ဂျီဂျီ့ကိုတွေ့လား။ ဟောဟို စာသင်ခန်းရဲ့ နောက်ဆုံးမှာလေ။
အဲဒါ ဂျီဂျီပေါ့။ ဂျီဂျီဟာ အမြဲတမ်းမှုန်ကုပ်ကုပ် မျက်နှာပေးနဲ့ပါ။ စိတ်ရှုပ် စိတ်အိုက်နေတဲ့
မျက်နှာမျိုးလေ။ အဲဒါ ၇ နှစ်သား ဂျီဂျီ ဖြစ်ပါတယ်။
အမှန်တော့ ဂျီဂျီဟာ ဖော်ရွေပါတယ်။ သူ့မှာ သူငယ်ချင်းတွေလည်း
အများကြီးရှိတယ်။မှုန်ကုပ်ကုပ် ဖြစ်နေတာကတော့ သူ့ထုံးစံပဲ။ မသိရင် တစ်ယောက်ယောက်ကိုစိတ်ကောက်
အလိုမကျဖြစ်နေ သလားတောင်ထင်ရတယ။် သူ စိတ်ကောက်နေတာ မဟုတ်ပါ။ ဝေခွဲမရ ဖြစ်နေခြင်းသာ
ဖြစ်ပါတယ်။
သူ့အတွက် ဝေရခွဲရ လွယ်ကူတာဆိုလို့ သူ့အမေ အိမ်က ထည့်ပေးလိုက်တဲ့
နှစ်ချပ်ပူး ပေါင်မုန့်ထောပတ်သုပ်ပဲ။ ခွဲချင် ဝေချင်ရင် နှစ်ခြမ်းခွာလိုက်ရုံပဲလေ။
အလယ်မှာ ထောပတ် နဲ့ သကြားနဲ့ပေါ့။ သိပ်အရသာရှိတာပဲ။ ဂျီဂျီဝေခွဲလို့ မရတာက အဲဒီ ပေါင်မုန့်
ထောပတ်သုပ်ကို ဘာဖြစ်လို့ နေ့တိုင်း စားနေရတာလဲဆိုတာပါပဲ။ ဂျီဂျီ့မှာ မုန့်ဖိုး မရှိပါ။
အပြင် အစားအစာတွေ ဝယ်စားမှာစိုးလို့ သူ့အိမ်က မုန့်ဖိုး မပေးဘူးတဲ့။
မိဘ ဆိုတော့လည်း စိတ်ပူတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ဂျီဂျီဟာလည်း
သူများတွေလို ဆီးထုပ်တွေ၊နေကြာစေ့ တွေ၊ မြေပဲလှော် တွေ သိပ်စားချင်တာပေါ့။ ဒီတော့ ဂျီဂျီ
ဘာလုပ်သလဲ။ ပေါင်မုန့် ထောပတ်သုတ်အစုတ်ပလုတ်ကို ဆီးယိုနဲ့ လဲစားတယ။် အိမ်က ထည့်ပေးတဲ့
နွားနို့ကို ကျောက်ကျောရည်နဲ့ လဲသောက်တယ။် ဒါ ဂျီဂျီ့ရဲ့ ဥာဏ်မီသလောက် ဖြေရှင်း နည်းတွေပေါ့။
သူ့ သူငယ်ချင်း တွေကလည်း ဆီးထုပ်နဲ့ပေါင်မုန့်ကို လဲစားရလို့ သိပ် သဘောကျတယ်လေ။ ဒါပေမယ့်
ဂျီဂျီ ဥာဏ်မမီတာတွေက ပြောရရင် အများကြီးပါပဲ။
အတန်းထဲမှာ ဂျီဂျီဟာ ခဏခဏ ရိုက်ခံထိတယ်။ စကားများလို့တဲ့။
ဟုတ်တော့လည်းဟုတ်တယ်။ ဂျီဂျီဟာ သိပ် စကားများတယ်။ သူ့မှာ သိချင်တာတွေလည်း အများကြီးပဲ။
အထူးသဖြင့်ဖတ်စာအုပ်ထဲက စာတွေကို ဘာကြောင့် မှတ်စုစာအုပ်ထဲ ပြန်ကူးရေးနေရတာလဲ၊ ဘာကြောင့်
‘ကျွန်ုပ်၏အကြောင်း ’ စာစီစာကုံး ရေးရင်း အတန်းသားအားလုံးရဲ့ မိဘတွေ နာမည်က ဦးမြ န့
ဲ ဒေါ်လှ ဖြစ်နေရတာလဲ။
ပထဝီဝင် လတ္တီတွဒ်၊ လောင်ဂျီတွဒ်မျဥ်းတွေကို ဘာကြောင့်
အလွတ်ကျက်နေရတာလဲ စသည်ြဖင့်အများကြီးပေါ့။ ဖတ်စာအုပ်ထဲက စာတွေကို မှတ်စုထဲ ပြန်ရေးခိုင်းတဲ့
အချိန်ကျရင် ဂျီဂျီဟာ သူ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားတွေ ပြောနေတော့တာပဲ။ အဲဒီတော့
အရိုက်ခံရရော။ သူတို့ ဆရာမဟာကြိမ်လုံးကို နှစ်လုံး ပူးပြီး သားရေကွင်း နဲ့ ပေါင်းချည်ထားတယ်။တစ်ခါတလေဆို
ကြိမ်လုံးတွေ အများကြီးဝယ၊် အတန်းထဲမှာကို ထိုင်ပြီး အကျအန ရွေးတယ်။ စိတ်တိုင်းကျတဲ့
အလုံးရပြီ ဆိုမှ စိတ်ရှည်လက်ရှည်နဲ့ လှလှပပလေး သားရေပင်နဲ့ စည်းနေတော့တာ။ တောလိုက်ထွက်မယ့်
မုဆိုး ဓားသွေးတာ ကျနေတာပဲ။
ကြိမ်လုံးစာ မြိပီ ဆိုကာမှဖြင့် ဂျီဂျီ ခြေသလုးံဟာ သွေးတောင်
စို့တယ။် ဂျီဂျီဟာ စာမညံ့ပါဘူး။ စာတွေမရေးလည်း ဖတ်စာအုပ်ထဲကနေ သူ ကျက်လို့ရ တာပဲ။ စာမေးပွဲမှာလည်း
အဆင့် ကောင်းကောင်း ရတယ။် ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲ ကောင်းကောင်း အောင်ဖို့က
အဓိက မဟုတ်လား။ နောက်ပြီးအတန်းထဲမှာ စကားပြောမိတာဟာ ခြေသလုးံ သွေးထွက်အောင် ရိုက်ရလောက်တဲ့အထိ
အပြစ်ကြီးသလား။
ဂျီဂျီ ဆရာမကို သိပ်မေးကြည့်ချင်တယ်။ ဒါပေမယ့် ‘နားမလည်ရင်
မေး’
ဆိုလို့ မေးမိရင်တောင် ‘ငါသင်တုန်းက နားမထောင်ထား ဘူးလား’
ဆိုပြီး ခေါင်းခေါက်တဲ့ ဆရာမကြီးကို ‘သားကို ဒီလောက်အထိရိုက်စရာ လိုအပ်လို့လား’
လို့ ဂျီဂျီ ဘယ်လို မေးမလဲနော်။ ဒါ ဂျီဂျီ ဥာဏ်မမီတဲ့ ကျောင်းက ကိစ္စပေါ့။
အိမ်မှာလည်း ဂျီဂျီဟာ သိပ် အဆင်ပြေကြီးတော့ မဟုတ်ဘူး။ သူ့
အမေဟာ သူ့ကိုတစ်ချိန်လုံးစာပဲ ထိုင်လုပ်ခိုင်းတယ်။ နွေကျောင်းပိတ် ရင်တောင် ကောင်း
ကောင်း မနားရဘူး။ အဆိုးဆုံးက ကျက်ထားတဲ့စာတွေကို သူ့အမေဆီမှာ အလွတ် ပြန်ပြန် ဆိုရတာပ။ဲ
ဂျီဂျီဟာ စာကျက်ပြီး ရင် ဘယ်တော့မှလွယ်လွယ်မမေ့တတ်ဘူး။ အဲဒါသူ့ဘာသာယုံတယ်။ ချရေးဆိုအကုန်ပြန်ချရေး
နိုင်တယ်။ စာမေးပွဲမှာ လည်း ချရေးရတာပဲ မဟုတ်လား။ ဘာလို့ အချိန်ကုန်ခံပြီး စာပြန်နေမှာလဲ။
စာပြန်ရမယ့် အချိန်မှာ ဆော့ပစ်စမ်း ပေါ့။ ဂျီဂျီ့အမေက တော့ သူစာကျက်ပြီးသားဆိုတာကို
မယုံလို့ ပြန်ဆိုခိုင်းရတာ ဆိုပြီး ဆင်ခြေပေးတာပဲ။ ကဲ တကယ်မကျက်ထားဘူး ဆိုလည်း ဘာဖြစ်
သေးလဲ။ စာမေးပွဲကျရင် ဂျီဂျီပဲ အရှက်ကွဲမှာ မဟုတ်ဘူးလား။ ဒါ ဂျီဂျီရဲ့ပြဿနာပဲ မဟုတ်လား။
ဂျီဂျီ အတန်းထဲမှာ အဆင့်နိမ့်တော့ရော အမေတို့က ဂျီဂျီ့ကိုမချစ်ကြတော့ဘူးလား။ ထမင်း
မခွံ့ကျွေးတော့ဘူးလား။ အမြဲတမ်းကြီးလည်း အဆင့် ကောင်း ကောင်းမလိုချင်ပါဘူး ။ အဆင့်ကောင်းကောင်း
မကောင်းကောင်း စာမေးပွဲအောင်ရင် နောက်တစ်တန်းတက်ရမှာပဲ မဟုတ်ဘူးလား။ အဆင့် တစ် ရတော့
ရော ရွှေရောင် သံဆွဲပြားကြီးနဲ့ စာအုပ်တစ်ဒါဇင် အထုပ်ကြီးပဲ ရတာမဟုတ်လား။
အဲဒီ စာအုပ်ထုပ်ကြီးကိုလည်း ဂျီဂျီ အတန်းထဲမှာ စကားများလို့
ဆိုပြီး ဂျီဂျီ့အဖေပဲ နံရံကို ပစ်ပေါက်ဆုတ်ဖြဲခဲ့တာပဲ မဟုတ်ဘူးလား။ ဂျီဂျီအလိုချင်ဆုံး
ဆုက အရုပ်တွေပဲ။ ဂျီဂျီဟာ သိပ်အဆော့ မက်သူပါ။
ဒါပေမယ့် ဆောရတဲ့အချိန် ဂျီဂျီမှာ သိပ်ရှားတယ်။ ဘာလို့
ဂျီဂျီကိုယ်တိုင်တောင် မလိုချင်တဲ့ ‘စာအတော်ဆုံးကျောင်းသား’
ဘဝကို ဂျီဂျီ့မိဘတွေက ငမ်း ငမ်းတက် မက်မောနေရတာလဲ။ မိဘချင်း ဂုဏ်ပြိုင် ဂုဏ်ရှိချင်တာလား။
စာမှ မတော်ရင် ဂျီဂျီ့ဘဝမှာ အာမခံချက် မရှိတော့ဘူးလား။ အဲဒီ အာမခံချက်ကိုရောဂျီဂျီ့မိဘတွေက
ဂျီဂျီ့ကို မပေးနိုင်ဘူးလား။ ဂျီဂျီ့ဘဝကို ဂျီဂျီဘာသာ တာဝန်ယူနိုင် မယူနိုင် ဂျီဂျီဘယ်သိဦးမလဲ။
ဂျီဂျီ ခေါင်းဟာ တဖြည်း ဖြည်း လေးလာတယ်။ အရွယ်နဲ့ သောက မမျှတော့ဘူး။
ကြာတော့လည်း စဉ်းစား စရာတွေနဲ့ အသားကျသွားတာပဲ။ လေးလာတ့
ဲ ခေါင်းကိုထမ်းပိုးဖို့ ဂျီဂျီ့ အရပ်ကြီးလည်း တဖြည်း ဖြည်း ရှည် လာတယ်လေ။ ဂျီဂျီ့ရဲ့
လူပျိုဘဝဟာ စိမ်းစိုရဲရင့်စွာပဲ ကလေးဘဝ ပန်းအိုးဟောင်းလေးထဲက ထိုးထိုးထောင်ထောင် ထွက်
လာခဲ့တာ ပေါ့။ အခု ဂျီဂျီဟာ အသက် ၁၇ နှစ်ပါ။
လူပျိုပေါက် ဂျီဂျီဟာ အိပ်မက်တွေ အင်နဲ့ အားနဲ့ မက်တော့တာပေါ့။
သူ ခံယူထားတာကလူငယ်ဆိုတာ ခေတ်ရဲ့အိပ်မက်ပဲ။ လူငယ် တွေရဲ့ အိပ်မက်ဟာလည်း ခေတ်နဲ့အပြိုင်
မြစ်လိုစီးဆင်းနေရမယ်ပေါ့။ ဂျီဂျီရဲ့ ခေတ်ဟာ ရေစီးကြောင်း မဟုတ်တော့ဘူး။ လှိုင်းကြမ်း
တဲ့မြစ် ဖြစ်တယ်။
ဂျီဂျီဟာ အဲဒီမြစ်ထဲ စီးဝင်ဖို့ လှိုင်း တဝုန်းဝုန်း ထခဲ့တာပေါ့။
သို့ပေမယ့် ဂျီဂျီရဲ့ မြစ်ဟာ သဲသောင်တွေ၊ကျွန်းတွေ အတွေ့များလာတယ။် ဒီတော့ ရေစီးလည်းပ
ဲ နှေးလာရပြီပေါ့။ အဓိကသောင်ထွန်းနေတာကတော့ သူ့အဖေပါပဲ။ ဂျီဂျီ့အဖေဟာ ရှေးရိုးဆန်တယ်။
ဒေါသ ကြီးတယ။် ခေတ်ကို သိဖို့ ငြင်းဆန်တယ်။
ဂျီဂျီ့ကိုလည်း သူ့လိုပဲ အစဉ်သင့်ဖောက်ပြီးသားလမ်းတွေပေါ်မှာပဲ
အေးအေးလူလူ လျှောက်လှမ်းစေချင်တယ်။ ဂျီဂျီရဲ့ အဖေဟာ ‘အရဲစွန့် ကြိုးစားခြင်း’
နှင့် ‘မိုက်ရူးရဲဆန်ခြင်း’ ကိုအခုထိ စာလုံးပေါင်းမသဲကွဲဘူး။ ဂျီဂျီကတော့  စိတ်လှုပ်ရှားရတာကိုမှ
ကြိုက်တယ်။ ဒါပေမယ့် ဂျီဂျီရဲ့ ကောင်းကင်ဟာ အကန့်အသတ် ရှိတယ်။ ဂျီဂျီပျံချင်တိုင်း
ပျံလို့ မရဘူး။ ကြာတော့ ဂျီဂျီဟာ ကိုယ့်ကိုယ်ကိုယ် ပင်းဂွင်း ငှက်လို့ထင် လာတယ်လေ။
ငှက်တော့ ငှက်ပဲ။ မပျံတတ်ဘူး ။ ဂျီဂျီ တက်ချင်တဲ့ တက္ကသိုလ်ကို ရွေးခွင့် မရလိုက်ဘူး။
ဂျီဂျီ တက်လိုက်ရ တဲ့ တက္ကသိုလ်ကလည်း အကောင်းဆုံးထဲက တစ်ခုပါပဲ။ ဒါပေမယ့် ဂျီဂျီ့အတွက်တော
ငယ်ငယ်က အမေထည့်ပေးတဲ့ ပေါင်မုန့် ထောပတ် သုပ်နဲ့ဘာမှ မကွာဘူး။ ပို ဆိုးတာက ဒီတစ်ခေါက်မှာလဲစားလု့
ိ မရတော့တာပဲ။ ငယ်ငယ်တုန်းက ပြဿနာတွေဟာ ဂျီဂျီ့ အတွက် အခု အချိန်မှာတော့ တစ်မျက်နှာကာတွန်း
လေးတွေ ဖြစ်လာတယ။် တကယ့် ပြဿနာဆိုတာ အခုမှ ချောင်ထဲက သရဲခြောက် သလို ဘွား ခနဲထွက်လာတာကိုး။
ဂျီဂျီ လန့်သွားတယ။် ဂျီဂျီ့အတွက် တက္ကသိုလ်နဲ့ အတူတူ တစ်တွဲတည်း ပါလာတဲ့ သောကကတော့
မိဘချင်း သဘောတူထားပြီးသား သတို့သမီး လောင် ဆိုတာကြီးပါပဲ။ သူမက တက္ကသိုလ်ကိုဂျီဂျီ့ထက
် နှစ်နှစ်စောပြီး ရောက်နှင့် နေသူပါ။ ဂျီဂျီစိတ်ဓာတ်ဟာ မြေကြီးထဲက တီကောင်တစ်ကောင်န့
ဲသူငယ်ချင်း ဖြစ်သွားတယ်။ အချစ်ဆိုတာ ရယ်ဒီမိတ်အစားအစာ လိုများ သဘောထားကုန်ကြပြီလား။
ပေါက်ပေါက်ဆန်လို အပူနည်းနည်း ပေးလိုက်ရုံနဲ့ တဖောက်ဖောက် ပွင့်လာတာမျိုးများလား။
ဂျီဂျီကတော့ ဒီလိုမယုံကြည်ပါ။ ဂျီဂျီ့မှာ ရည်းစား နှစ်ယောက်လောက် ရှိခဲ့ဖူးတယ် ထိုရည်းစား
နှစ်ယောက်လုံးကိုလည်းဂျီဂျီမိဘများက သဘော မတူနိုင်ဟု ဆိုကာ ဂျီဂျီ့အား အဖြတ်ခိုင်းခဲ့ပါတယ်။
ထိုသောအခါလည်း ဂျီဂျီကအတိုက်အခံမရှိ ဖြတ်ပေးခဲ့ပါတယ်။ သူ ကိုယ်တိုင်က တကယ် မချစ်ခဲ့ခြင်းလား။
ဒါမှမဟုတ် အမေတို့နှင့်ဘယ်တော့မှအနိုင်ရအောင် အငြင်းမပွားနိုင်ခဲ့ခြင်းလား။ သိပ် မသေချာခဲ့
ပါ။ သိပ် လည်း မခံစားရခဲ့ဟုထင်ပါတယ်။ သို့သော် မိမိ အိမ်ထောင်ဘက်ကိုတော့ မိမိဘာသာ
ရွေးခွင့်ရလိမ့်မည်ဟု တိတ်တဆိတ် စိတ်ကူး ဖောင်လေး ထိုးထားခဲ့တယ်။ ယခု ထိုဖောင်လေးဟာ
လူကြီးချင်း သဘောတူထားသော ရေတံခွန်ကြီးထဲသို့ အရှိန်ပြင်းစွာ ကျဆုံးသွား ပါပြီ။ အစပင်
ရှာမရတော့။ ထို သူမကို သူမချစ်ပါ။ မချစ်ချင်ပါ။ ဘာကြောင့်ချစ်သင့်သည် ဆိုတာလည်း မသိပါ။
ဘယ်လိုချစ်ရ မည် ဆိုတာလည်း ဂျီဂျီ မသိပါ။ ဂျီဂျီ့မေးခွန်း တွေကိုဘယ်သူမှ မဖြေခဲ့ကြတာ
တော်တော်ကြာပါပြီ။ ဖြေမယ့်သူ မရှိတော့ မေးခွန်းဆိုတာ လည်း အူလည်လည်ရှက်ကိုးရှက်ကန်းကြီး
ဖြစ်လို့ပေါ့။ ဂျီဂျီ သိပါပြီ။ ဂျီဂျီအတွက်အလုပ်သင့်ဆုံးက ဆုပ်ကိုင်ထားသမျှကို
လွှတ်ချလိုက်ဖို့ပါပဲ။ ဂျီဂျီ ကြိုးစားရမှာက မကြိုးစားဖို့ပါပဲ။
ဂျီဂျီ့ စာမျက်နှာတိုင်းဟာ ကွက်လပ်မရှိ။ သူတို့ရေးမှတ်ထားနှင့် ပြီးကြပြီ။ ဂျီဂျီဟာ
ဘယ်တုန်းကမှ ဗလာစာအုပ် တစ်အုပ် မဖြစ်ခဲ့ပါ။ ထိုအစား ရောင်စြုံခယ်စာအုပ်တစ်အုပ်သာ
ဖြစ်ခဲ့ပါတယ။် သူဘာရောင် ခြယ်ြခယ် ခေွး ပု၊ံ ကြောင်ပုံ၊ နေလုံးကြီးပုံ စသည်ြဖင့်ဘောင်ခတ်ထားပြီးသား
ရုပ်ပုံများသာ ဖြစ်လာရမည် မဟုတ်ပါလား။ မလှဘူးလား ဆိုရင်တော့ လှတာပေါ့။ဘောင်ခတ်ပေးထားတော့လည်း
ပိုသပ်ရပ်တာပေါ့။ ‘အဆင်သင့်ပြင်ဆင်တည်ဆောက်ထားပြီးသောအကောင်း ဆုံး အရာများ’ ကို ဂျီဂျီလက်ခံဖ
ို့ သူ့လက်ကိုဖြန့်လိုက်ပါတယ်။ ပုံစံမပေါ်တော့သော အနာဂတ်ယောင်ယောင်၊ ရည်ရွယ်ချက် ယောင်
ယောင် ဖုန်မှုန့်များကို ပြောင်စင်အောင် ခါချလိုက်ပြီး နောက် သူ့လက်ထဲသို့ ရွှေရောင်ဘောလ်ပန
် တစ်ချောင်း ရောက်လာ၏။ လက်ထပ်စာချုပ်တွင် ဂျီဂျီ လက်မှတ်ထိုးပေးလိုက်ပါပြ။ီ ‘ပေးစားခြင်း’
ဆိုတဲ့ စကားဟာ မတော်တဆ ပေါ်လာတာမှ ဟုတ်ရဲ့လား။
အဲဒီနောက်ပိုင်း ဂျီဂျီဟာ အတော် ပေါ့ပါးလာပုံပဲ။ သူ့မျက်နှာဟာ
အမြဲ ပြုံးစေ့စေ့နဲ့။ သူ့မှာ ဘာမှပူစရာ မရှိတော့ဘူးလေ။ စိတ်ပူစရာတွေ မရှိတော့မှာကိုတောင်
စိတ်ပူနေရမယ့် ဘဝမျိုးကို ဂျီဂျီ ရပြီးပြီလေ။သူ့မိဘ ပေးတဲ့အိမ်မှာနေတယ်။ သူ့မိဘ ပေးတဲ့အလုပ်မှာ
ဝင်လုပ် တယ်။ နေ့တိုင်းဟာ အတူတူပဲ။ ဘာမှပြောင်းလဲမှု မရှိ၊ ဘာမှ စိတ်လှုပ်ရှားစရာ မရှိ။
အိမ်ထောင်ရေး ဆိုတာလည်း ဘာမှခက်အခဲ မရှိတော့ သာယာတာပေါ့။ ဂျီဂျီ အိမ်ထောင်ဖက်နဲ့ ဂျီဂျီဟာ
တိုက်ဆိုင် တူညီတာ ဆိုလို့တော့ တစ်စက်လေးမှ ရှိတယ်မထင်နဲ့။ ဂျီဂျီဟာ မှန်တစ်ချပ်ကို
လက်ထပ်ထားတာပါပဲ။ တစ်ထပ်တည်း ကျနေသလိုလိုနဲ့ ဘယ်ညာတစ်သက်လုံး လွဲနေတာလေ။ ဥပမာ သူ မလုပ်
တာတွေဟာ သူမ လုပ်တာတွေပေါ့။ သူ မကြိုက်တာဟာသမူ ကြိုက်တဲ့ အရာတွေပေါ။ သူ မမုန်းတာဟာ
သူမ မုန်းတီးတာ တွေပဲပေါ့။
ဒါပေမယ့် သူတို့လင်မယားဘယ်တုန်းကမှ ကတောက်ကဆတ် မဖြစ်ခဲ့ဘူး။ဘာလို့လဲဆိုတော့
ဂျီဂျီဟာ ဘယ်တုန်းကမှ ဘယ်အရာကိုမှ ပြဿနာလို့ မယူဆခဲ့တော့လို့ပဲ။ သူ့ မိန်းမဘာလုပ်လုပ်၊
ဘာပြောပြော ဂျီဂျီက ကြည့်နေတာ များပါတယ်။ တချို့က မေးတယ်။ ဦး ဂျီဂျီကြီးကသူ့မိန်းမကို
သိပ်ချစ်တာပဲ နော်တဲ့။ အဲဒီအခါမျိုး ကျရင်တော့ ဂျီဂျီဟာ သူ နားမလည်တဲ့ ဘာသာစကားတစ်ခုနဲ့အမေးခံရ
သလို ကြောင်အမ်းအမ်းနဲ့ မေးတဲ့သူကို ပြန်ကြည့်နေခဲ့တာပါပဲ။ ဂျီဂျီကို မေးတဲ့ လူတေ
ွဆိုတာလည်း တခြား မဟုတ်ပါဘူး။ ဂျီဂျီရဲ့ သားနဲ့ သမီးတို့ရဲ့ သူငယ်ချင်းလေးတွေပေါ့။
သူ့ကို ဦးဂျီဂျီတဲ့။
ဟုတ်တာပေါ့ သူ့အသက်ကပဲ ၅၀ ကို တော်တော်ကျော်နေပြီ။ သူ့မိဘ
တွေ ဆုံးသွားတ့ဲ အသက်အပိုင်းအခြားရောက်ဖို့ကို လည်း သိပ်မလိုတော့ဘူး။ ဂျီဂျီ့မိဘတွေ
ဆုံးသွားတော့  ဂျီဂျီ အင်မတန် ထူးခြားတ့ဲ ခံစားချက်ကိုဖျတ်ခနဲ ရခဲ့တယ်။ လျှပ်စစ်ကုလားထိုင်မှာ
ထိုင်နေရတုန်း မီးပျက်သွားတာနဲ့ ကြုံရတဲ့ လူတစ်ယောက်ခံစားချက်မျိုးပဲ။ အရာအားလုံး
အမှောင်ချထားနှင့်ပြီး လျှပ်စီးလက်သလို ဖျက်ခနဲ အလင်း ပွင့်ပြီး ချက်ချင်းပြန်အမှောင်ကျ။
သူ့ လက်မှာ မျှော်လင့်ချက် ဖုန်မှုန့် တစ်မှုန် တလေများ ကျန်ဦးမလားလို့ ဂျီဂျီ လက်ြဖန့်ကြည့်တယ။်
အရေပြားတွေ တွန့်နေတာတော့ အထင်အရှားပ။ဲ ပြီးမှ တာဝန်ကျေ သူငိုလိုက်တယ်။အရှုံးပေးပြီး
လက်မြှောက် ထားရတာ သိပ်ကြာခဲ့ပြီလေ။ အခု သူ့ လက်အံ သေသွားပြီ။ ဂျီဂျီ့သားနဲ့သမီးကလည်း
လိမ္မာကြပါတယ။် မိဘ စကား နားထောင်တယ်။ အထူးသဖြင့် သူတို့ အမေစကား ပေါ့။
ဂျီဂျီကတော့ ထူးထူးခြားခြား ပြောဆို ဆုံးမတာ မရှိသလောက်
ပါပဲ။ ဂျီဂျီ့ကလေးတွေ ငယ်ငယ်တုန်းကစာကျက်ပြီး ရင် သူတို့ အမေ ဆီမှာ စာလာလာ ပြန်ြကတယ်။
အဲဒီအခါမျိုး ကျရင်တော့  ဂျီဂျီဟာညဥ့်ကြီးသန်းခေါင်ပဲ ဖြစ်ဖြစ် ခြံထဲမှာ မြက်ရိတ်စက်
တစ်လုံးနဲ့ မြက် တွေရိတ်နေတော့တာပါပ။ဲ ဒါမှမဟုတ်ရင်လည်း ရေချိုးခန်းထဲ ဝင်ပြီး မုတ်ဆိတ်ရိတ်ရင်
ရိတ်နေတတ်တယ်။ ဒါပေမယ့် ဒီ နောက်ပိုင်းနှစ် တွေမှာ ဂျီဂျီမုတ်ဆိတ် ရိတ်တိုင်း မှန်ထဲက
သူ့အရိပ်က ‘သွေးကြောင်တဲ့ ဂျီဂျီ’ လို့ တစ်ချက်တစ်ချက် လှမ်းခေါ်နေတာ ခက်တယ်။
အဲဒါနဲ့ပဲ ဂျီဂျီဟာ မှတ်ဆိတ်ထူလပျစ်နဲ့ ဖြစ်လာတယ်။ ကလေးတွေကတော
့ သူ့ကိုဆံပင်ပြောင်းပြန် ပေါက်နေပြီဆိုပြီး နောက်ြက တယ။် သူ့မှာ ဆံပင်ရယ်လို့ သိပ်မရှိတော့တာကိုး။
ပြီး တော့ ဂျီဂျီဟာ နှေးလာတယ်။ ဂျီဂျီဟာ လေးလာတယ်။ ဂျီဂျီ အမှိုက်မျိုးစုံ ပိတ်လှောင်ကျပ်ခဲပြီး
မစီးနိုင်တော့တဲ့(ဒါမှမဟုတ်) စီးဆင်းစရာ မလိုတော့တဲ့ မြောင်းအိုကြီး ဖြစ်လာရတော့ တာပါပဲ။
သူ အကြီး အကျယ်နေမကောင်း ဖြစ်ရာက အခြေအနေ ဆိုးလာပြီး တစ်ကိုယ်လုံး ‘အ’ သွားတယ်။ အခု
ဂျီဂျီ့ ခန္ဓာကိုယ်ဟာဘုန်းကြီး ငါးပါးရှေ့မှာ ပေါ့။ သူ့မိန်း မကတော့ မျက်မှန် အနက်ကြီးတပ်လို့
သူမရဲ့ မျက်လုံး တွေကိ ဖွက်ထားလေရဲ့။ သူတို့အားလုံး ဂျီဂျီကိုအမျှဝေကြတယ်။ ဒါပေမယ့်
ဂျီဂျီရဲ့ ၀ိညာဉ်ဟာသူတို့နဲ့အတူမရှိတာကို သူတို့ မသိကြဘူး။ ဂျီဂျီ ဘယ်မှာလဲ။
ဂျီဂျီ သေဆုံးလိုက်တာနဲ့ တစ်ပြိုင်နက် ဂျီဂျီ့ ဝိညာဉ်ဟာ
ခန္ဓာကိုယ်ကနေ ဝရုန်းသုန်းကားတွန်းတိုက်ထွက်လာပြီး တစ်ဟုန်ထိုး ပြေး တော့တာပါပဲ။ ဘယ်တုန်းကတည်းက
ကြံစည်ထားသလဲတော့မသိပါ။ ဂျီဂျီ့ကို တွေ့လား။
သူ ပြေးနေတယ်လေ။ ရိပ်ခနဲ ရိပ်ခနဲ မရပ်
မနား စိတ်ပါစွာနဲ့ပေါ့။ သိပ်လွတ်လပ်တာပ။ဲ သ့အူ တွက်တော့  ဖြတ်သန်းမိသမျှ ဘဝကြီးတစ်ခုလုံးဟာ
သံယောဇဉ်မှန်သမျှ မျိုးတုံးရာ နေရာ။
သူ ပြေးနေတယ်။ သူ ပြေးနေပြေးတာ သိပ်မမြန်တော့ အေးလာတယ်။
အေးချမ်းလိုက်တာ။
ဘယ်သူမှ မပြေးခိုင်းဘဲ ဘာကြောင့် ပြေးနေလဲတော့ ဘယ်သူမှ
အတိအကျ မသိပါ။ ‘သူ့မိဘတွေသူ့ကို မြင်သွားမှာ စိုးလို့များလား’ ဟူသော မေးခွန်းကိုမူကား
သူ့ဝိညာဉ် ခေတ္တရပ်နား အမောဖြေနေချိန်တွင်မေးကြည့်ချင်ပါသေးတယ်။ အခုတော့ သူ ပြေးပါစေဦးလေ။
ကျားပေါက်
(ဟန်ထူးလွင်)
စာကြွင်း။ ။ ကျားပေါက် - ကြောင်တက်နင်းသွားသော စန္ဒရားခလုတ်များ
စာအုပ်လေးမှ ပြန်လည်ကူးယူဖော်ပြခြင်း
No comments:
Post a Comment