Friday, January 20, 2012

Anti-aging make easy (3)



Level 3 – Advanced

Skin လိမ်းပေမယ့် ထိရောက်မှုမရှိတော့တဲ့အခါ professional treatment များနဲ့ကုစားဖို့ စဉ်းစားပါ။ ၄င်း treatment များက ထိရောက် တဲ့ အကျိုးအာနိသင်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ပြုလုပ်နိုင်တဲ့ treatment များစွာထဲက အချို့ကိုဖော်ပြရမယ်ဆိုရင်...

Chemical peels

နေရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုများ နေလောင်ကွက်များ အရေးအကြောင်းများ အသားအရေကြမ်းပြီး ကြည်လင်မှုမရှိခြင်း များကို ကုစားဖို့အတွက် သင့်တော်တဲ့ treatment ဖြစ်ပါတယ်။

Chemical peel အလုပ်လုပ်ပုံ

Lactic, glycolic, retinoic, salicylic သို့မဟုတ် trichlorocytic ပိုပြင်းသော ကဲ့သို့သော acid များကို ပေါင်းစပ်ကာ အသားအရေအခြေ အနေကို ကြည့်ပြီး အရေပြားပေါ် လိမ်းလိုက်ပါတယ်။ လိမ်းတဲ့ အခါ အနည်းငယ်စပ်ဖျဉ်းဖျဉ်းလေးတော့ ခံစားရပါမယ်။ ပိုပြင်းတာကို သုံး ရင်တော့ ပိုနာကျင်တတ်ပါတယ်။ ဒါကလည်း အသားအရေက တော်တော် အခြေအနေဆိုးမှပါ။ အချို့ dermatologist ကတော့ အရင် ဆုံး ထုံတဲ့ cream ကိုအရင်လိမ်းပေးတတ်ပါတယ်။ မျက်နှာကို အေးမြအောင် ပန်ကာနဲ့ မှုတ်ပြီး အနာသက်သာအောင်လည်း လုပ်ပေး လေ့ရှိပါတယ်။ ၁ ရက်မှ ၃ရက်ခန့်ထိ မျက်နှာနီစပ်စပ်ဖြစ်ပြီး အရေခွံလည်း အနည်းငယ် ကွာတတ်ပါတယ်။ အချို့ကတော့ မျက်နှာ အသားကျဖို့ တစ်ပတ်လောက်ထိကြာတတ်ပါတယ်။ ဆရာဝန်များကတော့ ပုံမှန်အားဖြင့် တစ်လတစ်ကြီမ်နဲ့ သုံးကြိမ်ခန့် ပြုလုပ်ဖို့ အကြံပေးတတ်ကြပါတယ်။

Injectables

အရေးအကြောင်းများ အသားအရေပျော့တွဲခြင်းများနှင့် မျက်တွင်းချိုင့်ခြင်းများကို ဆေးထိုးသွင်းပြီး ကုစားပေးနိုင်ပါတယ်။

ဆေးထိုးသွင်းရာမှာ filler နှင့် neuromodulatorဆိုပြီးနှစ်မျိုးရှိပါတယ်။ Radiesse များက gel သို့မဟုတ် liquid ပုံစံရှိတဲ့ filler အမျိုး အစားဖြစ်ပါတယ်။ ၄င်း filler ကို အရေပြားအတွင်းပိုင်းအလွှာထဲ ထိုးသွင်းပြီး အသားပြန်ပြည့်စေပါတယ်။ သုတေသနပြုလုပ်ချက်များအရ တော့ filler များက ကိုလာဂျင်ထုတ်လုပ်မှုကိုလည်း လှုံ့ဆော်ပေးတယ်လို့ သိရပါတယ်။ filler ကို ထိုးသွင်းထားတဲ့ အချိန်မှာတော့ အနည်းငယ် ကိုက်ခဲနာကျင်မှုကို ခံစားရနိုင်ပါတယ်။ တစ်ကြိမ်ထိုးပြီးရင်တော့ ၄င်းအာနိသင်က ၆လမှ ၂နှစ်အထိ ခံပါတယ်။

Botox နှင့် Dysport များကတော့ Neuromo dulator အမျိုးအစားဖြစ်ပါတယ်။ အရေပြားတွန့်စေတဲ့ ကြွက်သား၊ ဥပမာ နဖူးနှင့် မျက်ခုံး နှစ်ခုကြားရှိ အရေးအကြောင်း nerves များကို ဖြေလျော့စေခြင်းဖြင့် နဂိုပုံမှန်အခြေအနေကို ပြန်ရစေပါတယ်။ သေချာစနစ်တကျနဲ့ လုပ် မယ်ဆိုရင် မျက်ခုံးကို ပင့်တင်ပေးပြီး ပျော့တွဲနေတဲ့ လည်ပင်းကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ filler နဲ့ တန်းတူလောက် ကျသင့်နိုင်ပြီး ကြာရှည်ခံတဲ့အချိန်ကလည်း filler နဲ့အတူတူပဲဖြစ်ပါတယ်။

Fractimated lasers

အရေးအကြောင်းများ၊ အရေပြားပျော့တွဲခြင်းများ နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းများ၊ အရေပြား ကြမ်းတမ်းခြင်းနှင့် အသားအရေ အရောင်မညီခြင်းများကို laser နဲ့ကုသပေးနိုင်ပါတယ်။

Fractimated laser အလုပ်လုပ်ပုံ

အလွန်သေးငယ်တဲ့ လေဆာရောင်ခြည် အမျှင်တန်းလေးများက အရေပြားအပေါ်ယံလွှာကို exfoliate လုပ်ပေးပြီး microscopic holes များကို ဖန်တီးကာ ကိုလာဂျင်ထုတ်လုပ်အောင် အစပျိုးပေးပါတယ်။ မျက်လုံးတစ်ဝိုက် သို့မဟုတ် မျက်နှာတပြင်လုံး (လည်ပင်းနှင့် ရင်ဘတ်ပိုင်း)နေရာများကို target ထားပြီး ပြုလုပ်နိုင်ပါတယ်။ အရင်ဆုံး ထုံဆေးကို အရင်လိမ်းပေးမှာ ဖြစ်ပေမယ့် လုပ်တဲ့ procedure တစ်လျှောက် နာမှာ ဖြစ်ပါတယ်။ မျက်နှာအသားကျအောင် ၄ရက်လောက်ကြာမှာ ဖြစ်ပါတယ်။ laser treatment ကို series တစ်ခုလျှင် သုံးကြိမ်ခန့် ပြုလုပ်ဖို့ အကြံပြုထားပါတယ်။

Ref: Online

No comments: