Thursday, July 21, 2011

အလွင့်

လေအဝှေ့မှာ


သစ်ရွက်လေးတွေက


ကြွေခြင်းမလှ ကြွေကြတယ်။


မင်းအကြောင်း ခံစားချက်တွေနဲ့


တောက်ပစိုလွင်ခဲ့တဲ့ အနမ်း


ပျော်ရွှင်ကြည်နူးခဲ့တဲ့ နှုတ်ခမ်းတွေက


မင်းအဝေးမှာ ၀ါရော်ခြောက်သွေ့လို့။


အခု


နေ့ရက်တွေ တဖြုတ်ဖြုတ်ကြွေနေတဲ့နွေ


ငါ့အပျော်တွေလည်း တဖြုတ်ဖြုတ်ကြွေလို့


လေအဝှေ့မှာ.....


တမ်းတမိတဲ့ အလွမ်းတို့နဲ့


လေအဝှေ့မှာ။

ဝိုင်ချို

No comments: