Friday, July 8, 2011

ပိုမိုပျော်ရွှင်တဲ့ ဘ၀ရရှိဖို့ အရောင်တွေသုံးကြစို့

ရှေးခေတ်အာရှမှ ပညာရှင်တွေရှာဖွေတွေ့ရှိချက်အရ အရောင်တွေမှာ အဓိပ္ပာယ်ကိုယ်စီရှိကြပြီး သင့်ရဲ့အိမ်နဲ့အသုံးအဆောင်တွေမှာ အရောင်တွေသေချာရွေးချယ်သုံးခြင်းဖြင့် သင့်ဘ၀ပိုမိုသာယာလှပပြီး အောင်မြင်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ဘ၀ကိုပြောင်းလဲ တိုးတက်စေမယ့်အရောင်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

ပိုမိုပျော်ရွှင်ချင်ရင် အ၀ါရောင်သုံးပါ

အာရှမှ အိမ်တွင်းအလှဆင်ယင်သူတွေဟာ အိမ်တွင်းသို့ အကောင်းမြင်စိတ်နဲ့ပျော်ရွှင်ခြင်းကို ဆောင်ယူနိုင်စေဖို့အတွက် တချို့နေရာ တွေမှာ အ၀ါရောင်သုံးလေ့ရှိပါတယ်။ သင့်စိတ်ကို တက်ကြွပျော်ရွှင်စေချင်တဲ့နေရာမှာ အ၀ါရောင်ပစ္စည်းတစ်ခုခုဆောင်ထားသင့်ပါ တယ်။ ဥပမာ - မီးဖိုချောင်မှာ ငှက်ပျောသီး အဖီးလိုက်ဆောင်ထားလည်း အဆင်ပြေပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အယူအဆအရ အ၀ါရောင်ကို မြင်ခြင်းဖြင့် ဦးနှောက်မှ ခံစားချက် ကောင်းမွန်စေတဲ့ ဓာတုပစ္စည်းဆီရိုတိုနင်ကို ထွက် ရှိစေပါတယ်။ အ၀ါရောင်ကိုသုံးခြင်းဖြင့် အကောင်းမြင်စိတ်ပိုပြီးဖြစ်ပေါ်စေပါတယ်။

တန်ဖိုးထားလေးစားခံချင်ရင်အနီရောင်သုံးပါ

အနီရောင်မှန်သမျှ သတိပြုမိခြင်း၊ ဂရုစိုက်ခံရခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ သင်ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာအတွက် ကျေးဇူး တင်တာခံလိုပါသလား။ အနီရောင်ရှိတဲ့ ပန်းကန်ခွက်ယောက်သုံးပြီး ပြင်ဆင်ပါ။ သင့်ကိုပိုပြီး တန်ဖိုးထားလေးစားခံချင်ပါသလား။ အနီ ရောင်အ၀တ်အစားဝတ်ပါ။

သိပ္ပံပညာရှင်တွေရဲ့ အမြင်အရ အနီရောင်ဟာ အရောင်တွေအားလုံးထဲမှာ အထင်ပေါ်ဆုံးအရောင်ဖြစ်တဲ့အတွက် ပထမဆုံးအလိုလို သတိထားမိတဲ့ အရောင်ဖြစ်ပါတယ်။

နွေးထွေးတဲ့မိသားစုဘ၀လိုချင်ရင် အစိမ်းရောင်သုံးပါ

အစိမ်းရောင်ဟာ ငြိမ်းချမ်းမှုနဲ့ ညီညွတ်ခြင်းကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် ဂရုစိုက်ခြင်းနဲ့ နွေးထွေးမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ မိသားစုဆုံလေ့ရှိတဲ့အခန်းတွေမှာ အပင်စိမ်းစိမ်းစိုစိုပန်းအိုးထားခြင်းဖြင့် မိသားစုပိုပြီး နွေးထွေးလာနိုင်ပါတယ်။

သိပ္ပံအယူအဆအရ အစိမ်းရောင်ကို ကြည့်ခြင်းအားဖြင့် လူတွေကို ပတ်ဝန်းကျင်နဲ့ပိုပြီးလိုက်လျောညီထွေမှုရှိအောင် သက်သောင့်သက် သာဖြစ်စေအောင် ကူညီရာရောက်တယ်လို့ သိရပါတယ်။

ကြီးပွားချမ်းသာလိုပါက ခရမ်းရောင်သုံးပါ

သင်အမှန်တကယ် ငွေလိုနေချိန်မှာ ဘယ်တော့မှငွေပြတ်တယ်ဆိုတာ မရှိရအောင် ခရမ်းရောင်က ငွေတွေကို ဆွဲဆောင်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။ သင့်ရဲ့ငွေကြေးတွေ တိုးပွားစေဖို့အတွက် အပင်ခပ်ရှည်ရှည်ကို ခရမ်းရောင်ပန်းအိုးထဲ ထည့်စိုက်ထားပါ။

သိပ္ပံအယူအဆအရ ခရမ်းရောင်ဟာ pituitary ဂလင်းကို လှုံ့ဆော်ပေးပြီး ပြဿနာဖြေရှင်းတဲ့စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။

သင့်ဘ၀မှာ မေတ္တာပိုလိုချင်ပါက ပန်းရောင်သုံးပါ

ပန်းရောင်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်ကို အသာအယာလေးလှုပ်ရှားစေနိုင်တဲ့အတွက် အချစ်ရဲ့သင်္ကေတအရောင်လို့ ကိုယ်စားပြုထားကြ ပါတယ်။ ချစ်သူအမျိုးသားနဲ့ချိန်းတွေ့တဲ့အခါ ပန်းရောင်အ၀တ်အစားများ ၀တ်ဆင်သွားခြင်း၊ ချစ်သူကောင်မလေးကို လက်ဆောင်ပေး တဲ့အခါ ပန်းရောင်အသုံးအဆောင်များ ရွေးချယ်ဝယ်ယူပေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။

သိပ္ပံအမြင်အရ ပန်းရောင်ဟာစိတ်ကို နူးညံ့သိမ်မွေ့စေတဲ့အတွက် နိုင်ငံရပ်ခြားကထောင်အချို့ရဲ့ နံရံကိုပန်းရောင်ဆေးသုတ်ထား တတ် ကြပါတယ်။

တီထွင်ဖန်တီးမှုစွမ်းရည်တိုးလိုပါက အဖြူရောင်သုံးပါ

ဖုန်းရွှေအမြင်အရ အဖြူရောင်ဟာ ရိုးသားဖြူစင်ခြင်းနဲ့ စိတ်ကူးစိတ်သန်းကောင်းခြင်းကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် စိတ်ကူးစိတ် သန်းကောင်းတွေကို အသုံးပြုရတဲ့ ဖက်ရှင်ဒီဇိုင်နာ၊ ဂရပ်ဖစ်ဒီဇိုင်နာ၊ စာရေးဆရာအစရှိတဲ့အလုပ်အကိုင်တွေကို လုပ်ကိုင်သူတွေအနေနဲ့ ဖန်တီးမှုစွမ်းရည်တွေ တိုးတက်စေဖို့ အလုပ်နံရံတွေကို အဖြူရောင်သုတ်ခြင်း၊ အဖြူရောင်ပစ္စည်းတွေအသုံးပြုခြင်းတို့ကို ပြုလုပ်သင့် ပါတယ်။

သိပ္ပံအမြင်အရ အဖြူရောင်ဟာ အလင်းရောင်စဉ်လှိုင်းရှိ တခြားအရောင်တွေထဲ ပါဝင်တဲ့အတွက် ဖြစ်နိုင်ခြေတွေပြည့်ဝတယ်လို့ ခံစားရစေနိုင်ပါတယ်။

ဥာဏ်ရည်ပိုထက်လိုက်ပါက အပြာရောင်သုံးပါ

အပြာရောင်ဟာ ပင်လယ်နဲ့ကောင်းကင်တို့ရဲ့ အရောင်ဖြစ်ပြီး ဗဟုသုတကြွယ်ဝမှု၊ ဥာဏ်ပညာကြီးရင့်မှုတို့ကို ပိုစေပါတယ်။ ဒါကြောင့် ဥာဏ်ထက်စေဖို့ သင်စာဖတ်၊ စာကျက်တဲ့အခါတိုင်း အပြာရောင်အသုံးအဆောင်တွေကိုဘေးမှာဆောင်ထားပါ။

သိပ္ပံအမြင်အရ အပြာရောင်ကို ကြည့်ရှုခြင်းဖြင့် ဦးနှောက်ယာဘက်ခြမ်းရှိ အလိုအလျောက်ထိုးထွင်းသိမြင်ခြင်း ဥာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။
Credit: The Chic Magazine July Issue

No comments: