Sunday, November 22, 2015

ရခိုင္မုန္႕တီသုပ္ (Authentic Rakhine Rice Noodle with Fish Soup)





 သူငယ်ချင်းတို့ရေအဓိကတိုင်းရင်းသား (၈)မျိုးရဲ့ ဟင်းလျာအတွဲအစပ်အချို့ကိုဖော်ပြခဲ့ပြီးနောက်မှာတော့ လူသိများတဲ့ အဆာပြေမုန့် လေးတွေလုပ်စားကြဖို့ ရိုးရာမုန့်လုပ်နည်းအချို့ကိုလည်းအလျဉ်းသင့်သလိုဖော်ပြသွားပါမယ်။ အခုကတော့ ရခိုင်မုန့်တီသုပ်ပေါ့။ လူတိုင်းလိုလိုရခိုင်မုန့်တီဆိုရင် ငါးဟင်းရည်နဲ့သောက်စားရတာသဘောကျတတ်ကြတယ် ချက်နည်းသိကြတယ်။ ကျနော်ကတော့ မုန့်တီသုပ်ကိုပိုကြိုက်တော့ သုပ်စားတဲ့နည်းကိုကူးယူဖော်ပြလိုက်ပါတယ်။ အစပ်ကြိုက်သူကတော့ ငရုတ်သီးထောင်းကိုပိုထည့်ပေါ့။ အစပ်မကြိုက်သူကတော့ နည်းနည်းပဲထည့်စားပေါ့ဗျာ။

ပါဝင်ပစ္စည်းများ
မုန့်တီဖတ် (သို့) မုန့်ဟင်းခါးဖတ် - ၁ ပိဿာ
ငါးရွှေ(သို့) ပင်လယ်ငါးတစ်မျိုးမျိုး - ၄၀ သား
ကြက်သွန်နီ - ၇လုံး
ကြက်သွန်ဖြူ - နှစ်ကျပ်ခွဲသား
ငရုတ်သီးအပု၊အပွတောင့် ၅ကျပ်သား
ငရုတ်သီးစိမ်း ၅ကျပ်သား
ကုလားပဲအကျက်မှုန့် ၅ကျပ်သား
ငံပြာရည် (အချို) ၅ကျပ်သား
အချိုအရသာမှုန့် စားပွဲတင်ဇွန်းနှင့် တစ်ဝက်
မန်ကျည်းသီးမှည့် ၅ကျပ်သား
ပဲဆီမွှေး ၅ကျပ်သား
နံနံပင် ၁၅ကျပ်သား
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း။

ပြင်ဆင်ပြုလုပ်ပုံ
ငါးကိုအညစ်အကြေးအရိအရွဲများစင်အောင်ပြုလုပ်၍ ဆားနဲ့နယ်ကာကျက်အောင်ပြုတ်ပြီးအရိုးဖယ်ပြီးအသားနွှင်ပါ။
ကြက်သွန်အနီ၊ အဖြူနဲ့ ငရုတ်သီးအပွတို့ကိုညက်နေအောင်ထောင်းပြီးဆီသတ်ထားပါ။

ငရုတ်သီးစိမ်းကိုကျက်အောင်လှော်ပြီးညက်နေအောင်ထောင်းထားပါ။

မန်ကျည်းသီးမှည့်ကိုသဲများစင်အောင်ဆေးပြီးရေကျက်အေးနဲ့ မပျစ်မကျဲဖျော်ပါ။

နံနံပင်ကိုအမြစ်များဖယ်၍ ရေစင်အောင်ဆေးပြီး နုပ်နုပ်လှီးထားပါ။

မုန့်တီသုပ်ကိုတစ်ယောက်စာ (သို့) အများစာပဲဖြစ်ဖြစ် သုပ်စားနိုင်ပါတယ်။

ရခိုင်မုန့်တီသုပ် သုပ်စားမယ်ဆိုရင် ပန်းကန်ထဲတွင် မုန့်ဖတ်၊ အရိုးနွှင်ထားတဲ့ငါးအသား၊ ဆီသတ်ထားတဲ့ ငရုတ်သီးအနှစ်၊ မန်ကျည်းရည်၊ငံပြာရည်၊အချိုအရသာ၊ နံနံပင်၊ ပဲမှုန့်၊ ညက်နေအောင် ထောင်းထားတဲ့ ငရုတ်သီးစိမ်းအနှစ် အားလုံးကိုရောထည့်ပြီးသမအောင်နယ်ပေး၍ အရသာအနေတော်ဆိုရင် စားချင်စဖွယ်ရခိုင်မုန့်တီသုပ်ရှူးရှဲလေးကိုပြင်ဆင်လို့ပြီးပါပြီ။ အရည်သောက်ဟင်းခါးတစ်မျိုးနဲ့ တွဲဖက်သုံးဆောင်ပါ။

Credit : အန်တီမီးမီးရဲ့ ဟင်းချက်စာအုပ်

 သူငယ္ခ်င္းတို႔ေရအဓိကတိုင္းရင္းသား (၈)မ်ိဳးရဲ႕ ဟင္းလ်ာအတြဲအစပ္အခ်ိဳ႕ကိုေဖာ္ျပခဲ့ျပီးေနာက္မွာေတာ့ လူသိမ်ားတဲ့ အဆာေျပမုန္႔ ေလးေတြလုပ္စားၾကဖို႔ ရိုးရာမုန္႔လုပ္နည္းအခ်ိဳ႕ကိုလည္းအလ်ဥ္းသင့္သလိုေဖာ္ျပသြားပါမယ္။ အခုကေတာ့ ရခိုင္မုန္႔တီသုပ္ေပါ့။ လူတိုင္းလိုလိုရခိုင္မုန္႔တီဆိုရင္ ငါးဟင္းရည္နဲ႔ေသာက္စားရတာသေဘာက်တတ္ၾကတယ္ ခ်က္နည္းသိၾကတယ္။ က်ေနာ္ကေတာ့ မုန္႔တီသုပ္ကိုပိုၾကိဳက္ေတာ့ သုပ္စားတဲ့နည္းကိုကူးယူေဖာ္ျပလိုက္ပါတယ္။ အစပ္ၾကိဳက္သူကေတာ့ ငရုတ္သီးေထာင္းကိုပိုထည့္ေပါ့။ အစပ္မၾကိဳက္သူကေတာ့ နည္းနည္းပဲထည့္စားေပါ့ဗ်ာ။
ပါ၀င္ပစၥည္းမ်ား
မုန္႔တီဖတ္ (သို႕) မုန္႔ဟင္းခါးဖတ္ - ၁ ပိႆာ
ငါးေရႊ(သို႕) ပင္လယ္ငါးတစ္မ်ိဳးမ်ိဳး - ၄၀ သား
ၾကက္သြန္နီ - ၇လံုး
ၾကက္သြန္ျဖဴ - ႏွစ္က်ပ္ခြဲသား
ငရုတ္သီးအပု၊အပြေတာင့္ ၅က်ပ္သား
ငရုတ္သီးစိမ္း ၅က်ပ္သား
ကုလားပဲအက်က္မႈန္႔ ၅က်ပ္သား
ငံျပာရည္ (အခ်ိဳ) ၅က်ပ္သား
အခ်ိဳအရသာမႈန္႔ စားပြဲတင္ဇြန္းႏွင့္ တစ္၀က္
မန္က်ည္းသီးမွည့္ ၅က်ပ္သား
ပဲဆီေမႊး ၅က်ပ္သား
နံနံပင္ ၁၅က်ပ္သား
နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္း။
ျပင္ဆင္ျပဳလုပ္ပံု
ငါးကိုအညစ္အေၾကးအရိအရြဲမ်ားစင္ေအာင္ျပဳလုပ္၍ ဆားနဲ႔နယ္ကာက်က္ေအာင္ျပဳတ္ျပီးအရိုးဖယ္ျပီးအသားႏႊင္ပါ။
ၾကက္သြန္အနီ၊ အျဖဴနဲ႔ ငရုတ္သီးအပြတို႔ကိုညက္ေနေအာင္ေထာင္းျပီးဆီသတ္ထားပါ။
ငရုတ္သီးစိမ္းကိုက်က္ေအာင္ေလွာ္ျပီးညက္ေနေအာင္ေထာင္းထားပါ။
မန္က်ည္းသီးမွည့္ကိုသဲမ်ားစင္ေအာင္ေဆးျပီးေရက်က္ေအးနဲ႔ မပ်စ္မက်ဲေဖ်ာ္ပါ။
နံနံပင္ကိုအျမစ္မ်ားဖယ္၍ ေရစင္ေအာင္ေဆးျပီး ႏုပ္ႏုပ္လွီးထားပါ။
မုန္႔တီသုပ္ကိုတစ္ေယာက္စာ (သို႔) အမ်ားစာပဲျဖစ္ျဖစ္ သုပ္စားႏိုင္ပါတယ္။
ရခိုင္မုန္႔တီသုပ္ သုပ္စားမယ္ဆိုရင္ ပန္းကန္ထဲတြင္ မုန္႕ဖတ္၊ အရိုးႏႊင္ထားတဲ့ငါးအသား၊ ဆီသတ္ထားတဲ့ ငရုတ္သီးအႏွစ္၊ မန္က်ည္းရည္၊ငံျပာရည္၊အခ်ိဳအရသာ၊ နံနံပင္၊ ပဲမႈန္႔၊ ညက္ေနေအာင္ ေထာင္းထားတဲ့ ငရုတ္သီးစိမ္းအႏွစ္ အားလံုးကိုေရာထည့္ျပီးသမေအာင္နယ္ေပး၍ အရသာအေနေတာ္ဆိုရင္ စားခ်င္စဖြယ္ရခိုင္မုန္႔တီသုပ္ရွဴးရွဲေလးကိုျပင္ဆင္လို႔ျပီးပါျပီ။ အရည္ေသာက္ဟင္းခါးတစ္မ်ိဳးနဲ႔ တြဲဖက္သံုးေဆာင္ပါ။
Credit : အန္တီမီးမီးရဲ႕ ဟင္းခ်က္စာအုပ္

No comments: