Sunday, November 29, 2015

HIV Tests




HIV ကို ဆေးစစ်မှသာသိမယ်။ သံသယဖြစ်စရာနဲ့တွေ့ပြီးနောက် ၃ လနေမှသာစစ်သင့်တယ်။ ၆ လအထိစောင့်ဘို့မလိုပါ။ ပိုးကူးစက်ခံရရင် တုပ်ကွေးဖြစ်သလိုခံစားရနိုင်တယ်။

သွေး၊ သွေးရည်ကြည်၊ တံတွေးနဲ့ ဆီးထဲမှာ HIV ခေါ်တဲ့ AIDS ရောဂါကို ဖြစ်စေတဲ့ (ဗိုင်းရပ်စ်) ပိုးနဲ့ဆိုင်တာကို စမ်းတာ ဖြစ်တယ်။ ပိုးကို မှန်ဘီလူးနဲ့ ရှာကြည့်တာမဟုတ်ပါ။
၁။ ပိုးနဲ့ဆိုင်တဲ့ Antibodies (အင်တီဘော်ဒီ)၊
၂။ Antigens (အင်တီဂျင်) နဲ့
၃။ RNA (အာရ်အင်အေ) တွေကို စမ်းတာ ဖြစ်ပါတယ်။

HIV ပိုးရလာတဲ့နောက် ချက်ချင်းစစ်လို့ မတွေ့နိုင်သေးတဲ့ ကာလကို Window period စပ်ကူးမတ်ကူး-ကာလလို့ ခေါ်တယ်။ HIV-1 antibody test အပေါင်းပြဘို့ရာ ပျမ်းမျှ ၂၅ ရက်ကြာမယ်။ Antigen testing လုပ်ရင် ၁၆ ရက်နဲ့ သိနိုင်ပြီး၊ NAT (Nucleic Acid Testing) ဆိုရင် ၁၂ ရက်သာကြာမယ်။

အားလုံးဟာ စင်းလုံးချော ရာနှုန်းပြည့်မှန်တယ်လို့တော့ မပြောနိုင်ပါ။ ပိုးမရှိဘဲနဲ့ မှားပြီးအပေါင်းပြတတ်သလို ပိုးရှိပေမယ့် မှားပြီးအနုတ်ပြတတ်သေးတယ်။ (အော်တိုအင်မြူး) ရောဂါတခုဖြစ်တဲ့ (လူးပတ်စ်) ခံစားနေရသူမှာ မှားပြီး အပေါင်း ပြနိုင်တယ်။ အချိန်မတန်သေးပဲ (၃ လထက်စောပြီး) စမ်းရင် ပိုးရှိရက်သားနဲ့ မှားပြီးအနုတ်ပြမယ်။

သွေးလှူတိုင်း စမ်းရတာထက် ရောဂါရှိ-မရှိသချင်လို့ စမ်းဘို့ ပိုလိုတယ်။ ယေဘုယျရော အတိအကျပါသိအောင်လုပ်ရတာ ဖြစ်တယ်။ ELISA method ကို အရင်လုပ်ပြီးနောက် Western blot procedure နည်းကို ထပ်လုပ်ရတယ်။ အဲလို ၂ နည်း တွဲမှ ပိုသေခြာမယ်။

Antibody tests (အင်တီဘော်ဒီ) စမ်းနည်း
ဈေးလည်းချိုတယ်။ သမားရိုးကျစစ်ဆေးနည်းအနေနဲ့ သုံးနိုင်တယ်။ ပိုးဝင်ခံရပြီးနောက် ၉ဝ% ဟာ ရက်ပေါင်း ၃ဝ အကြာမှာ စမ်းလို့တွေ့နိုင်ပြီ။ တချို့က ပိုစောင့်ရတယ်။ ဒါပေမဲ့ ၆ လအထိစောင့်ရတယ်ဆိုတာ မရှိသလောက်ပါ။ သတိထားဘို့က စောင့်နေရတုံးလဲ ပိုးရှိနေသူကနေ သူများကို ကူးစေနိုင်တယ်။ စိုးရိမ်လို့ စောင့်နေတုံးမှာ Antiretroviral therapy ဆေးသုံးရင် သွေးစစ်တဲ့အခါ ပိုးတွေ့ဘို့ရာ ၁ နှစ်အထိ ကြာသွားနိုင်တယ်။ ဒါ့ကြောင့်တော့ ကူးနိုင်နေတာ သံသယရှိသူကို ဆေးမသောက်ပါနဲ့အုံးလို့တော့ မပြောသင့်ဘူး။ အဲလိုလူတွေကို ဆေး ၂၈ ရက် (ကို့စ်) ပေးပြီးနောက် ELISA tests ကို ခြားပြီး အကြာဆုံး စောင့်ရမဲ့ကာလ ၆ လ မက လုပ်သင့်တယ်။

• Enzyme-linked immunosorbent assay (ELISA) နည်းကို Enzyme immunoassay (EIA) လို့လဲ ခေါ်သေးတယ်။ သွေးရည်ကြည်ကို အဆ ၄ဝဝ ပျော့သွားစေပြီး၊ HIV antigens နဲ့ ထိတွေ့စေတယ်။ သွေးထဲမှာ HIV (အင်တီဘော်ဒီ) ရှိနေရင် တွေ့တော့မယ်။
• Western blot test နည်းကလဲ ELISA လိုဘဲ (အင်တီဘော်ဒီ) ကို စမ်းတာဖြစ်တယ်။ ပိုသေခြာတယ်။
• Rapid or point-of-care tests စမ်းသပ်နည်းက အရည်အသွေးကို စမ်းတာဖြစ်တယ်။
• HIV antibodies စမ်းလို့ မတွေ့တာနဲ့ ပိုးဝင်မခံရတာ သေခြာတယ်လို့ ပြောမရသေးပါ။
• Home Access Express HIV-1 Test ဆိုတာ အိမ်မှာတင် ကိုယ့်ဖါသာ သွေးဖေါက်ပြီး စာတိုက်ကနေ ပို့ပေးနိုင်တယ်။ FDA ကနေ အသိအမှတ် ပြုပေးထားတယ်။ သူများမသိအောင် စစ်နည်း ဖြစ်တယ်။
• OraQuick antibody test နည်းက မိနစ် ၂ဝ နဲ့ အဖြေရတယ်။ သွေး၊ သွေးရည်၊ တံတွေးကို စမ်းလို့ရတယ်။ HIV 1 နဲ့ HIV 2 ကို စမ်းလို့ရတယ်။

• Orasure HIV antibody test နည်းကတော့ ပါးစောင်၊ သွားဖုံးကအရည်ကို စမ်းတယ်။ ELISA နည်းရော Western blot နည်းကိုပါ သုံးတယ်။
• Uni-Gold rapid HIV antibody test နည်းက ၁ဝ-၁၂ မိနစ်သာ ကြာတယ်။ သွေးကိုစမ်းရတယ်။ HIV 1 တမျိုးတည်း ကိုသာ သိနိုင်တယ်။
• Clearview Complete HIV 1/2 and Clearview HIV 1/2 Stat-Pak နည်းတွေက ၁၅ မိနစ်သာကြာပြီး HIV 1 ရော HIV 2 ကိုပါသိတယ်။ Blood သွေး၊ Serum သွေးရည်ကြည်နဲ့ Plasma သွေးရည်တွေကို စမ်းရတယ်။
• ဆီးစမ်းနည်းလည်း ရှိတယ်။ ELISA ရော Western blot techniques မှာပါ သုံးတယ်။

ELISA တခုထဲနဲ့ HIV-1 Antibody ရှိတာသိရပေမဲ့ မသေခြာသေးပါ။ Western Blot နည်းကိုပါ ဆက်လုပ်ရတယ်။ လောလောဆယ် ရက်တိုပိုးတခုခုဝင်တာ၊ (အလာဂျီ) ရတာဆိုရင် ELISA test နည်းက Western Blot ထက်ပိုပြီး မရှိဘဲနဲ့ ရှိတယ်ဆိုတဲ့အဖြေ ခပ်ရှားရှားရနိုင်တယ်။ တုပ်ကွေးရာသီမှာ တုပ်ကွေး-ကာကွယ်ဆေးကြောင့် အဲလို အဖြေမှားတွေ များခဲ့ဘူးတယ်။

• Antigen test (အင်တီဂျင်) စမ်းသပ်နည်းဆိုတာ HIV p24 protein ရှိနေ-မနေကို စမ်းတာ။ ဗိုင်းရပ်စ်ရဲ့ Capsid protein ကို စမ်းတာမို့ (CA) လို့လဲ ခေါ်တယ်။ သွေးကိုစမ်းတာပါ။ အခုတော့ ပုံမှန်စမ်းနည်းအနေနဲ့ မသုံးပါ။
• Nucleic acid-based tests (NAT) ဆိုတာ HIV-I GAG, HIV-II GAG, HIV-env, the HIV-pol လို့ခေါ်တဲ့ HIV genes မျိုးဗီဇကို စမ်းသပ်တာပါ။
• RT-PCR test ဆိုတာ သွေးအရည်ထဲက ဗိုင်းရပ်စ်ရဲ့ RNA ကို စမ်းတာပါ။
• Quantiplex bDNA ဒါမှမဟုတ် Branched DNA test နည်းဟာလည်း သွေးရည်ထဲက RNA ကို စမ်းတာပါ။

တခြားစမ်းသပ်နည်းတွေကတော့ -
CD4 T-cell count ဆိုတာက ပိုးနဲ့ဆိုင်တာတွေကို စမ်းတာမဟုတ်ဘဲ ခုခံအားနဲ့ဆိုင်တဲ့ (ဆဲလ်) တွေကို ရေတွက်တာ ဖြစ်တယ်။ ခုခံအားစနစ် အခြေအနေကို သိချင်လို့ ဖြစ်ပါတယ်။ နည်းနေရင် မကောင်းတာကို ပြနေတယ်။ HIV-positive ဖြစ်နေသူဟာ 200 cells/μL ထက်နည်းတာကိုဖြစ်ဖြစ် အခွင့်ကောင်းယူဝင်လာတဲ့ ကူးစက်ရောဂါ ရှိလာတာဖြစ်ဖြစ် သိရရင် AIDS ရောဂါသည်လို့ တရားဝင်ခေါ်တော့တယ်။ သတိထားဘို့က HIV မဟုတ်တဲ့ တခြားရောဂါတွေနဲ့လဲ တွဲပြီး နည်းနေတာ ရှိတယ်။ တခြားဗိုင်းရပ်စ်ဝင်နေတာ၊ ဗက်တီးရီးယားဝင်နေတာ၊ (ပါရာဆိုက်) ပိုးဝင်နေတာ၊ (တီဘီ) ဖြစ်နေတာ၊ မီးလောင်တာ၊ ထိခိုက်ဒဏ်ရာရနေတာ၊ အပြင်ကနေ (ပရိုတင်း) ဆေးထိုးတာ၊ အစာအာဟာရချို့တဲ့နေတာ၊ လေ့ကျင့်ခန်း အပြင်းအထံလုပ်တာ၊ ကိုယ်ဝန်ဆောင်နေတာ၊ စိတ်ဖိအားများနေတာ၊ အထီးကျန် ဖြစ်နေတာတွေ ဖြစ်ကြတယ်။
စမ်းသပ်နည်းတွေ ဘယ်လောက် တိကျမှန်ကန်သလဲ။ ခေတ်ပေါ် HIV စမ်းသပ်နည်းတွေဟာ အလွန်တိကျတယ်။ ၂ဝဝ၅ ဇူလိုင်လထဲက အမေရိကမှာ 1,000 positive HIV တွေ့ထားသူတွေထဲက ၁၅ ယောက်သာ မှားပြီးအပေါင်းပြတာ ဖြစ်တယ်။ ထပ်စစ်ဆေးရင် အမှားနည်းလာတယ်။ ၂ သိန်းခွဲထဲက ၁ ယောက်သာ အမှားရှိခဲ့တာတွေ့ရတယ်။ 1,000 negative HIV အနုတ် ၁ဝဝဝ ထဲကလဲ ၃ ယောက်မှာ ပိုးရှိနေပေမဲ့ မရှိဘူးပြတယ်။ ၉၉့၉၇% တိကျတယ်။ ဒါလဲ အမေရိကမှာပါဘဲ။

Negative HIV test အနုတ်ပြထားသူဟာ ဘာလို့ ၃ လနေရင် ထပ်စစ်သင့်သလဲ။ Antibody tests ခေါ်တဲ့ ရောဂါပိုးကိုခံနိုင်စွမ်းရှိတဲ့ (အင်တီဘော်ဒီ) ကို စမ်းသပ်တာဖြစ်ရင် လူတချို့မှာ အဲလိုဓါတ်တွေ ထွက်လာဘို့ သူများထက် အချိန်ပိုယူတတ်တယ်။ ဒါ့ကြောင့် HIV ပိုးရှိသူနဲ့ အတူနေရာမိတဲ့ရက်ရဲ့နောက် ၂၈ ရက် အကြာမှာ HIV စစ်ဆေးတဲ့အခါ၊ အနုတ်သာပြနေနိုင်လို့ နောက်ထပ် ၃ လနေရင်တခါ ထပ်စစ်သင့်တယ်။

(ယူကေ) မှာ Dual antibody/antigen test ဆိုတဲ့ (အင်တီဘော်ဒီ) ရော (အင်တီဂျင်) ရောစမ်းနည်းကို ပိုးရှိသူနဲ့ အတူနေရာမိတဲ့ရက်ရဲ့နောက် ၃ လလို့ သတ်မှတ်ထားပေးတယ်။ ၁၅-၃-၂ဝ၁ဝ မှာ British Association for Sexual Health and HIV (BASHH) ကနေ လမ်းညွှန်ချက်ထုတ်ထားတယ်။ HIV ပိုးရှိသူနဲ့ အတူနေရာမိတဲ့ရက်ရဲ့နောက် ၂၈ ရက် အကြာမှာ ၉၅% သောလူနာတွေမယ် စမ်းရင်တွေ့တယ်။ မတွေ့သူတွေကိုလဲ ၃ လနေရင် ထပ်စစ်စေတယ်။ အဲလို (အင်တီဘော်ဒီ) ရော (အင်တီဂျင်) ရော စမ်းနည်းကို စတုတ္ထမျိုးဆက်စမ်းသပ်နည်းလို့ ခေါ်တယ်။

Index interpretation အဖြေဖတ်ခြင်း
i<0 .25="" and="" antibody="" antigen="" br="" for="" non-reactive=""> i>0.25 Reactive for Antigen (P24) OR Antibody ဒီဂဏန်းအထက်မှန်သမျှ အပေါင်းဖြစ်တယ်။

ELISA (enzyme-linked immunosorbent assay) Test စမ်းနည်းကို တံတွေး၊ သွေး၊ ဆီး တမျိုးမျိုးကိုစမ်းတယ်။ အဲဒီ တမျိုးမျိုးထဲမှာ HIV antibodies (အိတ်ခ်ျအိုင်ဗွီ-အင်တီဘော်ဒီ) ပါ-မပါကိုစမ်းတာဖြစ်တယ်။ ပဌမတခါစမ်းလို့ အပေါင်း ပြသူဖြစ်ဖြစ် အနုတ်ပြသူဖြစ်ဖြစ် ဒုတိယတခါထပ်စစ်တယ်။ နှစ်ခါလုံး အနုတ်ဖြစ်သူဟယ သေခြာပေါက် ဆေးမစစ်ခင်အထိ HIV ကင်းရှင်းသူလို့ သတ်မှတ်တယ်။

Western Blot Test စမ်းသပ်နည်းဟာ ပုံမှန်လုပ်တာနဲ့ သေခြာစေဘို့အတွက်လုပ်တာ ဖြစ်တယ်။ တချို့က ELISA positive အပေါ်းဖြစ်သူတွေကို ဒီနည်းမဟုတ်ဘဲ တခြားနည်းကိုသုံးတယ်။ အဲဒါတွေကတော့ Radio-immuno-precipitative assay (RIPA) နဲ့ Immunofluorescence assay (IFA) တွေဖြစ်ကြတယ်။ အားလုံးကနေ Western Blot test လိုဘဲ အမှန်အကန်အဖြေထွက်စေပါတယ်။

Rapid Tests or Point of Care Tests အမြန်စမ်းနည်းဆိုတာ HIV infection ပိုးရှိနေတာကို ရောဂါအဖြေထုတ်ရာမှာ အကူအညီရစေဘို့ ဖြစ်တယ်။ လူနာရဲ့ ကျန်းမာရေးရာဇဝသ်၊ ကျန်းမာရေးစစ်ဆေးချက်နဲ့ ရောဂါ ကူးလာချေရှိနိုင်သူ ဆိုတာတွေပါ လိုအပ်တယ်။ ဒါပေမဲ့ False positive မှားပြီးအပေါင်းပြရှိနိုင်လို့ Western blot test ကိုပါ လုပ်ရတယ်။

OraQuick စမ်းနည်းက မိနစ် ၂ဝ နဲ့အဖြေသိရမယ်။ HIV 1 နဲ့ HIV 2 ကိုစမ်းတာဖြစ်တယ်။

Orasure ဆိုတာ သွားရည်ကိုစမ်းတယ်။ ELISA နည်းပြီးတဲ့နောက် Western blot ကိုပါလုပ်မယ်။

Uni-Gold နည်းဟာလဲ ၁ဝ-၁၂ မိနစ်နဲ့ အဖြေထွက်တဲ့ အမြန်စမ်းနည်းဖြစ်တယ်။ HIV 1 အတွက်စစ်တာဖြစ်တယ်။

Clearview Complete HIV 1/2 and Clearview HIV 1/2 Stat-Pak နည်း ၂ မျိုးက သွေးထဲမှာ HIV1 နဲ့ HIV 2 တွေရဲ့ Antibodies (အင်တီဘော်ဒီ) ရှိ-မရှိစစ်တာတွေ ဖြစ်တယ်။ ၁၅ မိနစ်သာ ကြာတယ်။

Home Access Express HIV-1 Test ဆိုတာ အိမ်မှာတင် စမ်းနည်းဖြစ်တယ်။ ကိုယ့်သွေးကို ဖေါက်ယူစစ်ရတယ်။ ပြီးတော့ ဓါတ်ခွဲခန်းကို တနည်းနည်းနဲ့ပို့တယ်။ အဖြေကို ဖုန်းနဲ့လှမ်းမေးနိုင်တယ်။
လူထဲကို ပိုးတမျိုးမျိုးဝင်လာတာနဲ့ အဲဒါကို ခုခံတိုက်ဖျက်ပေးမဲ့ သက်ဆိုင်ရာ Antibody (အင်တီဘော်ဒီ) ခုခံအားတွေ ထွက်လာတယ်။ HIV antibody စမ်းတယ်ဆိုတာ အဲဒါတွေ Blood သွေးထဲ၊ Saliva တံတွေးထဲ နဲ့ Urine ဆီးထဲမှာ ရှိနေ-မနေ စစ်ဆေးတာ ဖြစ်ပါတယ်။ HIV antibody test စမ်းသပ်နည်းဟာ လူကြီးတွေမှာ HIV ရှိ-မရှိကို အသင့်တော်ဆုံးနဲ့ အသုံးအများဆုံး စစ်ဆေးနည်းဖြစ်တယ်။ ဈေးလည်းမကြီးတဲ့ပြင် တိကျတယ်။ ဒီနည်းကို ELISA (Enzyme-Linked Immunoabsorbent) နဲ့ EIA (Enzyme Immunoassay) ခေါ်တယ်။ ရှိနေတာ ရှာတွေ့တယ်ဆိုတဲ့ သဘောက အဲဒီလူမှာ HIV ပိုး ဝင်နေပြီ။

ဒါပေမဲ့ ချွင်းချက် ၂ ခုရှိတယ်။
၁။ ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာ မအေဆီက (အင်တီဘော်ဒီ) တွေလဲ ပါလာတာမို့ ၁၈ လ အထိ ဆေးစစ်ရင် အပေါင်းလက္ခဏာပြမယ်။ တကယ်တော့ ဒီကလေးမှာ ပိုးရှိနေတာတော့မဟုတ်ဘူး။ ဒီလို ကလေးမျိုးတွေကို PCR test ဆိုတာ လုပ်ပါတယ်။
၂။ HIV vaccine trials ကာကွယ်ဆေး စမ်းသပ်တာကို ခံယူနေသူတွေမှာလဲ အဲလိုပြမယ်။

HIV ပိုး ဝင်ထားသူ အများစုဟာ ကူးစက်တာခံရပြီး ၆-၁၂ ပါတ်အတွင်း စမ်းသပ်လို့ရတဲ့ (အင်တီဘော်ဒီ) တွေရှိလာမယ်။ ၆ လ နေမှတွေ့တာရှားတယ်။ ဒိထက် ပိုကြာမယ်ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ဒီလို ပိုးဝင်နေပေမဲ့ စမ်းလို့ မတွေ့သေးတဲ့ ကာလကို Window period ပြူတင်းပေါက်ကာလ၊ ကြားကာလခေါ်တယ်။ ဒါ့ကြောင့် ပိုးဝင်မယ်လို့ သံသယဝင်တဲ့နောက် ၃ လ အကြာမှာစမ်းတာ သင့်တော်တယ်။ အဲဒီအချိန်မှာ မတွေ့သူဟာ ဥပမာ စိတ်မချရတဲ့ လိင်ဆက်ဆံနည်းကနေ ပိုးမဝင်ခဲ့ဘူးလို့ ပြောနိုင်တယ်။ ၆ လ နေလို့မှ မတွေ့ရင်တော့ သေခြာပါတယ်။ ပိုးမကူးခဲ့ပါ။ နောက်တခါတော့ စိတ်ချရတဲ့ ဆက်ဆံနည်းကိုသာ သုံးပါ။

သတိကြီးဘို့လိုတာက Window period မှာ တကယ်လို့ ပိုးရှိနေရင် သူများကို ကူးနိုင်တယ်။ Subtype B ပိုးမျိုးအတွက် HIV-1 antibody tests နည်းရဲ့ ပျမ်းမျှကြားကာလဟာ ၂၅ ရက်ရှိတယ်။ Antigen testing နည်းဆိုရင် ၁၆ ရက်နဲ့ NAT (Nucleic Acid Testing) နည်းက ၁၂ ရက်ဖြစ်တယ်။ Window period မှာ Antiretroviral therapy (ဗိုင်းရပ်စ်) ဆေးသောက်လိုက်ရင် Antibodies ဖြစ်လာမှာကိုပါ နှေးစေလို့ ကြားကာလက ၁၂ လလောက်အထိ ကြာနိုင်တယ်။

ELISA test က တိကျလို့ မှားပြီးအပေါင်းပြတာ မရှိသလောက်ဖြစ်တယ်။ တကြိမ်စစ်လို့ အပေါင်းပြသူ အားလုံးကို Western blot (Protein immunoblot) နဲ့ Indirect immunofluorescence assay စမ်းသပ်နည်းတွေကို ဆက်လုပ်မယ်။ ဥရောပမှာ Line immunoassay ကိုပါလုပ်မယ်။ ဆက်စစ်လို့လဲ အပေါင်းပြနေရင် ဝ့၁% ထက် မလွဲနိုင်တော့ပါ။ သူ့မှာ ပိုးရှိနေပြီ။

Antigen test (P24 test) (အင်တီဂျင်) စမ်းသပ်နည်းနဲ့ သေခြာစေနိုင်တယ်။ (အင်တီဂျင်) ဆိုတာ ကိုယ့်ပစ္စည်း မဟုတ်တဲ့ ပိုးမွှားလိုဟာ ဖြစ်တယ်။ ဒါမျိုး ဝင်လာရင် ကိုယ်ခန္ဓာကနေ (အင်တီဘော်ဒီ) ထုတ်စေမယ်။ HIV ပိုးရဲ့ အဲလိုဟာကို Protein P24 လို့ခေါ်တယ်။ HIV ဝင်တာနဲ့ ၂-၈ ပါတ်အတွင်း P24 တွေများများလာမယ်။ သွေးကိုစစ်ရင်တွေ့မယ်။ ရောဂါရလာချိန်မှာတော့ သူတို့ ပျောက်ပျောက်သွားမယ်။ ဒါ့ကြောင့် P24 antigen test ကို အမြဲမလုပ်ဘဲ၊ စတုတ္ထ-မျိုးဆက်စမ်းသပ်နည်းအနေနဲ့သာသုံးတယ်။ Fourth generation tests ဆိုတာ P24 antigen test နဲ့ Antibody test တွဲလုပ်တာကို ခေါ်တယ်။ ပိုတိကျတယ်။

PCR (Polymerase Chain Reaction) test ဆိုတာ HIV ပိုးရဲ့ မျိုးဇီဇကို စစ်တာဖြစ်တယ်။ ပိုးဝင်ပြီးနောက် ၂-၃ ပါတ် အကြာ စမ်းလို့ရလာတယ်။ Viral load test နဲ့ HIV NAAT (Nucleic acid amplification testing) လို့လဲ ခေါ်တယ်။ ပိုးရှိ မိခင်ကနေ မွေးတဲ့ ကလေးကို PCR test လုပ်ရတယ်။ အမေဆီက Antibodies တွေရနေတယ်။ Antibody test က မတိကျလို့၊ ဈေးလဲကြီးတာမို့ လူတိုင်းကိုတော့မစစ်ပါ။ ချမ်းသာတိုးတက်တဲ့နိုင်ငံတွေမှာ သွေးလှူရာမှာလဲ PCR test ပါ လုပ်တယ်။

• Rapid HIV tests ဆိုတာ နည်းပညာအရ ELISA tests နဲ့တူပေမဲ့ စစ်ရတာ မိနစ် ၂ဝ သာကြာတယ်။ သွေး ဖြစ်ဖြစ် သွားရည် ဖြစ်ဖြစ် စစ်နိုင်တယ်။ Rapid Antibody Test ကို Rapid or point-of-care test ခေါ်တယ်။ Qualitative immunoassays အရေအတွက်ကို စစ်တာဖြစ်တယ်။
• Home testing နည်းက ကိုယ့်ဖါသာကိုယ် အိမ်မှာတင် သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ်နဲ့ စမ်းလို့ အဖြေကို မိနစ်ပိုင်းအတွင်း သိနိုင်တယ်။ ပိုသေခြာအောင်တော့ ဓါတ်ခွဲခမ်းမှာ ထပ်စစ်သင့်တယ်။
• Home sampling kit ဝယ်၊ ကိုယ့်သွေးနဲ့ စမ်းပြီး၊ ဓါတ်ခွဲခမ်းပို့နိုင်တယ်။ ရက်သိပ်မကြာခင် အဖြေကို ဖုန်းဆက် မေးနိုင်တယ်။ သူများ မသိအောင် လုပ်နည်းတခုပေါ့။ နိုင်ငံအတော်များများမှာ HIV ဆေးစစ်တာကို လှို့ဝှက်ဘို့နဲ့ ကာယကံရှင်က စမ်းခြင်မှ စမ်းဘို့ သတ်မှတ်ထားတယ်။
• Home Access Express HIV-1 Test ကို FDA က အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ OraQuick ဆိုတာ မိနစ် ၂ဝ သာ ကြာတဲ့ Antibody test ဖြစ်တယ်။ Blood သွေး၊ Plasma (ပလာစမာ) သွေးရည်ကြည် နဲ့ Oral fluid ပါးစပ်က အရည် တခုခုကို စမ်းနိုင်တယ်။ HIV 1 နဲ့ HIV 2 ပိုးတွေကို စမ်းတာဖြစ်တယ်။
• Uni-Gold နည်းက ၁ဝ-၁၂ မိနစ်သာကြာတဲ့ Rapid HIV antibody test ဖြစ်တယ်။ သွေးစက်ကို စမ်းတာ။ FDA က အသိအမှတ် ပြုထားတဲ့ HIV 1 ကို စစ်ဆေးနည်း ဖြစ်တယ်။
• Clearview Complete HIV 1/2 နဲ့ Clearview HIV 1/2 Stat-Pak နည်းတွေက သွေး၊ သွေးထဲက (ပလာစမာ)၊ (စီရမ်) ကို စမ်းရတဲ့ အမြန်နည်း၊ ၁၅ မိနစ်သာ ကြာတယ်။
• iDiagnostics Rapid HIV Test နည်းကို အသိအမှတ် မပြုရသေးဘူး။

HIV Antibodies တခါ မတွေ့ယုံနဲ့ ကူးစက်မှုကင်းတယ်လို့ ချင်ချင်းပြောမရသေးပါ။ ၂-၆ ပါတ်ကြာမှာ တွေ့လာနိုင်တယ်။ ဆေးစစ်လို့ အပေါင်းဖြစ်နေသူဟာ တချိန်မှာတော့ Antiretroviral treatment ဆေးကုဘို့လိုလာမယ်။ ဆေးဆိုတာက ဗိုင်းရပ်စ်ကို နှေးသွားအောင်နဲ့ ခုခံအားကိုထိန်းဘို့ဖြစ်တယ်။ ပိုးရှိနေပေမဲ့ စိတ်ချရတဲ့ လိင်ဆက်ဆံရေး လုပ်နိုင်ပါတယ်။ ကိုယ်အရင်က လိင်ဆက်ဆံခဲ့ဘူးသူတွေကိုလည်း အသိပေးသင့်တယ်။ အိမ်ထောင်ပြုမယ်ဆိုရင်လဲ ရောဂါအကြောင်း သိအောင်လုပ်ပါ။ ကာကွယ်နည်း၊ ကုသနည်းတွေ ကြိုတင်ပြင်ဆင်ပါ။

CD4 T-cell count စစ်ဆေးနည်းဟာ HIV ရောဂါရှာတာ မဟုတ်ဘူး။ HIV-positive ပိုးရှိနေသူတွေရဲ့ Immune system ခုခံအား-စနစ်ကို စောင်ကြည့်တာသာ ဖြစ်တယ်။ ရောဂါအခြေအနေ တိုးတက်မှု-ဆုတ်ယုတ်မှုကို တိုင်းထွာတာ ဖြစ်တယ်။ CD4 T-cell counts နည်းတယ်ဆိုတာ ဒီရောဂါတခုထဲမှာတော့ မဟုတ်ဘူး။ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ပါရာဆိုက် ဝင်တာ၊ အနာရင်းတာ၊ တီဘီ ရှိတာ၊ မီးလောင်တာ၊ ခိုက်မိတာ၊ (ပရိုတင်း) ကို အကြောဆေးထိုးတာ၊ အာဟာရချို့တဲ့တာ၊ အားကစားလုပ်တာ လွန်ကဲတာ၊ ကိုယ်ဝန်ဆောင်တာ၊ စိတ်ပိုင်းဖိစီးမှုများတာနဲ့ အထီးကျန် နေရတာတွေကြောင့်လဲ များနိုင်တယ်။

CD4 counts ပုံမှန်ဆိုရင် 500 ကနေ 1500 CD4+ T cells/microliter ရှိတယ်။ ယေဘုယျပြောရရင် အမျိုးသမီးတွေက ပိုနည်းတယ်။ HIV ပိုးရှိနေသူမှာ CD4 T-cell count က 200 cells/μL ထက်နည်းတာ၊ ဒါမှမဟုတ် Opportunistic infections အခွင့်ကောင်းယူကူးစက်တာ တခုခုရှိမှသာ ၁၉၉၂ ကတည်းက AIDS လို့ တရားဝင်သတ်မှတ်ပါတယ်။

Dr. တင့်ဆွေ


No comments: