Sunday, January 1, 2012

IELTS နဲ့ TOEFL (paper-based) ရဲ့ ကွာခြားချက်များ

IELTS နဲ့ TOEFL မှာ ကွာခြားချက် တွေရှိပါတယ်။

၁) ပထမတစ်ခု ဘာသာစကားက ကွာပါတယ်။

အင်္ဂလိပ်စကားပြောနဲ့ နီးစပ်ရင် IELTS နဲ့ ပို အဆင်ပြေပါလိမ့်မယ်။ အမေရိကန်စကားနဲ့ နီးစပ်မယ်ဆိုရင်တော့ တိုဖယ်လ်နဲ့ ပိုအဆင်ပြေပါလိမ့်မယ်။ ( အမေရိကန် နဲ့ အင်းဂလိပ်စကား ဘယ်လိုကွာလဲဆိုတာတော့ တခြား အကြောင်းအရာဖြစ်တဲ့အတွက် သက်သက်လေ့လာကြည့်ပါ၊)

၂) မေးခွန်းပုံစံကွာပါတယ်

သိသာတဲ့ကွဲပြားမှုတွေကတော့

(a)မြန်မာ ပြည်မှာ ရှိတဲ့  တိုဖယ်လ်ဟာ paper-based ဖြစ်တဲ့အတွက် speaking section လုံးဝမပါပါဘူး

b)ရေးသားမှုစစ်ဆေးတာလည်းကွာပါတယ်။

toefl မှာ TWE လို့ ခေါ်တဲ့ writing ပါပေမယ့် အမှတ်ထည့်မတွက်ဘူး။ structure and written section မှာ အပုဒ်လေးဆယ်ဖြေရပါတယ်။ multiple choice ပုံစံနဲ့သွားထားတာပါ။ အဓိက သဒ္ဒါကို စစ်ထားတာပါ။ သဒ္ဒါကောင်းရင်တော့ တော်တော်ဖြေနိုင်ပါလိမ့်မယ်။

IELTS မှာတော့ ရေးသားမှုကို နှစ်ပိုင်းစစ်ဆေးပါတယ်။ Task 1 နဲ့ Task 2 ခွဲထားပါတယ်။ ပထမတစ်ခုကတော့ ပုံတစ်ခု ၊ ဂရပ်ပုံတစ်ခုကို ကြည့်ပြီးပေါ်လွင်အောင်ရေးရတာပါ။ ဒုတိယတစ်ခုကတော့ အက်ဆေး ပုံစံရေးရပါတယ်။

(c)questions အပုဒ်ရေကွာပါတယ်။

တိုဖယ်လ်မှာ

Listening 50 questions

structure and written 40 questions(2 parts)

Reading 50 questions in 5 passages

Writing 1essay in 30 mins

IELTS မှာကတော့

Listening 40 questions

Reading 40 questions in 3 passages

Writing 2 tasks in 1 hour

Speaking 3 parts in 11 mins to 14 mins

(၃)အမှတ်ပေးပုံ ကွားခြားပါတယ်။

တိုဖယ်လ်မှာ အမှတ်နဲ့ ထွက်ပါတယ်။ 310- 677 မှတ်အတွင်းမှာ အမှတ်ပေးပါတယ်။ ( computer-based နဲ့  internet-based များမှာတော့ အမှတ်ပေးပုံ ကွာတယ်)

IELTS မှာတော့ Band score နဲ့ ထွက်ပါတယ်။ band 0 to 9 အထိရှိပါတယ်။ တစ်ခုချင်းစီက အမှတ်တွေ ဘယ်လိုတွက်လည်း အသေးစိတ်ကိုတော့ ကိုယ်ကြိုက်တာတစ်ခုကို ရွေးချယ်ပြီးမှ စဉ်းစားလို့ ရပါတယ်။ ထပ်သိချင်တာရှိရင်တော့

IELTS www.ielts.org / www.britishcoucil.org နဲ

့TOEFL www.ets.org/toefl www.epopasia.org

No comments: