Friday, September 18, 2020

ကြက်သားပြားပင်စိမ်းအစပ်ကြေ -ငါးဖယ်လုံးဘူးသီးရေချိုချက်-ဒညင်းသီးနှင့်ရွှေပုစွန်ခြောက်ငါးပိချက်

 ကြက်သားပြားပင်စိမ်းအစပ်ကြော်


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°





ဒီတခါ ကဖောင်ပင်စိမ်းလေးသုံးထားပေမယ့်


အခါတိုင်းချက်နေတဲ့ဖတ်ကဖောင်လိုမဟုတ်ပဲ


အသားကိုဦးစားပေးပြီးအချို ဓာတ်အတွက် ကြက်သွန်နီလေးတစ်ခြမ်းပါ ထည့်သုံးထားပါတယ်။


ပဲတောင့်ရှည်လေးရှောင်ထားတာမို့


ကဖောင်ပင်စိမ်းနံ့လှိုင်လှိုင်လေးသင်းနေပါမယ်။


အသားနဲ့ပင်စိမ်းရွက်ချည်းတွဲဖက်တဲ့ အတွဲအစပ်လေးပေါ့။




ပါဝင်ပစ္စည်းများ


အရိုးထုတ်ပြီးကြက်ရင်ပုံသား....တစ်ခြမ်း


ငရုတ်သီးစိမ်းနီ......................၁ဝတောင့်


ကြက်သွန်ဖြူ.........................ရတက်


ကြက်သွန်နီ..........................၁ခြမ်း


ကဖောင်ပင်စိမ်း.....................၅ခက်




ကြက်သားကို ခပ်ပါးပါး ၊ ပြားပြားလေးလှီးကာ


အရသာနယ်နှပ်ထားပါ။




ကြက်သွန်နီကို ၈စိတ်ခွဲလှီးပြီးအဖတ်လေးတွေခွာထားပါ။




ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတောင့်နီကိုရောပြီး


ခပ်ကြမ်းကြမ်းလေးထောင်းပါ။




ပင်စိမ်းရွက်လေးတွေကိုအရွက်ခြွေထားပါ။




ဒယ်အိုးမှာ ဆီအနည်းငယ်ကိုအပူပေးပြီးကြက်သွန်နီကိုဆီသပ်ပါ။




နွမ်းပြီးမွှေးလာလျှင်ရောထောင်းထားတဲ့ကြက်သွန်ဖြူ ၊ ငရုတ်သီးအရောကိုဆီသပ်ပါ။




မွှေးပြီး မွှန်လာလျှင်အရသာနယ်ထားတဲ့ကြက်သားတွေထည့်ပါ။




ငါးငံပြာရည် ၊ ခရုဆီ ၊ ပဲငံပြာရည် အပျစ်၊ သကြား၊ ကြက်သားမှုန့် တို့ဖြင့်အရသာဖြည့်ပါ။




စိမ့်ထွက်ခါတဲ့အရည်တွေကုန်လာပြီဆို ဆီပြန်လာပါလိမ့်မယ်(အထက်ပါအဆင့်မှာမီးရှိန်ပြင််းဖို့လိုပါမယ်)




ဆီပြန်လာပြီဆို ပင်စိမ်းရွက်အုပ် ၊ ငရုတ်ကောင်းလေးဖြူ းပြီး တည်ခင်းမယ့်ပန်းကန်ထဲပြောင်းထည့်ပါ။




ချို ၊စပ်မွှေးပြီးအရသာရှိတဲ့ကြက်သားပင်စိမ်းကြော်လေးရပါပြီ။




ငါးဖယ်လုံးဘူးသီးရေချိုချက်


.........................................





 ဒီဟင်းလေးကတော့ ကလေး၊ လူကြီး အကုန် 


ကြိုက်နှစ်သက်မယ့် ဟင်းလျာလေးပါရှင်။ ငါးဖယ် စေးစေး၊ ဘူးသီးချိုချိုနဲ့ မွှေးနေတဲ့ ဟင်းရည်သောက်ဆမ်းဟင်းလျာလေးတစ်ခွက်ပါ။




ပါဝင်ပစ္စည်းများ


ငါးဖယ်  -  ၁ ကျပ်သား


ဘူးသီး  -  ၁ စိတ်


ဆီ  -  ၂ ကျပ်ခွဲသား


ကြက်သွန်ဖြူဗမာဥ  -  ၁ လုံး


ကြက်သွန်နီ  -  ၁ လုံး


ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း


ဆား  -  သင့်ရုံ


သကြား  -  အနည်းငယ်


နံနံပင်  -  အနည်းငယ်


ငံပြာရည်  -  အနည်းငယ်


နနွင်းမှုန့်  -  အနည်းငယ်




ချက်နည်း




 ငါးဖယ်ကို စေးနေအောင်ပေါက်ပြီး အလုံးလေး


များ လုံးထားပါ။ ကြက်သွန်ဖြူကို ငရုတ်ကောင်းနှင့် ရောထောင်းထားပါ။  ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ဘူးသီးကို မထူမပါး လှီးထားပါ။ ဆီပူလာလျှင် 


ကြက်သွန်နီထည့် ဆီသတ်ပါ။ နနွင်းအနည်းငယ် 


ခတ်ပါ။ ကြက်သွန်များနွမ်းလာလျှင် ဘူးသီးထည့်ပါ။ ဘူးသီးများ ခပ်စိမ်းစိမ်းဖြစ်လာလျှင် ရေနွေးပူလောင်း


ပြီး တည်ပါ။ ငံပြာရည်၊ ဆား၊ သကြားတို့ ထည့်ပါ။ ဘူးသီးတစ်ဝက်ခန့်ကျက်လျှင် လုံးထားသော ငါးဖယ် လုံးလေးများ ထည့်ပါ။ ထောင်းထားသော ကြက်သွန်


ဖြူ၊ ငရုတ်ကောင်း အုပ်ပါ။ ဟင်းနံ့လေး အလွန်မွှေးလာ


ပါမယ်။ အပေါ့အငန်မြည်းပါ။ ဟင်းရည်မပျစ်မကျဲ အနေတော်အနေအထားရလျှင် နံနံပင်အုပ်ပါရှင်။




#Taste_Window_Food_Magazine


ဒညင်းသီးနှင့်ရွှေပုစွန်ခြောက်ငါးပိချက်


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°





ဒညင်းသီးပြုတ်...........၁ဝလုံး


ရွှေပုစွန်ခြောက်...........၂ဇွန်း


စိမ်းစားငါးပိ.. ..............၁ဇွန်း


ငရုတ်သီးစိမ်း.. ...........၁၅တောင့်ခန့်


ကြက်သွန်နီ.. .............၁လုံး


ကြက်သွန်ဖြူ.. ...........၅တက်


ခရမ်းချဉ်သီးမှည့်မှည့်..၅လုံးခန့်




ဒညင်းသီးပြုတ်ကိုထက်ခြမ်းခွဲပြီးအညှောင့်


လေးတွေထုတ်ပေးပါ။ထိုအညှောင့်လေးကအခန့်မသင့်ရင်အစာအဆိပ်တက်တဲ့ဓာတ်ကို


ဖြစ်ပေါ်စေတတ်ပါတယ်။




ထက်ခြမ်းခွဲပြီးငရုတ်ဆုံမှာထောင်းပြားပြားပေးပါ။




ငါးပိကိုရေခပ်နွေးနွှေးနှင့်ဖျော်ထားပါ။




ကြက်သွန်နီ၊ဖြူနှင့်ငရုတ်ခြောက်၃တောင့်လောက်ကိုရောပြီးညှက်နေအောင်ထောင်းပါ။




ခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းကိုခပ်ကြမ်းကြမ်းလှီးပါ။




ဒယ်အိုးတစ်လုံးမှာထောင်းထားသောအရော၊ခရမ်းချဉ်သီး၊ရွှေပုစွန်ခြောက်တို့ကိုနနွင်းမှုန့်၊အနည်းငယ်နှင့်အတူရောထည့်ပြီးဆီအနည်းငယ်လောင်းထည့်ပါ။




အဖုံးအုပ်ပြီးမီးအေးအေးမှာဆီပြန်အောင်ချက်ပေးပါ။




ဆီပြန်လာလျှင်ထောင်းပြား(သို့)ခြမ်းထားတဲ့


ဒညင်းသီးတွေထည့်ချက်ပါ။




၃မိနစ်ခန့်ဆက်ချက်ပြီးလျှင်အရည်ဖျော်ထားတဲ့ငါးပိကိုလောင်းထည့်ပြီးငရုတ်သီးစိမ်းတွေ


ထည့်ပါ။




အဖုံးအုပ်ပြီးရေခမ်းသည်အထိဆက်ချက်ပေးပါ။




အရသာအတိုးအလျှော့ချိန်ဆပြီးရင်ထမင်းမြိန်တဲ့ဒညင်းသီးငါးပိချက်လေးတစ်ခွက်ရပါပြီ။




သတိပြုရန်။ ။


ဒညင်းသီးစားလို်အဟာရမဖြစ်ဘူးဆို


ပေမယ့်လဲဒညင်းသီးကိုမရှောင်နိူင်ကြတာကြောင့်အလွန်အကျွံစားသုံးခြင်းကိုသတိထားပြီးရှောင်ကြဉ်ကြပါလို့အသိပေးအပ်ပါတယ်။


(Zawgyi) 

 ၾကက္သားျပားပင္စိမ္းအစပ္ေၾကာ္

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°




ဒီတခါ ကေဖာင္ပင္စိမ္းေလးသုံးထားေပမယ့္

အခါတိုင္းခ်က္ေနတဲ့ဖတ္ကေဖာင္လိုမဟုတ္ပဲ

အသားကိုဦးစားေပးၿပီးအခ်ိဳ ဓာတ္အတြက္ ၾကက္သြန္နီေလးတစ္ျခမ္းပါ ထည့္သုံးထားပါတယ္။

ပဲေတာင့္႐ွည္ေလးေ႐ွာင္ထားတာမို႔

ကေဖာင္ပင္စိမ္းနံ႔လိွဳင္လိႈင္ေလးသင္းေနပါမယ္။

အသားနဲ႔ပင္စိမ္းရြက္ခ်ည္းတြဲဖက္တဲ့ အတြဲအစပ္ေလးေပါ့။


ပါဝင္ပစၥည္းမ်ား

အ႐ိုးထုတ္ၿပီးၾကက္ရင္ပုံသား....တစ္ျခမ္း

င႐ုတ္သီးစိမ္းနီ......................၁၀ေတာင့္

ၾကက္သြန္ျဖဴ.........................၇တက္

ၾကက္သြန္နီ..........................၁ျခမ္း

ကေဖာင္ပင္စိမ္း.....................၅ခက္


ၾကက္သားကို ခပ္ပါးပါး ၊ ျပားျပားေလးလွီးကာ

အရသာနယ္ႏွပ္ထားပါ။


ၾကက္သြန္နီကို ၈စိတ္ခြဲလွီးၿပီးအဖတ္ေလးေတြခြာထားပါ။


ၾကက္သြန္ျဖဴ ၊ င႐ုတ္သီးစိမ္းေတာင့္နီကိုေရာျပီး

ခပ္ၾကမ္းၾကမ္းေလးေထာင္းပါ။


ပင္စိမ္းရြက္ေလးေတြကိုအရြက္ေႁခြထားပါ။


ဒယ္အိုးမွာ ဆီအနည္းငယ္ကိုအပူေပးၿပီးၾကက္သြန္နီကိုဆီသပ္ပါ။


ႏြမ္းၿပီးေမႊးလာလွ်င္ေရာေထာင္းထားတဲ့ၾကက္သြန္ျဖဴ ၊ င႐ုတ္သီးအေရာကိုဆီသပ္ပါ။


ေမႊးၿပီး မႊန္လာလွ်င္အရသာနယ္ထားတဲ့ၾကက္သားေတြထည့္ပါ။


ငါးငံျပာရည္ ၊ ခ႐ုဆီ ၊ ပဲငံျပာရည္ အပ်စ္၊ သၾကား၊ ၾကက္သားမွဳန္႔ တို႔ျဖင့္အရသာျဖည့္ပါ။


စိမ့္ထြက္ခါတဲ့အရည္ေတြကုန္လာၿပီဆို ဆီျပန္လာပါလိမ့္မယ္(အထက္ပါအဆင့္မွာမီးရိွန္ျပင္္းဖို႔လိုပါမယ္)


ဆီျပန္လာၿပီဆို ပင္စိမ္းရြက္အုပ္ ၊ င႐ုတ္ေကာင္းေလးျဖဴ းၿပီး တည္ခင္းမယ့္ပန္းကန္ထဲေျပာင္းထည့္ပါ။


ခ်ိဳ ၊စပ္ေမႊးၿပီးအရသာရိွတဲ့ၾကက္သားပင္စိမ္းေၾကာ္ေလးရပါၿပီ။


ငါးဖယ္လုံးဘူးသီးေရခ်ိဳခ်က္

.........................................




 ဒီဟင္းေလးကေတာ့ ကေလး၊ လူႀကီး အကုန္ 

ႀကိဳက္ႏွစ္သက္မယ့္ ဟင္းလ်ာေလးပါရွင္။ ငါးဖယ္ ေစးေစး၊ ဘူးသီးခ်ိဳခ်ိဳနဲ႔ ေမႊးေနတဲ့ ဟင္းရည္ေသာက္ဆမ္းဟင္းလ်ာေလးတစ္ခြက္ပါ။


ပါဝင္ပစၥည္းမ်ား

ငါးဖယ္  -  ၁ က်ပ္သား

ဘူးသီး  -  ၁ စိတ္

ဆီ  -  ၂ က်ပ္ခြဲသား

ၾကက္သြန္ျဖဴဗမာဥ  -  ၁ လုံး

ၾကက္သြန္နီ  -  ၁ လုံး

င႐ုတ္ေကာင္းမွုန႔္  -  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း

ဆား  -  သင့္႐ုံ

သၾကား  -  အနည္းငယ္

နံနံပင္  -  အနည္းငယ္

ငံျပာရည္  -  အနည္းငယ္

နႏြင္းမွုန႔္  -  အနည္းငယ္


ခ်က္နည္း


 ငါးဖယ္ကို ေစးေနေအာင္ေပါက္ၿပီး အလုံးေလး

မ်ား လုံးထားပါ။ ၾကက္သြန္ျဖဴကို င႐ုတ္ေကာင္းႏွင့္ ေရာေထာင္းထားပါ။  ၾကက္သြန္နီကို ပါးပါးလွီးထားပါ။ ဘူးသီးကို မထူမပါး လွီးထားပါ။ ဆီပူလာလၽွင္ 

ၾကက္သြန္နီထည့္ ဆီသတ္ပါ။ နႏြင္းအနည္းငယ္ 

ခတ္ပါ။ ၾကက္သြန္မ်ားႏြမ္းလာလၽွင္ ဘူးသီးထည့္ပါ။ ဘူးသီးမ်ား ခပ္စိမ္းစိမ္းျဖစ္လာလၽွင္ ေရေႏြးပူေလာင္း

ၿပီး တည္ပါ။ ငံျပာရည္၊ ဆား၊ သၾကားတို့ ထည့္ပါ။ ဘူးသီးတစ္ဝက္ခန႔္က်က္လၽွင္ လုံးထားေသာ ငါးဖယ္ လုံးေလးမ်ား ထည့္ပါ။ ေထာင္းထားေသာ ၾကက္သြန္

ျဖဴ၊ င႐ုတ္ေကာင္း အုပ္ပါ။ ဟင္းနံ့ေလး အလြန္ေမႊးလာ

ပါမယ္။ အေပါ့အငန္ျမည္းပါ။ ဟင္းရည္မပ်စ္မက်ဲ အေနေတာ္အေနအထားရလၽွင္ နံနံပင္အုပ္ပါရွင္။


#Taste_Window_Food_Magazine


ဒညင္းသီးႏွင့္ေရႊပုစြန္ေျခာက္ငါးပိခ်က္

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°




ဒညင္းသီးျပဳတ္...........၁၀လုံး

ေရႊပုစြန္ေျခာက္...........၂ဇြန္း

စိမ္းစားငါးပိ.. ..............၁ဇြန္း

င႐ုတ္သီးစိမ္း.. ...........၁၅ေတာင့္ခန္႔

ၾကက္သြန္နီ.. .............၁လုံး

ၾကက္သြန္ျဖဴ.. ...........၅တက္

ခရမ္းခ်ဥ္သီးမွည့္မွည့္..၅လုံးခန္႔


ဒညင္းသီးျပဳတ္ကိုထက္ျခမ္းခြဲၿပီးအေညႇာင့္

ေလးေတြထုတ္ေပးပါ။ထိုအေညႇာင့္ေလးကအခန္႔မသင့္ရင္အစာအဆိပ္တက္တဲ့ဓာတ္ကို

ျဖစ္ေပၚေစတတ္ပါတယ္။


ထက္ျခမ္းခြဲၿပီးင႐ုတ္ဆုံမွာေထာင္းျပားျပားေပးပါ။


ငါးပိကိုေရခပ္ေႏြးေနႊးႏွင့္ေဖ်ာ္ထားပါ။


ၾကက္သြန္နီ၊ျဖဴႏွင့္င႐ုတ္ေျခာက္၃ေတာင့္ေလာက္ကိုေရာၿပီးညႇက္ေနေအာင္ေထာင္းပါ။


ခရမ္းခ်ဥ္သီးႏွင့္င႐ုတ္သီးစိမ္းကိုခပ္ၾကမ္းၾကမ္းလွီးပါ။


ဒယ္အိုးတစ္လုံးမွာေထာင္းထားေသာအေရာ၊ခရမ္းခ်ဥ္သီး၊ေရႊပုစြန္ေျခာက္တို႔ကိုနႏြင္းမႈန္႔၊အနည္းငယ္ႏွင့္အတူေရာထည့္ၿပီးဆီအနည္းငယ္ေလာင္းထည့္ပါ။


အဖုံးအုပ္ၿပီးမီးေအးေအးမွာဆီျပန္ေအာင္ခ်က္ေပးပါ။


ဆီျပန္လာလွ်င္ေထာင္းျပား(သို႔)ျခမ္းထားတဲ့

ဒညင္းသီးေတြထည့္ခ်က္ပါ။


၃မိနစ္ခန္႔ဆက္ခ်က္ၿပီးလွ်င္အရည္ေဖ်ာ္ထားတဲ့ငါးပိကိုေလာင္းထည့္ၿပီးင႐ုတ္သီးစိမ္းေတြ

ထည့္ပါ။


အဖုံးအုပ္ၿပီးေရခမ္းသည္အထိဆက္ခ်က္ေပးပါ။


အရသာအတိုးအေလွ်ာ့ခ်ိန္ဆၿပီးရင္ထမင္းၿမိန္တဲ့ဒညင္းသီးငါးပိခ်က္ေလးတစ္ခြက္ရပါၿပီ။


သတိျပဳရန္။ ။

ဒညင္းသီးစားလို္အဟာရမျဖစ္ဘူးဆို

ေပမယ့္လဲဒညင္းသီးကိုမေ႐ွာင္ႏိူင္ၾကတာေၾကာင့္အလြန္အကြၽံစားသုံးျခင္းကိုသတိထားၿပီးေ႐ွာင္ၾကဥ္ျကပါလို႔အသိေပးအပ္ပါတယ္။

No comments: