Saturday, August 1, 2015

Windows 10 ကို အခမဲ့ Upgrade ပြုလုပ်နိုင်ပြီ



 Windows 10 ကို အခမဲ့ Upgrade ပြုလုပ်နိုင်ပြီ

PC အသုံးပြုသူတွေဟာ Microsoft ရဲ့ နောက်ဆုံးထုတ် OS ဖြစ်တဲ့ Windows 10 ကို အခမဲ့ Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Windows 7 ၊ Windows 8.1 နဲ့ Windows Phone 8.1 တို့ဟာ ကွန်ပျုတာတွေနဲ့ ဖုန်းတွေကို ပိုမို ချိတ်ဆက် ပေးနိုင်မယ့် app တွေရဲ့ အကျိုးအမြတ် ကို ခံစားနိုင်မှာ ဖြစ်ပြီး Edge ဆိုတဲ့ Browser အသစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows 10 upgrade မှာတော့ ချစ်ဖို့ ကောင်းတဲ့ Start Menu တစ်ခုဖြစ်တဲ့ Windows 8 ရဲ့ Start Menu ပုံစံကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သင် Upgrade ပြုလုပ်ပြီးတာနဲ့ လက်ပ်တော့ နဲ့ DVD ကြည့်ခြင်း အပါအ၀င် Minesweeper နဲ့ Solitaire တို့လို Classic ဂိမ်းတွေကိုလည်း ဆော့ကစားခွင့် ဆုံးရှုံး ရမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်မှာ Windows 7 (သို့) Windows 8.1 သာ မရှိဘူးဆိုရင်တော့ Windows 10 နောက်ဆုံး ဗားရှင်းကိုရဖို့ စတာလင်ပေါင်၉၉ ကျသင့်မှာ ဖြစ်ပါတယ်။

အကယ်၍ သင့်မှာ Windows 7 (သို့) Windows 8.1 တို့ ရှိပြီးသားဆိုရင်တော့ သင့်ကို Screen ပေါ်မှာ Invite လာလုပ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အကြောင်းကြားပုံ နဲ့ အကြောင်းကြားတဲ့အချိန်တွေတော့ တူမှာမဟုတ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်ယောက်က သင့်ထက် အရင် Windows 10 သုံးနေတာတွေ့လို့မနာလို မဖြစ်ပါနဲ့။ စမတ်ဖုန်းတွေဆို ပိုနောက်ကျပါလိမ့်မယ်။

Invite အကြောင်းကြားစာ ပေါ်လာတာနဲ့ "Reserve your free upgrade" ဆိုတဲ့စာသားကို ကလစ်ခ် နှိပ်ပြီး အီးမေးလ်ကနေတစ်ဆင့် အတည်ပြုပြီး အခမဲ့ အဆင့်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref : Mirror

Facebook ရဲ့ ဒစ်ဂျစ်တယ် အမွေဆက်ခံခြင်း လုပ်ဆောင်ချက် Legacy Contacts

ဒီနှစ် အစောပိုင်းမှာကတည်းက Facebook ဟာ "Legacy Contacts" လို့ ခေါ်တဲ့ Facebook  အကောင့်ကို အမွေဆက်ခံခွင့်ပေးတဲ့ လုပ်ဆောင်ချက် တစ်ရပ်ကို ကြေညာခဲ့ပါတယ်။

ဒီ ၀န်ဆောင်မှု ကို ဗြိတိန် နိုင်ငံ မှာ စတင်အသုံပြုခွင့်ပေးထားပြီးဖြစ်တဲ့အတွက် ၃၅ သန်းသော ဗြိတိန် နိုင်ငံ အတွင်း က Facebook သုံးစွဲသူတွေဟာ သူတို့ သေဆုံးသွားတဲ့အခါမှာ သူတို့ရဲ့ လူမှုမီဒီယာ အကောင့်တွေကို သူတို့ရဲ့ သူငယ်ချင်း တစ်ယောက်ယောက် (သို့) ချစ်တဲ့ သူတစ်ယောက်ကို ဆက်လက် ထိန်းသိမ်းဖို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီ ၀န်ဆောင်မှု ကို အသုံးပြုပြီး သင့်ရဲ့ ဒစ်ဂျစ်တယ် အမွေဆက်ခံသူ ကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ သေဆုံးသွားတဲ့အခါမှာ တစ်စုံတစ်ယောက်ကို ဒစ်ဂျစ်တယ် အမွေ ဆက်ခံစေလိုချင်း မရှိရင်လည်း သေဆုံးသွားတဲ့အခါမှာ အကောင့်ကို အလိုလျောက် ဖျက်ဆီး ဖို့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်သေဆုံးကြောင်းကိုတော့ တစ်ယောက်ယောက်က Facebook ကို အကြောင်းကြားထားပေးဖို့လိုပါတယ်။

ဒီ ၀န်ဆောင်မှု အရ အမွေဆက်ခံသူဟာ သေဆုံးသွားသူရဲ့ Facebook အကောင့်ကို ၀င်ရောက်ပြီး Post တင်ခြင်း နဲ့ Profile ဓါတ်ပုံ ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Friend Request တွေကိုလည်း လက်ခံ ခြင်း ၊ ပယ်ဖျက်ခြင်းတို့ ကိုပြုလုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Facebook အကောင့်ကို အမွေဆက်ခံထားသူဟာ တင်ထားပြီးသား Post တွေကို edit လုပ်ခြင်း ၊ ဓါတ်ပုံများတွင် Tag ပြုလုပ်ထားသည်များကို ဖယ်ရှားခြင်း တို့အပြင် အကောင့်အား ဖျက်ဆီးခြင်းတို့ကို ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

င်္Facebook ဟာ Legacy Contacts လုပ်ဆောင်ချက်အတွက် တစ်စုံတစ်ယောက်ကို ရွေးချယ်ဖို့အတွက် ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Options က တစ်ဆင့် Security Option ထဲဝင်ရောက်ပြီး တစ်စုံတစ်ယောက်ရဲ့ နာမည်ကို ထည့်သွင်းကာ အမွေဆက်ခံသူအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

ရိုက်ပြီးသားဓါတ်ပုံကို Focus ပြန်လည်ပြောင်းလဲနိုင်မယ့် Lytro Illum

Lytro အမှတ်တံဆိပ်ရဲ့ Light Field ကင်မရာ နည်းပညာဟာ ဓါတ်ပုံဆရာတွေကို out-of-focus ဓါတ်ပုံတွေ ရိုက်ကူးနိုင်အောင် ဖန်တီးပေးလိုက်ပါပြီ။


အလင်းရောင် ရဲ့ လမ်းကြောင်းနဲ့ သိပ်သည်းမှု တို့ကို ရိုက်ကူးနိုင်ဖို့အတွက် Micro-lens ပေါင်း သန်းနဲ့ချီ အသုံးပြုထားတဲ့အတွက် Lytro ကင်မရာတွေဟာ 3D လျှပ်တစ်ပြတ် ရိုက်ချက်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပြီး ဓါတ်ပုံတစ်ပုံရိုက်ပြီး ထို ဓါတ်ပုံရဲ့ Focus ကို ပြန်လည် ရွေးချယ်နိုင်ခွင့်မျိုးကို ဓါတ်ပုံဆရာတွေဘက်က ရရှိနိုင်မှာ ဖြစ်ပါတယ်။

Lytro အမှတ်တံဆိပ်မှာတော့ Illum ဟာ ထို နည်းပညာကို အသုံးပြုထားတဲ့ ဒုတိယ မြောက်ကင်မရာ ဖြစ်လာခဲ့ပါတယ်။ Lytro ရဲ့ မူလ ကင်မရာလို ဖန်ပြွန် သဏ္ဍာန် မဟုတ်တော့တဲ့ Illum ဟာ တစ်ကယ်တော့ သာမန် ကင်မရာတွေလိုပဲ Grip ၊ Physical Control တွေနဲ့ မြင်ကွင်း အတိုးအချဲ့ Zoom အတွက် ဆီလျော်တဲ့ Flash အလင်းရောင်တွေကိုလည်း ချိတ်တွဲထားပါတယ်။

အခု Illum ကင်မရာ Update မှာ ပါဝင်လာတာကတော့ အသုံးပြုသူတွေအနေနဲ့ ဓါတ်ပုံတစ်ပုံ ရိုက်ကူးပြီးသွားတော့မှ LCD မျက်နှာပြင်ကို ထိတွေ့ကာ Refocus ပြန်လည် လုပ်ယူနိုင်ပြီး aperture ချိန်ညှိနိုင်ဖို့အတွက် လှည့်ပြီး အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အားနည်းချက်အနေနဲ့ကတော့ Illum ရဲ့ အလင်းရောင်နည်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ စတင်လုပ်ဆောင်ဖို့အချိန်ယူ ရတာတွေက ပုံမှန် အသုံးပြုသူတွေကို ကသိကအောင့် ဖြစ်သွားစေနိုင်ပါတယ်။

ဈေးနှုန်းအရ စတာလင်ပေါင် ၁၀၀၀ ကျသင့်မယ့် Illum ဓါတ်ပုံဆရာတွေအတွက်တော့ မတူညီတဲ့ ကိရိယာတစ်ခုသဖွယ် အသုံးပြုလို့ရစေနိုင်မှာဖြစ်ပြီး ဒါဟာ အနာဂါတ် ဓါတ်ပုံပညာ ရဲ့ စစ်မှန်တဲ့ ဖြစ်နိုင်ချေ တစ်ခုပဲ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

Twitter က သုံးစွဲသူတွေကို မွေးနေ့ဖော်ပြခွင့်ပေး



Twitter အသုံးပြုသူတွေဟာ သူတို့ရဲ့ မွေးနေ့ကို သူတို့ Twitter profile မှာ ဖော်ပြခွင့် ရခဲ့ပါပြီ။

ဒီ လုပ်ဆောင်ချက် အသစ်ကတော့ ရွေးချယ်ခွင့်ရှိမှာ ဖြစ်ပြီး အသုံးပြုသူတွေဟာ မိမိဖော်ပြထားတဲ့ မိမိ ရဲ့ မွေးနေ့ကို ဘယ်သူတွေ မြင်ခွင့်ရှိမယ်ဆိုကိုပါ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

မွေးနေ့ ခုနှစ် အတွက် ချိန်ညှိခြင်း တွေဟာ မွေးတဲ့လ နဲ့ မွေးတဲ့ နေ့ တွေကို ချိန်ညှိရတာနဲ့ မတူညီပဲ ကွဲပြားနေပါတယ်။ ဒါကြောင့်လည်း အသုံးပြုသူတွေဟာ ဘယ်လောက်ထိ (သို့ ) ဘယ်လောက်လေးပဲ ဝေမျှချင်တယ်ဆိုတာကိုလည်း ရွေးချယ်ခွင့်ရှိဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ဟာ တစ်ယောက်ယောက်ရဲ့ မွေးနေ့ဖြစ်ပါက Twitter က မွေးနေ့ရှင်ရဲ့ Profile စာမျက်နှာမှာ မိုးပျံပူဖောင်းပုံ ကာတွန်းလေးတွေနဲ့ ဂုဏ်ပြုပေးဦးမှာ ဖြစ်ပါတယ်။ ထို လုပ်ဆောင်ချက်အသစ်အတွက် ဟာသ သရုပ်ဆောင် Kevin Hart က Twitter ကုမ္မဏီကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ထို လုပ်ဆောင်ချက်ကို ဖန်တီးလိုက်ခြင်းဟာ Twitter အနေနဲ့ လူတွေ တစ်ဦးချင်းဖြစ် ၊ အများနဲ့ ဖြစ်စေ အခမ်းအနားတစ်ခု သဖွယ်ဖန်တီး ဂုဏ်ပြုနိုင်မယ့် နည်းလမ်းကို ဆက်လက်လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ တရားရုံးချုပ်က လိင်တူ ခြင်းလက်ထပ်တာဟာ အခြေခံဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ ကြေညာပြီးတဲ့နောက် #LoveWins ဆိုတဲ့ Hashtag ဟာ ပေါ်ပြူလာ အဖြစ်ဆုံး Hashtag တစ်ခုဖြစ်လာခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Drum

No comments: