Tuesday, January 24, 2012

မိန်းမကိုယ်



မိန်းမကိုယ် (မ-အင်္ဂါ) ကို Vagina (ဗဂျိုင်းနား) လို့ခေါ်တာမမှန်ပါ။ Vulva (ဗာလ်ဗာ)လို့ အင်္ဂလိပ်လို၊ ဆေးစာလို ခေါ်ပါတယ်။ မိန်းမကိုယ်ဟာ မိန်းကလေး တယောက်နဲ့ တယောက် မတူကြပါ။ အရွယ်၊ ပုံပန်း နဲ့ အရောင်တွေ မတူကြပါ။ အများဆုံး အသားရောင် အတိုင်းရှိကြပေမဲ့ မတူတာလဲရှိတယ်။ အရေပြားမဟုတ်တဲ့ အတွင်းသားတွေရဲ့အရောင်ကတော့ ပန်းရောင်၊ ပန်းညိုရောင်ဖြစ်တယ်။ မိန်းမကိုယ်ဟာ Sexual function လိင်အရေးကို လုပ်ပေးနိုင်တယ်။ အသေအခြာ နှိုးဆွပေးရင် သာယာမှုကို ဖြစ်စေတဲ့ အာရုံကြောတွေ အများကြီးရှိတယ်။ Vulva ခေါ်တာထဲမှာ Urethra ဆီးထွက်ပေါက်လဲရှိတာမို့ ဆီးသွားတဲ့တာဝန်ကိုပါ ထမ်းဆောင်ပေးတယ်။

အမျိုးသမီးတယောက်ကို လိုအပ်လို့ Vaginal examination (VE) စစ်ဆေးတဲ့အခါ မျက်စိနဲ့မြင်ရမှာတွေကို ခန္ဓာဗေဒအရ အခေါ်တွေပြောရရင် -
• Mons pubis ဆီးခုံ၊
• Labia majora နှုတ်ခမ်းသားအကြီး၊
• Labia minora နှုတ်ခမ်းသားအသေး၊
• Clitoris မ-အစိ၊
• Vestibular bulbs မ-အစိအခြေ၊
• Vulval vestibule မ-အင်္ဂါအတွင်းပိုင်းဧရိယာ၊
• Vestibular greater gland အရည်ထွက် (ဂလင်း) အကြီး၊
• Vestibular lesser gland အရည်ထွက် (ဂလင်း) အသေး၊ နဲ့
• Vaginal opening (ဗဂျိုင်းနား) အဝ၊

Mons pubis ဆီးခုံဆိုတာမှာ အောက်ခံအရိုးပေါ်မှာ အဆီတွေ စုဝေးနေလို့ အိအိဖေါင်ဖေါင်းလေးနေတယ်။ သူကနေမှ နှုတ်ခမ်းသားအကြီးအဖြစ် အောက်ကို ဆင်းလာပြီး အောက်ပိုင်းက စအို အတက်နားမှာ ပြန်ဆုံကြတယ်။ ဆုံတဲ့နေရာကို Perineum ခေါ်တယ်။ ကလေးကို မွေးလမ်းကြောင်းကနေဖွါးရင် ဒီနေရာမှာ စုပ်ပြဲတာဖြစ်ဖြစ် တမင်တကာချဲ့ပေး-ပြန်ချုပ်ပေးရတာဖြစ်ဖြစ် လုပ်ရတယ်။ အရွယ်ရောက်ချိန်ကစပြီး ဒီနေရာနဲ့ နှုတ်ခမ်းသားအကြီးနေရာတွေမှာ အမွှေးပေါက်လာတယ်။ အမွှေးနုနုလေးတွေကနေ ရင့်သန်လာ တယ်။ တချို့မှာ အရွယ်ရလာတောင်မှ အမွှေးက နည်းလွန်းလှပြီး တချို့မှာ အောက်အထိ ဆက်ပေါက်မယ်။ ပေါင်အထိလဲ ပေါက်နိုင်တယ်။ အမွှေးရဲ့ အရောင်၊ အထူ-အပါး၊ အနု-အကြမ်း၊ အဖြောင့်-အကောက် မတူကြဘူး။

Clitoris မ-အစိ ကတော့ ထိပ်ဆုံး အလည်တည့်တည့်မှာ ရှိတယ်။ နှုတ်ခမ်းသား အသေးစားနဲ့ နှစ်ခုဆုံရာနေရာကို Frenulum clitoridis (ဖရင်ညူလန်) ခေါ်တယ်။ ယေဘုယျ ပဲစေ့လောက်လို့ ပြောကြပေမဲ့ အရွယ်အစား သိသိသာသာ မတူကြပါ။ အာရုံကြောတွေက ထိရင် အလွန်သိလွယ်တယ်။ Glans penis ယောက်ျားအင်္ဂါထိပ်ဖျားနဲ့ အတူတူဘဲ။ ဖုံးနေတဲ့ ချိတ်သဘောဖြစ်နေတာကို Clitoral hood ခေါ်တယ်။ ကျားအင်္ဂါထိပ်က အရေပြားသဘောဖြစ်လို့ Prepuce လို့လဲခေါ်တယ်။ Clitoris အစိကို ဖုံးပေးတယ်။ လုံအောင် မဖုံးနိုင်တာမျိုးလဲ ရှိတယ်။

Labia majora အကြီးနှုတ်ခမ်းဟာ သာမန် အရေပြားလိုဘဲ။ Keratinized stratified squamous epithelium (ကရတင်) ပါတဲ့ အရေပြား၊ အမွှေးပေါက်အိတ်တွေနဲ့ (အပိုခရိုင်း) အိတ်နဲ့ ချွေးထွက်အိတ်တွေပါတယ်။ Labia minora အသေးနှုတ်ခမ်းဟာ အရေပြားနဲ့ လုံးဝ မတူဘူး။ Nonkeratinized stratified squamous epithelium (ကရတင်) မပါတဲ့အရေပြား အမျိုးအစား ဖြစ်တယ်။ တချို့မှာ မသိသာဘူး။ တချို့မှာ အလွန်ကို သိသာတယ်။ အသေးစားဟာ အကြီးရဲ့ အတွင်းမှာ အသားနုလိုရှိတယ်။ အရွယ်အစား၊ ပုံပန်း၊ အရောင်ဆိုတာ အတော်မတူကြဘူး။

Vestibular bulbs မ-အစိအခြေမှာ အာရုံခံစားမှု အလွန်ကောင်းလှတဲ့ Erectile tissue (တစ်ရှူး) တွေ စုဝေးနေတဲ့နေရာ ဖြစ်တယ်။ ယောက်ျားတွေမှာရှိတဲ့ Bulb of penis နဲ့ သဘောချင်း အတူတူဘဲ။ လိင်စိတ်ဖြစ်ပေါ်ရင် သန်မာလာစေနိုင် တယ်။ (ဗဂျိုင်းနား) အဝဘေးတဖက်စီမှာ ဖြာဆင်းနေတယ်။ အပေါ်ထိပ်နေရာမှာတော့ ဘယ်နဲ့ညာကဆက်နေကြတယ်။ အောက်ဖျားတွေကတော အရည်ထွက် (ဂလင်း) အကြီးတွေနဲ့ ဆက်သွားကြတယ်။ Vulval vestibule ဆိုတာ Labia minora နုတ်ခမ်းသားအသေး နှစ်ခုကြားကနေရာကို ခေါ်တယ်။ အောက်က ဗဂျိုင်းနာအပေါက်နဲ့ အထက်က ဆီးထွက်ပေါက်တွေ ရှိနေကြတယ်။

(ဗဂျိုင်းနာ) အဝဟာ အတိုင်းထားရင် ဟနေတာ မဟုတ်လို့ Opening အပေါက်လို့ ခေါ်တာထက် Introitus လို့ခေါ်တာက ပိုမှန်တယ်။ အပျိုစစ်စစ်တုံးက အဝကို Hymen အပျိုမှေးနဲ့ ဖုံးနေတယ်။ လိင်မဆက်ဆံဘူးလို့ ဒီဟာစုပ်ပြဲ မသွားသေတာဟာ Virginity အပျိုစစ်လို့ ဂုဏ်ယူနိုင်တယ်။ လိင်နဲ့မဆိုင်ဘဲ စုပ်ပြုတာလဲရှိပါမယ်။ အားကစားလုပ်တာ၊ မြင်းစီး၊ ဘီးစီးတာ၊ ရာသီခံပစ္စည်း ထည့်တာတွေ ကနေ ဖြစ်စေနိုင်တယ်။ တချို့ မိန်းကလေးတွေမှာ မွေးကတည်းက အပျိုမှေး လုံးဝအပြည့်ဖုံးနေရင် Imperforate hymen ခေါ်တယ်။ ခွဲစိတ်ပေးရတယ်။ (ဗဂျိုင်းနား) ပေါက်ရဲ့ အောက်နဲ့ ဘေးတဘက်စီမှာ Bartholin glands (ဘာသိုလင်-ဂလင်း) အိတ်တခုစီ ရှိတယ်။ ဖယောင်းလိုအရည် ထုတ်ပေးနေတယ်။

မိန်းမကိုယ်မှာ Fluids and odor အရည်တွေ ရှိတယ်။ အနံ့လဲရှိတယ်။ Urine ဆီး၊ Sweat ချွေး၊ Menses ရာသီသွေး၊ Sebum အရေပြားအဆီ၊ Bartholin's (ဘာသိုလင်-ဂလင်း) အရည် Skene's gland (စကီးန်-ဂလင်း) အရည်၊ (ဗဂျိုင်းနား) နံရံက အရည်တွေ ရှိနေတယ်။ ဓါတုပစ္စည်းတွေ အမျိုးမျိုးရှိနေတယ်။ Pyridine (ပိုရီဒင်း)၊ Squalene (စကွာလင်း)၊ Urea (ယူရီယာ)၊ Acetic acid (အက်စစ်တစ်-အက်စစ်)၊ Lactic acid (လက်တစ်-အက်စစ်)၊ Alcohols (အယ်လ်ကိုဟော)၊ Glycols (ဂလိုက်ကောလ်)၊ Ketones (ကီတုန်း) နဲ့ Aldehydes (အယ်လ်ဒီဟိုက်) တွေ ဖြစ်တယ်။ ဒါ့ကြောင့် အနံ့တမျိုး ရစေတယ်။

မိန်းကလေး သုံးပုံတပုံလောက်မှာ Aliphatic acids (အလီဖက်တစ်-အက်စစ်) ထွက်လို့ အနံ့ဆိုးတယ်။ လူ့တကိုယ်လုံးက (ဆဲလ်) တွေဟာ အသစ်ဖြစ်လာ၊ ရင့်လာကြရာကနေ သေနေကြတယ်။ Dead cells (ဆဲလ်) အသေတွေ၊ Skin oils အရေပြားအဆီ၊ (ဗက်တီးရီးယား) တွေရယ် စုပေါင်းပြီး အနံ့မကောင်းတဲ့ဟာတွေကို Smegma မိန်းမကိုယ်-အညစ်အကြေးလို့ ခေါ်တယ်။

ကောင်းတာလဲ ရှိပါတယ်။ မိန်းမ ၃ ယောက်မှာ တယောက်ဟာ (ဗဂျိုင်းနား) ကနေ Aliphatic acids (အလီဖက်တစ်-အက်စစ်) ထုတ်ပေးနေတယ်။ ဆရာဝန်တိုင်းက သဘောမတူပေမဲ့ အများယူဆကြတာက ဒါဟာ Pheromones ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်တဲ့ အစွမ်းတဲ့။ ဒီ အက်စစ်ဟာ (ဗက်တီးရီးယား) တွေကနေ ထုတ်ပေးနေတာ ဖြစ်တယ်။ ရာသီဖြစ်စဉ်မှာ အနည်း-အများ ပြောင်းလဲနေတယ်။ လလည်ရက်မှာ အများဆုံးဘဲ။

Sexual arousal လိင်စိတ် ဖြစ်ပေါ်တယ်ဆိုရင် မိန်းမကိုယ်မှာ ရုပ်ပိုင်းအပြောင်းအလဲတွေ ဖြစ်လာတယ်။ အကြမ်းဖျဉ်းခွဲရင် ၄ ဆင့်ရှိတယ်။
၁။ Excitement လိင်စိတ်ဖြစ်လာတဲ့အဆင့်၊ (ဗဂျိုင်းနား) က စိုစွပ်လာမယ်။ သွေး ပိုလျှောက်လာမယ်။ နှုတ်ခမ်းသား အကြီးစား ပြားချပ်ပြီး ကားလာမယ်။ (ကလိုက်တောရစ်) မ-အစိ နဲ့ နှုတ်ခမ်းသား အသေးတွေ အရွယ်အစား ပိုကြီးလာမယ်။

၂။ Plateau တန်းနေတဲ့အဆင့်၊ သွေးပိုစီးလျှောက်နေမယ်။ (ဗဂျိုင်းနား) ဖေါင်းကြွလာမယ်။ အပေါက်ဝဟာ ၃ဝ% ကျဉ်းလာမယ်။ (ကလိုက်တောရစ်) မ-အစိက သန်မာလာမယ်။ ထိပ်ဖျားက ဆီးခုံရိုးဆီ ဦးညွတ်လာပြီး ချိတ်လိုမျိုး ကောက်ကောက်လေး ဖြစ်လာ မယ်။ နှုတ်ခမ်းသား အသေးဟာ ၂-၆ ဆ အထိ ပိုထူလာမယ်။ ဘေးကိုကားလာမယ်။ အဝက ပိုကျယ်လာမယ်။ ချိတ်လိုနေတဲ့ပုံမျိုး မရှိတော့ဘူး။ အရောင်လဲပြောင်းလဲတတ်တယ်။ ပန်းရောင်ကနေ နီရဲလာသလိုနေမယ်။ ကလေးမွေးဘူးသူဆိုရင် ညိုရဲရဲဖြစ်လာမယ်။

၃။ Orgasm (အော်ဂဇင်) ဆန္ဒပြည့်သွားချိန်၊ ပြီးဆုံးချိန် နီးလာရင် မ-အစိက ထူးထူးခြားခြား တင်းဖေါင်းလာမယ်။ အစိက အသိသာဆုံး ကြီးထွားလာတယ်။ အထိမခံနိုင်သလို ဖြစ်လာမယ်။ ကြွက်သားတွေက စည်းချက်ကျကျ တင်းလိုက်-လျော့လိုက်တာ ဖြစ်လာ မယ်။ ဗဂျိုင်းနားရဲ့ အပြင်ပိုင်း ၃ ပုံ၂ ပုံနေရာကဖြစ်တယ်။ သားအိမ်နဲ့ စအိုနေရာက ကြွက်သားတွေလဲ ပါတယ်။ တင်းအားကောင်းကောင်းနဲ့ ဝ့၈ စက္ကန့်လောက် ကြာရာကနေ အားပျော့လာမယ်။ နှလုံးခုန်တဲ့အကြိမ်လောက်ရှိ့ာကနေ ဖြေးဖြေချင်း နည်းလာ၊ နှေးလာ တယ်။ စုစုပေါင်း ၁၅ ကြိမ်အထိရှိနိုင်တယ်။ တခါနဲ့တခါတော့ မတူဘူး။ တချို့ အမျိုးသမီးတွေမှာ Skene's gland ကနေ အရည်ထွက်လို့ Female ejaculation ယောက်ျားတွေလိုဘဲ အရည် ပန်းထုတ်တတ်တယ်။ တချို့ကြ ဆီးအိမ်ကနေ ဆီးထွက်တယ်။

၎။ Resolution ပြန်ကျသွားတဲ့အဆင့်၊ အရင်က စုဝေးပြီး များလာတဲ့သွေးတွေ ပြန်လှော့ကျသွားမယ်။ (ဗဂျိုင်းနား)၊ (ဗာလ်ဗာ) နဲ့ အပေါက်ဝက နဂိုအနေပြန်ရောက်လာမယ်။ Orgasm မရဘဲ ဆက်ဆံမှုကို အဆုံးသတ်ရင် အဲလိုဖြစ်တာ နှေးကွေးမယ်။

မိန်းမကိုယ်မှာ ဖြစ်နိုင်တဲ့ရောဂါတွေ -
- Epidermal cysts (ဆစ်)
- Angiomas သွေးကြောရောဂါ၊
- Moles မှဲ့၊
- Freckles အရောင်ရင့်အစက်အပျောက်တွေ၊
- Lentigos အစက်အပျောက်၊
- Scars အမာရွတ်၊
- Scarification တမင်တကာ အမာရွတ်လုပ်ထားခြင်း၊
- Vitiligo ခရုသင်း၊
- Tattoos ထိုးကွင်းထိုးခြင်း၊
- Hypertrophy ဖူးရောင်နေခြင်း၊
- Sinus pudoris တဖက်ပိတ်နာ၊

Infections ကူးစက်ရောဂါတွေ -
- Candidiasis (thrush) ဖန်းဂတ်စ် (မှက္ခရု)၊
- Bacterial vaginosis (ဗက်တီးရီးယား) ဝင်ခြင်း၊
- Warts ကြွက်နို့၊
- Molluscum contagiosum (ဗိုင်းရပ်စ်) ရောဂါ၊
- Genital herpes လိင်လမ်း ရေယုံ၊
- Herpes zoster (Shingles) ရေယုံ၊
- Tinea မှိုရောဂါ၊
- Hidradenitis suppurativa ပြည်တည်နာ၊

Inflammatory diseases အရေပြား ရောင်ရမ်းရောဂါတွေ -
- Eczema/Dermatitis အရေပြားနာ၊ နှင်းကူနာ၊
- Lichen simplex နာတာရှည် နှင်းကူနာ၊
- Psoriasis နှင့်ကူးနာ တမျိုး၊
- Lichen sclerosus (လင်ချန်) အရောင်ဖြူ အမာရွတ်နာတမျိုး၊
- Lichen planus (လင်ချန်) အရောင်ရင့် အနာတမျိုး၊
- Pemphigus vulgaris ရောဂါပြီးစနစ်ကြောင့်ဖြစ်တဲ့ နာတာရှည်အနာတမျိုး၊
- Pemphigoid ရောဂါပြီးစနစ်ကြောင့်ဖြစ်တဲ့ နာတာရှည်အနာတမျိုး၊

Pain syndromes နာတဲ့ရောဂါတွေ -
- Vulvodynia and vulvular vestibulitis (ဘက်စတီဗျူး) ရောင်နာ၊
- Vaginismus လိင်ဆက်တာအပါအဝင် တခုခုလာထိ-ဝင်တာနဲ့ တုံ့ပြန်မှုသဘောအရ ကြုံ့လို့ နာတဲ့ရောဂါ၊

Vulvar cancer ကင်ဆာ
- Squamous cell carcinoma အများဆုံးဖြစ်တဲ့ အရေပြားကင်ဆာ၊
- Basal cell carcinoma (ဘေဆယ်-ဆဲလ်) ကင်ဆာ၊
- Melanoma မှဲ့ကင်ဆာ၊
- Vulvar cancer မ-အင်္ဂါ ကင်ဆာ၊

Ulcers အနာတွေ -
- Aphthous ulcer အပူကန်နာ (ပါးစပ်မှာဖြစ်တာမျိုး)၊
- Behcet's Disease ရောဂါပြီးစနစ်ကြောင့်ဖြစ်တဲ့ ပါးစပ်နာမျိုး၊

Developmental disorders မွေးရာပါရောဂါတွေ -
- Septate vagina ကြားအကန့်ပါလို့ နှစ်ပေါက်-နှစ်ခန်း ဖြစ်နေတာ၊
- Vaginal opening extremely close to the urethra or anus (ဗဂျိုင်းနား) အဝက ဆီးပေါက်နားဖြစ်ဖြစ် စအိုနားဖြစ်ဖြစ် နီးနေတာ၊
- An imperforate hymen အပျိုမှေးပိတ်နေတာ၊
- fused labia, an absent or partially-formed vagina, urethra located on the clitoris တခြားမွေးရာပါ ချို့ယွင်းချက်များ၊
- Hermaphroditism ကျား မဟုတ်၊ မ မဟုတ်၊

Other တခြားရောဂါတွေ -
- Vulvar Lymphangioma (လင့်ဖ်) ရောင်ခြင်း၊
- Extramammary Paget's disease (ပေးဂျက်စ်) ရောဂါ၊
- Vulvar intraepithelial neoplasia (VIN) ကင်ဆာတမျိုး၊
- Bowen's disease (ဘိုးဝင်းစ်) ရောဂါ၊
- Vulvar varicose veins သွေးပြန်ကြောဖေါင်းခြင်း၊
- Labial adhesions နှုတ်ခမ်းသား ကပ်နေခြင်း၊
- Desquamative Inflammatory Vaginitis (DIV) ရောင်ရမ်းခြင်း၊
- Childbirth tears and Episiotomy related changes ကလေးမွေးရလို့ စုပ်ပြဲခြင်း၊ လမ်းကြောင်း ချဲ့ခြင်း၊

Female genital mutilation မိန်းကလေး အင်္ဂါကို လှီးဖြတ်တဲ့အလေ့အထ တချို့နိုင်ငံတွေမှ အခုလဲ ရှိနေသေးတယ်။ တောင်-အာဖရိကမှာနေတဲ့ Khoisan women အမျိုးသမီးတွေဟာ နှုတ်ခမ်းသား အသေးစား အတော်ရှည်ကြတယ်လို့ ဆိုတယ်။ ကမ္ဘာမှာ လူရယ်လို့ ဖြစ်စကသာ အဝတ်အစားမဝတ်ဘဲ နေခဲ့ကြပြီး ယဉ်ကျေးလာတော့ ဝတ်စားလာကြတယ်။ လူတကိုယ်လုံးကို သူများမမြင်စေအာင် ဖုံးထားဘို့ အလိုဆုံးနေရာဟာ မိန်းမကိုယ် ဖြစ်တယ်။ ဒီခေတ်မှာတော့ ကိုယ်လုံးတီးဖေါ်တာ ဖြစ်လာပြန်တယ်။ ယဉ်ကျေးမှုလို့ဘဲ ခေါ်ကြတယ်။ ကွင်းတပ်တဲ့ ဖက်ရှင်လုပ်တာထဲမှာ Vulva Piercings လဲပါတယ်။ Shaved vulva အမွှေးရိတ်တာလဲ လုပ်ကြတယ်။ Depilated vulva တစိတ်တပိုင်း ရိတ်လာလဲလုပ်တယ်။ High-cut swimsuits ရေကူးဝတ်စုံ အဆန်းတွေက အဲလိုလုပ်မှလဲ ဝတ်လို့ရတယ်။ ရိတ်ကြတာက ခေတ်ဆန်ချင်တာအတွက်ရော၊ Hygiene သန့်ရှင်းရေးအတွက်ရော လုပ်ကြတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ (၂၂-၁-၂ဝ၁၂)

ဆက်စပ် ဖတ်နိုင်တဲ့ စာတွေ -
• Dyspareunia (1) ဆက်ဆံချိန်မှာ နာကျင်တာ (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၃)
• Dyspareunia (2) ဆက်ဆံချိန်မှာ နာကျင်တာ (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၆)
• Female Orgasm (1) အမျိုးသမီး ပြီးတာကို ပိုနားလည်လာပြီ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၉၃)
• Female Orgasm (2) အမျိုးသမီး ပြီးခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၃)
• Genital Clamydial infection (ကလာမိုင်ဒီးယား) ပိုးဝင်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၁၂)
• Genital Herpes and Genital Warts လိင်လမ်း-ရေယုံ၊ လိင်လမ်း ကြွက်နို့ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁ဝ၁)
• Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၉၈)
• Nudity ကိုယ်လုံးတည်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၉၇)
• Too wet ဒီအချိန်မှာ စိုလွန်းတာ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၅)
• Vaginal Cysts, Polyps, Warts ဗဂျိုင်းနားမှာ အပိုအဆာတွေ ဖြစ်တာ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈၃)
• Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း အသက် (၁၈) နှစ်ပြည့်မှ ဖတ်ပါ (၅၈)
• Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၁၉)
• Vaginitis မွေးလမ်း-ရောဂါ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၃)
• Virginity (1) အပျို တကယ်စစ်ပါတယ် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၆)
• Virginity fraud အပျိုရည် ပျက်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၆)

ယမုန်နာဆေးခန်း - မိန်းမကိုယ်

No comments: