Saturday, August 8, 2015

မျိုးဆက်ပွား ကျန်းမာရေးအထူးပြု လေ့လာနိုင်မည့် ဖုန်းအပလီကေးရှင်း ဖြန့်ချီ

မျိုးဆက်ပွား ကျန်းမာရေးအထူးပြု လေ့လာနိုင်မည့် ဖုန်းအပလီကေးရှင်း ဖြန့်ချီ


မျိုးဆက်ပွား ကျန်းမာရေးနဲ့ ကာလသားရောဂါ အကြောင်းကို လေ့လာဆွေးနွေးနိုင်မယ့် မိုဘိုင်းဖုန်းသုံး အပလီကေးရှင်း တခုကို မြန်မာ လူငယ်တဦးက ရေးဆွဲဖြန့်ချီလိုက်ပါတယ်။ 

4 Smart Youth လို့ နာမည်ပေးထားတဲ့ အဲဒီ အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဒ် ရနိုင်မှာပါ။
အဲဒီ အပလီကေးရှင်းမှာ အေအိုင်ဒီအက်စ်နဲ့ အိပ်ခ်ျအိုင်ဗွီ အကြောင်းတွေ ပြည့်ပြည့်စုံစုံ သိနိုင်မှာဖြစ်သလို ကုသရေးနဲ့ ဆေးဝါးရနိုင်တဲ့ နေရာတွေကိုလည်း လမ်းညွှန်ထားပါတယ်။

ကိုယ်တိုင်ကြုံနေရတဲ့ ကျန်းမာရေးပြဿနာတွေ အတွက် လက္ခဏာ အလိုက် ရောဂါတွေကိုလည်း ဆန်းစစ်နိုင်မှာပါ။
ပြီးတော့ နောက်ထပ်လေ့လာစရာ စာမျက်နှာတွေကို ညွှန်းပေးထားသလို ဆရာဝန်တွေကိုယ်တိုင် ဖြေကြားပေးမယ့် လူငယ်မောင်မယ်မေးကြမယ် ဆိုတဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်ပေးထားပါတယ်။

“အဲဒီလုပ်ဆောင်ချက်ကတော့ လောလောဆယ်မှာ ဆမ်ဆောင်းဖုန်းတွေမှာပဲ အလုပ်လုပ်တာ တွေ့ရလို့ ပြန်ပြင်သွားမှာပါ” လို့ အပလီကေးရှင်းရေးဆွဲသူ ကိုအောင်ကျော်မင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီအပလီကေးရှင်းကို Alliance Myanmar NGO ရဲ့ Link Up ပရောဂျက်အတွက် ရေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒေါင်းလုတ်ဒ်ရယူရန် - http://ge.tt/5toDyOK2 နဲ့
 https://dl.orangedox.com/1WzmazkzYoO9sSPBMn/4_Smart_Youth%5B1%5D.apk?dl=1



DVB - မျိုးဆက်ပွား ကျန်းမာရေးအထူးပြု လေ့လာနိုင်မည့် ဖုန်းအပလီကေးရှင်း ဖြန့်ချီ

ဆည်းဆာရောင်ခြည် HIV ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့


အလှူရှင် အမြန်ဆုံးပေါ်ပေါက်လာရန် အတွက် ဝိုင်းဝန်း share ပေးဖို့ မေတ္တာရပ် ခံအပ်ပါသည်။
HIV ဝေဒနာရှင်များရဲ့ နေထိုင်ရေးအတွက် လာမည့် အနာဂတ် -
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ တော်ဝင်လမ်းရှိ ကံ့ကော်ပင်ကျောင်းတိုက် ဝန်းထဲက ဆည်းဆာရောင်ခြည် HIV ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့၊ လူနာ (အခမဲ့) တည်းခိုဆောင်လေးဟာ ၂၀၁၅ ခုနှစ်ကုန်တာနဲ့ လက်ရှိမြေနေရာကနေ ဖယ်ပေးရမှာပါ။ ဝေဒနာရှင်များရဲ့ အသက်ရှင်သန်နေစဉ်ကာလမှာ အေးချမ်းစွာ နေထိုင်စားသောက်ရေးကို အခက်အခဲတွေကြားက ကျွန်တော်၊ ကျွန်မတို့ ဆည်းဆာရောင်ခြည် အဖွဲ့သူ အဖွဲ့သားများက အစဉ်ပြေချောမွေ့အောင် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အလှူရှင်များ အနေနဲ့လည်း ဝေဒနာရှင်များရဲ့ ရည်ရှည်ရပ်တည် နေထိုင်ရေးအတွက် ဆည်းဆာရောင်ခြည် (အခမဲ့) တည်းခိုဆောင်လေး မြေနေရာ အသစ်ရရှိရန် ဝိုင်းဝန်းပြီး အလှူခံပေးစေလိုပါတယ်။

ဆည်းဆာရောင်ခြည် (အခမဲ့) တည်းခိုဆောင်ရှိ ဝေဒနာရှင်များကလည်း မြေနေရာ အလှူရှင်များကို မျှော်လင့်စောင့်စားနေပါတယ်။

‎မြေနေရာအတွက် အလှူငွေထည့်ဝင်လိုသော
အလှူရှင်များ အနေဖြင့် မြေ (၁) ပေပတ်လည်လျှင် ၂၀၀၀ိ/-နှုန်းဖြင့် -
- KBZ Bank (ရွှေပြည်သာ) Account No. 1801220001612
- C B Bank(ရွှေပြည်သာ) Account No. 0077600100015393
- ထွန်းဖောင်ဒေးရှင်းဘဏ် (ဘုရင့်နောင်) Account No. 0020020480015 များသို့ နည်းများမဆို ထည့်သွင်း၍ လည်းကောင်း၊

စီမံခန့်ခွဲရေးကော်မတီ ဖုန်းနံပါတ် -
- ဦးကျော်နိုင် - 09250523832
- ဦးအောင်မျိုးဝင်း - 09425316601
- ဒေါ်ကေသွယ်ထက်- 0973062900
- ဦးမြင့်ဇော် - 09250412196
- မြေနေရာဖြစ်မြောက်ရေးကော်မတီဖုန်းနံပါတ်-
- ဒေါ်ခင်ခင်ထွေး - 0973062216
- ဦးမျိုးမြင့်လွင် - 0931851616
- ဒေါ်ဖြူဖြူအောင် - 09976455074 တို့ထံ ဆက်သွယ်၍ လည်းကောင်း၊ လှူဒါန်းနိုင်ပါတယ်။

အကူအညီ လိုအပ်နေသော လူနာများကိုလည်း
ကျွန်တော်တို့ ဆည်းဆာဂေဟာမှာ လာရောက်တည်းခိုနေထိုင်ပြီး ဆေးဝါး ကုသနိုင်ဖို့ မေတ္တာပေါင်းကူး လုပ်ပေးကြပါခင်ဗျာ။
ဆည်းဆာဂေဟာသို့ လာရောက်လေ့လာရန်အတွက် လမ်းညွန်ကတော့ ၁၇၇/၉၉/၈၂/၁၂၄ ကားများစီး၍ ရွှေပြည်သာမြို့၊ မြို့မရဲစခန်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံ အနီးက တော်ဝင်မှတ်တိုင်မှာဆင်းပါ။ ဂေဟာရှိ လူနာများထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းလေ့လာနိုင်သော ဖုန်းများမှာ - 0931079150 နှင့် 09250680883 ဖြစ်ပါတယ်။

ဆည်းဆာရောင်ခြည် - ဆည်းဆာရောင်ခြည် HIV ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့

https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gifကင်ဆာရောဂါကုသဆေးက ငုပ်လျှိုးနေသော HIV ဗိုင်းရပ်စ်များကို ထွက်ပေါ်လာစေနိုင်

ကင်ဆာရောဂါကုသဆေးများကို သုံးစွဲခြင်းဖြင့် ခန္ဓာကိုယ်ထဲတွင်HIVဗိုင်းရပ်စ်များ ငုပ်လျှိုးပုန်းအောင်းနေသော နေရာများမှ ယင်းဗိုင်းရပ်စ်ပိုးများကို ထွက်ပေါ်လာစေနိုင်ကြောင်း သုတေသနပြုချက်များ က ဖော်ပြသည်။

HIV ဗိုင်းရပ်စ်ကုသမှုအတွက် အရေးပါသော ART ဆေးမှာ သွေးကြောများထဲရှိ HIV ဗိုင်းရပ်စ်များကို သေဆုံးစေနိုင်သော်လည်း ယင်းဗိုင်းရပ်စ်များငုပ်လျှိုးပုန်းအောင်းနေသော နေရာများမှ ဗိုင်းရပ်စ်များအပေါ် ထိခိုက်စေနိုင်ခြင်းမရှိကြောင်း သိရသည်။
PLoS Pathogens ဆေးပညာဂျာနယ်တွင် ဖော်ပြထားသော ယင်းလေ့လာမှု၌ ကင်ဆာရောဂါကုသဆေးသည် ငုပ်လျှိုးပုန်း အောင်းနေသော HIV ဗိုင်းရပ်စ်များကို ပြန်လည်နိုးကြားအောင် လုပ်ဆောင်ရာတွင် အာနိသင် ထက်မြက်ကြောင်း ပြသထားသည်။

ယင်းလေ့လာတွေ့ရှိချက်များမှာ စိတ်ဝင်စားစရာကောင်း သော်လည်း ယင်းဆေးကို လူနာများအတွက် သုံးစွဲရန် ဘေးကင်းစိတ်ချရသလားဆိုသည်ကို သိရှိရန် အရေးကြီးသည်ဟု ပညာရှင်များက ပြောသည်။
ငုပ်လျှိုးပုန်းအောင်းနေသော HIV ဗိုင်းရပ်စ်များ၏စွမ်းအားကို မစ္စစ္စပီပြည်နယ်မှ ကလေးမွေးဖွားမှုတစ်ခု၌ လက်တွေ့သိရှိခဲ့ရ သည်။ ယင်းကလေးငယ်မွေးဖွားချိန်က ART ဆေးများ ၎င်းကို တိုက် ကျွေးခဲ့သည်။ ယင်းဆေးဝါးများဖြင့် ကုသမှုကို ရပ်ဆိုင်းလိုက်ပြီး နောက် ၂ နှစ်ခန့်အကြာတွင် ၎င်းသည် HIV ဗိုင်းရပ်စ်ကင်းစင်ပုံရသော် လည်း နောက်ပိုင်း၌ HIV ဗိုင်းရပ်စ်ရှိနေကြောင်း တွေ့ရှိခဲ့သည်။

နှိုးဆွသတ်ဖြတ်နည်းဟုခေါ်သောနည်းစနစ်မှာ HIV ဗိုင်းရပ်စ်ကိုကုသရာတွင် အဓိကကျသောနည်းဟု ထင်မှတ်ရပြီး ART ဆေးက  ဗိုင်းရပ်စ်ကို သတ်ဖြတ်နိုင်ရန် အသက်မဝင်သေးသော ဗိုင်းရပ်စ်များ ကို နှိုးဆွပေးသော နည်းဖြစ်သည်။
UC Davis ဆေးကျောင်းမှ သုတေသီအဖွဲ့က နေရောင်ကြောင့် ပျက်စီးသွားသော အရေပြား၌ ဖြစ်ပွားသည့် ကင်ဆာရောဂါကို ကုသရာတွင် အသုံးပြုသော ဆေး၌ ပါဝင်သော ဆေးတစ်မျိုးဖြစ်သည့်PEP005 ကို လေ့လာခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့က ယင်းဆေးကို ဓာတ်ခွဲခန်းတွင် ဖန်တီးထားသောဆဲလ် များနှင့် HIV ဗိုင်းရပ်စ်ရှိနေသူများထံမှ ကိုယ်ခံအားစနစ်များကိုယူ၍ စမ်းသပ်ခဲ့ကြသည်။ PEP005 ဆေးသည် အသက်အဝင်ဘဲ ငုပ်လျှိုးပုန်းအောင်းနေသော HIV ဗိုင်းရပ်စ်များကို ပြန်လည်နှိုးဆွရာတွင် အာနိသင်မြင့်မားကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။
သို့သော် ယင်းဆေးကို HIV ရှိနေသော လူများနှင့် တိုက်ရိုက် စမ်းသပ်မှု မပြုလုပ်ရသေးပေ။

—Ref: BBC
7 Day Daily - ကင်ဆာရောဂါကုသဆေးက ငုပ်လျှိုးနေသော HIV ဗိုင်းရပ်စ်များကို ထွက်ပေါ်လာစေနိုင်

No comments: