Friday, July 8, 2011

မိုးထဲလေထဲကားမောင်းမည်ဆိုလျှင်

မိုးတွင်းရောက်ပြီဆိုတော့ မိုးထဲလေထဲ ကားမောင်းတဲ့အခါ အန္တရာယ်များပါတယ်။ မုန်တိုင်းကျတဲ့အချိန်ဆိုရင် ပိုဆိုးပြီး တခြားယာဉ်တွေ၊ လမ်းပေါ်ကဆိုင်းဘုတ်တွေနဲ့ လမ်းကိုတောင်မြင်ရဖို့ခက်ခဲလှပါတယ်။ ကားမောင်းတဲ့အခါ ဘေးပတ်ဝန်းကျင်ကိုမြင်ရဖို့ အရေးကြီးသလို သင့်ရဲ့ကားလည်းပျောက်မနေဖို့ အရေးကြီးပါတယ်။ မိုးသည်းထဲမှာ တတ်နိုင်ပါက ကားမမောင်းပါနဲ့။ မဖြစ်မနေ မောင်းရမယ်ဆိုရင် လည်း အောက်ပါအချက်တို့ကို သတိထားလိုက်နာပေးပါ။

-အရေးကြီးဆုံးအချက်က အရှိန်လျှော့မောင်းပေးဖို့ပါပဲ။ မိုးတွင်းမှာ လမ်းတွေက ချောနေတဲ့အတွက် ကားရပ်ဖို့အရှိန်လျှော့ဖို့ ခက်ခဲ ပါတယ်။

- သင့်မှာချိန်းထားတာတွေရှိရင် အရေးကြီးအစည်းအဝေးရှိလို့ အချိန်မီအရောက်သွားရမယ်ဆိုရင် ခါတိုင်းထွက်နေကျထက်ပိုပြီး စော စောကြိုထွက်ပါ။ မိုးရွာနေစဉ်မှာ လမ်းတွေကြပ်တတ်ပါတယ်။ ဒါ့ပြင် အန္တရာယ်ကင်းစေဖို့အတွက် အရှိန်လျှော့မောင်းရမှာဖြစ်လို့ စော စောထွက်မှ တော်ကာကျမှာပါ။

- မိုးရွာတဲ့အခါ လမ်းဘေးမှာ ရေအိုင်နေတတ်တဲ့အတွက် လမ်းခလယ်ကနေသာမောင်းပါ။

- ရှေ့ကကားနဲ့ အနည်းဆုံး ကားသုံးစီးအကွာလောက်ကနေ ခပ်လှမ်းလှမ်းကလိုက်ပါ။ ဒါမှ ရုတ်တရက်ရပ်လိုက်တဲ့အခါ မတိုက်မိမှာပါ။

- ရှေ့ကကာားသွားတဲ့ လမ်းကြောင်းအတိုင်းသာသွားပါ။

- ထရပ်ကားကြီးတွေနဲ့ ဘတ်စကားကြီးတွေနောက် နီးကပ်စွာမလိုက်ပါနဲ့။ သူတို့ရဲ့ ကားဘီးကြီးတွေကြောင့် ဖြာထွက်လာတဲ့ ရေတွေ ဟာ မှန်ကိုလာစဉ်ပြီး အမြင်မှုန်ဝါးသွားနိုင်ပါတယ်။ ဒီကားကြီးတွေကို ကျော်တက်ရာမှာလည်း သတိထားပါ။ ကျော်တက်ရမယ့် အခြေ အနေမျိုးမှာ သတိထားပြီးကျော်တက်ပါ။

- စိုစွတ်ပြီးချောနေတဲ့ အခြေအနေမျိုးတွေမှာ ကားမောင်းမယ်ဆိုရင် ပိုပြီးသတိထားပါ။ အရှေ့ကားရဲ့ ဘရိတ်မီးကို သတိထားကြည့်ပါ။

- တတ်နိုင်ရင် ဘရိတ်မသုံးပါနဲ့။ ဖြစ်နိုင်ပါက Accelerator ပေါ်ရှိခြေထောက်ကိုသာ အနည်းငယ်ကြွကာ အရှိန်လျှော့ပါ။

- ရှေ့မီးကြီးကို မိုးဖွဲကျနေစဉ်အချိန်တွင်းမှာတောင် ဖွင့်ထားသင့်ပါတယ်။ နေ့လယ်နေ့ခင်းမိုးသည်းလွန်းရင်လည်း ဖွင့်သင့်ကဖွင့်ထားပါ။ ဖွင့်ထားခြင်းဖြင့် သင့်အနေနဲ့ လမ်းကိုသေချာမြင်ရရုံမျှမက တခြားကားပေါ်က ကားမောင်းသူကလည်း သင့်ကားကိုမြင်နိုင်မှာပါ။

- မိုးအရမ်းသည်းပြီး ဘာမှသဲသဲကွဲကွဲမမြင်ရပါက မမောင်းတာအကောင်းဆုံးပါ။ ကားမောင်းနေစဉ်လမ်းတစ်ဝက်မှာ မိုးအရမ်းသည်း လာ ပါက မမောင်းတော့ဘဲ စိတ်ချရတဲ့နေရာမှာ လမ်းဘေးခဏထိုးရပ်ထားပြီး မိုးစဲသွားမှပြန်မောင်းပါ။ မိုးသည်းလွန်းတဲ့အချိန် ကားမောင်း တာ အန္တရာယ်များပါတယ်။ တစ်ဖက်ခြမ်းက ကားမီးအလင်းရောင်၊ ရေငွေ့ရိုက်နေတဲ့ကားမှန်တွေနဲ့ မိုးသည်းသည်းဟာ အမြင်ကိုမှုန်ဝါး စေနိုင်ပါတယ်။ လမ်းပေါ်ရှိ လမ်းဖြတ်ကူးနေသူတွေ၊ စက်ဘီးနဲ့ဆိုက်ကားတွေကိုမြင်ရခက်ခဲပြီး ရှောင်ရခက်လှပါတယ်။

- အောက်ရှိမြေပြင်ကို မမြင်နိုင်ပါက စီးဆင်းနေတဲ့ရေထဲ လုံးဝမဖြတ်ပါနဲ့။ သင့်ကားပါ လမ်းပေါ်ကနေ ချော်ထွက်ပြီး ရေစီးအတိုင်းပါသွား နိုင်ပါတယ်။

- အောက်ဘက်လောက်နက်မှန်းမသိတဲ့ ရေအိုင်ကိုဖြစ်တဲ့အခါ ဖြည်းဖြည်းသာဖြတ်ပါ။ သင့်ကားတံခါးအောက်ခြေထက် ပိုပြီးနက်နေပါက ပြန်လှည့်ကာ တခြားလမ်းကြောင်းကနေသွားပါ။ ရေအရမ်းနက်ပါက ကားစက်ထဲရေ၀င်သွားနိုင်ပြီး ကားပျက်သွားနိုင်ပါတယ်။

- ရေအိုင်တွေတွေ့တဲ့အခါ သတိထားပြီးရှောင်ပါ။ မဖြစ်မနေဖြတ်သွားရမယ်ဆိုရင်လည်း ဖြည်းဖြည်းသာဖြတ်မောင်းပါ။ အထူးသဖြင့် ရေအိုင်ဘေးမှာ လူတွေရှိပါက သတိထားပါ။ ကိုယ့်ကြောင့် သူတစ်ပါးဗွက်၊ရေစိုကာ စိတ်အနှောင့်အယှက်မဖြစ်စေပါနဲ့။

- မိုးရာသီကာလနီးပြီဆိုတာနဲ့ ကားဝိုင်ပါတွေ အသစ်လဲပေးသင့်ပါတယ်။ တစ်နှစ်တစ်ခါလဲပေးပါ။ ကားဘရိတ်၊ စတီယာကွင်း၊ ကလပ်ခ်ျ နဲ့ တွေကောင်းကောင်းစစ်ပါ။ ရှေ့မီးသီးကြီးတွေ၊ မီးလုံးတွေ၊ ဘရိတ်မီးတွေကိုလည်း စစ်ဆေးပြီး ပြင်သင့်ကပြင်ပါ။ ကားတာယာဘီးတွေ ကိုလည်း ပုံမှန်စစ်ဆေးပြီး လဲသင့်တာလဲပါ။ မိုးတွင်းမှာ ကားမောင်းရတာ အန္တရာယ်ရှိလှတဲ့အတွက် ကားမှာ ဘာချို့ယွင်းချက်မှမရှိ အောင် သတိထားသင့်ပါတယ်။
Credit: The Chic Magazine - July Issue

No comments: