Tuesday, September 1, 2020

“ယောက်ျားကောင်း၊ ဖခင်ကောင်းတွေဖြစ်ဖို့”

“ယောက်ျားကောင်း၊ ဖခင်ကောင်းတွေဖြစ်ဖို့”


- ဒေါက်တာ ဖြိုးသီဟ

ဤဆောင်းပါးကို International Alert နှင့် ဖန်တီးအိမ် အဖွဲ့အစည်းတို့၏ “သင်ဘာလုပ်မလဲ” ကမ်ပိန်းအတွက် ရည်ရွယ်ရေးသားပါသည်။

အခုဆို COVID-19 ဆိုတဲ့ ပြဿနာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်လာတာ ၄ လကျော်၊ ၅ လထဲ ရှိနေပါပြီ။ ကမ္ဘာအနှံ့မှာလည်း ခုထိ ထိန်းချုပ်လို့ မရသေးဘဲ Lockdown ပြန်လုပ်နေရတာတွေတောင် ရှိလာတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ဆိုပေမဲ့ အချိန်ကာလ ကြာလာတဲ့အခါ နယ်ပယ်ပေါင်းစုံကို ထိခိုက်လာတယ်။ စီးပွားရေးတွေ ပျက်ကုန်တယ်။ အလုပ်တွေ ပြုတ်သွားမလား စိုးရိမ်ပူပန်နေရတယ်။ ဒီအခါ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း အနည်းနဲ့အများ ဆိုသလို ထိခိုက်လာပါတယ်။

အထူးသဖြင့် အမျိုးသားတွေပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပခုံးပေါ်မှာ မိသားစုအတွက် ဝင်ငွေရှာရမယ် ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက ရှိနေလို့ ဖြစ်ပါတယ်။ ဒါဟာ Gender လို့ခေါ်တဲ့၊ ယောက်ျားဆိုတာ ဘယ်လိုဖြစ်ရမယ်၊ မိန်းမဆိုတာ ဘယ်လိုဖြစ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့်လို့ ပြောရင်လည်း မမှားပါဘူး။

ယောက်ျားဆိုတာ ငွေရှာကောင်းရမယ်၊ အိမ်ထောင်ဦးစီး ပီသရမယ် စတဲ့ သတ်မှတ်ချက်တွေက အမျိုးသားတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလို ခုလိုကာလမျိုးမှာတော့ ငါ့ကလေးတွေအတွက် ငါ ကျောင်းစရိတ် ပေးနိုင်ပါတော့မလား၊ ငါ့မိသားစုအတွက် ငါ ငွေရှာပေးနိုင်ပါတော့မလား စတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကိုပါ ထပ်တိုးလာစေပါတယ်။

အဲ့လို ခံစားချက်တွေ ဖြစ်လာပြီဆိုရင် တချို့က စိတ်ထဲမှာ ကြိတ်ပြီး ခံစားနေတတ်ကြတယ်။ အဲဒါကလည်း ရေရှည်မှာ မကောင်းပါဘူး။ အချိန်ကြာလာတဲ့အခါ မူးယစ်ဆေးတွေ သုံး၊ အရက်တွေ သောက်ပြီး ထွက်ပေါက်ပေးမိတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

နောက်တစ်နည်းကတော့ အပြင်ဘက်ကို ပေါက်ကွဲပစ်လိုက်တာပါ။ ဘယ်သူ့ဆီကိုလဲ ဆိုတော့ ရှင်းပါတယ်။ အိမ်က မိန်းမနဲ့ ကလေးတွေဆီကို ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ COVID ကာလအတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့ အချက်အလက်တွေက ပြဆိုနေတာပါ။

ရိုက်နှက်မယ်။ ကန်ကျောက်မယ်။ အရက်တွေ မူးပြီး သောင်းကျန်းမယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လေးစားမှု မရှိတော့တဲ့အခါ ဘာမဟုတ်တာလေးတွေကအစ အထအန ကောက်မယ်။ ပြဿနာ ရှာမယ်။ ဥပမာ မိန်းမက ဘယ်သူ့မိသားစုကတော့ဖြင့် အဆင်ပြေနေတယ်၊ အားကျလိုက်တာလို့ ပြောလိုက်ရင် နင်က ငါ ပိုက်ဆံမရှာနိုင်တော့လို့ တခြားယောက်ျားကို တမ်းတနေတာလား စသဖြင့် စကားနာထိုးမယ်။ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ စကားတွေ လှိုင်လှိုင်သုံးလာမယ်။ နောက်ပြီး ကလေးတွေကိုပါ ရိုက်နှက်တာ၊ ဆဲဆိုတာတွေ လုပ်လာနိုင်တယ်။

ရလဒ်အနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ပြေလည်သွားမှာ မဟုတ်ဘဲ မိသားစု ပြိုကွဲသွားမယ်။ ကလေးတွေရဲ့ စိတ်မှာ ဒဏ်ရာရကုန်မယ်။ ဖခင်အပေါ် လေးစားမှုတွေ ပျက်စီးသွားနိုင်တယ်။ ဒီလိုဆိုးကျိုးတွေသာ ထပ်ရလာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ခုလိုကာလမှာ အကောင်းမြင်စိတ် ထားတတ်ဖို့နဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဟာ သိပ်အရေးကြီးလာပါတယ်။

ဒီနေရာမှာ စတီဖင်ကိုဗေး ပြောခဲ့တဲ့ 90/10 principle (၉၀-၁၀ စည်းမျဉ်း) ဆိုတာလေး ပြောပြချင်ပါတယ်။ ကျွန်တော့်အတွက် သိပ်အသုံးဝင်တဲ့ အမြင်မို့ ဝေမျှပေးတဲ့ သဘောပါ။

တော်တော်များများ ကြားဖူးကြမယ်လို့တော့ ထင်ပါတယ်။ သူက ဘာပြောတာလဲဆိုတော့ ကျွန်တော်တို့ဘဝမှာ ကြုံတွေ့ရတဲ့ ၁၀ ရာခိုင်နှုန်းသော အဖြစ်အပျက်တွေဟာ သူ့အလိုလို ဖြစ်လာတာပါ။ ကျွန်တော်တို့ ထိန်းချုပ်လို့ မရပါဘူး။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ ကျွန်တော်တို့ လက်ထဲမှာ ရှိနေပါတယ်။

ဥပမာ COVID-19 ဆိုပါတော့။ ဒါ ကျွန်တော်တို့အမှားကြောင့် ဖြစ်ခဲ့တာလည်း မဟုတ်သလို၊ ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ဘူး။ ပြောရရင် ဒါသည် ပြင်ပကနေ သူ့အလိုလို ဖြစ်လာတဲ့ ၁၀ ရာခိုင်နှုန်း။ အဲဒါကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကတော့ ကိုယ့်လက်ထဲမှာတင် ရှိတယ်။ ကိုယ်တိုင် ဆုံးဖြတ်လို့ ရတယ်။ ဒါက ဘဝရဲ့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းအပေါ် သက်ရောက်မှု ရှိလိမ့်မယ်။

ဒီလို ကြုံခဲ့ရတာချင်း အတူတူ တစ်ယောက်က စိတ်ညစ်၊ စိတ်ဖိစီးပြီး အဲဒါကို ထွက်ပေါက်ပေးတဲ့အနေနဲ့ အနိုင်ကျင့် အကြမ်းဖက်မှုတွေ လုပ်မိမယ်။ ဒီတော့ အပေါ်မှာ ပြောခဲ့သလို မိသားစုနဲ့ ဆက်ဆံရေး၊ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကုန်မယ်။

နောက်တစ်ယောက်ကတော့ COVID က ဖြစ်သွားပြီ။ အလုပ်တွေလည်း ထိခိုက်ကုန်ပြီ။ ဟုတ်ပြီ၊ ဒီအခြေအနေကနေ ငါ အကောင်းဆုံး ဘယ်လိုရှေ့ဆက်မလဲ စဉ်းစားတယ်။ အဖြေရှာတယ်။ လက်တွေ့ လုပ်တယ်။ သူ့ရဲ့ စိတ်ဖိစီးမှုတွေကို သေချာကိုင်တွယ်တယ်။ ဒီတော့ ပြဿနာလည်း အထိုက်အလျောက် ပြေလည်သလို သူ့မိသားစုတွေလည်း ပျော်ရွှင်ရတယ်။ ဒီလို တုံ့ပြန်မယ်ဆိုလည်း ရပြန်တာပဲ။

အဓိက ကွာခြားချက်ကတော့ ကျွန်တော်တို့ရဲ့ အကောင်းမြင်စိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခုလို အချိန်ကာလမျိုးမှာ ကိုယ်မတတ်နိုင်တာကို တွေးပူနေမဲ့အစား တတ်နိုင်တာတွေကို အကောင်းဆုံး လုပ်မယ်ဆိုတဲ့ အကောင်းမြင်စိတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ဟာ သိပ်အရေးကြီးပါတယ်။

နောက်တစ်ချက်အနေနဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း လိုတယ်။ ဒီအတွက် အမျိုးမျိုးသော နည်းလမ်းတွေ ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အတွက် အလုပ်ဖြစ်တဲ့ နည်းချင်းတော့ တူမှာ မဟုတ်ပါဘူး။ မိတ်ဆွေတွေအချင်းချင်း ရင်ဖွင့်တာ၊ ခံစားရသမျှတွေကို ဒိုင်ယာရီမှာ ချရေးတာ၊ အပင်စိုက်တာ၊ ပန်းချီဆွဲတာ၊ ကျားထိုးတာလို ဝါသနာပါတဲ့၊ အာရုံလည်း စိုက်ရတဲ့ အလုပ်လေးတွေ လုပ်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ ခြင်းခတ်တာ စသဖြင့် လုပ်နိုင်ပါတယ်။ တခုခုမှာ အာရုံစိုက်စရာ ရှိနေတယ်ဆို တခြားဆီ စိတ်က မရောက်တော့သလို၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မြင့်လာပါတယ်။ အထူးသတိပေးချင်တာကတော့ အရက်သောက်တာလို ရေတိုခဏ စိတ်သက်သာပြီး နောက်ဆက်တွဲ ပြဿနာ များတဲ့၊ ခုလို အနိုင်ကျင့် အကြမ်းဖက်မှုတွေကို ပိုလုပ်မိစေတဲ့ နည်းတွေနဲ့တော့ ထွက်ပေါက်မပေးစေချင်ဘူး ဆိုတာပါပဲ။ ဒီလို သောက်သုံးခြင်းဟာ ပြဿနာတွေကိုလည်း ပြေလည်စေနိုင်မှာ မဟုတ်ပါဘူး။

မိသားစုဝင်တွေကိုလည်း အခြေအနေမှန် ပြောပြထားပါ။ သူတို့အနေနဲ့ ကိုယ့်အပေါ် ပိုနားလည်ပေးနိုင်မှာ ဖြစ်သလို အချင်းချင်းလည်း အားပေးဖေးကူလို့ ရသွားပါတယ်။ သူတို့ကပါ ကိုယ့်ပခုံးပေါ်က ဝင်ငွေ ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက် ခွဲဝေယူသွားနိုင်တယ်။ ငါ ယောက်ျား၊ ငါ အိမ်ထောင်ဦးစီး၊ ငါပဲ ငွေရှာမယ် ဆိုတဲ့ အစဉ်အလာ သတ်မှတ်ချက်တွေကို ဘေးဖယ်ထားလိုက်ပါ။

တကယ်တော့ အိမ်တွင်းအကြမ်းဖက်မှု ဆိုတာ ဒီလို COVID မဖြစ်ခင် ကာလကတည်းက ရှိနေပြီးသားပါ။ နိုင်ငံတကာမှာတော့ ဒီလိုအကြမ်းဖက်မှုတွေကို တော်တော်လေး အရေးကြီးတဲ့ ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။ အဲဒီလို ရှုမြင်ဖို့အတွက်ကိုလည်း အချက်အလက်ပေါင်းမြောက်များစွာက ပြောပြနေကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အချက်အလက် ရှားပါးတဲ့ နိုင်ငံဖြစ်တဲ့အတိုင်း တိတိကျကျ ဘယ်လောက် အခြေအနေထိ ဖြစ်နေတယ် ဆိုတာမျိုး ပြောရ ခက်ပါတယ်။ ပြီးတော့ ဒီကိစ္စအပေါ် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ရှုမြင်မှုတွေကလည်း ဖြစ်ရိုးဖြစ်စဉ်လို သဘောထားနေကြတာမို့ ထုတ်မပြောကြဘဲ တိမ်မြုပ်နေတာတွေကလည်း အများကြီးပါ။

၂၀၀၅ ခုနှစ်တုန်းက မန္တလေးမှာ အဖွဲ့အစည်းတစ်ခုက လုပ်ခဲ့တဲ့ စစ်တမ်းမှာတော့ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ၂၈၆ ယောက်သော အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ ၆၉ ရာခိုင်နှုန်းက သူတို့အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ကြရတယ်ဆိုပြီး ဖြေဆိုခဲ့ပါတယ်။ ဒါ အံ့သြစရာ ကိန်းဂဏန်း တစ်ခုတော့ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုလည်း သာမန်ဖြစ်စဉ်လို့ ထင်ရလောက်အောင်ကို ဖြစ်နေ ပျက်နေကြတာမို့လို့ပါပဲ။

ဒီလိုအကြမ်းဖက်မှုတွေ ဘာကြောင့် ဖြစ်ရလဲ။ အရှင်းဆုံးပြောရရင်တော့ ပါဝါ မညီမျှမှုကြောင့် ဖြစ်တာပါပဲ။ ယောကျာ်းနဲ့ မိန်းမဟာ ရုပ်ပိုင်းဆိုင်ရာအရ ခန္ဓာကိုယ်တည်ဆောက်မှုချင်း မတူတာမို့ ခွန်အားချင်း ကွာခြားပါတယ်။ နောက်ပြီး ဝင်ငွေကွာပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အစဉ်အလာ သတ်မှတ်ချက်တွေအရ အမျိုးသားကပဲ ဝင်ငွေရှာတယ်။ အမျိုးသမီးက အိမ်ထောင်မှုထိန်းသိမ်းတယ်၊ သားသမီးတွေကို စောင့်ရှောက်တယ်၊ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုတာမျိုး သဘောထားကြတယ်။ ဒီလို ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေရတော့ သူပြုသမျှ နုရတယ်။ အနိုင်ကျင့် အကြမ်းဖက်ခံရဖို့ ရာခိုင်နှုန်း တအားများလာတယ်။

နောက်ပြီး ယောကျာ်းနဲ့ မိန်းမအပေါ် ထားတဲ့ သတ်မှတ်ချက်တွေအရလည်း ကွာခြားပါသေးတယ်။ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ တဲ့။ စကားပုံတောင် ရှိသေးတယ်။ လောကမှာ အရိုက်ခံချင်တယ် ဆိုတဲ့လူရယ်လို့ မရှိပါဘူး။ ဘယ်သူမှ အသားမနာချင်ဘူး။ ဒါပေမဲ့ သူ့အပေါ်လည်း မှီခိုနေရတဲ့အပြင် အိမ်ထောင်ပျက်ဘဝကိုလည်း မခံယူချင်ကြတဲ့အတွက်သာ ဆက်ပေါင်းနေကြရတာ။

ပတ်ဝန်းကျင်ကလည်း ဒါတွေကို သမားရိုးကျ အဖြစ်အပျက်လိုပဲ သဘောထားကြတယ်။ ယောကျာ်းက မိန်းမကို ရိုက်တယ်ဆိုတဲ့ အသံကြားရင် ဒီမိန်းမ ဘာတွေလုပ်လဲမှ မသိတာ၊ ရိုက်ခံရတာ နည်းတောင် နည်းသေး ဆိုတာမျိုးတွေပဲ ပြောနေကြပြီး ဘယ်သူကမှ အကြမ်းဖက်မှုလို့ မမြင်ကြပါဘူး။ ရိုက်တဲ့ ယောကျာ်းက ပတ်ဝန်းကျင်အမြင်မှာ ရှက်စရာ ဖြစ်မနေဘဲ အရိုက်ခံရတဲ့ မိန်းမကသာ အကဲ့ရဲ့ခံ ဖြစ်နေရတာပါ။

ဒါကြောင့် ဒီလိုအကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ဆိုရင် ပါဝါတွေ ညီသွားအောင်တော့ လုပ်ဖို့ ခက်တာမို့ အဲဒီပါဝါကို အလွဲသုံးစား မလုပ်အောင်ပဲ ထိန်းချုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒီအတွက် အမျိုးသားတွေအနေနဲ့ ကိုယ့်ထက် ခွန်အားနည်းတဲ့ အမျိုးသမီးတွေ၊ ကလေးတွေကို ရိုက်နှက်တာ၊ အကြမ်းဖက်တာ၊ အဓမ္မ လုပ်ယူတာဟာ ယောကျာ်းကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူး ဆိုတဲ့ အသိ ရှိနေဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် ဒီလိုလုပ်ရပ်တွေဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ပတ်ဝန်းကျင်ကလည်း ထိန်းချုပ်ပေးလို့ ရပါတယ်။ မိန်းမကို နှိပ်စက်တဲ့ ယောကျာ်းကို အပြစ်တင်တတ်တဲ့ အလေ့အထ ထွန်းကားလာရင်၊ အကြမ်းဖက်ခံရသူကို အားပေးတတ်တဲ့ အလေ့အထ ထွန်းကားလာရင်၊ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အတွေးမျိုးတွေ ပစ်ချထားခဲ့နိုင်ရင် ဒီလိုအမှုအခင်းတွေလည်း နည်းသွားလိမ့်မယ်။ ယောကျာ်းတွေအနေနဲ့လည်း တော်ရုံကျူးလွန်ရဲတော့မှာ မဟုတ်ပါဘူး။

ဒီလိုအကြမ်းဖက်တတ်တဲ့သူကို အမျိုးသားအချင်းချင်းကလည်း ကဲ့ရဲ့ရှုံ့ချဖို့ သိပ်အရေးကြီးပါတယ်။ မိန်းမကို ရိုက်တယ် ဆိုတာ အားကျစရာ ကိစ္စအဖြစ် မရှုမြင်ထားကြပါနဲ့။ အဲဒီအစား ကိုယ့်ဒေါသကို ထိန်းချုပ်နိုင်ခြင်း၊ စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း၊ အကောင်းမြင်စိတ် ထားနိုင်ခြင်း၊ ဒီလိုအရည်အသွေးတွေကိုသာ အားကျပေးပါ။ ချီးကျူးပေးပါ။
နောက်ဆုံးအနေနဲ့တော့ တရားဥပဒေပိုင်းအရ အကြမ်းဖက်ခံရသူကို အကာအကွယ်ပေးနိုင်ဖို့၊ ကျူးလွန်သူကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ လိုပါတယ်။ ဒါမှသာ ပါဝါ အသာရထားတဲ့သူတွေ သူတို့ပါဝါကို အလွဲသုံးစား လုပ်ပြီး အကြမ်းဖက်တာမျိုးတွေ လျော့နည်းပပျောက်သွားမှာ ဖြစ်ပါတယ်။

ပြောခဲ့ပြီးသလိုပါပဲ။ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ နဂိုကတည်းကိုက ရှိနေပြီးသား ပြဿနာပါ။ ဒါကို COVID က အရှိန်ထပ်မြှင့်ပေးလိုက်ပါတယ်။ ဘယ်လိုစိတ်ဖိစီးမှုတွေပဲ ရှိနေပါစေ၊ တစ်ယောက်ယောက်ကို အနိုင်ကျင့် အကြမ်းဖက်ရင်း ဖြေရှင်းလိုက်တယ် ဆိုတာ လက်ခံနိုင်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒီတော့ အကောင်းမြင်စိတ်နဲ့ ရှေ့ဆက်ပါ။ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းပါ။ COVID-19 ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကို ကိုယ့်ခန္ဓာကိုယ်ထဲလည်း မဝင်ပါစေနဲ့။ ကိုယ့်မိသားစုတွေကိုလည်း မထိခိုက်ပါစေနဲ့။ ခွန်အားနည်းသူကို အနိုင်မကျင့်တတ်တဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်၊ သားသမီးတွေအတွက်လည်း လေးစားထိုက်တဲ့ ဖခင်တစ်ယောက်အဖြစ် ရပ်တည်ရင်း ဒီကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးကို မိသားစုနဲ့ အတူတူ ရင်ဆိုင်ကျော်ဖြတ်စေချင်ပါတယ်။

Ref : Situation Analysis on Gender Equality and Women’s Rights in Myanmar

(7Studioက တင်ဆက်တဲ့ Sponsor Content ဖြစ်ပါတယ်)

(Zawgyi)

“ေယာက္်ားေကာင္း၊ ဖခင္ေကာင္းေတြျဖစ္ဖို့”


- ေဒါက္တာ ၿဖိဳးသီဟ

ဤေဆာင္းပါးကို International Alert ႏွင့္ ဖန္တီးအိမ္ အဖြဲ႕အစည္းတို့၏ “သင္ဘာလုပ္မလဲ” ကမ္ပိန္းအတြက္ ရည္ရြယ္ေရးသားပါသည္။

အခုဆို COVID-19 ဆိုတဲ့ ျပႆနာ ကၽြန္ေတာ္တို့ ျမန္မာနိုင္ငံကို ေရာက္လာတာ ၄ လေက်ာ္၊ ၅ လထဲ ရွိေနပါၿပီ။ ကမၻာအႏွံ့မွာလည္း ခုထိ ထိန္းခ်ဳပ္လို့ မရေသးဘဲ Lockdown ျပန္လုပ္ေနရတာေတြေတာင္ ရွိလာတယ္။ အသက္ရွူလမ္းေၾကာင္းဆိုင္ရာ ဗိုင္းရပ္စ္ပိုး ဆိုေပမဲ့ အခ်ိန္ကာလ ၾကာလာတဲ့အခါ နယ္ပယ္ေပါင္းစုံကို ထိခိုက္လာတယ္။ စီးပြားေရးေတြ ပ်က္ကုန္တယ္။ အလုပ္ေတြ ျပဳတ္သြားမလား စိုးရိမ္ပူပန္ေနရတယ္။ ဒီအခါ ကၽြန္ေတာ္တို့ရဲ့ စိတ္ပိုင္းဆိုင္ရာကိုလည္း အနည္းနဲ႔အမ်ား ဆိုသလို ထိခိုက္လာပါတယ္။

အထူးသျဖင့္ အမ်ိဳးသားေတြပါ။ ဘာလို့လဲဆိုေတာ့ ကၽြန္ေတာ္တို့ ပခုံးေပၚမွာ မိသားစုအတြက္ ဝင္ေငြရွာရမယ္ ဆိုတဲ့ ဝန္ထုပ္ဝန္ပိုးႀကီးက ရွိေနလို့ ျဖစ္ပါတယ္။ ဒါဟာ Gender လို့ေခၚတဲ့၊ ေယာက္်ားဆိုတာ ဘယ္လိုျဖစ္ရမယ္၊ မိန္းမဆိုတာ ဘယ္လိုျဖစ္ရမယ္ ဆိုတဲ့ သတ္မွတ္ခ်က္ေတြေၾကာင့္လို့ ေျပာရင္လည္း မမွားပါဘူး။

ေယာက္်ားဆိုတာ ေငြရွာေကာင္းရမယ္၊ အိမ္ေထာင္ဦးစီး ပီသရမယ္ စတဲ့ သတ္မွတ္ခ်က္ေတြက အမ်ိဳးသားေတြကို ဝန္ထုပ္ဝန္ပိုး ျဖစ္ေစသလို ခုလိုကာလမ်ိဳးမွာေတာ့ ငါ့ကေလးေတြအတြက္ ငါ ေက်ာင္းစရိတ္ ေပးနိုင္ပါေတာ့မလား၊ ငါ့မိသားစုအတြက္ ငါ ေငြရွာေပးနိုင္ပါေတာ့မလား စတဲ့ စိတ္ဖိစီးမွုေတြ၊ စိုးရိမ္ပူပန္မွုေတြကိုပါ ထပ္တိုးလာေစပါတယ္။

အဲ့လို ခံစားခ်က္ေတြ ျဖစ္လာၿပီဆိုရင္ တခ်ိဳ့က စိတ္ထဲမွာ ႀကိတ္ၿပီး ခံစားေနတတ္ၾကတယ္။ အဲဒါကလည္း ေရရွည္မွာ မေကာင္းပါဘူး။ အခ်ိန္ၾကာလာတဲ့အခါ မူးယစ္ေဆးေတြ သုံး၊ အရက္ေတြ ေသာက္ၿပီး ထြက္ေပါက္ေပးမိတာမ်ိဳး၊ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။

ေနာက္တစ္နည္းကေတာ့ အျပင္ဘက္ကို ေပါက္ကြဲပစ္လိုက္တာပါ။ ဘယ္သူ႔ဆီကိုလဲ ဆိုေတာ့ ရွင္းပါတယ္။ အိမ္က မိန္းမနဲ႔ ကေလးေတြဆီကို ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီ COVID ကာလအတြင္းမွာ အိမ္တြင္းအၾကမ္းဖက္မွုေတြ သိသိသာသာ ျမင့္တက္လာတယ္လို့ အခ်က္အလက္ေတြက ျပဆိုေနတာပါ။

ရိုက္ႏွက္မယ္။ ကန္ေက်ာက္မယ္။ အရက္ေတြ မူးၿပီး ေသာင္းက်န္းမယ္။ ေနာက္ၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု၊ ေလးစားမွု မရွိေတာ့တဲ့အခါ ဘာမဟုတ္တာေလးေတြကအစ အထအန ေကာက္မယ္။ ျပႆနာ ရွာမယ္။ ဥပမာ မိန္းမက ဘယ္သူ႔မိသားစုကေတာ့ျဖင့္ အဆင္ေျပေနတယ္၊ အားက်လိုက္တာလို့ ေျပာလိုက္ရင္ နင္က ငါ ပိုက္ဆံမရွာနိုင္ေတာ့လို့ တျခားေယာက္်ားကို တမ္းတေနတာလား စသျဖင့္ စကားနာထိုးမယ္။ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစတဲ့ စကားေတြ လွိုင္လွိုင္သုံးလာမယ္။ ေနာက္ၿပီး ကေလးေတြကိုပါ ရိုက္ႏွက္တာ၊ ဆဲဆိုတာေတြ လုပ္လာနိုင္တယ္။

ရလဒ္အေနနဲ႔ ရင္ဆိုင္ေနရတဲ့ ျပႆနာကေတာ့ ေျပလည္သြားမွာ မဟုတ္ဘဲ မိသားစု ၿပိဳကြဲသြားမယ္။ ကေလးေတြရဲ့ စိတ္မွာ ဒဏ္ရာရကုန္မယ္။ ဖခင္အေပၚ ေလးစားမွုေတြ ပ်က္စီးသြားနိုင္တယ္။ ဒီလိုဆိုးက်ိဳးေတြသာ ထပ္ရလာနိုင္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားေတြအေနနဲ႔ ခုလိုကာလမွာ အေကာင္းျမင္စိတ္ ထားတတ္ဖို့နဲ႔ စိတ္ဖိစီးမွုေတြကို ကိုင္တြယ္ေျဖရွင္းနိုင္ဖို့ဟာ သိပ္အေရးႀကီးလာပါတယ္။

ဒီေနရာမွာ စတီဖင္ကိုေဗး ေျပာခဲ့တဲ့ 90/10 principle (၉၀-၁၀ စည္းမ်ဥ္း) ဆိုတာေလး ေျပာျပခ်င္ပါတယ္။ ကၽြန္ေတာ့္အတြက္ သိပ္အသုံးဝင္တဲ့ အျမင္မို့ ေဝမၽွေပးတဲ့ သေဘာပါ။

ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၾကမယ္လို့ေတာ့ ထင္ပါတယ္။ သူက ဘာေျပာတာလဲဆိုေတာ့ ကၽြန္ေတာ္တို့ဘဝမွာ ၾကဳံေတြ႕ရတဲ့ ၁၀ ရာခိုင္ႏွုန္းေသာ အျဖစ္အပ်က္ေတြဟာ သူ႔အလိုလို ျဖစ္လာတာပါ။ ကၽြန္ေတာ္တို့ ထိန္းခ်ဳပ္လို့ မရပါဘူး။ က်န္တဲ့ ၉၀ ရာခိုင္ႏွုန္းကေတာ့ ကၽြန္ေတာ္တို့ လက္ထဲမွာ ရွိေနပါတယ္။

ဥပမာ COVID-19 ဆိုပါေတာ့။ ဒါ ကၽြန္ေတာ္တို့အမွားေၾကာင့္ ျဖစ္ခဲ့တာလည္း မဟုတ္သလို၊ ကၽြန္ေတာ္တို့ ထိန္းခ်ဳပ္နိုင္တဲ့ ကိစၥမ်ိဳးလည္း မဟုတ္ဘူး။ ေျပာရရင္ ဒါသည္ ျပင္ပကေန သူ႔အလိုလို ျဖစ္လာတဲ့ ၁၀ ရာခိုင္ႏွုန္း။ အဲဒါကို ကၽြန္ေတာ္တို့ ဘယ္လိုတုံ႔ျပန္မလဲ ဆိုတာကေတာ့ ကိုယ့္လက္ထဲမွာတင္ ရွိတယ္။ ကိုယ္တိုင္ ဆုံးျဖတ္လို့ ရတယ္။ ဒါက ဘဝရဲ့ က်န္တဲ့ ၉၀ ရာခိုင္ႏွုန္းအေပၚ သက္ေရာက္မွု ရွိလိမ့္မယ္။

ဒီလို ၾကဳံခဲ့ရတာခ်င္း အတူတူ တစ္ေယာက္က စိတ္ညစ္၊ စိတ္ဖိစီးၿပီး အဲဒါကို ထြက္ေပါက္ေပးတဲ့အေနနဲ႔ အနိုင္က်င့္ အၾကမ္းဖက္မွုေတြ လုပ္မိမယ္။ ဒီေတာ့ အေပၚမွာ ေျပာခဲ့သလို မိသားစုနဲ႔ ဆက္ဆံေရး၊ ကေလးေတြရဲ့ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ကုန္မယ္။

ေနာက္တစ္ေယာက္ကေတာ့ COVID က ျဖစ္သြားၿပီ။ အလုပ္ေတြလည္း ထိခိုက္ကုန္ၿပီ။ ဟုတ္ၿပီ၊ ဒီအေျခအေနကေန ငါ အေကာင္းဆုံး ဘယ္လိုေရွ႕ဆက္မလဲ စဥ္းစားတယ္။ အေျဖရွာတယ္။ လက္ေတြ႕ လုပ္တယ္။ သူ႔ရဲ့ စိတ္ဖိစီးမွုေတြကို ေသခ်ာကိုင္တြယ္တယ္။ ဒီေတာ့ ျပႆနာလည္း အထိုက္အေလ်ာက္ ေျပလည္သလို သူ႔မိသားစုေတြလည္း ေပ်ာ္ရႊင္ရတယ္။ ဒီလို တုံ႔ျပန္မယ္ဆိုလည္း ရျပန္တာပဲ။

အဓိက ကြာျခားခ်က္ကေတာ့ ကၽြန္ေတာ္တို့ရဲ့ အေကာင္းျမင္စိတ္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခုလို အခ်ိန္ကာလမ်ိဳးမွာ ကိုယ္မတတ္နိုင္တာကို ေတြးပူေနမဲ့အစား တတ္နိုင္တာေတြကို အေကာင္းဆုံး လုပ္မယ္ဆိုတဲ့ အေကာင္းျမင္စိတ္အျပည့္နဲ႔ ျဖတ္သန္းနိုင္ဖို့ဟာ သိပ္အေရးႀကီးပါတယ္။

ေနာက္တစ္ခ်က္အေနနဲ႔ စိတ္ဖိစီးမွုေတြကို ကိုင္တြယ္ေျဖရွင္းနိုင္ဖို့လည္း လိုတယ္။ ဒီအတြက္ အမ်ိဳးမ်ိဳးေသာ နည္းလမ္းေတြ ရွိပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္အတြက္ အလုပ္ျဖစ္တဲ့ နည္းခ်င္းေတာ့ တူမွာ မဟုတ္ပါဘူး။ မိတ္ေဆြေတြအခ်င္းခ်င္း ရင္ဖြင့္တာ၊ ခံစားရသမၽွေတြကို ဒိုင္ယာရီမွာ ခ်ေရးတာ၊ အပင္စိုက္တာ၊ ပန္းခ်ီဆြဲတာ၊ က်ားထိုးတာလို ဝါသနာပါတဲ့၊ အာ႐ုံလည္း စိုက္ရတဲ့ အလုပ္ေလးေတြ လုပ္တာ၊ စာအုပ္ဖတ္တာ၊ တရားထိုင္တာ၊ ကိုယ္လက္ေလ့က်င့္ခန္း လုပ္တာ၊ ျခင္းခတ္တာ စသျဖင့္ လုပ္နိုင္ပါတယ္။ တခုခုမွာ အာ႐ုံစိုက္စရာ ရွိေနတယ္ဆို တျခားဆီ စိတ္က မေရာက္ေတာ့သလို၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွုလည္း ျမင့္လာပါတယ္။ အထူးသတိေပးခ်င္တာကေတာ့ အရက္ေသာက္တာလို ေရတိုခဏ စိတ္သက္သာၿပီး ေနာက္ဆက္တြဲ ျပႆနာ မ်ားတဲ့၊ ခုလို အနိုင္က်င့္ အၾကမ္းဖက္မွုေတြကို ပိုလုပ္မိေစတဲ့ နည္းေတြနဲ႔ေတာ့ ထြက္ေပါက္မေပးေစခ်င္ဘူး ဆိုတာပါပဲ။ ဒီလို ေသာက္သုံးျခင္းဟာ ျပႆနာေတြကိုလည္း ေျပလည္ေစနိုင္မွာ မဟုတ္ပါဘူး။

မိသားစုဝင္ေတြကိုလည္း အေျခအေနမွန္ ေျပာျပထားပါ။ သူတို့အေနနဲ႔ ကိုယ့္အေပၚ ပိုနားလည္ေပးနိုင္မွာ ျဖစ္သလို အခ်င္းခ်င္းလည္း အားေပးေဖးကူလို့ ရသြားပါတယ္။ သူတို့ကပါ ကိုယ့္ပခုံးေပၚက ဝင္ေငြ ဆိုတဲ့ ဝန္ထုပ္ဝန္ပိုးကို အထိုက္အေလ်ာက္ ခြဲေဝယူသြားနိုင္တယ္။ ငါ ေယာက္်ား၊ ငါ အိမ္ေထာင္ဦးစီး၊ ငါပဲ ေငြရွာမယ္ ဆိုတဲ့ အစဥ္အလာ သတ္မွတ္ခ်က္ေတြကို ေဘးဖယ္ထားလိုက္ပါ။

တကယ္ေတာ့ အိမ္တြင္းအၾကမ္းဖက္မွု ဆိုတာ ဒီလို COVID မျဖစ္ခင္ ကာလကတည္းက ရွိေနၿပီးသားပါ။ နိုင္ငံတကာမွာေတာ့ ဒီလိုအၾကမ္းဖက္မွုေတြကို ေတာ္ေတာ္ေလး အေရးႀကီးတဲ့ ျပႆနာတစ္ရပ္အျဖစ္ ရွုျမင္ၾကပါတယ္။ အဲဒီလို ရွုျမင္ဖို့အတြက္ကိုလည္း အခ်က္အလက္ေပါင္းေျမာက္မ်ားစြာက ေျပာျပေနၾကတယ္။ ကၽြန္ေတာ္တို့ ျမန္မာနိုင္ငံမွာေတာ့ အခ်က္အလက္ ရွားပါးတဲ့ နိုင္ငံျဖစ္တဲ့အတိုင္း တိတိက်က် ဘယ္ေလာက္ အေျခအေနထိ ျဖစ္ေနတယ္ ဆိုတာမ်ိဳး ေျပာရ ခက္ပါတယ္။ ၿပီးေတာ့ ဒီကိစၥအေပၚ ယဥ္ေက်းမွု ထုံးတမ္းစဥ္လာအရ ရွုျမင္မွုေတြကလည္း ျဖစ္ရိုးျဖစ္စဥ္လို သေဘာထားေနၾကတာမို့ ထုတ္မေျပာၾကဘဲ တိမ္ျမဳပ္ေနတာေတြကလည္း အမ်ားႀကီးပါ။

၂၀၀၅ ခုႏွစ္တုန္းက မႏၲေလးမွာ အဖြဲ႕အစည္းတစ္ခုက လုပ္ခဲ့တဲ့ စစ္တမ္းမွာေတာ့ ၿပီးခဲ့တဲ့ တစ္ႏွစ္တာ ကာလအတြင္းမွာ ၂၈၆ ေယာက္ေသာ အိမ္ေထာင္သည္ အမ်ိဳးသမီးေတြရဲ့ ၆၉ ရာခိုင္ႏွုန္းက သူတို့အိမ္ေထာင္ဖက္ရဲ့ အၾကမ္းဖက္ျခင္းကို ခံခဲ့ၾကရတယ္ဆိုၿပီး ေျဖဆိုခဲ့ပါတယ္။ ဒါ အံ့ၾသစရာ ကိန္းဂဏန္း တစ္ခုေတာ့ မဟုတ္ပါဘူး။ ဘာလို့ဆိုေတာ့ ကၽြန္ေတာ္တို့ ပတ္ဝန္းက်င္မွာဆိုလည္း သာမန္ျဖစ္စဥ္လို့ ထင္ရေလာက္ေအာင္ကို ျဖစ္ေန ပ်က္ေနၾကတာမို့လို့ပါပဲ။

ဒီလိုအၾကမ္းဖက္မွုေတြ ဘာေၾကာင့္ ျဖစ္ရလဲ။ အရွင္းဆုံးေျပာရရင္ေတာ့ ပါဝါ မညီမၽွမွုေၾကာင့္ ျဖစ္တာပါပဲ။ ေယာက်ာ္းနဲ႔ မိန္းမဟာ ႐ုပ္ပိုင္းဆိုင္ရာအရ ခႏၶာကိုယ္တည္ေဆာက္မွုခ်င္း မတူတာမို့ ခြန္အားခ်င္း ကြာျခားပါတယ္။ ေနာက္ၿပီး ဝင္ေငြကြာပါတယ္။ အေပၚမွာ ေျပာခဲ့တဲ့ အစဥ္အလာ သတ္မွတ္ခ်က္ေတြအရ အမ်ိဳးသားကပဲ ဝင္ေငြရွာတယ္။ အမ်ိဳးသမီးက အိမ္ေထာင္မွုထိန္းသိမ္းတယ္၊ သားသမီးေတြကို ေစာင့္ေရွာက္တယ္၊ စီးတဲ့ေရ ဆည္တဲ့ကန္သင္း ဆိုတာမ်ိဳး သေဘာထားၾကတယ္။ ဒီလို ေယာက်ာ္းအေပၚ လုံးလုံးလ်ားလ်ား မွီခိုေနရေတာ့ သူျပဳသမၽွ ႏုရတယ္။ အနိုင္က်င့္ အၾကမ္းဖက္ခံရဖို့ ရာခိုင္ႏွုန္း တအားမ်ားလာတယ္။

ေနာက္ၿပီး ေယာက်ာ္းနဲ႔ မိန္းမအေပၚ ထားတဲ့ သတ္မွတ္ခ်က္ေတြအရလည္း ကြာျခားပါေသးတယ္။ အရိုးကြဲေအာင္ရိုက္မွ အသည္းစြဲေအာင္ခ်စ္တာ တဲ့။ စကားပုံေတာင္ ရွိေသးတယ္။ ေလာကမွာ အရိုက္ခံခ်င္တယ္ ဆိုတဲ့လူရယ္လို့ မရွိပါဘူး။ ဘယ္သူမွ အသားမနာခ်င္ဘူး။ ဒါေပမဲ့ သူ႔အေပၚလည္း မွီခိုေနရတဲ့အျပင္ အိမ္ေထာင္ပ်က္ဘဝကိုလည္း မခံယူခ်င္ၾကတဲ့အတြက္သာ ဆက္ေပါင္းေနၾကရတာ။

ပတ္ဝန္းက်င္ကလည္း ဒါေတြကို သမားရိုးက် အျဖစ္အပ်က္လိုပဲ သေဘာထားၾကတယ္။ ေယာက်ာ္းက မိန္းမကို ရိုက္တယ္ဆိုတဲ့ အသံၾကားရင္ ဒီမိန္းမ ဘာေတြလုပ္လဲမွ မသိတာ၊ ရိုက္ခံရတာ နည္းေတာင္ နည္းေသး ဆိုတာမ်ိဳးေတြပဲ ေျပာေနၾကၿပီး ဘယ္သူကမွ အၾကမ္းဖက္မွုလို့ မျမင္ၾကပါဘူး။ ရိုက္တဲ့ ေယာက်ာ္းက ပတ္ဝန္းက်င္အျမင္မွာ ရွက္စရာ ျဖစ္မေနဘဲ အရိုက္ခံရတဲ့ မိန္းမကသာ အကဲ့ရဲ့ခံ ျဖစ္ေနရတာပါ။

ဒါေၾကာင့္ ဒီလိုအၾကမ္းဖက္မွုေတြကို ကာကြယ္ဖို့ဆိုရင္ ပါဝါေတြ ညီသြားေအာင္ေတာ့ လုပ္ဖို့ ခက္တာမို့ အဲဒီပါဝါကို အလြဲသုံးစား မလုပ္ေအာင္ပဲ ထိန္းခ်ဳပ္လို့ရမွာ ျဖစ္ပါတယ္။ ဒီအတြက္ အမ်ိဳးသားေတြအေနနဲ႔ ကိုယ့္ထက္ ခြန္အားနည္းတဲ့ အမ်ိဳးသမီးေတြ၊ ကေလးေတြကို ရိုက္ႏွက္တာ၊ အၾကမ္းဖက္တာ၊ အဓမၼ လုပ္ယူတာဟာ ေယာက်ာ္းေကာင္းေတြရဲ့ လုပ္ရပ္မဟုတ္ဘူး ဆိုတဲ့ အသိ ရွိေနဖို့ လိုပါတယ္။ တစ္နည္းအားျဖင့္ ဒီလိုလုပ္ရပ္ေတြဟာ ကိုယ့္ရဲ့ စိတ္ပိုင္းဆိုင္ရာ အားနည္းမွုကို ျပသလိုက္တာလည္း ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္အေနနဲ႔ ပတ္ဝန္းက်င္ကလည္း ထိန္းခ်ဳပ္ေပးလို့ ရပါတယ္။ မိန္းမကို ႏွိပ္စက္တဲ့ ေယာက်ာ္းကို အျပစ္တင္တတ္တဲ့ အေလ့အထ ထြန္းကားလာရင္၊ အၾကမ္းဖက္ခံရသူကို အားေပးတတ္တဲ့ အေလ့အထ ထြန္းကားလာရင္၊ ကိုယ္နဲ႔မဆိုင္ဘူးဆိုတဲ့ အေတြးမ်ိဳးေတြ ပစ္ခ်ထားခဲ့နိုင္ရင္ ဒီလိုအမွုအခင္းေတြလည္း နည္းသြားလိမ့္မယ္။ ေယာက်ာ္းေတြအေနနဲ႔လည္း ေတာ္႐ုံက်ဴးလြန္ရဲေတာ့မွာ မဟုတ္ပါဘူး။

ဒီလိုအၾကမ္းဖက္တတ္တဲ့သူကို အမ်ိဳးသားအခ်င္းခ်င္းကလည္း ကဲ့ရဲ့ရွုံ႔ခ်ဖို့ သိပ္အေရးႀကီးပါတယ္။ မိန္းမကို ရိုက္တယ္ ဆိုတာ အားက်စရာ ကိစၥအျဖစ္ မရွုျမင္ထားၾကပါနဲ႔။ အဲဒီအစား ကိုယ့္ေဒါသကို ထိန္းခ်ဳပ္နိုင္ျခင္း၊ စိတ္ခံစားခ်က္ေတြကို ကိုင္တြယ္ေျဖရွင္းနိုင္ျခင္း၊ အေကာင္းျမင္စိတ္ ထားနိုင္ျခင္း၊ ဒီလိုအရည္အေသြးေတြကိုသာ အားက်ေပးပါ။ ခ်ီးက်ဴးေပးပါ။
ေနာက္ဆုံးအေနနဲ႔ေတာ့ တရားဥပေဒပိုင္းအရ အၾကမ္းဖက္ခံရသူကို အကာအကြယ္ေပးနိုင္ဖို့၊ က်ဴးလြန္သူကို ထိေရာက္တဲ့ ျပစ္ဒဏ္ေပးနိုင္ဖို့ လိုပါတယ္။ ဒါမွသာ ပါဝါ အသာရထားတဲ့သူေတြ သူတို့ပါဝါကို အလြဲသုံးစား လုပ္ၿပီး အၾကမ္းဖက္တာမ်ိဳးေတြ ေလ်ာ့နည္းပေပ်ာက္သြားမွာ ျဖစ္ပါတယ္။

ေျပာခဲ့ၿပီးသလိုပါပဲ။ အိမ္တြင္းအၾကမ္းဖက္မွုေတြဟာ နဂိုကတည္းကိုက ရွိေနၿပီးသား ျပႆနာပါ။ ဒါကို COVID က အရွိန္ထပ္ျမႇင့္ေပးလိုက္ပါတယ္။ ဘယ္လိုစိတ္ဖိစီးမွုေတြပဲ ရွိေနပါေစ၊ တစ္ေယာက္ေယာက္ကို အနိုင္က်င့္ အၾကမ္းဖက္ရင္း ေျဖရွင္းလိုက္တယ္ ဆိုတာ လက္ခံနိုင္စရာ ကိစၥတစ္ခု မဟုတ္ပါဘူး။ ဒီေတာ့ အေကာင္းျမင္စိတ္နဲ႔ ေရွ႕ဆက္ပါ။ ကိုယ့္ရဲ့ စိတ္ဖိစီးမွုေတြကို ကိုင္တြယ္ေျဖရွင္းပါ။ COVID-19 ဆိုတဲ့ ဗိုင္းရပ္စ္ပိုးကို ကိုယ့္ခႏၶာကိုယ္ထဲလည္း မဝင္ပါေစနဲ႔။ ကိုယ့္မိသားစုေတြကိုလည္း မထိခိုက္ပါေစနဲ႔။ ခြန္အားနည္းသူကို အနိုင္မက်င့္တတ္တဲ့၊ ဂုဏ္သိကၡာရွိတဲ့ ေယာက္်ားတစ္ေယာက္၊ သားသမီးေတြအတြက္လည္း ေလးစားထိုက္တဲ့ ဖခင္တစ္ေယာက္အျဖစ္ ရပ္တည္ရင္း ဒီကမၻာလုံးဆိုင္ရာ ကပ္ေရာဂါႀကီးကို မိသားစုနဲ႔ အတူတူ ရင္ဆိုင္ေက်ာ္ျဖတ္ေစခ်င္ပါတယ္။

Ref : Situation Analysis on Gender Equality and Women’s Rights in Myanmar

(7Studioက တင္ဆက္တဲ့ Sponsor Content ျဖစ္ပါတယ္)

No comments: