Tuesday, January 3, 2012

အိမ်မှာပင် အလှပြင်



အချိုနှင့် အချဉ်မျက်နှာသန့်စင်ဆေး

အချိုနှင့်အချဉ်မျက်နှာသန့်စင်ဆေးကိုအိမ်မှာတင် ပြုလုပ်နိုင်တဲ့နည်းကို ဖော်ပြလိုက်ပါတယ်။ ဒီပေါင်းစပ်မှုကြောင့် သင့်မျက်နှာအသားအရေဟာ ချောမွေ့ပြီး ရောင်စဉ်ဖြာတောက်ပလာမှာဖြစ်ပါတယ်

ပါဝင်ပစ္စည်းများ
ဒိန်ချဉ် - ဟင်းစားဇွန်း ၄ဇွန်း
ပျားရည် - ဟင်းစားဇွန်း ၂ဇွန်း
သံပရာရည် - ဟင်းစားဇွန်း ၃ဇွန်း

ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများကို နှံ့စပ်အောင်ရောမွှေပါ။ လိုအပ်လျှင် ပြောင်းကော်မှုန့် သို့မဟုတ် ဂျုံ့မှုန့်ကို ထည့်လိုကထည့်မွှေနိုင်ပါတယ်။ ပြီးရင် မျက်နှာပေါ်ကိုလိမ်းပြီး ၁ မိနစ် - ၂မိနစ်ခန့်နှိပ်နယ်ပေးပါ။ ပြီးရင်ရေဆေးချပါ။
Ref: Spa-at-home

မျက်ခွံမို့အစ်ခြင်းအတွက် သခွားသီးနှင့် လက်ဖက်စိမ်း
မျက်ခွံမို့အစ်ခြင်းနှင့် မျက်ကွင်းညိုခြင်းတို့ဟာ စိတ်ဖိစီးမှုများခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်းနှင့် အိပ်ရေးပျက်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါတွေကို ကုစားဖို့ အမျိုးသမီးအတော်များများဟာ တွေကိုဈေးကြီးပေးဝယ်ပြီး သုံးရပါတယ်။ ငွေကြေးကုန်ကျသက်သာပြီး လွယ်ကူတဲ့ အိမ်တွင်းအလှပြင်ပစ္စည်းလေးတွေကလည်း မယုံနိုင်စရာအစွမ်းထက်ပါတယ်။ သခွားသီးနဲ့ လက်ဖက်စိမ်းကို အသုံးပြုကြည့်ကြပါစို့။

ပါဝင်ပစ္စည်းများ
သခွားသီး - တစ်ခြမ်း
လက်ဖက်စိမ်းအိတ် - တစ်အိတ်
တစ်ခါသောက် လက်ဖက်စိမ်းအိတ်ငယ်ကိုယူပြီး ရေနွေးနှင့်စိမ်ပါ။ အအေးခံပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ လက်ဖက်စိမ်းရည်ထဲကို သခွားသီးအလွှာလေးများကို ထည့်ပါ။ ပြီးရင် ရေခဲသေတ္တာထဲပြန်ထည့်ပါ။ လက်ဖက်စိမ်းရည်နှင့် စိမ်ထားသော သခွားသီးလွှာအေးအေး လေးများကို မျက်လုံး တစ်ဝိုက်မှာ ၁၀မိနစ်ခန့် ကပ်ပေးပါ။
Ref: Spa-at-home

No comments: