Friday, September 25, 2020

ရန်ကုန် မုန့်ဟင်းခါး - ဝက်လက် ထမင်းပေါင်း - ဝက်သားစဉ်းကော ထမင်းထောင်း

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)


-------------------------------------------




ဒီနေ့ ပိတ်ရက်မှာ ဝတ်ရည် မိသားစုနဲ့ အတူ လုပ်စားဖြစ်တဲ့ ရန်ကုန်မုန့်ဟင်းခါးပါ ချစ်စစ်တို့၊ bro တို့ ။ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…


-------------------------------------------

ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ


၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ

၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)

၃။ ငပျောအူ – ၁အူ (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)

မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။

၄။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)

၅။ ကုလားပဲ – ၁ဝကျပ်သား (နူးအိအောင် ရေဖြင့်ပြုတ်ထားပြီ blenderဖြင့် ကြိတ်ထားပေးပါ)

မှတ်ချက် ။ ။ ကုလားပဲပြုတ်ရည် အချိုရည်များကို မုန့်ဟင်းခါးချက်ထဲ ထည့်ရန် သိမ်းထားပါ။

၄။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)

၅။ ပဲကြော်

၆။ ဘဲဥ – ၁ဝလုံး (ကျက်အောင် ပြုတ်ထားပေးပါ)

၇။ ကြက်သွန်နီ – ၂ဝလုံး (အခွံခွာထားပေးပါ)


-------------------------------------------

ဆီသပ်ရန် ပါဝင်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၂ဝကျပ်သား (ထောင်းထားပါ)

၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)

၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)

၄။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)

၅။ ဆီ – ၁ဝကျပ်သား

၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)

၇။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်


-------------------------------------------

ပြင်ဆင်နည်း

၁။ ငါးခူးကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တဝက်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။

၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူးကို အသားနွင်းပေးပါ။

၃။ ရလာသော ငါးခူးအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောပြုတ်ပေးပါ။ ပြီမှ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။

-------------------------------------------

ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။

၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။

၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။

၄။ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

-------------------------------------------

မုန့်ဟင်းခါး စချက်ပါတော့မည်

၅။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (ငါးဆီသပ်၊ ပဲပြုတ်ရည်၊ ငါးအရိုးပြုတ်ရည်များ၊ ရေ(၂လီတာ)၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။

၆။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့်၊ blender နဲ့ကြိတ်ထားသော ပဲများကို ထည့်ပြီ ရောမွှေပေးပါ။

၇။ ထို့နောက် ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။

၈။ ဆန်လှော်မှုန့် ပွလာမှ ငပျောအူများ ထည့်ပေးပါ။

၉။ ငပျောအူနူပြီဆိုလျှင် ပြုတ်ထားသော ဘဲဥများ နှင့် ငရုတ်ကောင်းမှုန့်(စားပွဲတင်ဇွန်း တဝက်) ဖြူးပေးပါ။

၁၀။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။

၉။ ကြက်သွန်နီများ နူသွားလျှင် မီးပိတ်ထားပြီ ပန်းကန်တစ်ခုထဲ မုန့်ဟင်းခါးဖတ် ၁ဝကျပ်သား၊ နံနံပင်၊ ပဲကြော်များဖြင့် ပြင်ဆင်ထားပါ။

၁၀။ မုန့်ဟင်းခါးရည်များထည့်ပြီ အိုးဘဲဥ ရန်ကုန်မုန့်ဟင်းခါးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…..


ဝက်လက် ထမင်းပေါင်

---------------------------------------

ဝက်လက် ထမင်းပေါင်း။ ဝက်လက်ကို တရုတ်ဟင်းခတ် အမွှေးကြိုင်တွနဲ့ ရောချက်ထားတာမို့ အရသာရော၊ အနံ့ပါ စားလို့ အရမ်း ကောင်းမွန်ပါတယ်။။ ဝက်လက် ထမင်းပေါင်းနဲ့ မုန့်ညှင်းစိမ်း၊ ကြက်ဥတို့နဲ့ အလွန်လိုက်ဖက်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်..

---------------------------------------

 


ပါဝင်ပစ္စည်းများ

ဝက်လက် – ၂ခု (၁.၅ ကီလိုဂရမ်) (သန့်စင်အောင် ဆေးကြောထားပါ)

ကြက်သွန်ဖြူ – ၆မွှာ (ပါးပါးလှီးပါ)

ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)

ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း

ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၃ဇွန်း

သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

ဆန်ဝိုင် – စားပွဲတင်ဇွန်း ၃ဇွန်း

ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း

သစ်ဂျပိုး – ၁ခု

နတ်နတ်ပွင့် – ၂ခု

ကလဝေရွက် – ၂ခု

စီချွမ့် ငရုတ်ကောင်း (Hua Jioa) – စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်ဥ – ၂လုံ (ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)

ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း (ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ)

မုန့်ညှင်းစိမ်း – ၁စည်း (ရေစင်အောင် ဆေးပြီ ထက်ပိုင်းပိုင်းထားပါ) (တွဲဖက်စားရန်)

---------------------------------------

ချက်ပြုတ်နည်း


၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ဝက်လက်မြုပ်နိုင်မယ့် ရေပမဏထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ဆူလာလျှင် ဝက်လက်ထည့်ပြီ ၅မိနစ်ခန့် ထပ်တည်ပါ။ အပေါ်မှ အမြုပ်မှာ တက်လာလျှင် ဇွန်းဖြင့် ဖယ်ပေးပါ။

၃။ ပြီလျှင် ရေများသွန်ပြီ ဝက်လက်များကို ပြန်ဖယ်ထားပါ။

၄။ ဒယ်(သို့) Pressure cooker ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။ ဆီပူလာလျှင် သစ်ဂျပိုး၊ နတ်နတ်ပိုး၊ ကလဝေရွက်၊ ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။

၅။ ပြီမျှ ကြက်သွန်ဖြူ၊ ဂျင်း၊ စီချွမ့် ငရုတ်ကောင်းတို့ကို ထည့်ပြီ ဆီသပ်ပေးပါ။

၆။ ထို့နောက် ရေ(၃ခွက်)၊ ဆန်ဝိုင်၊ ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ ဗီနီကာ၊ သကြား၊ ဝက်လက်၊ ပြုတ်ထားသော ကြက်ဥ များကို ထည့်ပါ။

၇။ ရိုးရိုး ဒယ်နှင့်ချက်လျှင် ဝက်လက်များကို နာရီဝက်ခြားတစ်ခါ တဖက်သို့ လှန်ပေးပြီ ဝက်လက်နူအိသည်အထိ ၂နာရီခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ်ကာ တည်ပေးပါ။


(သို့)


၇။ Pressure cooker နှင့် ချက်လျှင် ၄၅မိနစ်ခန့် ချက်ပေးပါ။

၈။ ဝက်လက် နူအိပြီဆိုလျှင် ဝက်လက်ကို ဓားဖြင့် အဝိုင်းများ ပိုင်းဖြတ်ပေးပါ။ ကြက်ဥကို ၄စိပ်စိပ်ပေးပြီ မုန့်ညှင်းစိမ်းကို ရေနွေးဖျော်ပေးပါ။

၉။ ပြီနောက် ဝက်လက်ပြုတ်ရည်ထဲ ဆူအောင် ပြန်တည်ပြီ ကော်ရည် ထည့်ပေးပါ။

၁၀။ ပန်းကန်ထဲ ထမင်း၊ ဝက်လက်၊ ကြက်ဥ၊ မုန့်ညှင်းစိမ်း တို့ကို ပြင်ဆင်ပေးကာ ဝက်လက်ဆော့ရည်များကို အပေါ်မှ ဆမ်းပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

---------------------------------------

Wutyee Food House

---------------------------------------


ဝက်သားစဉ်းကော ထမင်းထောင်း



ပါဝင်ပစ္စည်းများ

ဝက်သားစဉ်းကော  -  ၅၀ ဂရမ်

ထမင်း  -  ၁၅၀ ဂရမ်

ဆီချက်  -  စားပွဲဇွန်း ၂ ဇွန်း

ဆီ  -  စားပွဲဇွန်း ၁ ဇွန်း

ဆား  -  အနည်းငယ်

သကြား  -  အနည်းငယ်

ငံပြာရည်  -  အနည်းငယ်

ကြက်သွန်ဖြူ  -  ၃ မြွှာ

ခရမ်းချဉ်သီး  -  ၁ လုံး

ဝက်အူချောင်း  -  ၁၀ ချောင်း

နနွင်းမှုန့်  -  အနည်းငယ်

နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  -  အနည်းငယ်

တွဲဖက်စားရန်

နံနံပင်   

ဂျူးမြစ် 

သခွားသီး

ငရုတ်သီးကြော်    


ပြုလုပ်နည်း

 ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပါ။ ဝက်အူချောင်းကို အတုံးလေးများ တုံးပေးပါ။ ကြက်သွန်ကို နနွင်းမှုန့်နှင့် ဆီချက် ချက်ပါ။ ဝက်သားစဉ်းကောနှင့် ဝက်အူချောင်း ကို ဆီသတ်ပါ။ အရသာအတွက် ဆား၊ သကြား၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ ထည့်ပေးပါ။ ငရုတ်ဆုံထဲမှာ ဆီသတ်ထားသော ဝက်သား၊ ဝက်အူချောင်း၊ ထမင်း၊ နှမ်း၊ ကြက်သွန်ဖြူကြော်တို့ကို ထည့်ပြီး ထောင်းပေးပါ။ ထောင်းထားသော ထမင်းများကို ဇလုံတစ်ခုထဲမှာ ဆီချက်ထည့်နယ်ပြီး အလုံးလေးတွေ လုံးပါ။ အနံ့ အရသာပြည့်စုံပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

(Zawgyi) 

ရန္ကုန္ မုန႔္ဟင္းခါး (အိုးဘဲဥ)

-------------------------------------------



ဒီေန႔ ပိတ္ရက္မွာ ၀တ္ရည္ မိသားစုနဲ႔ အတူ လုပ္စားျဖစ္တဲ့ ရန္ကုန္မုန႔္ဟင္းခါးပါ ခ်စ္စစ္တို့၊ bro တို့ ။ မုန႔္ဟင္းခါး ၁ပိသာစာ တအိမ္သားလုံး စားလို့ရေအာင္ ခ်က္ျဖစ္သြားတယ္။ အရသာက တကယ္ဂြတ္ရွယ္ပဲ၊ အိမ္သားေတြလည္း အရမ္းအားေပးၾကတယ္။ ဒါေၾကာင့္ ခ်က္နည္း အဆင့္ဆင့္ကို ပုံႏွင့္တကြ ေဖာ္ထားထားေပးလိုက္ပါတယ္…

-------------------------------------------

ရန္ကုန္ မုန႔္ဟင္းခါးအတြက္ ပါဝင္ပစၥည္းမ်ား


၁။ မုန႔္ဟင္းခါးဖတ္ – ၁ပိသာ


၂။ ငါးခူး – ၄၀ က်ပ္သား (ငံျပာရည္၊ ဆႏြင္းမွုန႔္၊ စပါးလင္ ေရနည္းနည္းျဖင့္ ျပဳတ္ၿပီ အသားထြင္ထားေပးပါ)


၃။ ငေပ်ာအူ – ၁အူ (အရင့္မ်ားဖယ္ၿပီ အႏုမ်ားကို ပါးပါးလွီးၿပီလၽွင္ ဆႏြင္း(လက္ဖက္ရည္ဇြန္း ၁ဇြန္း)ထည့္ကာ ေရေရာ စိမ္ထားေပးပါ)

မွတ္ခ်က္ ။ ။ ဆႏြင္းစိမ္ျခင္းမွာ ငေပ်ာအူမ်ား မမဲသြားရန္ျဖစ္သည္


၄။ ဆန္ေလွာ္မွုန႔္ – ၁၀၀ ဂရမ္ (ေရျဖင့္ ေဖ်ာ္ထားေပးပါ)


၅။ ကုလားပဲ – ၁၀က်ပ္သား (ႏူးအိေအာင္ ေရျဖင့္ျပဳတ္ထားၿပီ blenderျဖင့္ ႀကိတ္ထားေပးပါ)


မွတ္ခ်က္ ။ ။ ကုလားပဲျပဳတ္ရည္ အခ်ိဳရည္မ်ားကို မုန႔္ဟင္းခါးခ်က္ထဲ ထည့္ရန္ သိမ္းထားပါ။


၄။ နံနံပင္၊ ပဲသီး၊ ပူစီနံ – ၁စည္း (ပါးပါးလွီးထားပါ)


၅။ ပဲေၾကာ္


၆။ ဘဲဥ – ၁၀လုံး (က်က္ေအာင္ ျပဳတ္ထားေပးပါ)


ရ။ ၾကက္သြန္နီ – ၂၀လုံး (အခြံခြာထားေပးပါ)

-------------------------------------------


ဆီသပ္ရန္ ပါဝင္ပစၥည္းမ်ား


၁။ ၾကက္သြန္နီ – ၂၀က်ပ္သား (ေထာင္းထားပါ)


၂။ ၾကက္သြန္ျဖဴ – ၁၅က်ပ္သား (ေထာင္းထားပါ)


၃။ ဂ်င္း – ၅က်ပ္သား (ေထာင္းထားပါ)


၄။ စပါးလင္ – ၃ပင္ (ႏွုတ္ႏွုတ္စဥ္းထားပါ)


၅။ ဆီ – ၁၀က်ပ္သား


၆။ င႐ုတ္ပြနီ – ၅ေထာင့္ (ေထာင္းၿပီ ႀကိတ္ထားကာ င႐ုတ္သီးႏွစ္ယူပါ)


ရ။ ဆႏြင္းမွုန႔္ – လက္ဖက္ရည္ဇြန္း ၁ဇြန္း


၈။ င႐ုတ္ေကာင္းမွုန႔္ – စားပြဲတင္ဇြန္း ၁ဇြန္း အေမာက္

-------------------------------------------

ျပင္ဆင္နည္း


၁။ ငါးခူးကို ငံျပာရည္(လက္ဖက္ရည္ပန္းကန္လုံး တဝက္)၊ ဆႏြင္းမွုန႔္(လက္ဖက္ရည္ဇြန္း ၃ပုံ၁ပုံ)၊ စပါးလင္(၁ပင္)ကို ခ်ည္ၿပီ ျပဳတ္ေပးထားပါ။


၂။ ၿပီးလၽွင္ ျပဳတ္ၿပီသား ငါးခူးကို အသားႏြင္းေပးပါ။


၃။ ရလာေသာ ငါးခူးအရိုးမ်ားကို စပါးလင္(ပါးပါးလွီးထားေသာ စပါးလင္မ်ားျဖင့္ ေရာျပဳတ္ေပးပါ။ ၿပီမွ အရိုးျပဳတ္ေရမ်ားကို စစ္ယူထားၿပီ ဖယ္ထားေပးပါ။

-------------------------------------------

ခ်က္ျပဳတ္နည္း


၁။ ဒယ္အိုးထဲသို့ ဆီထည့္ၿပီ ဆီပူလာလၽွင္ ေထာင္းထားေသာ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ျဖဴ၊နီ၊ စပါးလင္၊ ဂ်င္းတို့ကို အရင္ ဆီသပ္ေပးပါ။


၂။ ေနာက္မွ င႐ုတ္သီးအႏွစ္၊ ဆႏြင္းမွုန႔္တို့ကို ထည့္ေရာေမႊလိုက္ပါ။


၃။ ၿပီေနာက္ ငါးအသားမ်ားထည့္၊ င႐ုတ္ေကာင္းမွုန႔္ (လက္ဖက္ရည္ဇြန္း ၁ဇြန္း)စာ ထည့္ေမႊလိုက္ပါ။


၄။ အရသာအေပါ့အငံ့အတြက္ ဆား(လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ၾကက္သားမွုန႔္ (လက္ဖက္ရည္ဇြန္း ၁ဇြန္း) ထည့္ေပးပါ။

-------------------------------------------

မုန႔္ဟင္းခါး စခ်က္ပါေတာ့မည္


၅။ ငါးဆီသပ္ၿပီလၽွင္ မုန႔္ဟင္းခါးခ်က္ရန္ ဒယ္အိုးႀကီး တစ္ခုထဲသို့ (ငါးဆီသပ္၊ ပဲျပဳတ္ရည္၊ ငါးအရိုးျပဳတ္ရည္မ်ား၊ ေရ(၂လီတာ)၊ စပါးလင္(၂ပင္ ခ်ည္ၿပီသား))တို့ကို ထည့္ကာ ေရာေမႊလိုက္ပါ။


၆။ ၿပီလၽွင္ ေရျဖင့္ေဖ်ာ္ထားေသာ ဆန္ေလွာ္မွုန႔္၊ blender နဲ႔ႀကိတ္ထားေသာ ပဲမ်ားကို ထည့္ၿပီ ေရာေမႊေပးပါ။


ရ။ ထို့ေနာက္ ဆူေအာင္ တည္ထားၿပီမွ အေပါ့အငံ့အတြက္ ၾကက္သားမွုန႔္၊ ငံျပာရည္(၁ခြက္)၊ ဆား(စားပြဲတင္ဇြန္း ၁ဇြန္း)၊ သၾကား(စားပြဲတင္ဇြန္း ၁ဇြန္း)တို့ကို ထည့္ေပးပါ။


၈။ ဆန္ေလွာ္မွုန႔္ ပြလာမွ ငေပ်ာအူမ်ား ထည့္ေပးပါ။


၉။ ငေပ်ာအူႏူၿပီဆိုလၽွင္ ျပဳတ္ထားေသာ ဘဲဥမ်ား ႏွင့္ င႐ုတ္ေကာင္းမွုန႔္(စားပြဲတင္ဇြန္း တဝက္) ျဖဴးေပးပါ။


၁၀။ က်က္ခါနီးမွ ၾကက္သြန္နီမ်ားကို အလုံးလိုက္ ထည့္လိုက္ပါ။


၉။ ၾကက္သြန္နီမ်ား ႏူသြားလၽွင္ မီးပိတ္ထားၿပီ ပန္းကန္တစ္ခုထဲ မုန႔္ဟင္းခါးဖတ္ ၁၀က်ပ္သား၊ နံနံပင္၊ ပဲေၾကာ္မ်ားျဖင့္ ျပင္ဆင္ထားပါ။


၁၀။ မုန႔္ဟင္းခါးရည္မ်ားထည့္ၿပီ အိုးဘဲဥ ရန္ကုန္မုန႔္ဟင္းခါးကို အရသာရွိစြာ သုံးေဆာင္နိုင္ပါၿပီ…..


၀က္လက္ ထမင္းေပါင္း

---------------------------------------

ဝက္လက္ ထမင္းေပါင္း။ ဝက္လက္ကို တ႐ုတ္ဟင္းခတ္ အေမႊးႀကိဳင္တြနဲ႔ ေရာခ်က္ထားတာမို့ အရသာေရာ၊ အနံ့ပါ စားလို့ အရမ္း ေကာင္းမြန္ပါတယ္။။ ဝက္လက္ ထမင္းေပါင္းနဲ႔ မုန႔္ညႇင္းစိမ္း၊ ၾကက္ဥတို့နဲ႔ အလြန္လိုက္ဖက္ပါတယ္။ ခုပဲ တူတူ ခ်က္ၾကည့္ရေအာင္..

---------------------------------------




ပါဝင္ပစၥည္းမ်ား


၀က္လက္ – ၂ခု (၁.၅ ကီလိုဂရမ္) (သန႔္စင္ေအာင္ ေဆးေၾကာထားပါ)

ၾကက္သြန္ျဖဴ – ၆မႊာ (ပါးပါးလွီးပါ)

ဂ်င္း – လက္တဆစ္ (ပါးပါးလွီးပါ)


ပဲငံျပာရည္(အၾကည္) – စားပြဲတင္ဇြန္း ၃ဇြန္း

ပဲငံျပာရည္(အေနာက္) – စားပြဲတင္ဇြန္း ၃ဇြန္း

သၾကား – စားပြဲတင္ဇြန္း ၂ဇြန္း

ဆန္ဝိုင္ – စားပြဲတင္ဇြန္း ၃ဇြန္း

ဗီနီကာ – စားပြဲတင္ဇြန္း ၂ဇြန္း

သစ္ဂ်ပိုး – ၁ခု

နတ္နတ္ပြင့္ – ၂ခု

ကလေဝရြက္ – ၂ခု

စီခၽြမ့္ င႐ုတ္ေကာင္း (Hua Jioa) – စားပြဲတင္ဇြန္း ၁ဇြန္း

ၾကက္ဥ – ၂လုံ (က်က္ေအာင္ ျပဳတ္ၿပီ အခြံႏႊာထားေပးပါ)

ေကာ္မွုန႔္ – စားပြဲတင္ဇြန္း ၂ဇြန္း (ေရအနည္းငယ္ျဖင့္ ေဖ်ာ္ထားေပးပါ)

မုန႔္ညႇင္းစိမ္း – ၁စည္း (ေရစင္ေအာင္ ေဆးၿပီ ထက္ပိုင္းပိုင္းထားပါ) (တြဲဖက္စားရန္)

---------------------------------------




ခ်က္ျပဳတ္နည္း


၁။ အရင္ဆုံး ဒယ္အိုးတစ္ခုထဲ ဝက္လက္ျမဳပ္နိုင္မယ့္ ေရပမဏထည့္ၿပီ ပြက္ပြက္ဆူေအာင္ တည္ထားပါ။


၂။ ဆူလာလၽွင္ ဝက္လက္ထည့္ၿပီ ၅မိနစ္ခန႔္ ထပ္တည္ပါ။ အေပၚမွ အျမဳပ္မွာ တက္လာလၽွင္ ဇြန္းျဖင့္ ဖယ္ေပးပါ။


၃။ ၿပီလၽွင္ ေရမ်ားသြန္ၿပီ ဝက္လက္မ်ားကို ျပန္ဖယ္ထားပါ။




၄။ ဒယ္(သို့) Pressure cooker ထဲ ဆီ(စားပြဲတင္ဇြန္း ၁ဇြန္း) ထည့္ပါ။ ဆီပူလာလၽွင္ သစ္ဂ်ပိုး၊ နတ္နတ္ပိုး၊ ကလေဝရြက္၊ ထည့္ၿပီ ၁မိနစ္ခန႔္ ေရာေမႊပါ။


၅။ ၿပီမၽွ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ စီခၽြမ့္ င႐ုတ္ေကာင္းတို့ကို ထည့္ၿပီ ဆီသပ္ေပးပါ။




၆။ ထို့ေနာက္ ေရ(၃ခြက္)၊ ဆန္ဝိုင္၊ ပဲငံျပာရည္(အၾကည္)၊ ပဲငံျပာရည္(အေနာက္)၊ ဗီနီကာ၊ သၾကား၊ ဝက္လက္၊ ျပဳတ္ထားေသာ ၾကက္ဥ မ်ားကို ထည့္ပါ။


ရ။ ရိုးရိုး ဒယ္ႏွင့္ခ်က္လၽွင္ ဝက္လက္မ်ားကို နာရီဝက္ျခားတစ္ခါ တဖက္သို့ လွန္ေပးၿပီ ဝက္လက္ႏူအိသည္အထိ ၂နာရီခန႔္ မီးအသင့္တင့္ျဖင့္ အဖုံးအုပ္ကာ တည္ေပးပါ။


(သို့)




ရ။ Pressure cooker ႏွင့္ ခ်က္လၽွင္ ၄၅မိနစ္ခန႔္ ခ်က္ေပးပါ။


၈။ ဝက္လက္ ႏူအိၿပီဆိုလၽွင္ ဝက္လက္ကို ဓားျဖင့္ အဝိုင္းမ်ား ပိုင္းျဖတ္ေပးပါ။ ၾကက္ဥကို ၄စိပ္စိပ္ေပးၿပီ မုန႔္ညႇင္းစိမ္းကို ေရေႏြးေဖ်ာ္ေပးပါ။


၉။ ၿပီေနာက္ ဝက္လက္ျပဳတ္ရည္ထဲ ဆူေအာင္ ျပန္တည္ၿပီ ေကာ္ရည္ ထည့္ေပးပါ။


၁၀။ ပန္းကန္ထဲ ထမင္း၊ ဝက္လက္၊ ၾကက္ဥ၊ မုန႔္ညႇင္းစိမ္း တို့ကို ျပင္ဆင္ေပးကာ ဝက္လက္ေဆာ့ရည္မ်ားကို အေပၚမွ ဆမ္းေပးၿပီ အရသာရွိစြာ သုံးေဆာင္လို့ရပါၿပီ…




---------------------------------------

Wutyee Food House

---------------------------------------


ဝက္သားစဥ္းေကာ ထမင္းေထာင္း




ပါဝင္ပစၥည္းမ်ား


ဝက္သားစဥ္းေကာ  -  ၅၀ ဂရမ္

ထမင္း  -  ၁၅၀ ဂရမ္

ဆီခ်က္  -  စားပြဲဇြန္း ၂ ဇြန္း

ဆီ  -  စားပြဲဇြန္း ၁ ဇြန္း

ဆား  -  အနည္းငယ္

သၾကား  -  အနည္းငယ္

ငံျပာရည္  -  အနည္းငယ္

ၾကက္သြန္ျဖဴ  -  ၃ ႁမႊာ

ခရမ္းခ်ဥ္သီး  -  ၁ လုံး

ဝက္အူေခ်ာင္း  -  ၁၀ ေခ်ာင္း

နႏြင္းမွုန႔္  -  အနည္းငယ္

ႏွမ္း  -  စားပြဲဇြန္း ၁ ဇြန္း

င႐ုတ္ေကာင္းမွုန႔္  -  အနည္းငယ္

တြဲဖက္စားရန္

နံနံပင္   

ဂ်ဴးျမစ္ 

သခြားသီး

င႐ုတ္သီးေၾကာ္    

   

ျပဳလုပ္နည္း


 ၾကက္သြန္ျဖဴကို ႏုပ္ႏုပ္စဥ္းပါ။ ဝက္အူေခ်ာင္းကို အတုံးေလးမ်ား တုံးေပးပါ။ ၾကက္သြန္ကို နႏြင္းမွုန႔္ႏွင့္ ဆီခ်က္ ခ်က္ပါ။ ဝက္သားစဥ္းေကာႏွင့္ ဝက္အူေခ်ာင္း ကို ဆီသတ္ပါ။ အရသာအတြက္ ဆား၊ သၾကား၊ ငံျပာ

ရည္၊ င႐ုတ္ေကာင္းမွုန႔္တို့ ထည့္ေပးပါ။ င႐ုတ္ဆုံထဲမွာ ဆီသတ္ထားေသာ ဝက္သား၊ ဝက္အူေခ်ာင္း၊ ထမင္း၊ ႏွမ္း၊ ၾကက္သြန္ျဖဴေၾကာ္တို့ကို ထည့္ၿပီး ေထာင္းေပးပါ။ ေထာင္းထားေသာ ထမင္းမ်ားကို ဇလုံတစ္ခုထဲမွာ ဆီခ်က္ထည့္နယ္ၿပီး အလုံးေလးေတြ လုံးပါ။ အနံ့ အရသာျပည့္စုံၿပီဆိုရင္ေတာ့ ပန္းကန္ထဲထည့္ၿပီး သုံးေဆာင္နိုင္ပါၿပီ။

No comments: