Friday, January 27, 2012

Phimosis ပန်းငုံတယ် ဆိုတာ


12 Aug 10, 09:17
ဆရာ လိင်တံ အောက်ဆွဲချမရတာ (အရေပြား) ပန်းငုံတယ်လို့ ခေါ်တာလား။ ပန်းငုံရင် ကလေးရနိုင်ပါသလား။ အိမ်ထောင်ပြုလို့ ရပါသလား။

Phimosis ပန်းငုံတယ်ဆိုတာ Penis ကျားအင်္ဂါရဲ့ထိပ်ပိုင်း Glans ကွမ်းသီးခေါင်းကို ဖုံးထားတဲ့ Foreskin (Prepuce) အရေပြားက ဆွဲလှန်လို့ မရအောင် ပိတ်နေတာ၊ ဒါမှမဟုတ် အကုန်လုံး ပွင့်သွားအောင် လှန်လို့ မရတာကို ခေါ်တယ်။

မွေးကတည်းကနေ ဖြစ်တာပါ။ သိပ်ငယ်တဲ့ ယောက်ျားလေး ပန်းအဖျားကို အသာလေး ဆွဲလှန်ကြည့်ရင်၊ ဆီး ကောင်းကောင်း ထွက်နိုင် လောက်အောင် ဖြစ်လာရမယ်။ ဒီအရွယ်မှာ အကုန်ဖွင့်ဘို့ မကြိုးစားပါနဲ့။ သူ့ခမြာ နာနေလိမ့်မယ်။ အထဲက ထိပ်ဖျားက သိပ်နုတယ်။ ထိခိုက်မိလို့ အမာရွတ်လိုပိတ်တာလဲ ရှိပါမယ်။

အရွယ်ရလာတာနဲ့ ပိုပြီး ပွင့်လာရမယ်။ လူပျိုပေါက်ဆို ကွမ်းသီးခေါင်း အကုန် ဖွင့်လို့ရရမယ်။ နဂိုအနေမှာ ၃ ပုံ ၁ ပုံလောက် ဖုံးနေရင် ကောင်းတယ်။ ဖွင့်မရတာ ကြာလေလေ အထဲမှာ အညစ် အကြေး အောင်းလေလေ။ အသက်ကြီးအထိ မနေသင့်ဘူး။ Circumcision ခွဲစိတ်ပြုပြင်ပါ။

ကလေးဆိုရင် ဆီးသွားလို့ ခက်ပြီး၊ ငိုလာရင် အသက်ငယ်ပါစေ ခွဲပါ။ ပန်းငုံတာ အိမ်ထောင်ပြုလို့ ရပါတယ်။ ကောင်းတာက ခွဲစိတ် ပြုပြင်သင့်တယ်။ (၁) ကြာရင် မဆိုကောင်းစကား ကင်ဆာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ (၂) ဆက်ဆံတဲ့အခါ ပွင့်နေတာ ပိုကောင်းပါတယ်။ ကလေးမရစေတဲ့ အကြောင်းရင်းတွေထဲမှာ ဒီလိုဖြစ်နေတာ မပါဘူး။

ပန်းငုံတာကို တမင်တကာလုပ်တဲ့ အလေ့အထေကို အားပေးတယ် HIV ကာကွယ်ရေးအတွက်နဲ့ တခြား STD တွေကို သက်သာစေတယ်လို့ ယူဆလို့ဖြစ်တယ်။ ဒေလီကဆေးခန်းလေးမှာ ၉၉% က ချင်းပြည်နယ်ကလာတဲ့ လူနာတွေဖြစ်တယ်။ ကျွန်တော် မြန်မာပြည် အလည်ပိုင်းမှာ ၁၅ နှစ်အလုပ်လုပ်ခဲ့တာ ဒီမှာ Phimosis ပန်းငုံတဲ့ကလေး သိသိသာသာ များတာတွေ့ရတယ်။ Hernia အူကျတာ နဲ့ Hydrocele မုတ်ရောဂါတော့ ချင်းတွေမှာ နည်းကြတယ်။

ပိုသိချင်ရင် ဒါတွေပါ ဖတ်ပါခင်ဗျား။
Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်း http://health-adult-reading.blogspot.com/2011/04/modified-penis.html ကိုဖတ်ပါ။

Dr. တင့်ဆွေ
၁၂-၈-၂ဝ၁ဝ

Credit: http://health-adult-reading.blogspot.com/2012/01/phimosis.html

No comments: