လုပ္ငန္းတုိးတက္ဖို႔အတြက္ အႀကံေပးတစ္ေယာက္ကို ဘယ္လိုေရြးခ်ယ္ေခၚယူမလဲ (စက်တင်ဘာလ 2020)
စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အကျပ်အတည်းရောက်ချိန်၊ စီးပွားကျချိန်၊ အပြိုင်အဆိုင်များလာချိန်၊ တိုးချဲ့လာချိန်တွေမှာ လုပ်ငန်းအကြံပေးခေါ် ဖို့ စဉ်းစားတတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ အကြံပေးတစ်ယောက်ကို စနစ်တကျ မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ အဲဒါကြောင့် အကြံပေးတစ်ယောက်ကို ခေါ်ယူတဲ့အခါမှာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက် (၈) ချက်ကို ဆွေးနွေးပေးလိုက်ပါတယ်။
(၁) ဘာကြောင့်ခေါ်မှာလဲ။
တစ်ခါတလေကျပိုင်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းကလွဲပြီး ပြင်ပမှာဘာတွေဖြစ်နေလဲ သိဖို့ခက်ပါတယ်။ တချို့အခက်အခဲတွေ၊ ပြဿနာတွေက ရှုပ်ထွေးလွန်းတဲ့အခါ အဲဒီအရာတွေကို ဖြေရှင်းဖို့အတွက် ကိုယ်သိထားသလောက်နဲ့ မလုံလောက်တော့တာမျိုးဖြစ်တတ်ပါတယ်။ အဲလိုအချိန်မှာ ဘက်ပေါင်းစုံကနေ စဉ်းစားအကြံပေးနိုင်တဲ့ အကြံပေးခေါ်ယူဖို့ လို လာနိုင်ပါတယ်။
တစ်ခါတလေကျတော့လည်း ကိုယ်ဘာဖြစ်နေလဲ ကိုယ်ကသိပြီးသား ဖြစ်နေနိုင်ပါတယ်။ ဥပမာအားဖြင့် ထုတ်ကုန်အသစ်တစ်ခုအတွက် Marketing Plan တစ်ခုလိုအပ်တာ ဒါမှမဟုတ် ကွန်ပျူတာစနစ်တစ်ခုကို အဆင့်မြှင့်တင်ချင်တာ စသဖြင့်ပေါ့။ ဒါဆိုရင်တော့ အကြံပေးခေါ်ရတာပို ပြီးရှင်းလင်းပြတ်သားသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးကို ကျွမ်းကျင်ပိုင်နိုင်ပြီး တတ်သိတဲ့အကြံပေးဆိုတာ ရှာလို့မှမရတာ။
ကျနော်တို့ဘယ်လောက်တော်တော် ကျနော်တို့စွမ်းရည်ဟာ ဖြစ်လာသမျှအခက်အခဲအားလုံးကို ဖြေရှင်းဖို့ကလည်း မလွယ်ဘူးလေ။
တစ်ခါတလေကျတော့လည်း ကိုယ်လုပ်ချင်တဲ့အပြောင်းအလဲကို ဝန်ထမ်းတွေဘက်က လက်ခံဖို့က အပြင်ကလူတစ်ယောက်က ပြောပေးမှရတာမျိုးလည်းရှိလေရဲ့။ ကိုယ်ကပြောရင် ကိုယ့်အကျိုးစီးပွားအတွက်ပဲလို့ ယူဆနိုင်ကြတာကိုး။
တကယ်လို့သာ ကိုယ့်ဝန်ထမ်းထဲမှာ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ဖို့အတွက် ကျွမ်းကျင်ပိုင်နိုင်သူရှိရင်လည်း ပြင်ပကလူခေါ်မယ့်အစား ကိုယ့်လူတွေကိုပဲ အချိန်သက်သက်သုံးပြီး တာဝန်ပေး (ခံစားခွင့်ပါထပ်ပေးရမှာပေါ့) တာမျိုးလည်း လုပ်လို့ရနိုင်ပါတယ်။
(၂) အိမ်စာလုပ်ပါ။
အရေးကြီးတာက ဖြစ်နေတဲ့ပြဿနာက ဘာလဲဆိုတာကို တိကျသေချာမှုရှိအောင် ဖော်ထုတ်ပါ။ ကိုယ့်ရဲ့ စီမံခန့်ခွဲသူတွေ၊ ဝန်ထမ်းတွေနဲ့ စကားပြောပါ။ လိုအပ်ရင် ဝန်ထမ်းတွေ၊ မန်နေဂျာတွေနဲ့ သီးသန့်တွေ့ဆုံပါ။ နောက်ပြီး ဘယ်သူဖြေကြားသလဲ ဖော်ပြစရာမလိုတဲ့ စစ်တမ်းကောက်တာမျိုးလည်း လုပ်လို့ရပါတယ်။
နောက်ပြီး ဘာပြင်ရမလဲဆိုရင် အကြံပေးခေါ်ဖို့အတွက် ကိုယ်ဘယ်လောက်သုံးမလဲဆိုတာရယ်၊ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ဘတ်ဂျက်ဘယ်လောက်သုံးမလဲဆိုတာရယ်ကို သတ်မှတ်ပါ။ တစ်ခါတလေကျ တချို့စိတ်ကူးအကြံဉာဏ်တွေက ကိုယ့်အခက်အခဲအားလုံးကို ဖြေရှင်းဖို့အတွက် အာမခံနိုင်ပေမယ့် သူ့ကုန်ကျစရိတ်ကို ကိုယ်ကမတတ်နိုင်တာမျိုးလည်းရှိတာကိုး။
(၃) သေချာရှာပါ။
အကြံပေးခေါ်တဲ့အခါ နီးစပ်ရာခေါ်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်း၊ ပညာရှင်အဖွဲ့အစည်းတွေ၊ ဖြစ်နိုင်ရင် အင်တာနက်ကနေပါ သေချာရှာရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ လုပ်ငန်းတူမိတ်ဆွေတွေကော သူတို့ဘယ်သူ့ကိုသုံးကြသလဲ (ဒီမှာတော့ နည်းနည်းခက်ပါတယ်။ အပြိုင်လုပ်ငန်းဆို အမှန်ပြောဖို့က)
တစ်ခါတလေကျတော့လည်း ဟိုးလုံးဝအပြင်ဘက်ကလူကို ခေါ်တာက ကိုယ်တစ်ခါမှမစဉ်းစားမိတဲ့ စိတ်ကူးအကြံဉာဏ်သစ်တွေရနိုင်တာမျိုးလည်း ရှိတာပေါ့။
(၄) သေချာမေးမြန်းပါ။ ကိုယ်ပေးရမယ့်ငွေကြေးနဲ့ တန်အောင်ပြန်လုပ်ပေးနိုင်မှာလားဆိုတာ ဆန်းစစ်ပါ။
ဖြစ်နိုင်ရင် လူများများနဲ့တွေ့၊ သေချာမေးမြန်းတာမျိုး လုပ်ရပါမယ်။ နောက်အဲဒီပုဂ္ဂိုလ်က သီးခြားရပ်တည်တာလား၊ ကုမ္ပဏီတစ်ခုခုရဲ့အောက်ကလား စဉ်းစားရပါမယ်။ တစ်ခါတလေကျ သီးခြားရပ်တည်တဲ့အကြံပေးက ပိုပြီးအချိန်ပေးနိုင်တာ၊ ပိုပြီးစဉ်းစားပေးနိုင်တာမျိုး အားသာချက်လည်း ရှိပါတယ်။
နောက်ပြီး NDA (Non-Disclosure Agreement) လိုဟာမျိုးကိုလည်း ထိုးခိုင်းဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကုန်ကျစရိတ်တွေ၊ ဉာဏ်ပူဇော်ခတွေ သေချာမေးပါ (ခရီးစရိတ်တွေ၊ စာရွက်စာတမ်းဖိုးတွေကအစ ထည့်မေးရမှာပါ)
နောက်ပြီး သူတို့ဘယ်တော့လောက် အလုပ်စလုပ်နိုင်မလဲပေါ့။ သေချာမေးဖို့ လိုပါတယ်။
စကားပြောလို့ဆိုလို့ကော အဆင်ပြေရဲ့လား သိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အကြံပေးဟာ ကိုယ့်လုပ်ငန်းနဲ့၊ ကိုယ့်ဝန်ထမ်းတွေနဲ့ အထူးသဖြင့်တော့ ကိုယ်နဲ့လက်တွဲလို့အဆင်ပြေဖို့ လိုအပ်ပါတယ်။ အထောက်အထားတွေကို စစ်ဆေးပါ။
(၅) သေချာစာချုပ်ချုပ်ပါ။
ကိုယ့်ရဲ့အကြံပေးကို ဘာတွေလုပ်စေချင်တယ်ဆိုတာ တိတိကျကျ သိပြီးရင် စာနဲ့သေချာရေးထားခိုင်းပါ။
သူ့ကိုပေးရမယ့်အခကြေးငွေကိုလည်း ပမာဏ၊ ပေးရမယ့်အချိန်၊ ဘယ်သူက ဘယ်အချိန်မှာပေးရမယ်ဆိုတာကိုပါ သေသေချာချာထည့်သွင်းပြီး စာချုပ်ချုပ်ပါ။ စာချုပ်ကို ကိုယ့်ဘာသာကိုယ်ရေးလို့ရသလို အကြံပေးကို ရေးခိုင်းတာမျိုးကလည်း အလုပ်ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ရှေ့နေပါ ခေါပြီးစစ်ခိုင်းတာမျိုး၊ လိုအပ်တာကို ပြင်ဆင်ဖြည့်စွက်ခိုင်းတာမျိုးလည်း လုပ်သင့်ပါတယ် (ကုန်ကျစရိတ်တော့ ပိုများသွားနိုင်တာပေါ့) ဘယ်အချိန် ဘာပြီးအောင် လုပ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကိုပါ ထည့်သွင်းပြီး နှစ်ဦးနှစ်ဘက်လက်မှတ်ထိုးထားပါ။
(၆) သေချာစတင်ဆောင်ရွက်ပါ။
ဘယ်လိုစတင်အကောင်အထည်ဖော်မယ် စဉ်းစားမယ်။ အကြံပေးကို ကိုယ့်ဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးရမယ့်အစီအစဉ်တွေဆွဲပါ။ ပြီး ဝန်ထမ်းတွေကို လုပ်ငန်းနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ တိုက်တွန်းပါ။ သေချာစောင့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ အခက်အခဲပြဿနာတွေဖြေရှင်းဖို့အတွက် အကြံပေးငှားလိုက်ပြီဆိုသော်လည်း တကယ်တာဝန်ရှိသူ (အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခံစားရမယ့်သူ) ဟာ ကိုယ်ပဲဆိုတာ မမေ့ပါနဲ့။
နောက်ပြီး အကြံပေးခေါပြီး မယုံသင်္ကာသလိုလည်း မလုပ်လိုက်ပါနဲ့။ ကိုယ်အကောင်းဆုံးလုပ်ပြီးပြီပဲ။
(၇) သတင်းကောင်းတွေကော သတင်းဆိုးတွေကော ကြားရတော့မှာဆိုတာ ပြင်ထားပါ။
အကြံပေးခေါ်လိုက်ပြီဆိုတာနဲ့ သူတို့ပေးလာမယ့်အကြံဉာဏ်တွေကို နားထောင်ရတော့မယ်ဆိုတာ သေချာပါတယ်။ လိုအပ်ရင် အချိန်ဇယားကို အပြောင်းအလဲလုပ်ဖို့ စဉ်းစားထားပါ။ ဒါပေမဲ့ အရမ်းကြီးအချိန်ဆွဲတာမျိုးတော့ မဖြစ်ပါစေနဲ့။ တကယ်လို့ အကြံပေးကပြောထားတဲ့အတိုင်း လုပ်ရမယ့်အလုပ်တွေကို မပြီးစီးခဲ့ရင် ဘာကြောင့်လဲသုံးသပ်ပါ။ ပြီးတော့ အကြံ ပေးတွေက ပြောလာတဲ့ အကြံဉာဏ်တွေ၊ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်လိုက်မဖော်ခင် ကိုယ့်အတွေ့အကြုံနဲ့ပါ ပေါင်းစပ်ပြီး အကောင်အထည်ဖော်လို့ဖြစ်နိုင်မဖြစ်နိုင် ပြန်လည်စဉ်းစားသုံးသပ်ပါ။ ပြီးကိုယ့် မန်နေဂျာတွေ၊ ဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး လိုအပ်သလို ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ပါ။
(၈) အကြံပေးကာလ ပြီးသွားတဲ့အခါကျရင် ဘာလုပ်ရမလဲ။
အကြံပေးတွေရဲ့တာဝန်က ကိုယ်နဲ့လက်တွဲလုပ်ကိုင်ပြီး ဉာဏ်ပူဇော်ခ ရယူရတာဖြစ်ပါတယ်။ ဒါကြောင့် ရံဖန်ရံခါ ကိုယ့်လုပ်ငန်းကာလကို တမင်ရည်ရွယ်ချက်နဲ့ ဆွဲဆန့်တာမျိုး ရှိ၊ မရှိသေချာစောင့်ကြည့်ပါ။ သူတို့ပြောမယ့် ထပ်လောင်းဆောင်ရွက်ရန်တွေကို တကယ်လိုသလား သေချာစီစစ်ပါ။ တကယ်လို့ ကိုယ့်အနေနဲ့ တကယ်လိုအပ်တယ်လို့ခံစားရရင် အစီအစဉ်ဆွဲတဲ့ အဆင့်ကပြန်စပါ။ အစီအစဉ်ဆွဲမယ်၊ စီမံခန့်ခွဲရေးအဖွဲ့နဲ့ တိုင်ပင်မယ်၊ ဝန် ထမ်းတွေနဲ့ တိုင်ပင်မယ်၊ ဘတ်ဂျက်သတ်မှတ်မယ်၊ စာချုပ်အသစ်ပြန်ရေးမယ်၊ အချိန်ဇယားအသစ် ပြန်ဆွဲမယ်ပေါ့။
တကယ်လို့ ကိုယ့်အနေနဲ့ အကြံပေးနဲ့ ဆက်ပြီး အလုပ်မလုပ်ချင်တော့ဘူးဆိုရင် အကြံပေးကို ကျေး ဇူးတင်ကြောင်းပြောပါ။ ပေးစရာကျန်တာ ပေးလိုက်ပါ။ ပြီးရင် ဂွတ်ဘိုင်ပေါ့။ အကောင်းဆုံးလုပ်ပေးခဲ့တဲ့ အကြံပေးဆိုရင်တော့ စိုသောလက် မခြောက်ပါစေနဲ့။
(Zawgyi)
လုပ္ငႏ္းတုိးတကၹိဳ႕အၾတက္ အႀကံေပးတစ္ေယာကၠိဳ ဘယႅိဳေျရးခ္ယ္ေခၚယူမလဲ (စက္တင္ဘာလ 2020)
စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ အက်ပ္အတည္းေရာက္ခ်ိန္၊ စီးပြားက်ခ်ိန္၊ အၿပိဳင္အဆိုင္မ်ားလာခ်ိန္၊ တိုးခ်ဲ႕လာခ်ိန္ေတြမွာ လုပ္ငန္းအႀကံေပးေခၚ ဖို႔ စဥ္းစားတတ္ၾကပါတယ္။ အဲဒီလိုအခ်ိန္မ်ိဳးမွာ အႀကံေပးတစ္ေယာက္ကို စနစ္တက် မွန္မွန္ကန္ကန္ေ႐ြးခ်ယ္ႏိုင္ဖို႔က ပိုအေရးႀကီးပါတယ္။ အဲဒါေၾကာင့္ အႀကံေပးတစ္ေယာက္ကို ေခၚယူတဲ့အခါမွာ ထည့္သြင္းစဥ္းစားသင့္တဲ့အခ်က္ (၈) ခ်က္ကို ေဆြးေႏြးေပးလိုက္ပါတယ္။
(၁) ဘာေၾကာင့္ေခၚမွာလဲ။
တစ္ခါတေလက်ပိုင္ရွင္တစ္ေယာက္အေနနဲ႔ ကိုယ့္လုပ္ငန္းကလြဲၿပီး ျပင္ပမွာဘာေတြျဖစ္ေနလဲ သိဖို႔ခက္ပါတယ္။ တခ်ိဳ႕အခက္အခဲေတြ၊ ျပႆနာေတြက ရႈပ္ေထြးလြန္းတဲ့အခါ အဲဒီအရာေတြကို ေျဖရွင္းဖို႔အတြက္ ကိုယ္သိထားသေလာက္နဲ႔ မလုံေလာက္ေတာ့တာမ်ိဳးျဖစ္တတ္ပါတယ္။ အဲလိုအခ်ိန္မွာ ဘက္ေပါင္းစုံကေန စဥ္းစားအႀကံေပးႏိုင္တဲ့ အႀကံေပးေခၚယူဖို႔ လို လာႏိုင္ပါတယ္။
တစ္ခါတေလက်ေတာ့လည္း ကိုယ္ဘာျဖစ္ေနလဲ ကိုယ္ကသိၿပီးသား ျဖစ္ေနႏိုင္ပါတယ္။ ဥပမာအားျဖင့္ ထုတ္ကုန္အသစ္တစ္ခုအတြက္ Marketing Plan တစ္ခုလိုအပ္တာ ဒါမွမဟုတ္ ကြန္ပ်ဴတာစနစ္တစ္ခုကို အဆင့္ျမႇင့္တင္ခ်င္တာ စသျဖင့္ေပါ့။ ဒါဆိုရင္ေတာ့ အႀကံေပးေခၚရတာပို ၿပီးရွင္းလင္းျပတ္သားသြားပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ အကုန္လုံးကို ကြၽမ္းက်င္ပိုင္ႏိုင္ၿပီး တတ္သိတဲ့အႀကံေပးဆိုတာ ရွာလို႔မွမရတာ။
က်ေနာ္တို႔ဘယ္ေလာက္ေတာ္ေတာ္ က်ေနာ္တို႔စြမ္းရည္ဟာ ျဖစ္လာသမွ်အခက္အခဲအားလုံးကို ေျဖရွင္းဖို႔ကလည္း မလြယ္ဘူးေလ။
တစ္ခါတေလက်ေတာ့လည္း ကိုယ္လုပ္ခ်င္တဲ့အေျပာင္းအလဲကို ဝန္ထမ္းေတြဘက္က လက္ခံဖို႔က အျပင္ကလူတစ္ေယာက္က ေျပာေပးမွရတာမ်ိဳးလည္းရွိေလရဲ႕။ ကိုယ္ကေျပာရင္ ကိုယ့္အက်ိဳးစီးပြားအတြက္ပဲလို႔ ယူဆႏိုင္ၾကတာကိုး။
တကယ္လို႔သာ ကိုယ့္ဝန္ထမ္းထဲမွာ ကိုယ္လုပ္ခ်င္တဲ့အလုပ္ကို လုပ္ဖို႔အတြက္ ကြၽမ္းက်င္ပိုင္ႏိုင္သူရွိရင္လည္း ျပင္ပကလူေခၚမယ့္အစား ကိုယ့္လူေတြကိုပဲ အခ်ိန္သက္သက္သုံးၿပီး တာဝန္ေပး (ခံစားခြင့္ပါထပ္ေပးရမွာေပါ့) တာမ်ိဳးလည္း လုပ္လို႔ရႏိုင္ပါတယ္။
(၂) အိမ္စာလုပ္ပါ။
အေရးႀကီးတာက ျဖစ္ေနတဲ့ျပႆနာက ဘာလဲဆိုတာကို တိက်ေသခ်ာမႈရွိေအာင္ ေဖာ္ထုတ္ပါ။ ကိုယ့္ရဲ႕ စီမံခန႔္ခြဲသူေတြ၊ ဝန္ထမ္းေတြနဲ႔ စကားေျပာပါ။ လိုအပ္ရင္ ဝန္ထမ္းေတြ၊ မန္ေနဂ်ာေတြနဲ႔ သီးသန႔္ေတြ႕ဆုံပါ။ ေနာက္ၿပီး ဘယ္သူေျဖၾကားသလဲ ေဖာ္ျပစရာမလိုတဲ့ စစ္တမ္းေကာက္တာမ်ိဳးလည္း လုပ္လို႔ရပါတယ္။
ေနာက္ၿပီး ဘာျပင္ရမလဲဆိုရင္ အႀကံေပးေခၚဖို႔အတြက္ ကိုယ္ဘယ္ေလာက္သုံးမလဲဆိုတာရယ္၊ လိုအပ္တဲ့ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔အတြက္ ဘတ္ဂ်က္ဘယ္ေလာက္သုံးမလဲဆိုတာရယ္ကို သတ္မွတ္ပါ။ တစ္ခါတေလက် တခ်ိဳ႕စိတ္ကူးအႀကံဉာဏ္ေတြက ကိုယ့္အခက္အခဲအားလုံးကို ေျဖရွင္းဖို႔အတြက္ အာမခံႏိုင္ေပမယ့္ သူ႔ကုန္က်စရိတ္ကို ကိုယ္ကမတတ္ႏိုင္တာမ်ိဳးလည္းရွိတာကိုး။
(၃) ေသခ်ာရွာပါ။
အႀကံေပးေခၚတဲ့အခါ နီးစပ္ရာေခၚတာမ်ိဳးမလုပ္ပါနဲ႔။ ကိုယ့္အသိုင္းအဝိုင္း၊ ကိုယ့္မိတ္ေဆြအသိုင္းအဝိုင္း၊ ပညာရွင္အဖြဲ႕အစည္းေတြ၊ ျဖစ္ႏိုင္ရင္ အင္တာနက္ကေနပါ ေသခ်ာရွာရမွာျဖစ္ပါတယ္။ ကိုယ္နဲ႔ လုပ္ငန္းတူမိတ္ေဆြေတြေကာ သူတို႔ဘယ္သူ႔ကိုသုံးၾကသလဲ (ဒီမွာေတာ့ နည္းနည္းခက္ပါတယ္။ အၿပိဳင္လုပ္ငန္းဆို အမွန္ေျပာဖို႔က)
တစ္ခါတေလက်ေတာ့လည္း ဟိုးလုံးဝအျပင္ဘက္ကလူကို ေခၚတာက ကိုယ္တစ္ခါမွမစဥ္းစားမိတဲ့ စိတ္ကူးအႀကံဉာဏ္သစ္ေတြရႏိုင္တာမ်ိဳးလည္း ရွိတာေပါ့။
(၄) ေသခ်ာေမးျမန္းပါ။ ကိုယ္ေပးရမယ့္ေငြေၾကးနဲ႔ တန္ေအာင္ျပန္လုပ္ေပးႏိုင္မွာလားဆိုတာ ဆန္းစစ္ပါ။
ျဖစ္ႏိုင္ရင္ လူမ်ားမ်ားနဲ႔ေတြ႕၊ ေသခ်ာေမးျမန္းတာမ်ိဳး လုပ္ရပါမယ္။ ေနာက္အဲဒီပုဂၢိဳလ္က သီးျခားရပ္တည္တာလား၊ ကုမၸဏီတစ္ခုခုရဲ႕ေအာက္ကလား စဥ္းစားရပါမယ္။ တစ္ခါတေလက် သီးျခားရပ္တည္တဲ့အႀကံေပးက ပိုၿပီးအခ်ိန္ေပးႏိုင္တာ၊ ပိုၿပီးစဥ္းစားေပးႏိုင္တာမ်ိဳး အားသာခ်က္လည္း ရွိပါတယ္။
ေနာက္ၿပီး NDA (Non-Disclosure Agreement) လိုဟာမ်ိဳးကိုလည္း ထိုးခိုင္းဖို႔ လိုအပ္ပါတယ္။ ေနာက္ၿပီး ကုန္က်စရိတ္ေတြ၊ ဉာဏ္ပူေဇာ္ခေတြ ေသခ်ာေမးပါ (ခရီးစရိတ္ေတြ၊ စာ႐ြက္စာတမ္းဖိုးေတြကအစ ထည့္ေမးရမွာပါ)
ေနာက္ၿပီး သူတို႔ဘယ္ေတာ့ေလာက္ အလုပ္စလုပ္ႏိုင္မလဲေပါ့။ ေသခ်ာေမးဖို႔ လိုပါတယ္။
စကားေျပာလို႔ဆိုလို႔ေကာ အဆင္ေျပရဲ႕လား သိဖို႔လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ အႀကံေပးဟာ ကိုယ့္လုပ္ငန္းနဲ႔၊ ကိုယ့္ဝန္ထမ္းေတြနဲ႔ အထူးသျဖင့္ေတာ့ ကိုယ္နဲ႔လက္တြဲလို႔အဆင္ေျပဖို႔ လိုအပ္ပါတယ္။ အေထာက္အထားေတြကို စစ္ေဆးပါ။
(၅) ေသခ်ာစာခ်ဳပ္ခ်ဳပ္ပါ။
ကိုယ့္ရဲ႕အႀကံေပးကို ဘာေတြလုပ္ေစခ်င္တယ္ဆိုတာ တိတိက်က် သိၿပီးရင္ စာနဲ႔ေသခ်ာေရးထားခိုင္းပါ။
သူ႔ကိုေပးရမယ့္အခေၾကးေငြကိုလည္း ပမာဏ၊ ေပးရမယ့္အခ်ိန္၊ ဘယ္သူက ဘယ္အခ်ိန္မွာေပးရမယ္ဆိုတာကိုပါ ေသေသခ်ာခ်ာထည့္သြင္းၿပီး စာခ်ဳပ္ခ်ဳပ္ပါ။ စာခ်ဳပ္ကို ကိုယ့္ဘာသာကိုယ္ေရးလို႔ရသလို အႀကံေပးကို ေရးခိုင္းတာမ်ိဳးကလည္း အလုပ္ျဖစ္ႏိုင္ပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ ေရွ႕ေနပါ ေခါၿပီးစစ္ခိုင္းတာမ်ိဳး၊ လိုအပ္တာကို ျပင္ဆင္ျဖည့္စြက္ခိုင္းတာမ်ိဳးလည္း လုပ္သင့္ပါတယ္ (ကုန္က်စရိတ္ေတာ့ ပိုမ်ားသြားႏိုင္တာေပါ့) ဘယ္အခ်ိန္ ဘာၿပီးေအာင္ လုပ္ေပးမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြကိုပါ ထည့္သြင္းၿပီး ႏွစ္ဦးႏွစ္ဘက္လက္မွတ္ထိုးထားပါ။
(၆) ေသခ်ာစတင္ေဆာင္႐ြက္ပါ။
ဘယ္လိုစတင္အေကာင္အထည္ေဖာ္မယ္ စဥ္းစားမယ္။ အႀကံေပးကို ကိုယ့္ဝန္ထမ္းေတြနဲ႔ မိတ္ဆက္ေပးရမယ့္အစီအစဥ္ေတြဆြဲပါ။ ၿပီး ဝန္ထမ္းေတြကို လုပ္ငန္းနဲ႔ပတ္သက္ၿပီး ပြင့္ပြင့္လင္းလင္းေျပာဆိုဖို႔ တိုက္တြန္းပါ။ ေသခ်ာေစာင့္ၾကည့္ပါ။ ဘာလို႔လဲဆိုေတာ့ အခက္အခဲျပႆနာေတြေျဖရွင္းဖို႔အတြက္ အႀကံေပးငွားလိုက္ၿပီဆိုေသာ္လည္း တကယ္တာဝန္ရွိသူ (အက်ိဳးအေၾကာင္း၊ အဆိုးအေကာင္းကို ခံစားရမယ့္သူ) ဟာ ကိုယ္ပဲဆိုတာ မေမ့ပါနဲ႔။
ေနာက္ၿပီး အႀကံေပးေခါၿပီး မယုံသကၤာသလိုလည္း မလုပ္လိုက္ပါနဲ႔။ ကိုယ္အေကာင္းဆုံးလုပ္ၿပီးၿပီပဲ။
(၇) သတင္းေကာင္းေတြေကာ သတင္းဆိုးေတြေကာ ၾကားရေတာ့မွာဆိုတာ ျပင္ထားပါ။
အႀကံေပးေခၚလိုက္ၿပီဆိုတာနဲ႔ သူတို႔ေပးလာမယ့္အႀကံဉာဏ္ေတြကို နားေထာင္ရေတာ့မယ္ဆိုတာ ေသခ်ာပါတယ္။ လိုအပ္ရင္ အခ်ိန္ဇယားကို အေျပာင္းအလဲလုပ္ဖို႔ စဥ္းစားထားပါ။ ဒါေပမဲ့ အရမ္းႀကီးအခ်ိန္ဆြဲတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔။ တကယ္လို႔ အႀကံေပးကေျပာထားတဲ့အတိုင္း လုပ္ရမယ့္အလုပ္ေတြကို မၿပီးစီးခဲ့ရင္ ဘာေၾကာင့္လဲသုံးသပ္ပါ။ ၿပီးေတာ့ အႀကံ ေပးေတြက ေျပာလာတဲ့ အႀကံဉာဏ္ေတြ၊ စိတ္ကူးစိတ္သန္းေတြကို အေကာင္အထည္လိုက္မေဖာ္ခင္ ကိုယ့္အေတြ႕အႀကဳံနဲ႔ပါ ေပါင္းစပ္ၿပီး အေကာင္အထည္ေဖာ္လို႔ျဖစ္ႏိုင္မျဖစ္ႏိုင္ ျပန္လည္စဥ္းစားသုံးသပ္ပါ။ ၿပီးကိုယ့္ မန္ေနဂ်ာေတြ၊ ဝန္ထမ္းေတြနဲ႔ တိုင္ပင္ၿပီး လိုအပ္သလို ညႇိႏႈိင္းျပင္ဆင္ေဆာင္႐ြက္ပါ။
(၈) အႀကံေပးကာလ ၿပီးသြားတဲ့အခါက်ရင္ ဘာလုပ္ရမလဲ။
အႀကံေပးေတြရဲ႕တာဝန္က ကိုယ္နဲ႔လက္တြဲလုပ္ကိုင္ၿပီး ဉာဏ္ပူေဇာ္ခ ရယူရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ရံဖန္ရံခါ ကိုယ့္လုပ္ငန္းကာလကို တမင္ရည္႐ြယ္ခ်က္နဲ႔ ဆြဲဆန႔္တာမ်ိဳး ရွိ၊ မရွိေသခ်ာေစာင့္ၾကည့္ပါ။ သူတို႔ေျပာမယ့္ ထပ္ေလာင္းေဆာင္႐ြက္ရန္ေတြကို တကယ္လိုသလား ေသခ်ာစီစစ္ပါ။ တကယ္လို႔ ကိုယ့္အေနနဲ႔ တကယ္လိုအပ္တယ္လို႔ခံစားရရင္ အစီအစဥ္ဆြဲတဲ့ အဆင့္ကျပန္စပါ။ အစီအစဥ္ဆြဲမယ္၊ စီမံခန႔္ခြဲေရးအဖြဲ႕နဲ႔ တိုင္ပင္မယ္၊ ဝန္ ထမ္းေတြနဲ႔ တိုင္ပင္မယ္၊ ဘတ္ဂ်က္သတ္မွတ္မယ္၊ စာခ်ဳပ္အသစ္ျပန္ေရးမယ္၊ အခ်ိန္ဇယားအသစ္ ျပန္ဆြဲမယ္ေပါ့။
တကယ္လို႔ ကိုယ့္အေနနဲ႔ အႀကံေပးနဲ႔ ဆက္ၿပီး အလုပ္မလုပ္ခ်င္ေတာ့ဘူးဆိုရင္ အႀကံေပးကို ေက်း ဇူးတင္ေၾကာင္းေျပာပါ။ ေပးစရာက်န္တာ ေပးလိုက္ပါ။ ၿပီးရင္ ဂြတ္ဘိုင္ေပါ့။ အေကာင္းဆုံးလုပ္ေပးခဲ့တဲ့ အႀကံေပးဆိုရင္ေတာ့ စိုေသာလက္ မေျခာက္ပါေစနဲ႔။
No comments:
Post a Comment