Monday, March 6, 2017

BLUEs Music

Blues ဂီတ
=======



တေးသီချင်းတွေဟာ အများအားဖြင့် လူတွေရဲ့ စိတ်ခံစားမှုတွေကို ဖော်ညွှန်းပြီး သီဆိုတတ်ကြပါတယ်။
အဲဒီလို ဖော်ညွှန်းတဲ့သီချင်းတွေ အများကြီးရှိကြတဲ့
အထဲကမှ စိတ်အားငယ် ၀မ်းနည်းတဲ့ ခံစားချက်ကိုသာ
အဓိကထားပြီး သီဆိုလေ့ရှိတဲ့ တေးဂီတ တစ်ခုအကြောင်းကို
 ပြောပြချင်ပါတယ်။ အဲဒါကတော့ ညှိုးငယ်ဝမ်းနည်းခြင်းလို့
အဓိပ္ပာယ်ရတဲ့ Blues တေးဂီတပဲ ဖြစ်ပါတယ်။

Blues တေးဂီတဟာ လူမည်းတွေရဲ့ဂီတ တစ်ခုဖြစ်ပါတယ်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းအချိန်တွေမှာ အမေရိကန်နိုင်ငံက
စတင်ပေါ်ထွက်ခဲ့ပြီး တဖြည်းဖြည်း လူသိများ လာခဲ့ပါတယ်။

၁၇ ရာစုနဲ့ ၁၈ ရာစုအကြားက ကျေးကျွန် ထားရှိတဲ့စနစ်တွေကြောင့် Blues ဂီတ ထွက်ပေါ်လာခဲ့ရတာပဲ
ဖြစ်ပါတယ်။ အာဖရိက အမေရိကန်လူမျိုး ကျေးကျွန်တွေဟာ
သူတို့ရဲ့ဘ၀ အကြောင်းတွေကို တေးသီချင်းတွေလို့
သတ်မှတ်ခဲ့ကြပါတယ်။ Blues ဂီတဟာ အနှိမ်ခံလူတွေရဲ့ ဂီတတစ်ခုဖြစ်တဲ့အတွက် Blues သီချင်းတွေဟာ အဆွေးသီချင်းတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။

 ရှေးဦး Blues ဂီတသီချင်းတွေဟာ ဓမ္မတေး သီချင်းတွေလို
အဆွဲအငင်တွေ အများကြီးပါဝင်နေတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ Blues  ဆိုတဲ့ အခေါ်အဝေါ်ဟာ Blues devils ဆိုတဲ့
စကားလုံးက ဆင်းသက်လာတာပါ။ ညှိုးငယ်နေတဲ့ ကဝေတွေလို့ အဓိပ္ပာယ်ရပြီး ၁၇၉၈ ခုနှစ်က ပြသခဲ့တဲ့ ပြဇာတ်၊ ဇာတ်လမ်းတစ်ခုရဲ့ နာမည်ကို ယူပြီးသုံးနှုန်းထားတာပဲဖြစ်ပါတယ်။

Blues သီချင်းပုံစံတွေဟာ ရိုးရှင်းပြီး သီချင်းပိုဒ် တစ်ပိုဒ်တည်းကိုပဲ ထပ်တလဲလဲသီဆိုရတဲ့
ပုံစံမျိုးတွေဖြစ်ပါတယ်။ Blues  ဂီတမှာ ကျေးလက် Blues ဂီတနဲ့ မြို့ပြ Blues ဂီတဆိုပြီးလည်း နှစ်မျိုး
ခွဲခြားထားခဲ့ပါတယ်။ Blues ဂီတဟာ ပုံသဏ္ဌာန်ခွဲဂီတ သိပ်အများကြီးမရှိတဲ့ ဂီတလည်း ဖြစ်ပါတယ်။
Blues ဂီတ မပေါ်ပေါက်ခင်မှာ အကြို Blues ဂီတလို့ ပြောလို့ရတဲ့ Ring Shouts, Field hollers အစရှိတဲ့
နာမည်တွေနဲ့ လူမည်းတွေရဲ့ ဂီတတွေ ပေါ်ထွက်ခဲ့ပါသေးတယ်။

၁၉၀၀ ပြည့်နှစ်အစမှာ Proto-blues လို့ အမည်ရတဲ့ ဂီတလည်း ပေါ်ပေါက်ခဲ့သေးပေမယ့် အခုအချိန်မှာတော့ လုံးဝ ပျောက်ကွယ်
နေတာကို တွေ့ရပါတယ်။

Blues ဂီတရဲ့ အရိုးရှင်းဆုံး ပုံစံခွဲဂီတတစ်ခုကတော့
Rhythm & Blue လို့ နာမည်ရတဲ့ R &B ဂီတပဲဖြစ်ပါတယ်။
R & B ဂီတဟာ ဆွေးမြည့်စရာတွေ ပါဝင်နေတဲ့ Blues
ဂီတကို မြူးကြွတဲ့စည်းချက်တွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာပါ။

၁၉၃၀ ခုနှစ်အတွင်းမှာတော့ Country Blues ဂီတကို
တီထွင်ခဲ့ကြပါတယ်။ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းမှာ
Skip James, Charley Patton နဲ့ Georgia Tom Dorsey
အစရှိတဲ့ အနုပညာရှင်တွေဟာ Country Blues ဂီတနဲ့ ကျော်ကြားခဲ့ကြပါတယ်။ Blues ဂီတကို Gospel ဂီတနဲ့
ပေါင်းစပ်ပြီး Soul ဂီတကိုလည်း ဖန်တီးခဲ့ကြပါတယ်။

Soul  ဂီတကို အခြေခံပြီး Funk  ဂီတလည်း ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ Funk ဂီတကိုတော့ Hip Hop  ရဲ့
ရှေ့ပြေးဂီတတစ်ခုလို့ တချို့ကသတ်မှတ်ကြပါတယ်။
Blues  ဂီတဟာ စန္ဒရားနဲ့ တီးခတ် သီဆိုရတဲ့ ရှေးဦး Jazz ဂီတ ပုံစံမျိုးနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။ Blues ဂီတ
သီချင်းတွေမှာတော့ ဘင်ဂျိုတူရိယာကို အဓိကသုံးတာကို တွေ့ရပါတယ်။

Blues ဂီတ တီးဝိုင်းတစ်ခုမှာ ဂစ်တာသမားတစ်ယောက်၊
တယောသမားတစ်ယောက်၊ စန္ဒရား တီးခတ်သူတစ်ယောက်၊
Drum တီးခတ်သူ တစ်ယောက်နဲ့ လေမှုတ်တူရိယာကိုင်သူတစ်ယောက် အစရှိသဖြင့် ပါဝင်ရပါမယ်။

Blues ဂီတဟာ အကနဲ့ တွဲဖက် ဖျော်ဖြေလို့ရတဲ့ ဂီတတစ်မျိုးလည်း
ဖြစ်နေပြန်ပါတယ်။ Blues  ဂီတအကတွေကိုတော့ အာဖရိကလူမျိုးတွေက တီထွင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အာဖရိက Blues  အကတွေဟာ နည်းစနစ်မကျဘဲ
စုံတွဲအကတွေလည်း မပါဝင်တာကြောင့် အဆင့်မမီတဲ့အကအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့် အာဖရိက Blues  အကတွေဟာ ကျော်ကြားခြင်း မရှိခဲ့ပါဘူး။

နောက်ပိုင်းမှာတော့ အာဖရိက Blues  ကကွက်တွေကို အမေရိကန် Blues ကကွက်တွေနဲ့ ပေါင်းစပ်ပြီး နည်းစနစ်ကျတဲ့ Blues  အကတစ်မျိုးကို တီထွင်ခဲ့ကြပါတယ်။
အာဖရိက၊ အမေရိကန် Blues အကတွေဟာ စည်းဝါးကျတဲ့
အကတစ်မျိုးဖြစ်ပြီး ခေတ်နဲ့အလိုက် အသစ်အသစ်တွေ ပြောင်းလဲနေတဲ့ အကတစ်မျိုးလည်း ဖြစ်ပါတယ်။
စည်းချက်တွေနဲ့ မြိုင်ဆိုင်လွန်းတဲ့ ဂီတတစ်ခုဖြစ်တဲ့အတွက်
Tango  အကနဲ့တောင် ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါတယ်။ Blues ဂီတမှာ အကထက် တေးသီချင်းက ပိုပြီး လူကြိုက် များတာကိုလည်း တွေ့ရပါတယ်။


=======================
စိမ့်စိမ့်လွင်ဦး
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)
=======================

Ref : http://thanlyinthar.blogspot.com/

#KoNaing

စီယံ အရိပ်၏မျိုးစေ့
http://www.mediafire.com/?3zi2lf278sc7ygg

ထူးအိမ်သင် မြို့ပြလရောင်တမ်းခြင်း
https://my.pcloud.com/publink/show?code=VZKWWXZsXqeDVcnpIBBGiAJh1MU2F5Guk2V

ညီပု မြေကြီးကို ဒုက္ခပေးသူ
http://www.mediafire.com/?dg3u6iejlmww7if

ညီပု၊ ကော်နီ- အပြာရင့်ရင့်
https://my.pcloud.com/publink/show?code=kZGaMSZ6HFJjn44H2zpXiKEPGw5AucIDBPk

ဇော်ဝင်းထွဋ် အမုန်းမြို့ရဲ့အဝေးမှာ
https://my.pcloud.com/publink/show?code=fnJctalK

Blues သီချင်းတွေ တစ်ပုဒ် နှစ်ပုဒ်မဟုတ်ဘဲ အများကြီးပါသော မြန်မာဘလူးစ်အယ်လ်ဘမ်များ စုစည်းပေးလိုက်ပါတယ်။
Link credit original uploader

No comments: