Wednesday, July 13, 2011

အိုပရာဝင်းဖရေး၏ ဗျူဟာများ

လေလှိုင်းပေါ်ကအစီအစဉ်များနဲ့ (၂၅)နှစ်တိုင်တိုင် အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူနိုင်ပြီးတဲ့နောက်မှာ အိုပရာဝင်းဖရေးဆိုတဲ့ ဆရာမကြီးကို နားချိန်တန်ပြီလို့ ဆိုချင်ကြပေမဲ့ သူမရဲ့ပရိတ်သတ်တွေကတော့ အခိုင်အမာရှိနေဆဲပါပဲ။ Arethan Franklin က စလို့ Maria Shriver အထိနာမည်ကျော်တွေကလည်း သူမရဲ့တီဗီရှိုးမှာပါဝင်ဖို့ အမြဲစိတ်လိုလက်ရ ရှိနေဆဲပါပဲ။ ဒီလိုပဲသူမရဲ့ပရိတ်သတ်တွေ ကလည်း အိုပရာတင်ဆက်ခဲ့တဲ့ တီဗီအစီအစဉ်တိုင်းကို စိတ်ကျေနပ်စွာနဲ့ တသသဖြစ်နေဆဲပါပဲ။


ဒီတော့ BNETကနေ သူမရဲ့လမ်းကြောင်းတစ်လျှောက်မှာ သူမကိုထိပ်တန်းရောက် ဆရာမကြီးတစ်ယောက်ဖြစ်စေတဲ့ ဗျူဟာတွေက ဘာ တွေများဖြစ်မလဲလို့ လေ့လာဆန်းစစ်ကြည့်ခဲ့ပါတယ်။

နေ့လည်ပိုင်းအစီအစဉ်တင်ဆက်သူဘ၀ကနေ လုပ်ငန်းကြီးတစ်ခုကို လည်ပတ်နိုင်အောင် အိုပရာဝင်းဖရေးတစ်ယောက် ဘယ်လိုလမ်း ဖောက်ခဲ့သလဲ။

သူမကို ပင်ကိုယ်အရည်အသွေးနဲ့ ကံတရားက ပံ့ပိုးတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အောက်မှာဖော်ပြမယ့် ဗျူဟာငါးခုကိုလည်း သုံးခဲ့ သေးတယ်။

အဲဒါတွေကတော့.....


(၁) ကိုယ့်ကိုယ်ကို လောင်းကြေးကြီးကြီးထပ်ပါ။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ မပေးနိုင်တဲ့ ယုံကြည်ချက်မျိုးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားပါ။ ဒါဟာ ရှည်လျားပြီး ခက်ခဲတဲ့လမ်း ကြမ်းကိုလျောက်ဖို့အတွက် အကောင်းဆုံးအကြံပေးချက်တစ်ခုပါ။ ဒါပေမဲ့ အဲဒီလိုခိုင်မာထက်သန်တဲ့ ယုံကြည်ချက်မျိုးကို ဘယ်နှစ် ယောက်များထားနိုင်မယ်လို့ထင်ပါသလဲ။ အိုပရာကတော့ အဲဒီလို လောင်းကြေးကြီးကြီးထပ်ခဲ့ပါတယ်။ ၁၉၈၈မှာ Capital Cities/ABC ကနေ သူမရဲ့ တီဗီအစီအစဉ်ပိုင်ဆိုင်မှုတွေကို ၀ယ်ယူခဲ့ပါတယ်။ ဒါဟာ စွန့်စားမှုအားလုံးကို သူမယူလိုက်တာဖြစ်ပြီး သူမစီစဉ်တဲ့ အစီ အစဉ်ဟာ လုံးဝပစ်လိုက်ရတယ်ဆိုလည်း သူမတာဝန်ပဲဖြစ်သလို၊ ဟိုးအမြင့်ကို တစ်ဟုန်ထိုးတက်သွားတယ်ဆိုလည်း သူမအတွက် ဆုလာဘ်ပဲလို့ ခံယူလိုက်တာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်ခြင်းဟာ ဘယ်လောက်ကျယ်ပြန့်ပြီး တာဝန်ကြီးတယ်ဆိုတာ လူတိုင်းသိကြ ပါတယ်။


(၂) နာမည်ကို ကောင်းကောင်းအသုံးချပါ။

၁၉၉၆မှာ အိုပရာဟာ သူမရဲ့စိတ်ထက်သန်မှုတွေကို စာပေအဖြစ်ပြောင်းလဲ ဝေငှဖို့ဆုံးဖြတ်ပြီး Oprah's Book Club ကနေ စာအုပ် အတွဲလိုက်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ သူမရဲ့တီဗီအစီအစဉ်များကို စာအုပ်အဖြစ်ထုတ်ဝေထားတဲ့ စာအုပ်တွေကို လူတိုင်းနီးပါး ဖတ်နေသလား ထင်ရလောက်အောင် ရထားတွေပေါ်လည်းတွေ့ရသလို၊ ကမ်းခြေမှာ အနားယူအပန်းဖြေနေတဲ့ လူတွေရဲ့လက်ထဲ မှာလည်းတွေ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ များမကြာမီမှာပဲ သူမရဲ့စုစည်းမှုစာအုပ်တွေဟာ အရောင်းရဆုံးစာရင်းကို ထိပ်ဆုံးက၀င်သွား ခဲ့ပါတယ်။


"The Oprah Effect" ကိုထုတ်ဝေပြီး ပရိသတ်ရဲ့ ဆုံးဖြတ်ချက်တွေကိုပါ ပြောင်းလဲစေနိုင်တဲ့အပြင် အမေရိကန်တိုင်းအတွက် မရှိ မဖြစ်ကိုဖတ်သင့်တဲ့ စာအုပ်စာရင်းဝင်ခဲ့တဲ့ သူမရဲ့အင်အားကို လူတိုင်းအသိအမှတ်ပြုကြရပါတယ်။

စီးပွားရေးအရဆိုရင်တော့ သူမရဲ့အောင်မြင်မှုဟာ အသွားနှစ်ဖက်ပါတဲ့ စွမ်းအားကိုပိုင်ဆိုင်ထားတာနဲ့တူပါတယ်။ အိုပရာဟာ သူမရဲ့ စာအုပ်တွေကို စောင်ရေသန်းပေါင်းများစွာရောင်းစွံနိုင်ဖို့ စွမ်းအားရှိသလို သူမရဲ့တီဗီအစီအစဉ်နဲ့ ရရှိပြီးသားနာမည်ကိုလည်း ထိန်းသိမ်း ထားနိုင်တဲ့အစွမ်းရှိပါတယ်။


(၃) နယ်ပယ်ချဲ့ထွင်ပါ။

သူမရဲ့ စီစဉ်တင်ဆက်မှုကို အားပေးကြည့်ရှုတဲ့ ပရိသတ်များအတွက်သက်သက်ပဲ စာအုပ်ထုတ်ဝေမယ်ဆိုတဲ့ စိတ်ကူးနဲ့စာပေလုပ်ငန်းကို လုပ်ကိုင်ခဲ့တာမဟုတ်ပါဘူး။ ၂၀၀၀မှာ O Magazine ကိုစတင်မိတ်ဆက်ပြီး တစ်ခြားသောဖတ်စရာစာအုပ်ကိုလည်း ထုတ်ဝေခဲ့ပါတယ်။


သူမစီစဉ်တင်ဆက်တဲ့ တီဗီအစီအစဉ်ရဲ့အောင်မြင်မှုကို ခြေကုပ်ယူပြီး နီးစပ်ရာနယ်ပယ်တွေမှာအောင်မြင်မှုတွေ ဖန်တီးယူဖို့အတွက် သူမဟာ နှစ်ပေါင်းများစွာ အကွက်ချစီစဉ်ခဲ့တာဖြစ်ပါတယ်။ Oprah Winfrey ဆိုတဲ့သူမရဲ့အမည်နာမကို အမှတ်တံဆိပ်အဖြစ်အသုံးပြု လို့ ထပ်မံချဲ့ထွင်လိုက်တဲ့ အမျိုးသမီးမဂ္ဂဇင်းဟာလည်း စောင်ရေ ၂သန်းကျော်ကျော် အထိရောက်ခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးကျဆင်းမှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီကိန်းဂဏန်းကနေ ကျဆင်းသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရေဒီယိုအသံလွှင့်လိုင်းဆစ်ခုကို စတင်ခဲ့ပါတယ်။


(၄) တခြားသူများရဲ့အရည်အသွေးကို မြေတောင်မြှောက်ပေးပါ။

တီဗီဆွေးနွေးခန်းတွေရဲ့ ဆရာမကြီးဖြစ်ရုံသာမကဘဲ အောင်မြင်တဲ့သူတွေကို ပြုစုပျိုးထောင်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ Dr.Oz, Dr.Phil, Rachel Ray နဲ့တခြားသော နာမည်ကျော်တွေဟာ ၀င်းဖရေးအပေါ်မှာမှီပြီး သူတို့ရဲ့အောင်မြင်မှုလမ်းကြောင်းတွေ ဖြစ်လာကြပါတယ်။ အရည်အချင်းရှိတဲ့သူတွေကို မြေတောင်မြှောက်ပေးရင်း၊ သူမရဲ့အမှတ်တံဆိပ်ပေါ်မှာ ဂရုတစိုက်တည်ဆောက်ရင်း သူမဆီမှာ အောင်မြင်မှုတွေ ထပ်ဆင့်ရဖို့ဖြစ်လာခဲ့ပါတယ်။

အနာဂတ်မှာ ကြယ်ပွင့်ဖြစ်လာနိုင်တဲ့သူတွေကို အောင်မြင်အောင်ပျိုးထောင်နိုင်ခြင်းဟာလည်း သင့်ရဲ့တန်ခိုးသြဇာကိုကြီးမားစေတဲ့ အကြောင်းတစ်ရပ်ဖြစ်ပါတယ်။


(၅) အမြဲရှေ့ကိုဆက်မလား။

လူတကာအားကျရတဲ့ သူမရဲ့အောင်မြင်မှုခရီးဟာ ရှည်လျားပေမဲ့ သူမဟာအခုထိခရီးဆက်ဆဲဖြစ်ပါတယ်။ သူမရရှိနေတဲ့ အောင်မြင်မှုက တော်ရုံလူအနေနဲ့ အောင်မြင်မှုတွေကို ပြန်ပြောင်းတွေးရင်းနဲ့ ငွေတွေကိုထိုင်သုံးနေချင်စရာ ကောင်းလောက်ပါတယ်။ ဒါပေမဲ့ သူမက တော့ အသစ်အသစ်တွေဖန်တီးဖို့ ကြိုးစားနေဆဲဖြစ်ပြီး သူမရဲ့အစွမ်းကိုဆန့်ထုတ်နိုင်မယ့် နည်းလမ်းတွေကိုရှာဖွေနေဆဲပါပဲ။


အခုနောက်ဆုံးအနေနဲ့ သူမက OWNဆိုတဲ့ကွန်ယက်တစ်ခုကို မိတ်ဆက်ထားပါတယ်။ သူမရဲ့အရှေ့အရှေ့က အောင်မြင်မှုတွေနဲ့ နှိုင်း စာရင် OWN ကတော့ ရုန်းကန်နေရဆဲ အခြေအနေမှာပဲရှိနေပါတယ်။ အခက်အခဲဆိုတာ သူမနဲ့သူစိမ်းတစ်ယောက်မဟုတ်ပါဘူး။ ဒါကြောင့် သူမကလည်း အစွမ်းကုန်ကြိုးစားမှာဖြစ်သလို သူမရဲ့ပရိသတ်တွေကလည်း သူမကို ရိုးရာမပျက်စောင့်ကြည့်အားပေးနေကြ ဦးမှာပါပဲ။


Ref: Oprah's Empire – Building Strategy by Jessica Stillman

No comments: