Thursday, August 27, 2015

တွယ်ရာမဲ့ ကလေးများအတွ က် မြှုပ်နှံထားတဲ့ ဖခင်

ရခိုင်မှာ ဘုန်းကြီးကျောင်း ၉၀ နီး ပါးပြန်ဆောက်ဖို့ သီတဂူဆရာတော် ကျပ်သိန်း ၈၀၀ ကျော်လှူဒါန်း



သီတဂူ ဆရာတော်အရှင်ဉာဏိဿရက၏ ရခိုင်ဒေသခရီးစဉ်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် တွေ့ရစဉ်။ Photo: သီတဂူအောင်သန်းဝင်း( Facebook )


  ရခိုင်ပြည်နယ်အတွင်းက ရေဘေးကြောင့် ပျက်စီးခဲ့ရတဲ့ ဘုန်းတော်ကြီး ၈၆ ကျောင်း အတွက် သီတဂူ ဆရာတော် အရှင်ဉာဏိဿရက ငွေကျပ် သိန်းပေါင်း ၈၀၀ ကျော်ကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြု နိုင်ဖို့ ငွေကျပ် သိန်းပေါင်း ၄၀၀၀ ကျော်ကိုလည်း ရခိုင်ပြည်နယ်အစိုးရကနေ တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဆရာတော် အရှင်ဉာဏိဿရဟာ မနေ့က ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကိုသွားရောက်ပြီး ရေဘေး သင့်ဒေသခံတွေအတွက် စားနပ်ရိက္ခာ အချို့လှူဒါန်းပေးခဲ့ သလို ဆရာတော်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ရေဘေးသင့်မြို့နယ် ၆ ခု အတွက် ဆန်အိတ်ပေါင်း ၂၀၀၀ ကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

တွယ်ရာမဲ့ ကလေးများအတွ က် မြှုပ်နှံထားတဲ့ ဖခင်


ကြို့ပင်ကောက်မြို့မှာ သူ ငယ်ချင်းတွေနဲ့ ပရဟိတ အလှူသွားလုပ် တဲ့ ကိုဇော်ထွန်းရဲ့ ဘဝဟာ သင်္ချိုင်းမြေမှာ စွန့်ပစ်ခံထားရတဲ့ နီတာရဲကလေးငယ်ကို ပွေ့ချီလိုက်တဲ့ ခဏတာမှာပဲ တစ်ဆစ်ချိုး ပြောင်းလဲသွားပါတယ်။

“ကလေးငယ်ကို ပွေ့ချီလိုက်တော့ က လေးက ကျွန်တော့်ကို ပြန်ကြည့်တယ်၊ အ ကြည့်ချင်းဆုံတော့ ရင်ထဲမှာ တစ်မျိုးပဲ၊ ဒီ လိုကလေးမျိုးတွေ လမ်းဘေးရောက်ရင် ဆိုပြီး ကျွန်တော် ဆက်ပြီး မတွေးရဲတော့ ဘူး၊ ဒါကြောင့် စွန့်ပစ်ကလေးတွေကို သင့် တော်ရာ ပို့ပေးတဲ့ အဖွဲ့လေးထောင်မယ် လို့ ဆုံးဖြတ်ရတာ”လို့ ကိုဇော်ထွန်းက ပြောပါတယ်။

ကိုဇော်ထွန်း ဟာ ၁၀ နှစ် ကျော် သင်္ဘောလိုက်တဲ့ အလုပ်ကို စွန့်လွှတ် လိုက်ပြီး သင်္ဘောလိုက်တဲ့ လက်မှတ်နဲ့ သင်္ဘောသားစာအုပ်ကို အပြီးတိုင် ပြန် အပ်လိုက်တယ်။ အဲသည် နောက်မှာတော့ စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို လိုက် ကောက်ပြီး မိဘမဲ့ ကျောင်းတွေကို ပို့ပေး တဲ့ စောင့်ရှောက်ပေးတဲ့၊ မွေးစားသူရှိရင် အပ်နှံပေးတဲ့ အလင်းသစ်ဦးတည်ရာ စွန့် ပစ်ကလေးများပရဟိတအဖွဲ့ကို တည် ထောင်လိုက်ပါတယ်။

မိဘရှိပေမဲ့ အကြောင်းအမျိုးမျိုး ကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို အေးအေးချမ်းချမ်း ပညာသင်နိုင်မယ့် နေ ရာလေးတွေကို ရင်းနှီးတဲ့၊ မိတ်ဆွေသူငယ် ချင်းတွေနဲ့အတူပို့ပေးမယ်ဆိုပြီး ကြော် ငြာလိုက်ပါတယ်။ ကြော်ငြာပြီး သိပ်မကြာ ခင်မှာပဲ မိဘကိုယ်တိုင်ကပဲ ကလေးငယ် တစ်ယောက်ကိုသူတို့ဆီမှာအပ်နှံပါတယ်။

“မိဘက လမ်းမှာ တောင်းစားနေတဲ့ သူတစ်ယောက်ပါ၊ သူ့ကလေးကို သူနဲ့ ထားရင် သူ့လို တောင်းစားတဲ့ သူတစ် ယောက်ဖြစ်မှာ စိုးလို့ဆိုပြီး ရပ်ကွက်လူ ကြီးကတစ်ဆင့် လာအပ်တာ၊ ခုအဲဒီ က လေးကို ကျောင်းထားပေးတယ်”လို့ ကိုဇော် ထွန်းက ပြောပါတယ်။

တွန်းအား
သူနောက်ဆုံးအခေါက်သင်္ဘောက ပြန်ဆင်းလာချိန်မှာ ကျိုက်ထီးရိုးနားမှာ ဖွင့်ထားတဲ့မိဘမဲ့ဂေဟာမှာ အလှူလုပ် ပြီးကလေးတွေနဲ့ရက်အတော်ကြာအတူ နေခဲ့ပါတယ်။ ကလေးတွေက သူတို့ကို လာလှူကြသူတွေကို ဆုတောင်းပေးတဲ့ ဆု တောင်းသံကို ကြားရချိန်မှာ သူမျက်ရည် ကျခဲ့ရတယ်လို့ ဆိုပါတယ်။

သူက“ကလေးတွေရဲ့ ဆုတောင်းသံ မှာ ကျွန်တော်တို့ကို ဆက်ပြီး ကူညီပါ ပစ်မသွားပါနဲလို့ ပြောနေသလိုပဲ”လို့ ပြော တယ်။
အဲသည်လို ခံစားချက်ဟာ ကိုဇော် ထွန်းလုပ်မယ့် အလုပ်ကို အကောင်အ ထည်ဖော်ဖို့ တွန်းအားပေးလိုက်တာပဲ ဖြစ် ပါတယ်။
နိုင်ငံအနှံ့ရပ်ကွက်တွေထဲမှာ စွန့်ပစ် ကလေးငယ်တွေရှိရင် အသင်းကို ဆက် သွယ် နိုင်ပြီး မိဘဆွေမျိုး သို့မဟုတ်ရပ် ကွက်လူကြီးတွေရှေ့မှာ အသင်းက စာ ချုပ်စာတမ်းနဲ့ ခေါ်ယူပြီး သင့်တော်ရာနေ ရာတွေကို ပို့ပေးတဲ့ အလုပ်ကို သူစတင် လိုက်ပါတယ်။ ပို့ထားတဲ့ ကလေးတွေကို အသင်းကနေ လိုအပ်တာတွေ ပံ့ပိုးပေး တယ်။ ဘွဲ့ရတဲ့အထိ ထောက်ပံ့ပေးဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

သူ့အသင်းမှာ လောလောဆယ် ကလေးတွေကို စောင့်ရှောက်ဖို့ နေရာမရှိ သေးတာကြောင့် မြောက်ဥက္ကလာပုလဲမြို့ သစ် ပညာမြေပရဟိတကျောင်းနဲ့ ဆိပ်ဖူး တောင် မိဘမဲ့ ကလေးကျောင်းတွေမှာ ခွဲ ပြီး ကလေးတွေကိုပညာသင်ဖို့နေထိုင်ဖို့ အပ်နှံထားပါတယ်။

ကျွန်တော့်ကလေးတွေ
အသက် ၄၀ ဝန်းကျင်ရှိပြီ ဖြစ်တဲ့ ကို ဇော်ထွန်းဟာ အိမ်ထောင်ကျတာ ၁၀ နှစ် ကျော်ပေမဲ့ လက်ရှိအချိန်အထိ သူတို့ အိမ် ထောင်မှာ ကလေး မရှိသေးသူပါ။
“ခုဆို မိဘမဲ့ ကလေးတစ်သိန်းကျော် ရှိတယ်၊ သူတို့လေးတွေကိုလဲ ကျွန်တော် ကလေးတွေလိုပဲ ခံယူထားတယ်”လို့ သူက ပြောပါတယ်။

စွန့်ပစ်ကလေးတွေကို သွားခေါ်ရတာ တစ်ခါတလေ ညအိပ်ခရီးသွားရလို့ အ မျိုးသမီးက မကျေနပ်ချင်ပေမဲ့ နောက် ပိုင်းမှာတော့ သူကလည်း နားလည်ပြီး ကူ ညီတယ်။ အဓိက ကလေးမရှိလို့ လုပ်ဖြစ် တာလို့ သူက ပြောပါတယ်။

သည်အဖွဲ့လေးကို သူထူထောင်ထား တာ အခုဆိုရင် တစ်နှစ်ကျော်ပြီ။ လက်ရှိအ ချိန်မှာတော့ စွန့်ပစ်ကလေးငယ်ခြောက်ဦး ကို တာဝန်ယူပို့ပေးပြီး ဖြစ်ပါတယ်။ လက်ရှိ ချိတ်ထားတဲ့ ကလေးငယ်တွေကို သွားခေါ် ဖို့ စီစဉ်နေပါတယ်။ ကလေးငယ်တွေကို ကိုယ်တိုင်သွားရောက်လက်ခံယူပေးပြီး ဆေးစစ်တာတွေကို လုပ်ပေးပါတယ်။ ပို လီယိုဖြစ်နေတဲ့ကလေး၊မသန်စွမ်းဖြစ်နေ တဲ့ ကလေးအပါအဝင် အိတ်ခ်ျအိုင်ဗီဖြစ် နေတဲ့ ကလေးတွေ၊ မိဘစွန့်ပစ်ထားတဲ့ ကလေးငယ်တွေကိုလည်း ဆက်သွယ်ရင် သူခေါ်မွေးစားပေးမှာပါလို့ ဆိုတယ်။

“စွန့်ပစ်ခံမိဘမဲ့ ကလေးတွေဟာလဲ ပညာတတ်သူ ဘွဲ့ရတဲ့သူဖြစ်နိုင်တယ်”ဆိုတာကို ပြချင်တယ်”လို့ ကိုဇော်ထွန်းက ပြောပါတယ်။
ရေအိုးစင်မှာ ရေသောက်နေတုန်း မိခင်က စွန့်ပစ်ထားခဲ့တဲ့ မောင်နှမသုံးဦးကို သွားခေါ်တဲ့ အချိန်ကတော့ သူ့အတွက် အခက်အခဲဆုံး ဖြစ်ခဲ့ပါတယ်။

အသက် သုံးနှစ်အရွယ်၊ ခြောက်နှစ် အရွယ်၊ ရှစ်နှစ်အရွယ် ကလေးသုံးဦးကို အ နီးနားမှာရှိတဲ့ အိမ်က ခေတ္တခဏ စောင့် ရှောက်ထားပြီး တစ်လကြာတဲ့အထိ မိခင် က လာမခေါ်လို့ အသင်းကို ဆက်သွယ်ခဲ့ တာပါ။

အကြီးဆုံး ကလေးက ဆွေမျိုးတစ်ဦး ရဲ့ဖုန်းကို မှတ်မိတာကြောင့် ဆက်သွယ်တဲ့ အခါမှာ ဘိုကလေးမြို့ရဲ့တောရွာတစ်ရွာ မှာနေတဲ့ အဘိုးဖြစ်သူရဲ့ ဖုန်းနံပါတ်ဖြစ်နေ လို့လာရောက်တွေ့ဆုံတဲ့ အခါမှာတော့ အဖေဘက်က အဘိုးဖြစ်နေတယ်။ မိခင် ဖြစ်သူက ရွာမှာ မရှိလို့ မကျွေးနိုင်ဘူး ဆိုပြီး လက်ဗွေနှိပ်ပြီး ခေါ်ဆောင် လာရတယ်လို့ ကိုဇော်ထွန်းက သူတွေ့ကြုံရတဲ့ အတွေ့ အကြုံကို ပြန်လည်ပြောပြပါတယ်။

ကိုဇော်ထွန်းက “လက်ခံထားတဲ့ အိမ် ကနှစ်ယောက်ပဲ ပြန်ပေးမယ်၊ တစ်ယောက် ကို ပြန်မပေးလို့ လူကြီးတွေနဲ့ ခေါ်ရှင်းရ တယ်၊ အကြီးမက လက်တို လက်တောင်း ခိုင်းလို့ ရနေပြီ၊ ထမင်းချက်တာတို့ ဈေး ရောင်းတာတို့ တတ်နေပြီဆိုတော့ မပေး ချင်တာလေ၊ ဒါကြောင့်မနည်းပြန်ခေါ်တာ ခုဆို ကျောင်းတက်နေပြီ”လို့ ပြောပါတယ်။

အလှူငွေကောက်
လစဉ်သိန်းဆယ်နဲ့ ချီဝင်တဲ့ သင်္ဘော သားအလုပ်ကို စွန့်လွှတ်ထားတဲ့ ကိုဇော် ထွန်းဟာ အသင်းစတင်ဖွဲ့စည်းချိန်က က လေးတွေကို စောင့်ရှောက်စရိတ်တွေအတွက် အလှူငွေကို တစ်လမ်းဝင်တစ်လမ်း ထွက် လိုက်ကောက်ခဲ့ပါတယ်။ တချို့ရဲ့ အထင်သေးတဲ့ အကြည့်တွေကိုလည်း ခံ ရပေမဲ့ စွန့်ပစ်ခံကလေးတွေ အတွက်ဆိုပြီး အားပြန်တင်းတာလည်း သူ့အတွက် အ တွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။

“စွန့်ပစ်ခံကလေးတွေလဲ တိုင်းပြည်ရဲ့ ပညာတတ်တွေ ဖြစ်နိုင်တာပဲလေ သူတို့ လေးတွေလဲ လမ်းဘေးမှာ လေလွင့်နေ တာကို မကြည့်ရက်ပါဘူး၊သူတို့လေးတွေ စာသင်ခန်းထဲမှာ စာသင်နေတာ ကိုပဲ မြင် ချင်ပါတယ်၊ ကျွန်တော်တို့ ပို့ပေးတဲ့ က လေးတွေကို အချိန်မရွေးလာကြည့်နိုင်ပါ တယ်၊ စာသင်နေပြီး ပျော်ရွှင်နေတဲ့ က လေးတွေ ဖြစ်နေတယ်ဆိုတာ သက်သေပြ နိုင်ပါတယ်”လို့ ကိုဇော်ထွန်းက ပြောပါ တယ်။

ပြီးခဲ့တဲ့လ အနည်းငယ်တုန်းကလည်း ဗိုလ်တထောင်ဘုရားဂေါပက အဖွဲ့လူ တွေနေတဲ့ ဂိုဒေါင်နောက်ဖေးလမ်းကြားမှာ ရက်သား အရွယ် ကလေးငယ်ကို လာ ရောက်ပစ်ထားခဲ့ပါတယ်။ ပစ်ထားတဲ့ အ ချိန်မှာ ကလေးရဲ့လက်မှာ ပတ်ထားတဲ့ လက်ပတ်မှာ အမေနာမည် ပေးထားတဲ့ စာတမ်းလေးတစ်ခုချိတ်ထားပါတယ်။ ဆေးရုံကနေ လာရောက်ပစ်ထားတာလို့ ယူဆရတဲ့အတွက် ကလေးကို ဆေးရုံကြီး နဲ့ ဆက်သွယ်ပြီး သွားပို့ပေးရတယ်။

သူတို့ အသင်းက လူတွေ သတင်း ကြားလို့ ဆေးရုံလိုက်သွားတဲ့ အချိန်မှာ တော့ ကလေးကို ဆေးရုံက တာဝန်ယူ စောင့်ရှောက်မွေးစားမယ့် သူတွေကို ရှာ ဖွေပေးနေတယ်လို့ သိရတာကြောင့် က လေးအတွက် အလှူငွေသာ လှူဒါန်းခဲ့ တယ်။ မွေးစားမယ့်သူတွေနဲ့ အဆင်မပြေ ရင် အဖွဲ့ကနေ အဆင်သင့်ကူညီမယ်လို့ ပြောခဲ့ပါတယ်။
လာခေါ်ပါ့မယ်

ကိုဇော်ထွန်းက“ကလေးက မွေးပြီး ရက်ပိုင်းပဲ ရှိသေးတာလေ၊သူ့မှာ ညှီတဲ့ အ နံ့က မပျောက်သေးတော့ ဒီလို ပစ်စလက် ခတ်ထားပစ်ခဲ့တာမျိုး မဖြစ်စေချင်ဘူး၊ခွေး တွေအကောင်တွေ စားသွားရင် ဘယ် လိုလုပ်မလဲ၊ ဒါကြောင့် အသင်းအနေနဲ့က လက်လှမ်းမီသလောက်ကို ပြောပေးနေ တာ ၊ မစွန့်ပစ်ပါနဲ့ လာခေါ်မယ် ၊ ဘယ်လို အကြောင်း မျိုးဖြစ်ဖြစ်ကူညီမှာပါ”လို့ ပြော ပါတယ်။

သင်္ဘောသားဘဝတုန်းက ရှိတဲ့ ငွေလေးတွေနဲ့ သူ အငှားယာဉ်တွေထောင် ထားတယ်။ မိန်းမဖြစ်သူက ကုမ္ဗဏီဝန် ထမ်း ဖြစ်ပါတယ်။

ကိုဇော်ထွန်းရဲ့အဖွဲ့မှာ ဝင်ရောက်လုပ် အားပေးနေတဲ့ လူငယ်တွေဟာ တစ် ယောက်ကိုတစ်ယောက် အရင်က သိကျွမ်း ဖူးသူတွေ မဟုတ်ဘဲနဲ့ အွန်လိုင်းကတစ် ဆင့်ဆက်သွယ်မိပြီး ကူညီပေးနေသူတွေ ဖြစ်ပါတယ်။

စွန့်ပစ်ခံမိဘမဲ့ကလေးတွေကို ကူညီ ပေးတာတွေအပြင် မြန်မာပြည်တစ်နိုင်ငံ လုံးမှာ ရှိတဲ့ မိဘမဲ့ ကျောင်းတွေကိုလည်း လှူဒါန်းတာတွေ စုပေါင်းလုပ်နေကြပါ တယ်။

အလင်းသစ်ဦးတည်ရာ စွန့်ပစ်က လေးများ ပရဟိတအဖွဲ့ကို လက်ရှိမှာ အမှတ် ၁၁/ပထမထပ် (အေ) ၊ ရွှေဘိုလမ်း ကျောက်မြောင်း တာမွေမြို့နယ်မှာ ဖွင့် လှစ်ထားပါတယ်။ သူတို့ရဲ့ အဖွဲ့ဟာ နီးစပ်တဲ့ သူငယ်ချင်းတွေ၊ ပြည်ပရောက် စိတ်ဝင်စားတဲ့ စေတနာရှင်တွေ လစဉ်လှူ ဒါန်းတဲ့ ငွေကြေးနဲ့ သုံးစွဲနေပါတယ်။

အခုရက်ပိုင်း အတွင်းမှာ သူတို့အဖွဲ့ ဟာ အင်းစိန်ဘူတာရုံမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်ကို မွေးစားထားတဲ့သူက က လေးငယ်ကို ကျောင်းဆက်မထားနိုင်တာ ကြောင့် ဆက်သွယ်လာလို့ သွားခေါ်ပေး ရတာ၊ အိမ်အကူလုပ်ရင်း ကိုယ်ဝန်ရပြီး မွေးထားတဲ့ကလေးငယ်ကို မစောင့်ရှောက် နိုင်တော့လို့ သူများအိမ်မှာထားခဲ့လို့ သူ တို့ ခေါ်ပေးရမယ့် ကိစ္စတွေနဲ့ အလုပ်ရှုပ်နေ ကြပါတယ်။

‘မိဘတွေ ဆွေမျိုးတွေအနေနဲ့ မမွေး နိုင်လို့ စွန့် ပစ်မယ်ဆိုရင် ကလေးကို စိတ်ချ ရတဲ့ နေရာတွေမှာ ထားစေချင်တယ်၊ ဒီအ တိုင်းတွေ့ရာနေရာမှာ ထားခဲ့လို့ မသမာ သူလက်ထဲ ရောက်သွားမှာ စိုးရိမ်တယ်”လို့ ကိုဇော်ထွန်းက ပြောပါတယ်။
အတူနေကြမယ်

ကိုဇော်ထွန်းဟာ သူပိုင်ဆိုင်တဲ့ ငွေနဲ့ ဒိုက်ဦးမြို့မှာ ခြံဝယ်ထားပြီး ကလေး ၅၀ လောက်ဆံ့တဲ့ အဆောက်အအုံတစ်ခု ဆောက်နေပါတယ်။ အဲသည်အဆောက် အအုံပြီးရင်တော့ စွန့်ပစ်ခံရတဲ့ကလေး ငယ်တွေကို လက်ခံပြီး ပညာပါသင်ပေးဖို့ သူရည်ရွယ်ထားပါတယ်။

သူလက်ရှိ ပို့ထားတဲ့ ကလေးတွေကို သူပြန်ခေါ်ပြီး သူဆောက်ထားတဲ့ ဂေဟာ မှာ အတူထားဖို့ သူ စိတ်ကူးထားပါတယ်။
“ကလေးအယောက်၅၀ကျော်ကို ကျွန် တော်ကိုယ်ပိုင်ငွေနဲ့ ကျွေးနိုင်ပါတယ်၊ သူ တို့စီမံအုပ်ချုပ်ဖို့ လူတစ်ယောက်ရှာနေ တာပါ၊ မိသားစုကိစ္စကင်းရှင်းပြီး ကလေး တွေအပေါ် မေတ†ာထားနိုင်တဲ့သူ ဖြစ်ရ မယ်၊ သူတို့လေးတွေရဲ့ ဘဝကိုမြှင့်တင် ပေးဖို့ ရည်မှန်းထားပါတယ်”လို့ သူ့စိတ် ကူးကို ပြောပြတယ်။

သည်အချိန်မှာပဲ ရုံးကို ဖုန်းဝင်လာပါ တယ်။ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာ မသန်စွမ်းဖြစ်နေတဲ့ ကလေးငယ်တစ်ဦး ကို လာစွန့်ပစ်သွားတဲ့ သတင်းပါ၊ဖုန်းချ ပြီးတာနဲ့ ကလေးငယ်ကို သူသွားခေါ်ဖို့ အောက်ထပ်ကိုဆင်းရင်း “အင်း ဒီကလေး ကို ဘုရားမှာပစ်ခဲ့လို့ပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ၊ လမ်းဘေးမှာဆို မတွေးရဲဘူး”လို့ ပြောပါတယ်။
Author အေးအေးအောင်
(သြဂုတ် ၂၅ ရက်နေ့ ထုတ် ကုမုဒြာဂျာနယ်မှ)

မျှဝေသူမှဖြည့်စွက်ချက် - 

ပရဟိတအဖွဲ့အမည် = အလင်းသစ်ဦးတည်ရာ (New Light Direction)
Founder = ကိုဇော်ထွန်း
အဓိက လုပ်ဆောင်မှု = စွန့်ပစ်ခံကလေးများ မိဘမဲ့ကလေးများအရေး
ဆက်သွယ်ရန်လိပ်စာ = အမှတ်(၁၁) ရွှေဘိုလမ်း, ကျောက်မြောင်း,
တာမွေမြို့နယ်, ရန်ကုန်မြို့။ ဖုန်း - 09 31517704
အလှူငွေထည့်ချင် လှူချင်သူများ = Zaw Tun 999307-04200536701 ( KBZ Bank)



No comments: