Wednesday, January 4, 2012

အင်ဒီး ဂီတနှင့် ၁၉၆၀ သမိုင်း

အင်ဒီး ဂီတဆိုတာ ဘာလဲ။

Independent Music လို့ ခေါ်ဆိုကြတဲ့ လွတ်လပ်တဲ့ တေးဂီပုံစံ တွေကို ဘောင်မခတ်ဘဲ ဖန်တီးကြတဲ့ Music အမျိုး အစားကို အင်ဒီးဂီတ (Indie music) လို့လည်း ခေါ်ကြ ပါသေးတယ်။

အင်ဒီး အုပ်စုဝင် တွေဟာ ကိုယ်ဘာသာ လွတ်လွတ်လပ်လပ် ကိုယ်ပိုင် စတိုင်နဲ့ပဲ ဂီတကို ဖန်တီးကြတယ်။ သူတို့မှာ ကိုယ်ပိုင် အသံဖမ်း စနစ်၊ ထုတ်ဝေမှု စနစ်နဲ့ အသွင်အပြင် အသစ်တွေ ရှိကြတယ်။ ဂီတအမျိုး အစား တစ်ခုရယ်လို့ ခေါင်းစဉ် မတက်ဘဲ၊ သီချင်း တစ်ပုဒ်မှာ ဒါတွေ ပါရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိဘဲ။ ဖန်တီးတဲ့ ဂီတကို အင်ဒီး ခေါ်ကြတယ်။

အင်ဒီး ဂီတဟာ ၁၉၆၀ ခုနှစ် နောက်ပိုင်းမှာ Pop, Rock & Roll နဲ့ R&B စတင် ခေတ်စား နေချိန်မှာပဲ ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်။ အဲ့ဒီလို ဂီတအမျိုး အစားတွေ အားလုံးနဲ့ ဆက်နွယ်မှု မရှိဘူး ဆိုပေမယ့် အင်ဒီး ဂီတဟာ Rock ဘက်ကို နည်းနည်း နွယ်ချင်တာ သိသာပါတယ်။ အင်ဒီး ဂီတရဲ့ စာသားတွေဟာ ငြိမ်းချမ်းရေး၊ အချစ်နဲ့ စစ်ဆန့်ကျင် မုန်းတီးမှုတွေ များတတ်ပါတယ်။ ပထမဆုံး အင်ဒီးဂီတ ဖော်ဆောင်သူ တွေရယ်လို့ ပြောစမှတ် ရှိခဲ့တာက Velvet Underground အဖွဲ့ ဖွဲ့ပြီး သူတို့တွေဟာ အင်ဒီး တေးဂီတ တွေကို လွတ်လွတ်လပ်လပ် ဖန်တီးခဲ့သူ တွေလည်း ဖြစ်တယ်။ ၁၉၆၀ ကျော်ကျော်မှ Velvet အဖွဲ့ရဲ့ တေးအယ်လ်ဘမ်တွေ ထွက်ပေါ်လာတော့ သူတို့ရဲ့ သီချင်းတွေဟာ သမ ရိုးကျထက် ထူးခြားနေပြီး ရိုးရာသီချင်း တွေနဲ့လည်း ကွဲထွက် နေတာကို တွေ့မြင်ခဲ့ ကြရတယ်။ ဒါဟာ ဘာဂီတ လဲလို့ သတ်မှတ်ရ ခက်လောက်အောင် ဆန်းပြားလိှု့ Independent ဂီတလို့ပဲ ခေါ်ဆိုကြတယ်။

ဒီလိုနဲ့ ၁၉၇၀ ခုနှစ်မှာ အင်ဒီး ဂီတဟာ ပိုပြီး ကျယ်ပြန့်လာတယ်။ အင်ဒီး တေးဂီတ အဖွဲ့ အသစ်တွေလည်း ထက်ပြီး ပေါ်ထွက်လာတယ်။ အင်ဒီး ဂီတကို ဘာအမျိုး အစားလဲ ဆိုတာ ရှာဖွေ ကြရင်းနဲ့ ဂီတ ပညာရှင် တချို့နဲ့ ပရိသတ်တွေ အသိမှတ် ပြုခဲ့တာလား။ အင်ဒီး ဂီတဟာ Progressive Rock လို့ ခေါ်တဲ့ အရည်အသွေး အပြည့်နဲ့ တိုးတက်တဲ့ ဂီတ မယ်လိုဒီတွေ ပါဝင်တဲ့ ရောခ့်တစ်မျိုး ပဲလို့ သတ်မှတ် ခဲ့ကြတာ တွေ့ရ ပြန်ပါတယ်။ ၁၉၆၀ လောက်က အောင်မြင်ခဲ့တဲ့ Beaties အဖွဲ့ရဲ့ Hard Rock တွေနဲ့ တခြား နူးညံ့တဲ့ ဂီတ အမျိုးအစား တွေနဲ့လည်း ကွဲထွက် နေကြတာ တွေ့ရတယ်။

အင်ဒီး ဂီတဟာ ၁၉၉၀ လောက်မှာတော့ လျှပ်စစ်ဂီတ တူရိယာ တွေနဲ့ ထပ်ပြီး ဆန်းသစ်လာ ပြန်တယ်။ှSire Rewrds & Stiff Records ဆိုတဲ့ တေးဂီတ အဖွဲ့ဟာ လျှပ်စစ် တူရိယာ တွေနဲ့ အင်ဒီး ဂီတကို ဖန်တီးခဲ့လို့ ၁၉၉၀ ၀န်းကျင်မှာတော့ သူတို့ အဖွဲ့ဟာ အအောင်မြင်ဆုံး ဖြစ်ခဲ့ကြတယ်။ သူတို့ အဖွဲ့ဟာ ဂီတရဲ့ အသံလှိုင်း အသစ်တွေ ဖန်းတီးနိုင်တဲ့ သူရဲကောင်း တွေလို့တောင် ချီးမွမ်း ခံခဲ့ရတယ်။

အင်ဒီး ဂီတဟာ Rock နဲ့ အနည်းငယ် ဆက်နွယ်တယ်လို့ အားလုံးက လက်ခံလာ ပြီးတဲ့ နောက်မှာ ဂီတ ပုံစံတွေဟာ ထပ်ပြီး ပြောင်းလာပြန်တယ်။ အော်တာနေးတစ် ဂီတ ၁၉၉၀ လောက်ထိ ပုံစံ မျိုးစုံနဲ့ ပြောင်းလဲနေဆဲ ဖြစ်တယ်။ Rock နဲ့ ပိုပြီး ပတ်သက်စပ်ဆက် လို့ရတဲ့ ဂီတ ဖြစ်တာကြောင့် Indie Rock ဆိုတဲ့ ဂီတကလည်း ထပ်ပြီး ပေါ်ပေါက်လာခဲ့ ပြန်တယ်။ အင်ဒီးရောခ့် ဂီတပေါ်ပေါက် လာခြင်း အင်ဒီးရော့် ဂီတဟာ အော်တာ၊ ပန့်ခ်စတဲ့ ဂီတတွေနဲ့ စတိုင် ဆင်တူပြီး ၁၉၈၀ ခုနှစ်မှာ UK အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေက စတင်ခဲ့တာ ဖြစ်တယ်။ သူတို့ ဖန်တီးတဲ့ တူရိယာ တွေကဂစ်တာ၊ ဘေ့စ်၊ ဒရမ်၊ ဇီးဘုတ်အပြင် သီချင်း စာသားတွေ ကလည်း ပြင်းထန် စူးရှတယ်။ အင်ဒီးရောခ့် ကျော်ကြားခဲ့ တာနဲ့အမျှ ၂၀၀ ပြည့်နှစ်မှာ ဂျပန်နိုင်ငံ အထိ ပျံနှံခဲ့တာ တွေ့ရတယ်။ အင်ဒီးရော်ခ့်ဟာ အရမ်း ပြင်းထန်းပြီး အင်ဒီးရော်ခ့် ပညာရှင်တွေ ကလည်း Do-It-Yourself စည်းမျဉ်းအတိုင်း ကျင့်သုံးကြတယ်။ သူတို့ရဲ့ လမ်းကြောင်းကို ဘာကြောင့်မှ အသွေဖည် မခံဘူး။ အင်ဒီးရောခ့် ပညာရှင် တွေဟာ တက္ကသိုလ် ကျောင်းတွေရဲ့ မူပိုင် ရေဒီယို လိုင်းတွေကနေ သူတို့ ဂီတကို ထုတ်ပြလေ့ ရှိကြတယ်။ ဒါကြောင့် အင်ဒီးရောခ့်ကို ကောလိပ်ရောခ့် ဆိုပြီးလည်း ကျောင်းသားတွေက ခေါ်ဆိုခဲ့ကြ သေးတယ်။ တက္ကသိုလ် ကျောင်းဝင်း အတွင်းမှာ ကျောင်သားတွေ ပါးစပ်ဖျား ရေပန်း စားခဲ့တဲ့ အင်ဒီးရောခ့် အဖွဲ့ REM ဆိုတာလည်း ရှိခဲ့ဖူးတယ်။ The Smiths the Cure the Store Roses စတဲ့ အင်ဒီးရောခ့် အဖွဲ့တွေလည်း အပြိုင်အဆိုင် ပေါ်ပေါက်ခဲ့ တာပေါ့။ ကျောင်းဝင်း အတွင်းက င်္Fan အဖွဲ့ဝင်တွေ ကလည်း သူတို့ နှစ်သက်ရာ အဖွဲ့နဲ့ သူတို့ အင်ဒီးရောခ့်ကို အားပေးကြတယ်။

အင်ဒီးရောခ့်ရဲ့ စတိုင်
အင်ဒီးရောခ့်ရဲ့ စတိုင်က စက်တွေ၊ ပရိုဂရမ် တွေကို အားမကိုးဘဲ လက်နဲ့ ထိတွေ့ ဖန်တီးနိုင်တဲ့ သံစဉ်တွေနဲ့ ဖွဲ့စည်းထားတယ်။ အင်ဒီးရောခ့် သမားတွေရဲ့ ၀တ်စား ဆင်ယင်မှု ဟာလည်း လူ ပုဂိ္ဂုလ် တစ်ဦး ချင်းစီးရဲ့ Personal နဲ့ပဲ ဆိုင်တယ်။ Rock ဆိုရင် ဘာအ၀တ် အစား၊ Country ဆိုရင် ဘာအ၀တ် အစား၊ R&B ဆိုရင် ဘာအ၀တ် အစား၊ Punk ဆိုရင် ဘာအ၀တ် အစား စသဖြင့် ရှိကြပေမယ့် အင်ဒီးဂီတ မှာတော့ ကိုယ့်ရဲ့ ရင်ထဲက စတိုင်နဲ့ ကိုယ်ရဲ့ လတ်တလော ခံစားချက် အတိုင်း ၀တ်ဆင်လေ့ ရှိကြတယ်။ တစ်ခါတစ်ရံ အော်တာရှပ်တွေ ၀တ်တတ် ကြသလို တစ်ခါတလေ ကိုယ့်ဘာသာ ချုပ်လုပ်ထားတဲ့ အ၀တ် အစားတွေ ၀တ်ဆင်ကြတယ်။ ချက်ပြုတ်ဘောင်း ဘီတွေကိုလည်း ပုံမှန်ထက် ပိုပြီး တင်ပါးထက် ကနေ တွဲလွဲ ကျနေတဲ့ ဒီဇိုင်းတွေလည်း အဲဒီ အချိန်က စပြီး ခေတ်စားလာတယ်။ တစ်ခါတစ်ရံ ကျောက်မျက် ရတနာ တွေလည်း စီခြယ်ဝတ်ဆင် ကြပြန်သလို တစ်ခါတစ်ရံ ရိုးရိုးရှင်းရှင်း ဒီဇိုင်းနဲ့ စင်မြင့်ပေါ် တက်ကြပြန်တယ်။ များသော အားဖြင့်တော့ အင်ဒီးရောခ့် သမားတွေဟာ အ၀တ် အစားကို ရယ်ဒီမိတ် ၀ယ်ယူခြင်းထက် ကိုယ်တိုင်ချုပ်လုပ် ၀တ်ဆင်ကြတာ များပါတယ်။

အင်ဒီးပေါ့ပ် ဂီတလည်း ပေါ်လာပြန်

အင်ဒီး တေးဂီတဆိုတာ လွတ်လပ်တဲ့ တေးဂီတပဲ ဖြစ်တဲ့အတွက် အင်ဒီးရဲ့နောက်မှာ Rock, Pop, Electronic ဆိုပြီးလည်း ပေါ်လာ ခဲ့ကြပါ သေးတယ်။ အင်ဒီး ပေါ့ပ်ဆိုရင် Pop ဆက်နွယ်တဲ့ ဂီတကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးနိုင်တဲ့ အမျိုး အစားပေါ့။ အင်ဒီးပေါ့ပ် ကလည်း ၁၉၈၆ ခုနှစ်မှာ ပေါ်ပေါ့ လာခဲ့ပြီး NME, The Wedding Present Primal Scream, The Pastels နှဲ့Soup Dragons ဆိုတဲ့ Band တွေက အင်ဒီး ပေါ့ပ်ဂီတနဲ့ ရေပန်း စားခဲ့တဲ့ တေးဂီတ အဖွဲ့တွေ ပါပဲ။

အင်ဒီး အီလက် ထရွန်းနစ် ဆိုတာဘာလဲ

Indie Electronic ဆိုတဲ့ လျှပ်စစ် တူရိယာ တွေနဲ့ ဖန်တီးတဲ့ ဂီတဟာလည်း ၁၉၉၀ ခုနှစ်မှာ အစောပိုင်းမှာ ပေါ်ပေါက်ခဲ့ပြီှးStereolab နဲ့ Disco Interno ဆိုတဲ့ Band တွေလည်း ပေါ်ပေါက် ခဲ့ပါတယ်။ ဒစ်ဂျစ်တယ် နည်းပညာ တွေနဲ့ ဖန်တီးပြီး သူတို့ရဲ့ လွတ်လပ်တဲ့ ဂီတတွေကို ဗြိတိန် နိုင်ငံကနေ စတင်လွှင့်ထုတ် ခဲ့ပြီးပြင်သစ်၊ ဂျာမနီ၊ အမေရိကန် စတဲ့ နိုင်ငံ တွေမှာလည်း အင်ဒီး အီလက် ထရွန်းနစ် ဂီတကို ဖေါ်ဆောင်သူ အနု ပညာရှင်တွေ ရှိလာတယ်။ ပြင်သစ်က Justice, ဂျာမနီက Lali Plna, အမေရိကန်က The Postal Service, Ratatal, Bobby စတဲ့ အနု ပညာရှင် တွေက အင်ဒီး အီလက်ထ ရောနစ်ဂီတကို လျှပ်စစ် တူရိယာ တွေနဲ့ ဖန်တီး လာကြတယ်။ ဒီလို သီချင်းတွေ က တက်ကနိုးနဲ့ ဖန်တီးတာ များလို့ ဒစ်စကို သံစဉ်တွေလည်း အများအပြား ပါဝင်တယ်။

အခု နောက်ပိုင်း မှာတော့ အင်ဒီး ဂီတတွေကို လူငယ်တွေ ကပါ နှစ်သက် မြတ်နိုးပြီး ကမ္ဘာက အသိအမှတ် ပြုလာ ကြပါတယ်။ မြန်မာဂီတ သမားတွေရဲ့ ဖန်တီးမှုတွေ ထဲမှာလည်း အခုခေတ် လူငယ် တေးဂီတ ၀ိုင်းတွေထဲမှာ အင်ဒီး ရော့ခ်ရဲ့ အငွေ့ အသက်တွေ ပါဝင်နေတာ တွေ့ရပါတယ်။

စိမ့်စိမ့်လွင်ဦး
(Teen မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)

No comments: