Saturday, January 21, 2012

Hair Spary အသုံးဝင်ဖွယ် နည်းအသွယ်သွယ်



Hair Spary ကို ဆံပင်ပုံသွင်းဖို့သာမက အခြားအိမ်မှုကိစ္စတွေမှာပါ အသုံးချလို့ရတယ်ဆိုတာလေး တင်ပြချင်ပါတယ်။

နှုတ်ခမ်းနီဖျက်ဆေး

အကြောင်းအမျိုးမျိုးကြောင့် အင်္ကျီမှာ နှုတ်ခမ်းနီစွန်းထင်းနေခဲ့ရင် ဒီနည်းလေး စမ်းကြည့်ပါ။ အင်္ကျီအသားက စက်နဲ့လျှော်လို့ရတဲ့ အင်္ကျီအသားမျိုးဆိုရင် နှုတ်ခမ်းနီစွန်းတဲ့နေရာကို Hair Sparyစိုနေအောင်ဖြန်းပါ။ ၁၀မိနစ်ခန့်ထားပြီးလျှင် ရေမြှုပ် သို့မဟုတ် အ၀တ်စိုနဲ့ပွတ်ပေးပါ။ ပြီးလျှင် ကျန်နေသည့် အစအနနှင့် spary များ သန့်စင်သွားအောင် အင်္ကျီကိုလျှော်ပေးပါ။

Stocking ပုံမပျက်အောင်

Hair spary ပါတဲ့ polymers က သင့်အသားကပ်ခြေအိတ်ကို ပုံမပျက်အောင်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ အသားကပ်ခြေအိတ်မှ နိုင်လွန်စများ ကျွတ်ပြီး ပြုတ်ထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ပန်းချီကားမှ ဆေးသားများ မပျက်စီးအောင်

အိမ်က သားသားမီးမီးများ ရေးဆွဲထားတဲ့ ပန်းချီကားက ဆေးသားတွေ ပွတ်မိလို့ ပျက်ပြယ်သွားတာမျိုး မဖြစ်အောင် Hair spary ခပ်ပါးပါးလေး ဖျန်းပေးပါ။ Hair Spary က မြေဖြူများ၊ crayon ဆေးသားများ ကွာကျမသွားအောင် ထိန်းထားပေးနိုင်ပါတယ်။

ပန်းပွင့်ဖတ်လေးများ ကြွေကျမသွားအောင်

အထိမခံတဲ့ ပန်းခြောက်လေးများ အလွယ်တကူ ကြွေကျမသွားအောင် သူ့နေရာနဲ့သူ နေသားတကျခိုင်မြဲနေစေဖို့ Hair Spary ဖျန်းပြီး ထိန်းထားပေးနိုင်ပါတယ်။

ပီကေကပ်နေလျှင်

ကောဇောပေါ် ၀ါးပြီးသား ပီကေကပ်နေရင် ပြန်ခွာထုတ်ရတာ အတော်လေး ကသီပါတယ်။ အဲဒီပြဿနာကို Hair spary နဲ့အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ ကပ်နေတဲ့ ပီကေကို spary ဖြန်းလိုက်ရင် ခဏလေးနဲ့ မာသွားပါတယ်။ အဲဒီအခါကျမှ ဆားလေးနဲ့ အလွယ်တကူ ခွာထုတ်ပစ်နိုင်ပါတယ်။

ရှူးဖိနပ် ပြောင်လက်နေအောင်

Hair spray ကို ရှူးဖိနပ်ပေါ် ခပ်ပါးပါး၊ ဖျန်းကြည့်ပါ။ ပေါ်လစ်တိုက်ထားလို့ ပြောင်လက်လာတာတွေ့ရပါမယ်။ ဖိနပ်တစ်ခုလုံးမဖျန်းခင် တစ်နေရာလောက်ကိုပဲ အရင်စမ်းဖျန်းကြည့်သင့်ပါတယ်။

Ref: Online

No comments: