Friday, September 12, 2014

ကာလသား အိပ်မက်ကို ဘယ်လို ရပ်တန့်မလဲ




 ကာလသား အိပ်မက်ဆိုတာ လူပျိုဖော်ဝင်စ ကောင်လေးတွေဟာ အိပ်ပျော်နေစဉ်တွင်း မသိဘဲ သုတ်လွှတ်တာကို ဆိုလိုပါတယ်။

ကာလသား အိပ်မက်ဆိုသည်မှာ
လူပျိုဖော်ဝင်စအရွယ်မှာ လိင်အင်္ဂါကို အဝတ်အစား၊ ဒါမှမဟုတ် အိပ်စက်တဲ့ အနေအထားစတာတွေနဲ့ လှုံ့ဆော်မှုရှိတဲ့အခါ အိပ်ပျော်နေစဉ်မှာပဲ အလိုလို သုက်လွှတ်တတ်ပါတယ်။ ဒါက လင်အင်္ဂါကို လှုံ့ဆော်မှု မရှိဘဲလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ဘာသာတရားကိုးကွယ်တာနဲ့ မဆိုင်သလို ယဉ်ကျေးမှု မရှိတာလည်း မဟုတ်ပါဘူး။ သင်က ပုံမှန်လိင်ဆက်ဆံမှု မရှိရင် ဆီးကျိတ်ကနေ သုက်ရည်အပိုတွေ ထွက်လာပြီး လိင်အင်္ဂါတင်းလာတဲ့အတွက် ကာလသား အိပ်မက် ပိုဖြစ်လွယ်စေပါတယ်။


ဘယ်အချိန်ဖြစ်တတ်သလဲ
လူပျိုဖော်ဝင်ချိန်အတွင်း ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် ဆယ်ကေကျာ်သက်အရွယ်မှာ ကာလသား အိပ်မက် ပိုမက်လွယ်ပါတယ်။ အများအားဖြင့် အိပ်ပျော်နေချိန်မှာ ဖြစ်တတ်ပါတယ်။


အမျိုးသား ၈၀ ရာခိုင်နှုန်းကျော်ဟာ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တော့ ကာလသားအိပ်မက်မက်တတ်ကြပါတယ်။ တချို့က လူပျိုဖော်ဝင်ချိန်မှာ ဖြစ်တတ်ပေမယ့် တချို့က အရွယ်ရောက်တဲ့အထိ ဆက်လက်ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ကာလသား အိပ်မက်ကြောင့် အယူအဆ အမှားများ
ကာလသား အိပ်မက်မက်တာက ရုပ်ပိုင်း ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပုံမမှန်ဖြစ်တဲ့ လက္ခဏာ တစ်ရပ်ဆိုပြီး တချို့က ထင်မြင်ကြပါတယ်။ ဒါက အယူအဆ အမှားပါ။ တကယ်တော့ သင့်မျိုးပွားစနစ် ပုံမှန်အလုပ်လုပ်နေတယ်ဆိုတဲ့ သဘာဝ လက္ခဏာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါက ပြဿနာ မဟုတ်သလို ရှက်စရာလည်း မဟုတ်ပါဘူး။


လွန်ခဲ့တဲ့ နှစ် ၂၀၀-၃၀၀ အကြာက ကာလသား အိပ်မက်မက်သူတွေကို သုက်ရည် အားနည်းတယ်လို့ ထင်ပြီး ကုသမှု လုပ်သင့်တယ်လို့ ထင်ခဲ့ပါတယ်။ ဒါကလည်း အယူအဆ အမှားပါ။ ဒါက သုတ်ရည်အားနည်းတာ မဟုတ်ပါဘူး။ ကာလသား အိပ်မက် မက်တာက အပြစ်တခု မဟုတ်ပါဘူး။ ခန္ဓာကိုယ်က သဘာဝအတိုင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်ရှိသလို ခံစားနေဖို့ မလိုပါဘူး။ ရှက်စာရာမလိုသလို ကြောက်ရွံ့ဖို့လည်း မလိုပါဘူး။ အိပ်ရာ နိုးတဲ့အခါ လိင်အင်္ဂါကို ဆပ်ပြာနဲ့ ရေသုံးပြီး သန့်ရှင်းရေ လုပ်ပါ။ အိပ်ရာခင်းကို လဲလိုက်ပါ။

ကာလသား အိပ်မက်ရပ်တန့်စေရန် -
 
(၁) အနားယူပါ
တချို့သော အခြေအနေတွေမှာ စိတ်ဖိစီးမှုများတဲ့ အချိန်နဲ့ အပြောင်းအလဲအကြီးအမားတွေ ဖြစ်ချိန်တွေမှာ အပန်းဖြေနေချိန်မှာထက် ကာလသား အိပ်မက်ပိုမက်တတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ အိပ်စက်အနားယူပြီး လေ့ကျင့်ခန်း လုပ်ပါ။ အလုပ်ရှုပ်တဲ့ နေ့ရက်တွေမှာ အချိန်ပေးပြီး အနားယူပါ။ ပျော်ရွှင်ဖွယ်ရာ လုပ်ဆောင်မှုတွေပါတဲ့ ဝါသနာကို မွေးမြူပြီး အပန်းပြေအောင် နေထိုင်ပါ။


(၂) ပက်လက်လှန် အိပ်စက်ပါ
အဝတ်အစားကို သက်သောင့်သက်သာ လျော့တိလျော့ရဲ ဝတ်ဆင်တာနဲ့ ပက်လက်လှန် အိပ်စက်တာကြောင့် အိပ်စက်ချိန်မှာ ကာလသားအိပ်မက် မက်ဖို့ လှုံ့ဆော်မှု နည်းသွားပါတယ်။ အိပ်ရာမဝင်ခင် တရားထိုင်တာ၊ ဘုရားရှိခိုးဆု တောင်းတာစတာတွေ လုပ်ရင်လည်း ကာလသား အိပ်မက်မက်နိုင်ခြေ လျော့ကျသွားပါတယ်။


(၃) ပူစပ်သော အစားအသောက်များရှောင်ပါ
ငရုတ်သီးစိမ်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ပါတဲ့ ပူစပ်တဲ့ အစာတွေကို ရှောင်သင့်ပါတယ်။ တစ်နေ့မှာ အစားနည်းနည်းနဲ့ မကြာခဏစားတာ၊ ရေဓာတ်ပြည့်ဝအောင် ကြိုးစားတာ၊ အိမ်သာမကြာခဏသွားတာနဲ့ လေ့ကျင့်ခန်း လုပ်တာတို့ကြောင့် စိတ်တင်းအားကို သက်သာပြေလျော့ စေပါတယ်။


(၄) လှုံ့ဆော်တတ်သော အရာများရှောင်ပါ
ညစ်ညမ်းဓာတ်ပုံတွေ၊ အပြာဇာတ်ကားတွေနဲ့ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်တတ်တဲ့ အရာတွေ၊ အတွေးတွေကို တတ်နိုင်သမျှ ဆင်ခြင်သင့်ပါတယ်။


(၅) ယောဂကျင့်ပါ
ယောဂကျင့်တာကြောင့် စိတ်ဖိစီှးု ပြေလျော့ကာ စိတ်သက်သာရာရပြီး အပန်းပြေ အနားရစေပါတယ်။


(၆) အိမ်ထောင်သည်ဆိုလျှင် တစ်လင်တစ်မယား စနစ်ကျင့်သုံးပါ
သင်က အိမ်ထောင်သည်ဆိုရင် သင့်အိမ်ထောင်ဖက်နဲ့ တစ်လင်တစ်မယား စနစ်ကျင့်သုံးပြီး စိတ်ဆန္ဒပြည့်ဝအောင် နေထိုင်ပါ။ ဒါ့အပြင် ကာလသား အိပ်မက် မက်တတ်ရင် ပြောပြထားပါက စိတ်သက်သာရာ ရစေမှာ ဖြစ်ပါတယ်။


ကေအမ်

No comments: