန္

ျပဳလုပ္နည္း
၁။ ဦးစြာ ႏြားနို့ႏွင့္ အုန္းနို့ကို ဆား၊ သၾကားတို့ႏွင့္ ေရာက်ိဳၿပီး အေအးခံထားပါ။ အပ်စ္အက်ဲႏွင့္ အခ်ိဳကို မိမိ ႏွစ္သက္သလို ခ်ိန္ဆထည့္ပါ။
၂။ အျခားအိုးတစ္အိုးထဲ ေရ ၁ လီတာခန႔္ ထည့္ၿပီး ဆူပြက္ေအာင္ တည္ပါ။ ဆူပြက္လၽွင္ သာဂူကို ေရေဆးၿပီး ထည့္ျပဳတ္ပါ။ ၅ မိနစ္ခန႔္ ျပဳတ္ၿပီးလၽွင္ အဖုံးအုပ္၍ မီးပိတ္ၿပီး ၁၀ မိနစ္ခန႔္ ထားပါ။
၃။ သာဂူေစ့မ်ား ဝတ္ဆံေပ်ာက္လၽွင္ ဆယ္ယူၿပီး ေရေအးျဖင့္ ေဆးပါ။
၄။ သာဂူေအးသြားလၽွင္ အေအးခံထားေသာ နို့အခ်ိဳထဲ ေရာထည့္ၿပီး ဒူးရင္းသီးအႏွစ္ႏွင့္ တြဲဖက္တည္ခင္းသုံးေဆာင္နိုင္ပါၿပီ။
၅။ နို့သာဂူကို သီးသန႔္စီမက်ိဳဘဲ တစ္ခါတည္းေပါင္းၿပီးလည္း က်ိဳနိုင္ပါတယ္။သီးသန႔္က်ိဳျခင္းျဖင့္ ပ်စ္ခဲသြားေသာ သာဂူမျဖစ္ေအာင္ ကာကြယ္နိုင္ပါတယ္။
--------------------------
Sofia

ဘလူးဘယ္ရီေရခဲမုန႔္
Home Made Blureberry Ice Cream
---------------------------------------------


 ေရခဲမုန႔္လုပ္တဲ့စက္မလိုဘဲ လုပ္ထားတဲ့ ေရခဲ မုန႔္ေလးျဖစ္ပါတယ္။ ေရခဲမုန႔္ကို မႀကိဳက္တဲ့သူ ကေတာ့ ရွားမယ္ထင္ပါတယ္။ ကေလးလူႀကီး အသည္းစြဲေပါ့။ အျပင္မွာ တစ္ခါတေလ အရည္ေသြး မေကာင္းတဲ့  ေဆးသၾကားဆိုးေဆးေတြနဲ႔ လုပ္ထား တဲ့ ေရခဲမုန႔္ေတြေၾကာင့္ ကိုယ္ကေလးေတြ ရင္ၾကပ္ ေခ်ာင္းဆိုးၾကတာေတြလည္း ၾကဳံဖူးၾကမယ္ထင္ပါ တယ္။ ေရခဲမုန႔္လုပ္တဲ့စက္ေသးေသးေလးေတြရွိေပ မယ့္ ဆိုဖီယာအေနနဲ႔ကေတာ့ အျမဲစားတာမဟုတ္ဘဲ ဝယ္ထားဖို့ၾက မဝယ္ခ်င္ဘူးေပါ့ေနာ္။ အခုလို စက္ ဝယ္စရာမလိုဘဲ ေရခဲေသတၱာတစ္လုံးရွိ႐ုံနဲ႔ သန႔္ရွင္း လတ္ဆတ္ၿပီး ေဆးသၾကားနဲ႔ ေဆးအေရာင္ကင္းတဲ့ သဘာဝသစ္သီးအရသာမ်ားနဲ႔ ေရခဲမုန႔္ေလးေတြကို အိမ္မွာလုပ္စားနိုင္ေတာ့မွာျဖစ္လို့ သူငယ္ခ်င္းတို့ကို လည္း လုပ္နည္းေလး ေဝမၽွေပးလိုက္ပါတယ္ေနာ္။သားသားမီးမီးတို့ကို ကိုယ္တိုင္လုပ္ေကၽြးၾကရေအာင္ ေနာ္။

ပါဝင္ပစၥည္းမ်ား
ႏြားနို့ - ၁ လီတာ
သၾကား - ၁၀ဝ ဂရမ္
ခရင္မ္ - ခြက္တစ္ဝက္ ၁၂၅ မီလီလီတာ
Rose water - လက္ဖက္ရည္ဇြန္း ၁ ဇြန္း
(အနံ့အတြက္)
ဘလူးဘယ္ရီ - ၅၀ဝ ဂရမ္
သၾကား - ၁၀ဝ ဂရမ္
Pistacho သို့ ႏွစ္သက္ရာ သစ္သီးေျခာက္  -  ၅၀ ဂရမ္
အျခားအနံ့ႏွင့္ Rose water ႏွစ္သက္လၽွင္ ထည့္ပါ။

ျပဳဆင္ျပဳလုပ္ပုံ
 ႏြားနို့ကို အိုးတစ္ခုတြင္ထည့္ၿပီး မီးအေနေတာ္ ျဖင့္ က်ိဳပါ။သုံးခ်ိဳးတစ္ခ်ိဳးက်န္သည္အထိ အဆက္ မျပတ္ေမႊေပးပါ။ ၿပီးလၽွင္ သၾကား ၁၀ဝ ဂရမ္ႏွင့္ ခရင္မ္ ၁၂၅ မီလီလီတာ ထည့္ၿပီး ေမႊေပးပါ။ သၾကားေပ်ာ္ ပါက မီးပိတ္ထားေပးပါ။ ႏြားနို့၏ အပ်စ္အေနထားမွာ ေယာက္မတြင္ ကပ္ေနေသာ နို့ကို လက္ေခ်ာင္းျဖင့္ ဆြဲၾကည့္ပါက နို့မ်ားျပန္လည္ေရာသမသြားေသာ အေနအထား ျဖစ္ရမည္။ ဘလူးဘယ္ရီကို သၾကားျဖင့္ေရာကာ အိုးတစ္ခုျဖင့္က်ိဳၿပီး အေစ့မ်ား အႏွစ္ တိုက္ထားပါ။ ၿပီးလၽွင္ အသင့္က်ိဳထားေသာ ႏြားနို့အိုး ထဲ ေရာထည့္ ပါ။ Rose water သို့မဟုတ္ ႏွစ္သက္ရာ အနံ့ ထည့္ပါ။

 ၿပီးလၽွင္ အေအးခံမည့္ ေမႊရလြယ္ေသာ စတီး ခြက္ က်ယ္က်ယ္တစ္ခုတြင္ ေလာင္းထည့္ကာ ေရခဲ ေသတၱာအခဲခန္းတြင္ ထည့္ထားပါ။ ေရခဲမုန႔္အေရာ ကို ဘူးျဖင့္ ဒီတိုင္းထည့္သိမ္းပါက မာခဲေနေသာ ေရခဲတုံးျဖစ္သြားပါမည္။ မြမြေလးရရွိေစရန္ မိနစ္ ၃၀ မွ တစ္နာရီ တစ္ခါထုတ္ယူၿပီး ေမႊေပးပါ။ ေရခဲမုန႔္ တစ္ဝက္ခဲအေနအထားရပါက မိမိထည့္လိုသည့္ သစ္သီးေျခာက္တို့ကို ထည့္ၿပီး သမေအာင္ေမႊေပးပါ။လုံးဝနည္းပါးခဲလာလၽွင္ မိမိသိမ္းဆည္းလိုေသာ ဘူးတြင္ေျပာင္းထည့္ၿပီး အဖုံးပိတ္သိမ္းဆည္းထားကာ လိုသလိုထုတ္ယူသုံးေဆာင္နိုင္ပါၿပီ။
-------------------------------
Sofia

သေဘၤာသီးေထာင္း (ဆြမ့္တမ္)



ပင္လယ္စာ နဲ ့ ဂဏန္း ၾကိဳက္သူေတြ အတြက္ အရမ္းကို အရသာရွိတဲ့ သေဘၤာသီး ေထာင္းပါ။ ဂဏန္းအစိမ္း
ထည့္ရင္ ပုဇြန္ အစိမ္းသုတ္လို အရသာပါ။

ဂဏန္းလက္မ သေဘၤာသီးေထာင္း – ၁ပြဲစာ (ဆြမ့္တမ္ပူမ)

ပါ၀င္ပစၥည္းမ်ား

သေဘၤာသီး ျခစ္ – လက္ တဆုပ္စာခန္႔
မုန္လာဥနီျခစ္ - သေဘၤာသီး ျခစ္ရဲ ့ငါးပံုတစ္ပံုခန္ ့
ဂဏန္း အေကာင္ၾကီးၾကီး - ၁ ေကာင္
ပဲေတာင့္ရွည္ – ၁ ေတာင့္
ခရမ္းခ်ဥ္သီး – ၁ လုံး
သံပုရာသီး – ၁ လံုး
ထန္းလ်က္ခဲ – ၂ ခဲ
ပုဇြန္ေျခာက္ – ၁ ဇြန္း (ထမင္းစားဇြန္း)
ေျမပဲဆားေလွာ္- ၁ ဇြန္း (ထမင္းစားဇြန္း)
ငရုတ္စိမ္းေတာင့္ ႏွင့္ အနီေတာင့္ - ၃ ေတာင့္ (မိမိႏွစ္သက္သလို)
ၾကက္သြန္ျဖဴ – ၂ တက္ (အခြံမခြ်တ္ရေသးတာပိုေမႊးပါတယ္)

ျပဳလုုပ္နည္း

ဂဏန္း တစ္ေကာင္ကို ေရ ေသခ်ာေဆး ျပဳတ္ျပီး စားလို ့အဆင္ေျပရံု ထုေထာင္းထားပါ။

အစိမ္း ၾကိဳက္တတ္ရင္ ျပဳတ္စရာမလိုပါ။ ဂဏန္းက လတ္ဆတ္ဖို ့ေတာ့လိုပါတယ္။

သေဘၤာသီးကို ျခစ္ထားပါ။ ကြ်တ္ကြ်တ္ေလးနဲ ့ေတာင့္ေတာင့္ေလး စားခ်င္ရင္ေတာ့ စိတ္ရွည္ရွည္နဲ ့အမွ်င္ ေသးေသးေလးျဖစ္ေအာင္ လွီးထားပါ။

သေဘၤာသီးမွ်င္ေတြကို ေရခဲေရစိမ္ထား သို ့မဟုတ္ ေရခဲေသတၲာထဲ ၁နာရီေလာက္ထည္႕ထားပါ။ ပြဲျပင္ဆင္ေတာ့မယ္ဆို
ငရုတ္ဆုံထဲထမ္းလ်က္ခဲေတြေၾကေအာင္အရင္ေထာင္းပါ။ ျပီးေနာက္ဖယ္ထားပါ။

ေနာက္ ၾကက္သြန္ျဖဴ၊ ငရုတ္သီးစိမ္းႏွင့္ အနီေတာင့္ေတြကို မညက္တညက္ေလး ေထာင္းထားပါ။

သံပုရာသီးကို အူတိုင္ထုတ္၊ ၃ စိတ္လွီးၿပီး အရည္ေရာ သံပုရာသီး အခြံေတြပါ ထည့္ေထာင္းပါ။ ခုနက ဖယ္ထားတဲ့ ထန္းလ်က္ခဲအေၾကေတြထည့္ပါ။ ဂဏန္းေတြကို ထည့္ပါ။ သံပရာရည္နဲ ့သမေအာင္ေမြေပးျခင္းျဖင့္ အသားေတြက်က္ပါလိမ့္မယ္။
ပဲေတာင့္ရွည္ကို လက္တဆစ္ခန္႔ ဖဲ့ေႁခြ၊ ခရမ္းခ်ဥ္သီးကို ခပ္ၾကမ္းၾကမ္းလွီးထည့္ပါ။ ပုဇြန္ေျခာက္ထည့္ပါ။

လက္ တဘက္က ဇြန္းကိုင္၊ တဘက္က က်ည္ေပြ႔ကိုင္ၿပီး အားလုံးကို ေထာင္းရုံျပဳ (ပြတ္ေခ်) ေပးပါ။ ေနာက္ဆုံး ျခစ္ထားတဲ့ သေဘၤာသီးၚ နဲ ့မုန္လာဥနီေတြ ထည့္ၿပီး သမသြားေအာင္ ပြတ္ေခ် ေပးပါ။

နုုံ ့ျပီဆို ျမည္းၾကည့္ပါ။ အေပါ့အ ငံလိုခ်င္တဲ ့အတိုင္း ဆား၊ ငါးငံျပာရည္၊ အခ်ိဳမွုန္ ့ႏွစ္သက္ရာထည့္ပါ။ ေနာက္ဆံုးမွာ ေျမပဲဆားေလွာ္ အခြံခြ်တ္ ထားတာေလးေတြ ျဖဴးထည့္ပါ။

ေရခဲစိမ္ ထားတဲ့ ကန္စြန္း ရိုးနီ၊ ပဲေတာင့္ရွည္၊ ေဂၚဖီထုပ္ လတ္လတ္ ဆတ္ဆတ္ ေလးေတြနဲ႔ တြဲဖက္ စားသုံး ၾကည့္ရင္ အရသာထူးတဲ့ ဂဏန္း သေဘၤာသီး ေထာင္း စစ္စစ္ကို စားနိုုင္ပါျပီ။ (ထုိင္းလူမ်ိဳးေတြက သေဘၤာသီးေထာင္းကို ေကာက္ညႇင္းေပါင္း၊ ၾကက္ကင္ (သို႔) ၾကက္ေၾကာ္တို႔နဲ႔ တြဲဖက္ စားသုံးေလ့ ရိွၾကပါတယ္။)
ပင္လယ္စာန႔ဲလည္းေထာင္းလို႔ရသလို ႐ို႐ိုးလည္းေထာင္းစားၾကပါတယ္။

ရခိုင္မုန္႔တီအာပူလၽွာပူခ်က္နည္း
🌶🌶🌶🌶🌶🌶🌶

အာပူလၽွာပူလို့ေျပာရျခင္းက အာပူရြက္နဲ႔ ခ်က္လို့ပါ
အာပူရြက္မရနိုင္တဲ့ေနရာမွာဆိုရင္ေတာ့ ရခိုင္မုန္႔တီလို့ပဲအလြယ္ေခၚပါတယ္

အာပူရြက္ ထည့္သည္ျဖစ္ေစ မထည့္သည္ျဖစ္ေစ ခ်က္နည္းကေတာ့ အတူတူပါပဲ

အင္မတန္လြယ္ပါတယ္....စားရတာအရသာကြာတာကေတာ့ မလိုအပ္ပဲကြန္႔ၾကလို့ မူရင္းအရသာကြာၿပီး အခ်ိဳ့ဆို ဗမာမက် ရခိုင္မက် ေတြျဖစ္ နာမည္ကအာပူလၽွာပူမို့ မပူပူေအာင္ ေပါက္ကရေလၽွာက္ထည့္ၾကလို့ ရခိုင္ခ်က္တဲ့ ရခိုင္မုန္႔တီကိုမမွီျဖစ္ကုန္တာပါ။

တကယ္က ရခိုင္မုန္႔တီဆိုတာ ျငဳပ္ေကာင္းေပါက္ေပါက္၊ ၾကက္သြန္ျဖဴနိုင္နိုင္၊ ငါးေရႊက်ပ္တိုက္သင္းသင္း၊  အာပူရြက္ကေလးေမႊးေမႊးခတ္ၿပီး ျငဳပ္ရည္ေလးဆမ္းခ်ဥ္ ငံ စပ္ လိုသလိုထည့္ ရွူးရွူးရွဲရွဲ တပြဲၿပီးတပြဲဆြဲရတာပါ

(ျငဳပ္ရည္လုပ္နည္းကေတာ့ ျပဳပ္ၿပီးသားျငဳပ္သီးစိမ္းကိုဆားထည့္ေထာင္းၿပီးေရနဲနဲထည့္ေဖ်ာ္ပါ)

ေနာက္ဆုံးဗိုက္ျပည့္ရင္ေတာင္ ဟင္းရည္ပူပူမွာငါးဖယ္ေလးညႇပ္ထည့္ၿပီး အစားပိတ္ကေလးေလြးလိုက္ရမွ တင္းတိမ္ၾကတာပါ

က်မေမေမဆိုရင္ မုန္႔ဖတ္ႏုႏုကို ဆားျဖဴကေလးနဲနဲျဖဴးၿပီး ၾကက္သြန္နီဆီက်က္ကေလးနဲ႔ သုံး ေလး လုတ္ အစာပိတ္စားလိုက္ရမွ တေန႔တာရခိုင္မုန္႔တီစားတာပီျပင္သြားတာပါ

ရခိုင္မုန္႔တီမွာအေရးႀကီးတာက ရခိုင္ငပိပါ

(ရခိုင္ငပိမရွိလည္း မၽွင္ငပိနဲ႔ခ်က္နိုင္ပါတယ္)

ကိုယ္ခ်က္မယ့္ငပိက အသစ္လား အေဟာင္းလားဆိုတာသိရပါမယ္ငပိအေဟာင္းက နည္းနည္းအငံပိုေလးၿပီး အေရာင္ပိုရင့္ပါတယ္ ငပိအသစ္ကေတာ့ အေဟာင္းထက္ေပါ့ၿပီး အေရာင္ႏုပါတယ္

ရခိုင္ငပိကိုမသိပ္ပဲဒီအတိုင္းထားရင္ ခါးသြားတတ္ပါတယ္
ဝယ္လာရခိုင္ငပိကိုမသိပ္ခင္ ဆုံမွာေပ်ာ့လာေအာင္ေထာင္းရပါတယ္ ဖေယာင္းသားလိုေပ်ာ့လာၿပီဆိုမွ
ေရစင္ေအာင္စစ္ထားတဲ့ အလုံပိတ္ပုလင္းေျခာက္ေျခာက္သန္႔သန္႔ထဲမွာ ေလမခိုေအာင္ေစးပိုင္ေနေအာင္သိပ္ၿပီး အဖုံးလုံေအာင္ပိတ္ရပါတယ္

စားတဲ့အခ်ိန္မွာလည္း ဇြန္းအသန္႔ႏွင့္သာ လိုသေလာက္ေဘးကေနခပ္ယူသုံးရပါတယ္
အလယ္ကနိုက္သုံးရင္လည္း အရသာသဲ့သြားတတ္ပါတယ္

ဟင္းေပေနတဲ့ဇြန္းနဲ႔ယူရင္လည္း ပုလင္းတြင္းက်န္ငပိမ်ားခါးသြားတတ္ပါတယ္

ရခိုင္မ်ားဟာ ငပိကိုဟင္းခ်က္တဲ့ေနရာမွာမပါမျဖစ္သုံးတတ္တဲ့အတြက္ ငပိေကာင္းေကာင္းကိုအင္မတန္တန္ဘိုးထားတတ္ပါတယ္

ရခိုင္မုန္႔တီဟာ ရခိုင္ငပိေကာင္းေလစားေကာင္းေလပါ

က်မအဖြားရခိုင္အမယ္ႀကီးဆို ငပိဝယ္ရင္ ငပိသန္႔မသန္႔ စက္မစင္ကို ၁ ဇြန္းခပ္ၿပီးေရေဖ်ာ္ၾကည့္-အနည္မွာသဲ၊ ငါးရိုး အမွိုက္ပါမပါအျမဲစစ္တတ္ပါတယ္

သူ ငပိသိပ္ေနတဲ့အနားကို က်မတို့ ေရမခ်ိဳးပဲ ကပ္သြားရင္ "ငါ့ငပိေတြခါးကုန္မယ္ ညစ္ညစ္ပတ္ပတ္နဲ႔အနားမလာၾကနဲ႔ လို့ အျမဲေငါက္လႊတ္တတ္

ငယ္တုန္းကေတာ့ လူထက္အဆေပါင္းမ်ားစြာနံတဲ့ငပိကို ဒီေလာက္သန္႔ေအာင္လုပ္ရသလားဆိုၿပီး လူႀကီးေတြကိုအေတာ္နားမလည္နိုင္ခဲ့ဘူး

အခုကိုယ္တိုင္ ရခိုင္ဟင္းေတြခ်က္လာေတာ့မွပဲ ရခိုင္ငပိခ်ိဳခ်ိဳေလးရဲ့တန္ဘိုးကိုနားလည္လာေတာ့တယ္



ပါဝင္ပစၥည္း
*********

မုန္႔ဖတ္ ၇၅ က်ပ္သား

ရခိုင္ငပိ ၃၀ ဂရမ္ (ဂုံညင္းဒိုးလတ္အရြယ္ေလာင္) ၂က်ပ္သားသာသာ

ငါးေရႊ ၁၀ သား(သို့) ငါးလိပ္ေက်ာက္/ အျခားမိမိႏွစ္သက္ရာငါးအခ်ိဳ

ျငဳပ္ေကာင္းစိ ၂၀ ဂရမ္ (၁က်ပ္သားခြဲခန္႔)

ၾကက္သြန္ျဖဴဥႀကီး ၄ လုံး (အမႊာႀကီး ၂၀)

ၾကက္သြန္နီ ၂လုံး(ဆီက်က္ခ်က္ရန္)

ျငဳပ္သီးစိမ္း (လိုသေလာက္)

မန္က်ည္းရည္

နံနံပင္

👉🏼ေရ ၅ လီတာထဲ ငပိ+ဆား ထည့္ၿပီးဆူေအာင္ၾကာၾကာတည္ပါ (ၾကာၾကာတည္မွ ငပိျပဳပ္အနံ့ေပ်ာက္မည္)

အခ်ိဳ့လည္းငပိကိုျပဳတ္ၿပီးအရည္ၾကည္ထည့္ပါသည္

ဘယ္လိုပဲထည့္ပါေစ ငပိကိုၾကာၾကာျပဳတ္ပါ

👉🏼ေရေႏြးတည္ေနခ်ိန္မွာ ငါးေရႊကိုအာဗန္နဲ႔က်ပ္တိုက္ပါ (ႏွစ္သက္ကဂ်င္းေထာင္းအရည္+ဆားအနည္းငယ္ထည့္နိုင္/ က်မကေတာ့ဆားနဲ႔သာနယ္ၿပီးက်ပ္တိုက္ပါတယ္)

👉🏼ငါးက်ပ္တိုက္ႏူးၿပီဆို အရိုးေရာအသားေရာ ဆုံထဲထည့္ေထာင္း> အသားညက္ရင္ အရိုးထြင္ၿပီး ငပိ+ေရ ဆူအိုးထဲထည့္ၿပီး ဆူေအာင္ဆက္တည္ပါ

(ဆူပြက္ေနေအာင္ ငပိ နဲ႔ ငါးနဲ႔ ၾကာၾကာခ်က္တာျဖစ္ရပါမယ္ မဟုတ္ရင္ ငါးအခ်ိဳမထြက္ပဲ ငါးညႇီၿပီး ငပိျပဳတ္ရည္ေသာက္ရသလိုျဖစ္ေနတတ္ပါတယ္)

👉🏼ျငဳပ္ေကာင္းစိကို ေထာင္းပါ (အရမ္းညက္စရာအလို) ျငဳပ္ေကာင္းညက္ရင္ ၾကက္သြန္ျဖဴက္ိုပါထည့္ေထာင္းပါ

မိမိလိုခ်င္သေလာက္ညက္သြားၿပီဆိုရင္ ခုနက ငါးျပဳပ္ထားတဲ့ ဟင္းရည္အိုးထဲထည့္ပါ

ၾကက္သြန္ေထာင္းအရင္ထည့္ၿပီးမွ ျငဳပ္ေကာင္းမွုန္႔ေထာင္းကိုေနာက္ဆုံးမွထည့္ခ်င္လည္းရပါတယ္

👉🏼ဟင္းရည္အိုးတည္ထားခ်ိန္မွာ အာပူရြက္ခတ္ခ်င္ရင္ အာပူရြက္ေျခာက္တဆုတ္ကို ေရစိမ္ထားပါ


(အာပူရြက္ကို အနံ့သင္း႐ုံသာထည့္ပါ အမ်ားႀကီးထည့္ရင္ မုန္႔တီအနံ့ကိုလႊမ္းသြားၿပီးအာကူနံ့ျပင္းသြားတတ္သည္)

👉🏼ဟင္းရည္က်က္လို့အိုးခ်ေတာ့မယ္ဆိုေတာ့မွ အာပူရြက္ခတ္ပါ

(အာပူရြက္မသိသူမ်ားအတြက္ ပုံမွာျပထားပါတယ္-ရန္ကုန္ကရခိုင္မုန္႔တီဆိုင္ေတြမွာေရာင္းတတ္ပါတယ္)

👉🏼အာပူရြက္ေမႊးလာၿပီဆိုရင္ေတာ့ အေပါ့အငံျမည္းၿပီးအဆင္သင့္စားသုံးနိုင္ပါၿပီရွင္။

 ရခိုင္မုန္႔တီသုပ္အတြက္အႏွစ္ခ်က္နည္း
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶

👉🏼ငါးေရႊၾကပ္တိုက္အရိုးႏႊင္ၿပီးလည္းခ်က္နိုင္သလို ငါးေရႊတပိုင္းကို ဆား+နႏြင္းနယ္၊ ေရထည့္၊ ေရခမ္း ၍ အသားႏူးေအာင္ျပဳပ္ၿပီးအရိုးထြင္ၿပီးလည္းအစိုခ်က္နိုင္ပါတယ္

(ရခိုမုန္႔တီခ်က္ကတည္းက အသုပ္ပါလုပ္မယ္လို့ရည္ရြယ္ရင္ ငါးဟင္းခတ္ကိုပိုခ်က္ၿပီး သုံးပုံတပုံေလာက္ကို အသုပ္အတြက္ခ်န္နိုင္ပါတယ္)

👉🏼မန္က်ည္းသီးအစိမ္းကိုျပဳတ္ၿပီး အခြံႏႊာ၊အစိထုတ္၊ အႏွစ္ယူထားပါ/ အစိမ္းမရွိရင္ အမွည့္နဲ႔လည္းခ်က္နိုင္ပါတယ္

👉🏼ၾကက္သြန္ျဖဴ+နီ+ျငဳပ္သီးအစိမ္း/အနီကိုအိုးကင္းပူတိုက္ၿပီး ခပ္ၾကမ္းၾကမ္းေထာင္းထားပါ

👉🏼ေနာက္ဆုံးဟင္းအိုးခ်တဲ့အခ်ိန္အုပ္ဖို့ အာပူရြက္ေျခာက္အနည္းငယ္ေရစိမ္ထားပါ
(အာပူရြက္မရွိက ပင္စိမ္းထည့္နိုင္သည္)

👉🏼ရခိုင္ငပိ သင့္႐ုံေလာက္ကိုေရေဖ်ာ္ထားပါ

👉🏼အားလုံးျပင္ဆင္ၿပီးရင္ ခ်က္မယ့္အိုးထဲ အရိုးထြင္ထားတဲ့ငါးေရႊ+အိုးကင္းပူတိုက္ၿပီးေထာင္းထားတဲ့ ၾကက္သြန္ျငဳပ္ေထာင္း+ရခိုင္ငပိေဖ်ာ္+မန္က်ည္းသီးစိမ္းျပဳပ္အႏွစ္ (အစိမ္းမရကအျမည့္ထည့္နိုင္)+ သၾကား(ဟင္းခ်ိဳမွုန္႔/ဟင္းခတ္မွုန္႔အစားသုံးသည္)+ဆားသင့္႐ုံ+နႏြင္းအနည္းငယ္ နဲ႔ ေရလိုသေလာက္ထည့္ၿပီး အဖုံးအုပ္ကာ ဆူေအာင္တည္ပါ

👉🏼ဟင္းအိုးေမႊးၿပီး ဟင္းခတ္အိအိေလးျဖစ္တဲ့အခ်ိန္ အိုးမခ်ခင္မွာ စိမ္ထားတဲ့အာပူရြက္ (သို့) ပင္စိမ္းရြက္ေလးအုပ္ မီးပိတ္ၿပီးခြင္ေပၚမွာခဏတင္ထားပါ။

👉🏼အုပ္ထားတဲ့အရြက္ေတြႏြမ္းသြားရင္ေတာ့ ရခိုင္မုန္႔တီအတြက္အႏွစ္ရပါၿပီရွင္

က်မတို့ရခိုင္ေတြကေတာ့ ဒီအႏွစ္ကို မုန္႔တီဖတ္နဲ႔သုပ္စားသလို ဟင္းတမည္အေနနဲ႔လည္းထမင္းနဲ႔စားပါတယ္🤗

#Credit_ျမအိျႏၵာႏြယ္ @ ေမကေလး - ရခိုင္သူ👩🏻‍🍳

(Unicode)

ဒူးရင်းမလိုင်၊ စတော်ဘယ်ရီမလိုင်
---------------------------------------


ပါဝင်ပစ္စည်းများ
•  နွားနို့ - ၂ လီတာ
•  သကြား - ၃၀ ဂရမ်
• ဒူးရင်းသီး - ၁ဝဝ ဂရမ်
•  စတော်ဘယ်ရီသီး - ၁ဝဝ ဂရမ်
•  သကြား - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ နွားနို့ကို မီးအေးအေးနှင့် မလိုင်တက်သည်အထိ ကျိုထားပါ။ မလိုင်တက်လာပြီဆို မလိုင်ကို ခွက်ထဲ ခပ်ထည့်ထားပါ။ ကျန်ရှိတဲ့ နွားနို့ထဲ သကြားထည့်ပြီး မွှေပါ။
၂။ ဒူးရင်းသီးကို အသားနွှင်ထားပါ။
၃။ စတော်ဘယ်ရီသီးကို အညှာဖယ်၍ သကြား စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး ကြိတ်ခြေ ထားပါ။
၄။ ဒူးရင်းသီးဖျော်ရန် ခွက်ထဲ ရေခဲအနည်းငယ် ထည့်ပါ။ နွှင်ထားတဲ့ ဒူးရင်းသီးအသား ကို ထည့်ပါ။ နွားနို့ထည့်ပါ။ မလိုင်ဖတ်လေးထည့်ပြီး အပေါ်မှ နို့စိမ်းဆမ်းပေးပါ။
၅။ စတော်ဘယ်ရီဖျော်ရန် ခွက်ထဲ ရေခဲအနည်းငယ် ထည့်ပါ။ ခြေထားတဲ့ စတော်ဘယ်ရီ ထည့်ပါ။ နွားနို့ထည့်ပါ။ မလိုင်ဖတ်လေးထည့်ပြီး အပေါ်မှ နို့စိမ်းဆမ်းပေးပါ။
------------------------
Tin Tin Oo

ဒူးရင်းသီးနို့သာဂူ
----------------------


 နို့သာဂူကို ဒူးရင်းသီးနှင့်တွဲဖက်ထားတဲ့ အချိုပွဲလေးဖြစ်ပါတယ်။ အအေးဖြစ်စေ၊ ခပ်နွေးနွေးအနေအထားဖြစ်စေ တည်ခင်းနိုင်တဲ့ အရသာ
ထူးတဲ့ ချိုဆိမ့်မွှေးလေးမို့ လုပ်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ
• ဒူးရင်းသီးအသား - ၂ဝဝ ဂရမ်
• ဆား - အနည်းငယ်
• သာဂူစေ့ - ၅၀ ဂရမ်
• သကြား - ၂ဝဝ ဂရမ်
• နွားနို့ - ၁ လီတာ
• အုန်းနို့ - ၁ ပန်းကန်

ပြုလုပ်နည်း
၁။ ဦးစွာ နွားနို့နှင့် အုန်းနို့ကို ဆား၊ သကြားတို့နှင့် ရောကျိုပြီး အအေးခံထားပါ။ အပျစ်အကျဲနှင့် အချိုကို မိမိ နှစ်သက်သလို ချိန်ဆထည့်ပါ။
၂။ အခြားအိုးတစ်အိုးထဲ ရေ ၁ လီတာခန့် ထည့်ပြီး ဆူပွက်အောင် တည်ပါ။ ဆူပွက်လျှင် သာဂူကို ရေဆေးပြီး ထည့်ပြုတ်ပါ။ ၅ မိနစ်ခန့် ပြုတ်ပြီးလျှင် အဖုံးအုပ်၍ မီးပိတ်ပြီး ၁၀ မိနစ်ခန့် ထားပါ။
၃။ သာဂူစေ့များ ဝတ်ဆံပျောက်လျှင် ဆယ်ယူပြီး ရေအေးဖြင့် ဆေးပါ။
၄။ သာဂူအေးသွားလျှင် အအေးခံထားသော နို့အချိုထဲ ရောထည့်ပြီး ဒူးရင်းသီးအနှစ်နှင့် တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
၅။ နို့သာဂူကို သီးသန့်စီမကျိုဘဲ တစ်ခါတည်းပေါင်းပြီးလည်း ကျိုနိုင်ပါတယ်။သီးသန့်ကျိုခြင်းဖြင့် ပျစ်ခဲသွားသော သာဂူမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
--------------------------
Sofia

ဘလူးဘယ်ရီရေခဲမုန့်
Home Made Blureberry Ice Cream
---------------------------------------------


 ရေခဲမုန့်လုပ်တဲ့စက်မလိုဘဲ လုပ်ထားတဲ့ ရေခဲ မုန့်လေးဖြစ်ပါတယ်။ ရေခဲမုန့်ကို မကြိုက်တဲ့သူ ကတော့ ရှားမယ်ထင်ပါတယ်။ ကလေးလူကြီး အသည်းစွဲပေါ့။ အပြင်မှာ တစ်ခါတလေ အရည်သွေး မကောင်းတဲ့  ဆေးသကြားဆိုးဆေးတွေနဲ့ လုပ်ထား တဲ့ ရေခဲမုန့်တွေကြောင့် ကိုယ်ကလေးတွေ ရင်ကြပ် ချောင်းဆိုးကြတာတွေလည်း ကြုံဖူးကြမယ်ထင်ပါ တယ်။ ရေခဲမုန့်လုပ်တဲ့စက်သေးသေးလေးတွေရှိပေ မယ့် ဆိုဖီယာအနေနဲ့ကတော့ အမြဲစားတာမဟုတ်ဘဲ ဝယ်ထားဖို့ကြ မဝယ်ချင်ဘူးပေါ့နော်။ အခုလို စက် ဝယ်စရာမလိုဘဲ ရေခဲသေတ္တာတစ်လုံးရှိရုံနဲ့ သန့်ရှင်း လတ်ဆတ်ပြီး ဆေးသကြားနဲ့ ဆေးအရောင်ကင်းတဲ့ သဘာဝသစ်သီးအရသာများနဲ့ ရေခဲမုန့်လေးတွေကို အိမ်မှာလုပ်စားနိုင်တော့မှာဖြစ်လို့ သူငယ်ချင်းတို့ကို လည်း လုပ်နည်းလေး ဝေမျှပေးလိုက်ပါတယ်နော်။သားသားမီးမီးတို့ကို ကိုယ်တိုင်လုပ်ကျွေးကြရအောင် နော်။

ပါဝင်ပစ္စည်းများ
နွားနို့ - ၁ လီတာ
သကြား - ၁ဝဝ ဂရမ်
ခရင်မ် - ခွက်တစ်ဝက် ၁၂၅ မီလီလီတာ
Rose water - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(အနံ့အတွက်)
ဘလူးဘယ်ရီ - ၅ဝဝ ဂရမ်
သကြား - ၁ဝဝ ဂရမ်
Pistacho သို့ နှစ်သက်ရာ သစ်သီးခြောက်  -  ၅၀ ဂရမ်
အခြားအနံ့နှင့် Rose water နှစ်သက်လျှင် ထည့်ပါ။

ပြုဆင်ပြုလုပ်ပုံ
 နွားနို့ကို အိုးတစ်ခုတွင်ထည့်ပြီး မီးအနေတော် ဖြင့် ကျိုပါ။သုံးချိုးတစ်ချိုးကျန်သည်အထိ အဆက် မပြတ်မွှေပေးပါ။ ပြီးလျှင် သကြား ၁ဝဝ ဂရမ်နှင့် ခရင်မ် ၁၂၅ မီလီလီတာ ထည့်ပြီး မွှေပေးပါ။ သကြားပျော် ပါက မီးပိတ်ထားပေးပါ။ နွားနို့၏ အပျစ်အနေထားမှာ ယောက်မတွင် ကပ်နေသော နို့ကို လက်ချောင်းဖြင့် ဆွဲကြည့်ပါက နို့များပြန်လည်ရောသမသွားသော အနေအထား ဖြစ်ရမည်။ ဘလူးဘယ်ရီကို သကြားဖြင့်ရောကာ အိုးတစ်ခုဖြင့်ကျိုပြီး အစေ့များ အနှစ် တိုက်ထားပါ။ ပြီးလျှင် အသင့်ကျိုထားသော နွားနို့အိုး ထဲ ရောထည့် ပါ။ Rose water သို့မဟုတ် နှစ်သက်ရာ အနံ့ ထည့်ပါ။

 ပြီးလျှင် အအေးခံမည့် မွှေရလွယ်သော စတီး ခွက် ကျယ်ကျယ်တစ်ခုတွင် လောင်းထည့်ကာ ရေခဲ သေတ္တာအခဲခန်းတွင် ထည့်ထားပါ။ ရေခဲမုန့်အရော ကို ဘူးဖြင့် ဒီတိုင်းထည့်သိမ်းပါက မာခဲနေသော ရေခဲတုံးဖြစ်သွားပါမည်။ မွမွလေးရရှိစေရန် မိနစ် ၃၀ မှ တစ်နာရီ တစ်ခါထုတ်ယူပြီး မွှေပေးပါ။ ရေခဲမုန့် တစ်ဝက်ခဲအနေအထားရပါက မိမိထည့်လိုသည့် သစ်သီးခြောက်တို့ကို ထည့်ပြီး သမအောင်မွှေပေးပါ။လုံးဝနည်းပါးခဲလာလျှင် မိမိသိမ်းဆည်းလိုသော ဘူးတွင်ပြောင်းထည့်ပြီး အဖုံးပိတ်သိမ်းဆည်းထားကာ လိုသလိုထုတ်ယူသုံးဆောင်နိုင်ပါပြီ။
-------------------------------
Sofia

သင်္ဘောသီးထောင်း (ဆွမ့်တမ်)


ပင်လယ်စာ နဲ ့ ဂဏန်း ကြိုက်သူတွေ အတွက် အရမ်းကို အရသာရှိတဲ့ သင်္ဘောသီး ထောင်းပါ။ ဂဏန်းအစိမ်း
ထည့်ရင် ပုဇွန် အစိမ်းသုတ်လို အရသာပါ။

ဂဏန်းလက်မ သင်္ဘောသီးထောင်း – ၁ပွဲစာ (ဆွမ့်တမ်ပူမ)

ပါဝင်ပစ္စည်းများ

သင်္ဘောသီး ခြစ် – လက် တဆုပ်စာခန့်
မုန်လာဥနီခြစ် - သင်္ဘောသီး ခြစ်ရဲ ့ငါးပုံတစ်ပုံခန် ့
ဂဏန်း အကောင်ကြီးကြီး - ၁ ကောင်
ပဲတောင့်ရှည် – ၁ တောင့်
ခရမ်းချဉ်သီး – ၁ လုံး
သံပုရာသီး – ၁ လုံး
ထန်းလျက်ခဲ – ၂ ခဲ
ပုဇွန်ခြောက် – ၁ ဇွန်း (ထမင်းစားဇွန်း)
မြေပဲဆားလှော်- ၁ ဇွန်း (ထမင်းစားဇွန်း)
ငရုတ်စိမ်းတောင့် နှင့် အနီတောင့် - ၃ တောင့် (မိမိနှစ်သက်သလို)
ကြက်သွန်ဖြူ – ၂ တက် (အခွံမချွတ်ရသေးတာပိုမွှေးပါတယ်)
ပြုလုုပ်နည်း

ဂဏန်း တစ်ကောင်ကို ရေ သေချာဆေး ပြုတ်ပြီး စားလို ့အဆင်ပြေရုံ ထုထောင်းထားပါ။

အစိမ်း ကြိုက်တတ်ရင် ပြုတ်စရာမလိုပါ။ ဂဏန်းက လတ်ဆတ်ဖို ့တော့လိုပါတယ်။

သင်္ဘောသီးကို ခြစ်ထားပါ။ ကျွတ်ကျွတ်လေးနဲ ့တောင့်တောင့်လေး စားချင်ရင်တော့ စိတ်ရှည်ရှည်နဲ ့အမျှင် သေးသေးလေးဖြစ်အောင် လှီးထားပါ။

သင်္ဘောသီးမျှင်တွေကို ရေခဲရေစိမ်ထား သို ့မဟုတ် ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။ ပွဲပြင်ဆင်တော့မယ်ဆို
ငရုတ်ဆုံထဲထမ်းလျက်ခဲတွေကြေအောင်အရင်ထောင်းပါ။ ပြီးနောက်ဖယ်ထားပါ။

နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် အနီတောင့်တွေကို မညက်တညက်လေး ထောင်းထားပါ။

သံပုရာသီးကို အူတိုင်ထုတ်၊ ၃ စိတ်လှီးပြီး အရည်ရော သံပုရာသီး အခွံတွေပါ ထည့်ထောင်းပါ။ ခုနက ဖယ်ထားတဲ့ ထန်းလျက်ခဲအကြေတွေထည့်ပါ။ ဂဏန်းတွေကို ထည့်ပါ။ သံပရာရည်နဲ ့သမအောင်မွေပေးခြင်းဖြင့် အသားတွေကျက်ပါလိမ့်မယ်။
ပဲတောင့်ရှည်ကို လက်တဆစ်ခန့် ဖဲ့ခြွေ၊ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးထည့်ပါ။ ပုဇွန်ခြောက်ထည့်ပါ။

လက် တဘက်က ဇွန်းကိုင်၊ တဘက်က ကျည်ပွေ့ကိုင်ပြီး အားလုံးကို ထောင်းရုံပြု (ပွတ်ချေ) ပေးပါ။ နောက်ဆုံး ခြစ်ထားတဲ့ သင်္ဘောသီးါ် နဲ ့မုန်လာဥနီတွေ ထည့်ပြီး သမသွားအောင် ပွတ်ချေ ပေးပါ။

နုုံ ့ပြီဆို မြည်းကြည့်ပါ။ အပေါ့အ ငံလိုချင်တဲ ့အတိုင်း ဆား၊ ငါးငံပြာရည်၊ အချိုမှုန် ့နှစ်သက်ရာထည့်ပါ။ နောက်ဆုံးမှာ မြေပဲဆားလှော် အခွံချွတ် ထားတာလေးတွေ ဖြူးထည့်ပါ။

ရေခဲစိမ် ထားတဲ့ ကန်စွန်း ရိုးနီ၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ် လတ်လတ် ဆတ်ဆတ် လေးတွေနဲ့ တွဲဖက် စားသုံး ကြည့်ရင် အရသာထူးတဲ့ ဂဏန်း သင်္ဘောသီး ထောင်း စစ်စစ်ကို စားနိုုင်ပါပြီ။ (ထိုင်းလူမျိုးတွေက သင်္ဘောသီးထောင်းကို ကောက်ညှင်းပေါင်း၊ ကြက်ကင် (သို့) ကြက်ကြော်တို့နဲ့ တွဲဖက် စားသုံးလေ့ ရှိကြပါတယ်။)
ပင်လယ်စာနဲ့လည်းထောင်းလို့ရသလို ရိုရိုးလည်းထောင်းစားကြပါတယ်။

ရခိုင်မုန့်တီအာပူလျှာပူချက်နည်း
🌶🌶🌶🌶🌶🌶🌶


အာပူလျှာပူလို့ပြောရခြင်းက အာပူရွက်နဲ့ ချက်လို့ပါ
အာပူရွက်မရနိုင်တဲ့နေရာမှာဆိုရင်တော့ ရခိုင်မုန့်တီလို့ပဲအလွယ်ခေါ်ပါတယ်

အာပူရွက် ထည့်သည်ဖြစ်စေ မထည့်သည်ဖြစ်စေ ချက်နည်းကတော့ အတူတူပါပဲ

အင်မတန်လွယ်ပါတယ်....စားရတာအရသာကွာတာကတော့ မလိုအပ်ပဲကွန့်ကြလို့ မူရင်းအရသာကွာပြီး အချို့ဆို ဗမာမကျ ရခိုင်မကျ တွေဖြစ် နာမည်ကအာပူလျှာပူမို့ မပူပူအောင် ပေါက်ကရလျှောက်ထည့်ကြလို့ ရခိုင်ချက်တဲ့ ရခိုင်မုန့်တီကိုမမှီဖြစ်ကုန်တာပါ။

တကယ်က ရခိုင်မုန့်တီဆိုတာ ငြုပ်ကောင်းပေါက်ပေါက်၊ ကြက်သွန်ဖြူနိုင်နိုင်၊ ငါးရွှေကျပ်တိုက်သင်းသင်း၊  အာပူရွက်ကလေးမွှေးမွှေးခတ်ပြီး ငြုပ်ရည်လေးဆမ်းချဉ် ငံ စပ် လိုသလိုထည့် ရှူးရှူးရှဲရှဲ တပွဲပြီးတပွဲဆွဲရတာပါ

(ငြုပ်ရည်လုပ်နည်းကတော့ ပြုပ်ပြီးသားငြုပ်သီးစိမ်းကိုဆားထည့်ထောင်းပြီးရေနဲနဲထည့်ဖျော်ပါ)

နောက်ဆုံးဗိုက်ပြည့်ရင်တောင် ဟင်းရည်ပူပူမှာငါးဖယ်လေးညှပ်ထည့်ပြီး အစားပိတ်ကလေးလွေးလိုက်ရမှ တင်းတိမ်ကြတာပါ

ကျမမေမေဆိုရင် မုန့်ဖတ်နုနုကို ဆားဖြူကလေးနဲနဲဖြူးပြီး ကြက်သွန်နီဆီကျက်ကလေးနဲ့ သုံး လေး လုတ် အစာပိတ်စားလိုက်ရမှ တနေ့တာရခိုင်မုန့်တီစားတာပီပြင်သွားတာပါ

ရခိုင်မုန့်တီမှာအရေးကြီးတာက ရခိုင်ငပိပါ

(ရခိုင်ငပိမရှိလည်း မျှင်ငပိနဲ့ချက်နိုင်ပါတယ်)

ကိုယ်ချက်မယ့်ငပိက အသစ်လား အဟောင်းလားဆိုတာသိရပါမယ်ငပိအဟောင်းက နည်းနည်းအငံပိုလေးပြီး အရောင်ပိုရင့်ပါတယ် ငပိအသစ်ကတော့ အဟောင်းထက်ပေါ့ပြီး အရောင်နုပါတယ်

ရခိုင်ငပိကိုမသိပ်ပဲဒီအတိုင်းထားရင် ခါးသွားတတ်ပါတယ်
ဝယ်လာရခိုင်ငပိကိုမသိပ်ခင် ဆုံမှာပျော့လာအောင်ထောင်းရပါတယ် ဖယောင်းသားလိုပျော့လာပြီဆိုမှ
ရေစင်အောင်စစ်ထားတဲ့ အလုံပိတ်ပုလင်းခြောက်ခြောက်သန့်သန့်ထဲမှာ လေမခိုအောင်စေးပိုင်နေအောင်သိပ်ပြီး အဖုံးလုံအောင်ပိတ်ရပါတယ်

စားတဲ့အချိန်မှာလည်း ဇွန်းအသန့်နှင့်သာ လိုသလောက်ဘေးကနေခပ်ယူသုံးရပါတယ်
အလယ်ကနိုက်သုံးရင်လည်း အရသာသဲ့သွားတတ်ပါတယ်

ဟင်းပေနေတဲ့ဇွန်းနဲ့ယူရင်လည်း ပုလင်းတွင်းကျန်ငပိများခါးသွားတတ်ပါတယ်

ရခိုင်များဟာ ငပိကိုဟင်းချက်တဲ့နေရာမှာမပါမဖြစ်သုံးတတ်တဲ့အတွက် ငပိကောင်းကောင်းကိုအင်မတန်တန်ဘိုးထားတတ်ပါတယ်

ရခိုင်မုန့်တီဟာ ရခိုင်ငပိကောင်းလေစားကောင်းလေပါ

ကျမအဖွားရခိုင်အမယ်ကြီးဆို ငပိဝယ်ရင် ငပိသန့်မသန့် စက်မစင်ကို ၁ ဇွန်းခပ်ပြီးရေဖျော်ကြည့်-အနည်မှာသဲ၊ ငါးရိုး အမှိုက်ပါမပါအမြဲစစ်တတ်ပါတယ်

သူ ငပိသိပ်နေတဲ့အနားကို ကျမတို့ ရေမချိုးပဲ ကပ်သွားရင် "ငါ့ငပိတွေခါးကုန်မယ် ညစ်ညစ်ပတ်ပတ်နဲ့အနားမလာကြနဲ့ လို့ အမြဲငေါက်လွှတ်တတ်

ငယ်တုန်းကတော့ လူထက်အဆပေါင်းများစွာနံတဲ့ငပိကို ဒီလောက်သန့်အောင်လုပ်ရသလားဆိုပြီး လူကြီးတွေကိုအတော်နားမလည်နိုင်ခဲ့ဘူး

အခုကိုယ်တိုင် ရခိုင်ဟင်းတွေချက်လာတော့မှပဲ ရခိုင်ငပိချိုချိုလေးရဲ့တန်ဘိုးကိုနားလည်လာတော့တယ်

ပါဝင်ပစ္စည်း
*********

မုန့်ဖတ် ၇၅ ကျပ်သား

ရခိုင်ငပိ ၃၀ ဂရမ် (ဂုံညင်းဒိုးလတ်အရွယ်လောင်) ၂ကျပ်သားသာသာ

ငါးရွှေ ၁၀ သား(သို့) ငါးလိပ်ကျောက်/ အခြားမိမိနှစ်သက်ရာငါးအချို

ငြုပ်ကောင်းစိ ၂၀ ဂရမ် (၁ကျပ်သားခွဲခန့်)

ကြက်သွန်ဖြူဥကြီး ၄ လုံး (အမွှာကြီး ၂၀)

ကြက်သွန်နီ ၂လုံး(ဆီကျက်ချက်ရန်)

ငြုပ်သီးစိမ်း (လိုသလောက်)

မန်ကျည်းရည်

နံနံပင်

👉🏼ရေ ၅ လီတာထဲ ငပိ+ဆား ထည့်ပြီးဆူအောင်ကြာကြာတည်ပါ (ကြာကြာတည်မှ ငပိပြုပ်အနံ့ပျောက်မည်)

အချို့လည်းငပိကိုပြုတ်ပြီးအရည်ကြည်ထည့်ပါသည်

ဘယ်လိုပဲထည့်ပါစေ ငပိကိုကြာကြာပြုတ်ပါ

👉🏼ရေနွေးတည်နေချိန်မှာ ငါးရွှေကိုအာဗန်နဲ့ကျပ်တိုက်ပါ (နှစ်သက်ကဂျင်းထောင်းအရည်+ဆားအနည်းငယ်ထည့်နိုင်/ ကျမကတော့ဆားနဲ့သာနယ်ပြီးကျပ်တိုက်ပါတယ်)

👉🏼ငါးကျပ်တိုက်နူးပြီဆို အရိုးရောအသားရော ဆုံထဲထည့်ထောင်း> အသားညက်ရင် အရိုးထွင်ပြီး ငပိ+ရေ ဆူအိုးထဲထည့်ပြီး ဆူအောင်ဆက်တည်ပါ

(ဆူပွက်နေအောင် ငပိ နဲ့ ငါးနဲ့ ကြာကြာချက်တာဖြစ်ရပါမယ် မဟုတ်ရင် ငါးအချိုမထွက်ပဲ ငါးညှီပြီး ငပိပြုတ်ရည်သောက်ရသလိုဖြစ်နေတတ်ပါတယ်)

👉🏼ငြုပ်ကောင်းစိကို ထောင်းပါ (အရမ်းညက်စရာအလို) ငြုပ်ကောင်းညက်ရင် ကြက်သွန်ဖြူက်ိုပါထည့်ထောင်းပါ

မိမိလိုချင်သလောက်ညက်သွားပြီဆိုရင် ခုနက ငါးပြုပ်ထားတဲ့ ဟင်းရည်အိုးထဲထည့်ပါ

ကြက်သွန်ထောင်းအရင်ထည့်ပြီးမှ ငြုပ်ကောင်းမှုန့်ထောင်းကိုနောက်ဆုံးမှထည့်ချင်လည်းရပါတယ်

👉🏼ဟင်းရည်အိုးတည်ထားချိန်မှာ အာပူရွက်ခတ်ချင်ရင် အာပူရွက်ခြောက်တဆုတ်ကို ရေစိမ်ထားပါ

(အာပူရွက်ကို အနံ့သင်းရုံသာထည့်ပါ အများကြီးထည့်ရင် မုန့်တီအနံ့ကိုလွှမ်းသွားပြီးအာကူနံ့ပြင်းသွားတတ်သည်)

👉🏼ဟင်းရည်ကျက်လို့အိုးချတော့မယ်ဆိုတော့မှ အာပူရွက်ခတ်ပါ

(အာပူရွက်မသိသူများအတွက် ပုံမှာပြထားပါတယ်-ရန်ကုန်ကရခိုင်မုန့်တီဆိုင်တွေမှာရောင်းတတ်ပါတယ်)

👉🏼အာပူရွက်မွှေးလာပြီဆိုရင်တော့ အပေါ့အငံမြည်းပြီးအဆင်သင့်စားသုံးနိုင်ပါပြီရှင်။

 ရခိုင်မုန့်တီသုပ်အတွက်အနှစ်ချက်နည်း
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶

👉🏼ငါးရွှေကြပ်တိုက်အရိုးနွှင်ပြီးလည်းချက်နိုင်သလို ငါးရွှေတပိုင်းကို ဆား+နနွင်းနယ်၊ ရေထည့်၊ ရေခမ်း ၍ အသားနူးအောင်ပြုပ်ပြီးအရိုးထွင်ပြီးလည်းအစိုချက်နိုင်ပါတယ်

(ရခိုမုန့်တီချက်ကတည်းက အသုပ်ပါလုပ်မယ်လို့ရည်ရွယ်ရင် ငါးဟင်းခတ်ကိုပိုချက်ပြီး သုံးပုံတပုံလောက်ကို အသုပ်အတွက်ချန်နိုင်ပါတယ်)

👉🏼မန်ကျည်းသီးအစိမ်းကိုပြုတ်ပြီး အခွံနွှာ၊အစိထုတ်၊ အနှစ်ယူထားပါ/ အစိမ်းမရှိရင် အမှည့်နဲ့လည်းချက်နိုင်ပါတယ်

👉🏼ကြက်သွန်ဖြူ+နီ+ငြုပ်သီးအစိမ်း/အနီကိုအိုးကင်းပူတိုက်ပြီး ခပ်ကြမ်းကြမ်းထောင်းထားပါ

👉🏼နောက်ဆုံးဟင်းအိုးချတဲ့အချိန်အုပ်ဖို့ အာပူရွက်ခြောက်အနည်းငယ်ရေစိမ်ထားပါ
(အာပူရွက်မရှိက ပင်စိမ်းထည့်နိုင်သည်)

👉🏼ရခိုင်ငပိ သင့်ရုံလောက်ကိုရေဖျော်ထားပါ

👉🏼အားလုံးပြင်ဆင်ပြီးရင် ချက်မယ့်အိုးထဲ အရိုးထွင်ထားတဲ့ငါးရွှေ+အိုးကင်းပူတိုက်ပြီးထောင်းထားတဲ့ ကြက်သွန်ငြုပ်ထောင်း+ရခိုင်ငပိဖျော်+မန်ကျည်းသီးစိမ်းပြုပ်အနှစ် (အစိမ်းမရကအမြည့်ထည့်နိုင်)+ သကြား(ဟင်းချိုမှုန့်/ဟင်းခတ်မှုန့်အစားသုံးသည်)+ဆားသင့်ရုံ+နနွင်းအနည်းငယ် နဲ့ ရေလိုသလောက်ထည့်ပြီး အဖုံးအုပ်ကာ ဆူအောင်တည်ပါ

👉🏼ဟင်းအိုးမွှေးပြီး ဟင်းခတ်အိအိလေးဖြစ်တဲ့အချိန် အိုးမချခင်မှာ စိမ်ထားတဲ့အာပူရွက် (သို့) ပင်စိမ်းရွက်လေးအုပ် မီးပိတ်ပြီးခွင်ပေါ်မှာခဏတင်ထားပါ။

👉🏼အုပ်ထားတဲ့အရွက်တွေနွမ်းသွားရင်တော့ ရခိုင်မုန့်တီအတွက်အနှစ်ရပါပြီရှင်

ကျမတို့ရခိုင်တွေကတော့ ဒီအနှစ်ကို မုန့်တီဖတ်နဲ့သုပ်စားသလို ဟင်းတမည်အနေနဲ့လည်းထမင်းနဲ့စားပါတယ်🤗

#Credit_မြအိန္ဒြာနွယ် @ မေကလေး - ရခိုင်သူ👩🏻‍🍳 

No comments: