Sunday, September 27, 2020

ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား

ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Myo Myat



ယောဂလေ့ကျင့်ခန်းသည် ရုပ်နဲ့ခန္ဓာကျန်းမာရေးအတွက် အထူးကောင်းတဲ့ အကြောလျှော့လေ့ကျင့်ခန်းဆိုတာ အားလုံးလည်း သိမယ်ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ယောဂလေ့ကျင့်ခန်းကို မိန်းကလေးတွေ လုပ်တာပိုများပြီး ယောက်ျားလေးတွေကတော့ သိပ်ပြီး စိတ်ဝင်စားလေ့မရှိပါဘူး။


ဘာကြောင့် ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက် ကောင်းကျိုးရှိစေနိုင်လဲ။

၁။ သွေးလည်ပတ်မှုကောင်းစေခြင်း

သွေးလည်ပတ်မှုကောင်းခြင်းဟာ နှလုံးကျန်းမာစေဖို့ အဓိက သော့ချက်ပါ။ အထူးသဖြင့် အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေဟာလည်း မြင့်တက်လာပါတယ်။ နောက်တစ်ချက်က လိင်ပိုင်းဆိုင်ရာပါ။ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေရဲ့ လိင်တံထောင်မတ်နိုင်ဖို့အတွက် လိင်တံအတွင်းက သွေးကြောထဲကို ကောင်းစွာ သွေးစီးဆင်းနိုင်မှ ဖြစ်မှာပါ။ ယောဂသည် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြင့်တက်စေလို့ လိင်ပိုင်းဆိုင်ရာမှာ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေအတွက် အဆင်ပြေစေမှာပါ။


၂။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

အလုပ်ကြောင့်ဖြစ်စေ၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာကြောင့်ဖြစ်စေ အမျိုးသားတွေမှာ ကြွက်သားနာကျင်ကိုက်ခဲခြင်းဒဏ်ကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ အရိုးများ အားနည်းလာခြင်း၊ ကြွက်သားထုများ လျော့တွဲလာခြင်းကြောင့် ကိုက်ခဲနာကျင်မှုဝေဒနာက ပိုဆိုးလာနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းသည် တင်းနေတဲ့ ကြွက်သားတွေကို လျော့ကျစေပြီး ကိုက်ခဲတာကို သက်သာစေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက အကြောအချဉ်များကိုလည်း ပြေလျော့စေလို့ လူက ပေါ့ပါးပြီး သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။


၃။ စိတ်ကျန်းမာရေးကို အကျိုးပြုခြင်း

အမျိုးသားတွေဟာ ကြွက်သားတင်မကဘဲ စိတ်ခံစားချက်ပိုင်းဆိုင်ရာ တင်းကြပ်မှုကို ပိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် အလုပ်အရမ်းများတဲ့ အမျိုးသားတွေဆိုရင် စိတ်ဖိစီးမှုဒဏ်ကို ပိုခံရတတ်ပါတယ်။ ယောဂသည် စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော် (Cortisol) ဟော်မုန်းထုတ်လုပ်နှုန်းကို လျော့ကျစေလို့ စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေနိုင်ပါတယ်။


ဒီအခါမှာ တစ်နေ့တာလုံး စိတ်ကို ကြည်လင်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း စိတ်ဖိစီးမှုကြောင့် ကိုယ့်ရဲ့ လိင်စိတ်ကို အနှောင့်အယှက်ဖြစ်စေတာမျိုး လျော့နည်းသွားမှာပါ။


၄။ အာရုံစူးစိုက်မှု ပိုကောင်းလာခြင်း

ဦးနှောက်ကို အသုံးပြုပြီး အလုပ်လုပ်နေရတဲ့ အမျိုးသားတွေ၊ တစ်ခုခုဆို စိတ်အာရုံ ပျံ့လွင့်လွယ်တဲ့သူတွေအတွက် ယောဂလေ့ကျင့်ခန်းက အကောင်းဆုံးပါပဲ။ ပျံ့လွင့်နေတဲ့ စိတ်အာရုံများကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီး ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်စေတယ်။


စိတ်ကို တင်းထားတဲ့ ဝန်ထုပ်ဝန်ပိုးများကိုလည်း ဖြေလျော့ပေးတဲ့အတွက် လူကို ပေါ့ပါးသွားစေတယ်။ စိတ်အာရုံစုစည်းမှု ကောင်းတဲ့ အမျိုးသားတွေဟာ လုပ်ငန်းခွင်မှာသာမက လိင်ပိုင်းဆိုင်ရာမှာလည်း ကိုယ့်ရဲ့ အဖော်ကို ပိုမိုကောင်းမွန်တဲ့ ကာမသုခကို ပေးစွမ်းနိုင်စေပါတယ်။


ကဲ ဒါဆိုရင် ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက်လည်း အကျိုးထူးများစွာ ရစေနိုင်တယ်ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။ အထူးသဖြင့် တစ်နေ့လုံး အလုပ်လုပ်နေရသူတွေ၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရသူတွေအနေနဲ့ နေ့တိုင်းမဟုတ်ရင်တောင် တစ်ရက်ခြား တစ်ကြိမ် သို့မဟုတ် တစ်ပတ်ကို နှစ်ကြိမ်လောက် ယောဂလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင်ကို ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရစေနိုင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi) 

ေယာဂေလ့က်င့္ခန္းဆိုတာ ေယာက္်ားေတြအတြက္ မဟုတ္ဘူးတဲ့လား

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn
ေရးသားသူ Ye Myo Myat




ေယာဂေလ့က်င့္ခန္းသည္ ႐ုပ္နဲ႔ခႏၶာက်န္းမာေရးအတြက္ အထူးေကာင္းတဲ့ အေၾကာေလၽွာ့ေလ့က်င့္ခန္းဆိုတာ အားလုံးလည္း သိမယ္ထင္ပါတယ္။ ဒါေပမယ့္ ျမန္မာနိုင္ငံမွာေတာ့ ေယာဂေလ့က်င့္ခန္းကို မိန္းကေလးေတြ လုပ္တာပိုမ်ားၿပီး ေယာက္်ားေလးေတြကေတာ့ သိပ္ၿပီး စိတ္ဝင္စားေလ့မရွိပါဘူး။

ဘာေၾကာင့္ ေယာဂေလ့က်င့္ခန္းက အမ်ိဳးသားေတြအတြက္ ေကာင္းက်ိဳးရွိေစနိုင္လဲ။
၁။ ေသြးလည္ပတ္မႈေကာင္းေစျခင္း
ေသြးလည္ပတ္မႈေကာင္းျခင္းဟာ ႏွလုံးက်န္းမာေစဖို႔ အဓိက ေသာ့ခ်က္ပါ။ အထူးသျဖင့္ အမ်ိဳးသားေတြ အသက္ႀကီးလာတဲ့အခါ ႏွလုံးေရာဂါနဲ႔ ေသြးတိုးေရာဂါ ျဖစ္နိုင္ေျခဟာလည္း ျမင့္တက္လာပါတယ္။ ေနာက္တစ္ခ်က္က လိင္ပိုင္းဆိုင္ရာပါ။ လိင္ဆက္ဆံတဲ့အခါ အမ်ိဳးသားေတြရဲ့ လိင္တံေထာင္မတ္နိုင္ဖို႔အတြက္ လိင္တံအတြင္းက ေသြးေၾကာထဲကို ေကာင္းစြာ ေသြးစီးဆင္းနိုင္မွ ျဖစ္မွာပါ။ ေယာဂသည္ ခႏၶာကိုယ္ရဲ့ ေသြးလည္ပတ္စီးဆင္းႏႈန္းကို ျမင့္တက္ေစလို႔ လိင္ပိုင္းဆိုင္ရာမွာ စိတ္သြားတိုင္း ကိုယ္မပါျဖစ္ေနတဲ့ အမ်ိဳးသားေတြအတြက္ အဆင္ေျပေစမွာပါ။

၂။ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္းကို သက္သာေစျခင္း
အလုပ္ေၾကာင့္ျဖစ္ေစ၊ ေလ့က်င့္ခန္း အျပင္းအထန္ လုပ္တာေၾကာင့္ျဖစ္ေစ အမ်ိဳးသားေတြမွာ ႂကြက္သားနာက်င္ကိုက္ခဲျခင္းဒဏ္ကို ခံစားရနိုင္ပါတယ္။ အထူးသျဖင့္ အသက္ႀကီးလာတဲ့အခါ အရိုးမ်ား အားနည္းလာျခင္း၊ ႂကြက္သားထုမ်ား ေလ်ာ့တြဲလာျခင္းေၾကာင့္ ကိုက္ခဲနာက်င္မႈေဝဒနာက ပိုဆိုးလာနိုင္ပါတယ္။ ေယာဂေလ့က်င့္ခန္းသည္ တင္းေနတဲ့ ႂကြက္သားေတြကို ေလ်ာ့က်ေစၿပီး ကိုက္ခဲတာကို သက္သာေစတယ္။ ခႏၶာကိုယ္တစ္ခုလုံးက အေၾကာအခ်ဥ္မ်ားကိုလည္း ေျပေလ်ာ့ေစလို႔ လူက ေပါ့ပါးၿပီး သက္ေသာင့္သက္သာ ျဖစ္ေစနိုင္ပါတယ္။

၃။ စိတ္က်န္းမာေရးကို အက်ိဳးျပဳျခင္း
အမ်ိဳးသားေတြဟာ ႂကြက္သားတင္မကဘဲ စိတ္ခံစားခ်က္ပိုင္းဆိုင္ရာ တင္းၾကပ္မႈကို ပိုခံစားရနိုင္ပါတယ္။ အထူးသျဖင့္ အလုပ္အရမ္းမ်ားတဲ့ အမ်ိဳးသားေတြဆိုရင္ စိတ္ဖိစီးမႈဒဏ္ကို ပိုခံရတတ္ပါတယ္။ ေယာဂသည္ စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ ေကာ္တီေစာ္ (Cortisol) ေဟာ္မုန္းထုတ္လုပ္ႏႈန္းကို ေလ်ာ့က်ေစလို႔ စိတ္ကို ေပါ့ပါးလန္းဆန္းသြားေစနိုင္ပါတယ္။

ဒီအခါမွာ တစ္ေန႔တာလုံး စိတ္ကို ၾကည္လင္ေစသလို လိင္ဆက္ဆံတဲ့အခါမွာလည္း စိတ္ဖိစီးမႈေၾကာင့္ ကိုယ့္ရဲ့ လိင္စိတ္ကို အေႏွာင့္အယွက္ျဖစ္ေစတာမ်ိဳး ေလ်ာ့နည္းသြားမွာပါ။

၄။ အာ႐ုံစူးစိုက္မႈ ပိုေကာင္းလာျခင္း
ဦးေႏွာက္ကို အသုံးျပဳၿပီး အလုပ္လုပ္ေနရတဲ့ အမ်ိဳးသားေတြ၊ တစ္ခုခုဆို စိတ္အာ႐ုံ ပ်ံ႕လြင့္လြယ္တဲ့သူေတြအတြက္ ေယာဂေလ့က်င့္ခန္းက အေကာင္းဆုံးပါပဲ။ ပ်ံ႕လြင့္ေနတဲ့ စိတ္အာ႐ုံမ်ားကို တစ္စုတစ္စည္းတည္း ျဖစ္ေစၿပီး ကိုယ့္ရဲ့ စိတ္ကို တည္ၿငိမ္ေစတယ္။

စိတ္ကို တင္းထားတဲ့ ဝန္ထုပ္ဝန္ပိုးမ်ားကိုလည္း ေျဖေလ်ာ့ေပးတဲ့အတြက္ လူကို ေပါ့ပါးသြားေစတယ္။ စိတ္အာ႐ုံစုစည္းမႈ ေကာင္းတဲ့ အမ်ိဳးသားေတြဟာ လုပ္ငန္းခြင္မွာသာမက လိင္ပိုင္းဆိုင္ရာမွာလည္း ကိုယ့္ရဲ့ အေဖာ္ကို ပိုမိုေကာင္းမြန္တဲ့ ကာမသုခကို ေပးစြမ္းနိုင္ေစပါတယ္။

ကဲ ဒါဆိုရင္ ေယာဂေလ့က်င့္ခန္းက အမ်ိဳးသားေတြအတြက္လည္း အက်ိဳးထူးမ်ားစြာ ရေစနိုင္တယ္ဆိုတာ သိေလာက္ၿပီလို႔ ထင္ပါတယ္။ အထူးသျဖင့္ တစ္ေန႔လုံး အလုပ္လုပ္ေနရသူေတြ၊ ေလ့က်င့္ခန္း အျပင္းအထန္ လုပ္ေနရသူေတြအေနနဲ႔ ေန႔တိုင္းမဟုတ္ရင္ေတာင္ တစ္ရက္ျခား တစ္ႀကိမ္ သို႔မဟုတ္ တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ေယာဂေလ့က်င့္ခန္း လုပ္ေပးနိုင္ရင္ကို ကိုယ့္ရဲ့ စိတ္နဲ႔ခႏၶာ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာ ရေစနိုင္ပါတယ္။

Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


No comments: