Friday, September 12, 2014

ပညာရေး၊ ကျန်းမာရေး အဓိကထား လှူဒါန်းနေတဲ့ One More ပရဟိတအဖွဲ့ရဲ့ (၃) နှစ်ပြည့် အခမ်းအနား ကျင်းပ



ပညာရေးနဲ့ ကျန်းမာရေး အကူအညီလိုအပ်နေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ HIV ဝေဒနာခံစားနေရတဲ့ လူနာတွေ၊ သဘာဝ ဘေးအန္တရာယ်သင့် ပြည်သူတွေ၊ ရေဘေး၊ မီးဘေးသင့် ဒုက္ခသည်တွေစတဲ့ ပြည်သူတွေကို လှူဒါန်းနေတဲ့ One More ပရဟိတအဖွဲ့ဟာ ယခုဆိုရင် (၃) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒီ (၃) နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာ (၆) ရက် မွန်းလွဲ (၂) နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားကို စာရေးဆရာ မောင်သာချို၊ ကာတွန်းအော်ပီကျယ်၊ စာရေးဆရာ မဂျူးတို့အပြင် တခြားနာမည်ကျော် စာပေစာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံ တစ်ဝန်းမှာရှိတဲ့ One Moreအဖွဲ့က အလှူရှင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ (၃) နှစ်ပြည့် အခမ်းအနားနဲ့ အတူ One More ပရဟိတအဖွဲ့ရဲ့ တွေ့ဆုံရတဲ့ ရည်ရွယ်ချက်က နယ်မှာရှိတဲ့ အလှူရှင်တွေနဲ့ ရန်ကုန်မှာရှိတဲ့ အလှူရှင်တွေ ရင်းနှီးမှုရရှိပြီး ပရဟိတ လုပ်ငန်းကို ပိုမိုလုပ်ဆောင်နိုင်ဖို့ ကျင်းပခဲ့တာလို့ OneMoreအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
One More ပရဟိတအဖွဲ့က ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၉၆) ကျောင်း၊ မိဘမဲ့ဂေဟာနဲ့ ပရဟိတကျောင်း (၃၀) ကျောင်း၊ အခမဲ့ဆေးခန်းကို (၂၄) ကြိမ်၊ ရေဘေးနဲ့မီးဘေး (၁၅) ကြိမ်၊ သီလရှင်သင်ပညာရေးကျောင်း (၉) ကျောင်း၊ ရေရရှိရေး (၉) ကြိမ်၊ ဒုက္ခသည်စခန်းကို (၉) ကြိမ်၊ စာကြည့်တိုက်တွေကို (၇) ကြိမ် လှူဒါန်းခဲ့ပြီးပြီ ဖြစ်တယ်လို့ အဲ့ဒီ(၃) နှစ်ပြည့် အခမ်းအနားမှ သိရပါတယ်။

လူတစ်ဦးကို ကျပ်တစ်ထောင်နဲ့ရတဲ့ အလှူငွေတစ်ပြားတစ်ချပ်မှ မကျန်အောင် လှူမယ်ဆိုတဲ့ ပရဟိတအဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့အတူ စတင်တည်ထောင်တဲ့ (၂၀၁၂) သြဂုတ်လမှာဆိုရင် ရရှိတဲ့ အလှူငွေ (၁၀) သိန်းနီးပါးသာရှိပြီး ယခုလို (၃) နှစ်ပြည့်တဲ့ အချိန်မှာ One Moreအဖွဲ့ဟာ (၃၆) ကြိမ် လှူဒါန်းနိုင်ခဲ့ပြီး အလှူရှင် (၄၅၀၁၉၆) ဦးမှ စုစုပေါင်း အလှူငွေကျပ်သိန်းပေါင်း(၄၅၀၀)ကျော်ကို နိုင်ငံတစ်ဝန်းရှိ နေရာ (၁၉၉) နေရာကို ခွဲဝေလှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါသည်။
Up to Date - ပညာရေး၊ ကျန်းမာရေး အဓိကထား လှူဒါန်းနေတဲ့ One More ပရဟိတအဖွဲ့ရဲ့ (၃) နှစ်ပြည့် အခမ်းအနား ကျင်းပ 

ဘိုထိုင်အိမ်သာ အသုံးပြုလျှင် ယောက်ကျားလေးများ ကာလသားရောဂါ ကူးစက်နိုင်၍ မိန်းကလေးများ ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်

 အများသုံး ဘိုထိုင်အိမ်သာများသုံးရာတွင် ကျန်းမာရေး သတိပေါ့ဆမှုကြောင့် ကူးစက်မြန်ရောဂါများ ဖြစ်သည့် အရေပြားရောဂါ၊ ကာလသားရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ များကူးစက်မှု လွယ်ကူနိုင် ကြောင်း ဆရာဝန်ကြီးများက ပြောကြား လိုက်သည်။
ယင်းကဲ့သို့ ဘိုထိုင်အိမ်သာများ မသန့်ရှင်းခြင်းအားဖြင့် ကူးစက်ရောဂါများဖြစ်သော ကာလ ဝမ်းပျက်ရောဂါ၊ လူ့ခန္ဓာကိုယ်မှ ထွက်သောအရည်များမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ၊ ဘီပိုး၊ စီပိုး၊ အရေပြားရောဂါ များနှင့် ယင်း အိမ်သာရေများမှတစ်ဆင့် ကူးစက် နိုင်သည်ဟု သိရသည်။

''တော်ရုံတန်ရုံ ဒီက ရောဂါ ကူးနိုင်တယ်ဆိုတာ သိတာပဲ။ ဒါ ပေမဲ့ ဂရုမစိုက်ကြဘူး။ ခုက နေရာ တကာ ဘိုထိုင်ဖြစ်နေပြီ။ အများ သုံးအိမ်သာတွေဆို ပိုဆိုးတယ်။ ဂျပန်နိုင်ငံတွေက ဘိုထိုင်တွေမှာ ဆို တစ်ခါသုံးဆီ စိမ်စက္ကူတွေ သုံး ကြတယ်''ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဝင်းထွဋ်က ပြောသည်။

အဆိုပါ အများဘိုထိုင်များကို သန့်ရှင်းမှုများ ပြုလုပ်ပေးပါသော်လည်း ရောဂါကူးစက်မှုများမှာ မြန်သည်နှင့် နည်းသည်လောက် သာရှိသည်ဟုသိရပြီး ယင်းကတစ် ဆင့် ကာလသားရောဂါပါ ကူးစက် နိုင်သည်ဟု လည်း သိရသည်။
''အမျိုးသားတွေက ကာလ သားရောဂါ ကူးစက်နိုင်တယ်။ မိန်းကလေးတွေကျတော့လဲ ဆီး လမ်းကြောင်းမှာ ပိုးဝင်နိုင်တယ်။ အဲဒီဆီးလမ်းကြောင်းသာမက ဗက်တီးရီးယားပိုးမွှားတွေရှိတယ် ဆိုတာနဲ့ ကူးစက်နိုင်တာပဲ။ ဆေး ရုံ၊ ဆေးခန်းတွေမှာကျတော့ သူတို့ က ကျန်းမာရေးမကောင်းတဲ့လူ နာတွေအတွက် သီးသန့်အနေနဲ့ လုပ်ပေးထားတယ် ဆိုတာလဲ ပိုးသတ်ဆေးသုံးကြတာပဲ။ အများ သုံးအိမ်သာတွေမှာတော့ အမြဲတမ်းပြု လုပ်နိုင်မှာမဟုတ်ဘူး။ ဖြစ် နိုင်ရင် မြန်မာအိမ်သာတွေကိုပဲ အသုံးပြုစေချင်တယ်''ဟု သွားရောဂါကု ဒေါက်တာ စိုးထွန်းက ပြောသည်။

''ခုက ဘိုထိုင်တွေပဲ အသုံးများကြတာလေ။ ရောဂါကူးစက် မြန်တယ်ဆိုတာကိုတော့ သိကြတာပဲ။ ဘယ် တတ်နိုင်ပါ့မလဲ။ တစ်သျှူးနဲ့သုတ်ပြီး ထိုင်ဖြစ်တယ်။ အိမ်သာထဲမှာ ဘယ်လောက်ပဲ ဆေးဖျန်းထားပါစေ လူ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မှာလဲ။ ဈေးဝယ်စင်တာတွေမှာဆို ပိုဆိုးတာပေါ့'' ဟု တောင် ဒဂုံ ရပ်ကွက်နေ မနုက ပြောသည်။
လူအများစုသည် ဘိုထိုင် အိမ်သာများနှင့်ပတ်သက်၍ ကျန်းမာရေးအရ ရောဂါကူးစက်မှု မြန်ကြောင်းကို သိသော်လည်း ကျန်းမာ ရေးအရ စိုးရိမ်မှုမရှိစွာဖြင့် အ သုံးပြုလျက်ရှိကြောင်း သိရသည်။

အကယ်၍ အများသုံးဘို ထိုင်အိမ်သာများ အသုံးပြုမည်ဆိုလျှင် မသုံးမီ ထိုင်မည့်ကာဗာ နှင့်အိမ်သာ တွင်းကို ရေများဖြင့် ဆေးပေးခြင်းနှင့် တစ်သျှူးစများကို ဖြန့်ခင်း၍ထိုင်ခြင်းပြုလုပ်ပြီးမှ အသုံးပြုသင့်သည်ဟု သိရသည်။


No comments: