Thursday, September 24, 2020

8- P Model of HRM

 8- P Model  of HRM


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️




#Goldie_Kyaw


HR တစ်ယောက်အနေနဲ့ ဘာတွေကို အာရုံစူးစိုက်ပြီး လုပ်ဆောင်နေရသလဲ ?


HR ဌာနအနေနဲ့ ဘာတွေလုပ်ဆောင်နေရသလဲ ?

လို့ မေးတဲ့ အခါမှာကျွန်မတို့ အကြိမ်များစွာ ဖြေဆိုမိ

တာ ကလူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ရခြင်းပါပဲ  ။


ဒီထက်ပိုပြီးတိတိကျကျလေး မျှဝေနိုင်ဖို့  8-P Model of HRM ကို မျှဝေချင်ပါတယ် ။  ဒါတွေကတော့ 


1.     Philosophy


2.     Policies


3.     Processes


4.     Practices


5.     Programs


6.     Performance


7.     Pay


8.     Perform တို့ဖြစ်ပါတယ် ။ 


ဒီတော့ ‘ P ’  တစ်လုံးချင်းစီကဘာတွေလဲ ဆိုတာကို တစ်ချက်ဆွေးနွေး ကြည့်ရအောင်ပါ  ။  


❗Philosophy


လုပ်ငန်းအဖွဲ့စည်းအတွင်းမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အယူအဆ သဘောထား တွေနဲ့ ပြုမှုဆောင်ရွက်မှုတွေရှိကြပါတယ် ။  ဒါကို  Organizational Philosophy လို့ ခေါ်ပါတယ် ၊ဒါကို သေချာစွာ သိရှိစေဖို့နဲ့ လုပ်ငန်းခွင်အတွင်းက Key Player တိုင်းက သေချာစွာ နားလည်ဖို့လိုအပ်ပါတယ် ။  ဒါကို သေချာစွာ ရှာဖွေပြီး နားလည်သဘောပေါက်စေဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ် ။


❗Policies


နောက်တစ်ခုကတော့ Policies ပါ ။ အဖွဲ့အစည်းရဲ့ အယူအဆသဘောထားတွေကို သေချာစွာသိရှိတဲ့အခါ မှန်ကန်ပြီးအများလိုက်နာဆောင်ရွက်နိုင်တဲ့ မူဝါ များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိင်ဖို့ ရေးဆွဲပြင်္ငဆင်ရတဲ့ လုပ်ငန်းဆောင်ရွက်မှုများကို လုပ်ဆောင်ရတာဖြစ်ပါတယ် ။ ဒီလိုချမှတ်ရာမှာလည်း ခေတ်စနစ်နဲ့ လျော်ညီပြီး ၊ ဥပဒေများနဲ့ ကိုက်ညီမယ့် အချက်အလက်များကိုလည်း ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ် ။ ဘာတွေကိုတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုး ၊ သတ်မှတ်ချက်တွေကို တိကျစွာ ထုတ်ပြန်ထားဖို့လိုပါတယ်။


❗Processes


မှန်ကန်တဲ့ လုပ်ဆောင်ချက်ရရှိစေဖို့  မူဝါဒတွေအပေါ်မှာ တိကျတဲ့ လုပ်ငန်းစဉ်သတ်မှတ်ချက်တွေကို ချမှတ်ပေးရမှာဖြစ်ပါတယ် ။ တနည်းအားဖြင့် ဆိုရရင် SOP သတ်မှတ်တာမျိုးကို သေချာစွာ လုပ်ဆောင်ရပါမယ် ။ သူ့မှာ အတိအကျ လိုက်နာဆောင်ရွက်ရမယ့် အဆင့်ချင်းစီအလိုက် လုပ်ငန်းစဉ် သတ်မှတ်ချက်တွေကို ချမှတ်ပြီး ဆောင်ရွက်မယ့် ဝန်ထမ်းတစ်ယောက်ချင်းစီအလိုက်ကို တိတိကျကျ လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ် ။


❗Practices


မူဝါဒတွ ၊ လုပ်ငန်းစဉ်သတ်မှတ်ချက်တွေ   ရေးဆွဲတဲ့အခါမှာလည်း လိုက်နာကျင့်သုံး အကောင် အထည် ဖော်နိုင်ဖို့ လိုအပ်ပါတယ် ။ စာရွက်ပေါ်က ပေါ်လစီမဖြစ်စေဖို့မှန်ကန်စွာ ဆောင်ရွက်နိင်ဖို့အတွက် မိမိအဖွဲ့ အစည်းအတွင်း ပြန်လည် ကျင့်သုံးမယ့် အစီအမံတွေကို ချမှတ်ရပါတယ်။ နေ့စဉ်လုပ်ဆောင်နေရတဲ့ Day to Day activities တွေကို စနစ်တကျနဲ့ မှန်ကန်စွာလုပ်ဆောင်ဖို့ လိုအပ်ပါတယ် ။  ဒါကို HR တွေက ပိုပြီးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။


❗Programs


နောက် ‘ P ’  တစ်လုံးကတော့ Programs ပါ ၊  မိမိအဖွဲ့အစည်းရဲ့ ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် က ဘယ်အချိန်မှာ ဘာတွေကို ကောင်အထည်ဖော်ဆောင်ရမလဲ ဆိုတာကို ပြင်ဆင် ဆောင်ရွက် ထားဖို့လိုပါတယ် ။   ဝန်ထမ်းတွေကို တိုးတက်ဖွံ့ဖြိုးဖို့ မိမိအဖွဲ့အစည်းအတွင်းမှာ သင့်တော်တဲ့  Programs များ အစီအမံများကို ရေးဆွဲပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါတယ် ။  Employee Assistance Program, Employee training & development programs တွေကို အကောင်အထည်ဖော်ရွက်နိုင်သလို အခြားသင့်လျော်မယ့် အစီအမံတွေကိုလည်း သက်ဆိုင်ရာ တာဝန်ခံများနဲ့ ပေါင်းစပ် အကောင် အထည်ဖော်နိုင်ဖို့လိုပါတယ် ။


❗Performance


နောက်ထပ်အရေးကြီးတဲ့ ‘ P ’  တစ်လုံးကတော့  Performance ပါပဲ ။ ထိရောက်ပြီး တကယ် အကောင်အထည်ဖော်နိုင်တဲ့ ရလာဒ်ကောင်းတွေကို အဖွဲ့အစည်းအတွင်းမှာ ရယူပိုင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ် ။ ဒါကြောင့်လည်း  Performance Management ဟာ လုပ်ငန်းခွင်တိုင်းအတွက် အရေးကြီးတဲ့ နေရာမှာရှိနေတာဖြစ်ပါတယ် ။  စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဝန်ထမ်းကောင်းတွေ ရရှိဖို့ နဲ့ ဝန်ထမ်း တစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ကိုမှန်ကန်တိကျစွာ အကဲဖြတ်မှတ်တမ်းတင်နိုင်ဖို့ကလည်း အရေး ကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ။


❗Pay


ဝန်ထမ်းတိုင်းမျှော်လင့်တောင်းတ တဲ့အရာဖြစ်ပါတယ် ။  တကယ်တော်တဲ့သူကို ချီးမြှင့်နိုင်မယ့် ၊ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ကိုက်ညီတဲ့ လုပ်ခ ၊လစာ ၊ ခံစားခွင့် ၊ ရပိုင်ခွင့်တွေကို တိတိကျကျ ပေးအပ်နိုင်ရင် အဖွဲ့အစည်းကို အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ် ။  ပြီးတော့ ဝန်ထမ်းတွေရဲ့  Motivation နဲ့  လုပ်ငန်းခွင်ကျေနပ်ခြင်း ၊ အလုပ်တာဝန်အပေါ်မှာ တာဝန်တိကျစွာ ဆောင်ရွက်နိုင်ခြင်းတွေနဲ့လည်း သက်ဆိုင်နေတာဖြစ်တာကြောင့် Compensation Management ကအရေးအကြီးတယ်ဆိုတာ မေ့ထားလို့မရပါဘူး ။


❗Perform


နောက်ဆုံး ‘ P ’ ကတော့ အထက်ပါ လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ တာဝန် တစ်ရပ်အဖြစ် နားလည်ထားဖို့ လိုပါတယ် ။  စိတ်ကူးပေါက်လို့ ထ လုပ်လိုက်တာမျိုးမဟုတ်ပဲ ပုံမှန် ဆောင်ရွွက်ပြီး အဖွဲ့အစည်းရဲ့ပန်းတိုင်နဲ့ ချိတ်ဆက်မှုကို အမြဲ လုပ်ဆောင်နေရမှာဖြစ်ပါတယ် ။  ဒါမှလည်း မိမိအဖွဲ့အစည်းက စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှု (Continuous Improvement ) ကို ရရှိစေမှာဖြစ်ပါတယ် ။


အထက်ပါ လုပ်ငန်းဆောင်ရွက်ချက်များအပြင်အခြားသော HRM ရဲ့ လုပ်ငန်းစဉ်တွေ ၊ ရေရှည်ဆောင်ရွက်ရမယ့် HR ဌာနတွေရဲ့ လုပ်ဆောင်ချက်တွေလည်း အများအပြားရှိနေဦးမှာပါ  ။  8 P Model of HRM ကတော့ အားလုံး ရိုးရှင်းလွယ်ကူစွာနဲ့ မှတ်မိနိုင်စေဖို့ မျှဝေရေးသားလိုက်ရပါတယ် ။


#Goldie_Kyaw


 

Ref : _Randal. Schuler this model melds five human resource activities with strategic highlight

_Strategic Implementation as a Core Competency

_5 P Model of HR - Mildred Golden Pryor, Donna Anderson, Leslie A Toombs and John H Humphreys


(Zawgyi) 

8- P Model  of HRM


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️




#Goldie_Kyaw


HR တစ္ေယာက္အေနနဲ႔ ဘာေတြကို အာ႐ုံစူးစိုက္ၿပီး လုပ္ေဆာင္ေနရသလဲ ?


HR ဌာနအေနနဲ႔ ဘာေတြလုပ္ေဆာင္ေနရသလဲ ?

လို့ ေမးတဲ့ အခါမွာကၽြန္မတို့ အႀကိမ္မ်ားစြာ ေျဖဆိုမိ

တာ ကလူ႔စြမ္းအားအရင္းအျမစ္တိုးတက္ဖြံ့ၿဖိဳးေအာင္လုပ္ေဆာင္ရျခင္းပါပဲ  ။


ဒီထက္ပိုၿပီးတိတိက်က်ေလး မၽွေဝနိုင္ဖို့  8-P Model of HRM ကို မၽွေဝခ်င္ပါတယ္ ။  ဒါေတြကေတာ့ 


1.     Philosophy


2.     Policies


3.     Processes


4.     Practices


5.     Programs


6.     Performance


7.     Pay


8.     Perform တို့ျဖစ္ပါတယ္ ။ 


ဒီေတာ့ ‘ P ’  တစ္လုံးခ်င္းစီကဘာေတြလဲ ဆိုတာကို တစ္ခ်က္ေဆြးေႏြး ၾကည့္ရေအာင္ပါ  ။  


❗Philosophy


လုပ္ငန္းအဖြဲ႕စည္းအတြင္းမွာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြရဲ့ အယူအဆ သေဘာထား ေတြနဲ႔ ျပဳမွုေဆာင္ရြက္မွုေတြရွိၾကပါတယ္ ။  ဒါကို  Organizational Philosophy လို့ ေခၚပါတယ္ ၊ဒါကို ေသခ်ာစြာ သိရွိေစဖို့နဲ႔ လုပ္ငန္းခြင္အတြင္းက Key Player တိုင္းက ေသခ်ာစြာ နားလည္ဖို့လိုအပ္ပါတယ္ ။  ဒါကို ေသခ်ာစြာ ရွာေဖြၿပီး နားလည္သေဘာေပါက္ေစဖို့ ေဆာင္ရြက္ေပးရမွာျဖစ္ပါတယ္ ။


❗Policies


ေနာက္တစ္ခုကေတာ့ Policies ပါ ။ အဖြဲ႕အစည္းရဲ့ အယူအဆသေဘာထားေတြကို ေသခ်ာစြာသိရွိတဲ့အခါ မွန္ကန္ၿပီးအမ်ားလိုက္နာေဆာင္ရြက္နိုင္တဲ့ မူဝါ မ်ားကို ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္ရြက္နိင္ဖို့ ေရးဆြဲျပငၤဆင္ရတဲ့ လုပ္ငန္းေဆာင္ရြက္မွုမ်ားကို လုပ္ေဆာင္ရတာျဖစ္ပါတယ္ ။ ဒီလိုခ်မွတ္ရာမွာလည္း ေခတ္စနစ္နဲ႔ ေလ်ာ္ညီၿပီး ၊ ဥပေဒမ်ားနဲ႔ ကိုက္ညီမယ့္ အခ်က္အလက္မ်ားကိုလည္း ထည့္သြင္း စဥ္းစားရမွာျဖစ္ပါတယ္ ။ ဘာေတြကိုေတာ့ ဘယ္လိုလုပ္ရမလဲ ဆိုတာမ်ိဳး ၊ သတ္မွတ္ခ်က္ေတြကို တိက်စြာ ထုတ္ျပန္ထားဖို့လိုပါတယ္။


❗Processes


မွန္ကန္တဲ့ လုပ္ေဆာင္ခ်က္ရရွိေစဖို့  မူဝါဒေတြအေပၚမွာ တိက်တဲ့ လုပ္ငန္းစဥ္သတ္မွတ္ခ်က္ေတြကို ခ်မွတ္ေပးရမွာျဖစ္ပါတယ္ ။ တနည္းအားျဖင့္ ဆိုရရင္ SOP သတ္မွတ္တာမ်ိဳးကို ေသခ်ာစြာ လုပ္ေဆာင္ရပါမယ္ ။ သူ႔မွာ အတိအက် လိုက္နာေဆာင္ရြက္ရမယ့္ အဆင့္ခ်င္းစီအလိုက္ လုပ္ငန္းစဥ္ သတ္မွတ္ခ်က္ေတြကို ခ်မွတ္ၿပီး ေဆာင္ရြက္မယ့္ ဝန္ထမ္းတစ္ေယာက္ခ်င္းစီအလိုက္ကို တိတိက်က် လုပ္ေဆာင္နိုင္ဖို့ ေဆာင္ရြက္ေပးရမွာျဖစ္ပါတယ္ ။


❗Practices


မူဝါဒတြ ၊ လုပ္ငန္းစဥ္သတ္မွတ္ခ်က္ေတြ   ေရးဆြဲတဲ့အခါမွာလည္း လိုက္နာက်င့္သုံး အေကာင္ အထည္ ေဖာ္နိုင္ဖို့ လိုအပ္ပါတယ္ ။ စာရြက္ေပၚက ေပၚလစီမျဖစ္ေစဖို့မွန္ကန္စြာ ေဆာင္ရြက္နိင္ဖို့အတြက္ မိမိအဖြဲ႕ အစည္းအတြင္း ျပန္လည္ က်င့္သုံးမယ့္ အစီအမံေတြကို ခ်မွတ္ရပါတယ္။ ေန႔စဥ္လုပ္ေဆာင္ေနရတဲ့ Day to Day activities ေတြကို စနစ္တက်နဲ႔ မွန္ကန္စြာလုပ္ေဆာင္ဖို့ လိုအပ္ပါတယ္ ။  ဒါကို HR ေတြက ပိုၿပီးတိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္။


❗Programs


ေနာက္ ‘ P ’  တစ္လုံးကေတာ့ Programs ပါ ၊  မိမိအဖြဲ႕အစည္းရဲ့ ပန္းတိုင္ကို အေကာင္အထည္ေဖာ္နိုင္ဖို့ အတြက္ က ဘယ္အခ်ိန္မွာ ဘာေတြကို ေကာင္အထည္ေဖာ္ေဆာင္ရမလဲ ဆိုတာကို ျပင္ဆင္ ေဆာင္ရြက္ ထားဖို့လိုပါတယ္ ။   ဝန္ထမ္းေတြကို တိုးတက္ဖြံ့ၿဖိဳးဖို့ မိမိအဖြဲ႕အစည္းအတြင္းမွာ သင့္ေတာ္တဲ့  Programs မ်ား အစီအမံမ်ားကို ေရးဆြဲျပင္ဆင္ေဆာင္ရြက္ရမွာျဖစ္ပါတယ္ ။  Employee Assistance Program, Employee training & development programs ေတြကို အေကာင္အထည္ေဖာ္ရြက္နိုင္သလို အျခားသင့္ေလ်ာ္မယ့္ အစီအမံေတြကိုလည္း သက္ဆိုင္ရာ တာဝန္ခံမ်ားနဲ႔ ေပါင္းစပ္ အေကာင္ အထည္ေဖာ္နိုင္ဖို့လိုပါတယ္ ။


❗Performance


ေနာက္ထပ္အေရးႀကီးတဲ့ ‘ P ’  တစ္လုံးကေတာ့  Performance ပါပဲ ။ ထိေရာက္ၿပီး တကယ္ အေကာင္အထည္ေဖာ္နိုင္တဲ့ ရလာဒ္ေကာင္းေတြကို အဖြဲ႕အစည္းအတြင္းမွာ ရယူပိုင္ဆိုင္နိုင္ဖို့ လိုအပ္ပါတယ္ ။ ဒါေၾကာင့္လည္း  Performance Management ဟာ လုပ္ငန္းခြင္တိုင္းအတြက္ အေရးႀကီးတဲ့ ေနရာမွာရွိေနတာျဖစ္ပါတယ္ ။  စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ ဝန္ထမ္းေကာင္းေတြ ရရွိဖို့ နဲ႔ ဝန္ထမ္း တစ္ေယာက္ခ်င္းစီရဲ့ စြမ္းေဆာင္ရည္ကိုမွန္ကန္တိက်စြာ အကဲျဖတ္မွတ္တမ္းတင္နိုင္ဖို့ကလည္း အေရး ႀကီးတဲ့ ကိစၥတစ္ခုျဖစ္ပါတယ္ ။


❗Pay


ဝန္ထမ္းတိုင္းေမၽွာ္လင့္ေတာင္းတ တဲ့အရာျဖစ္ပါတယ္ ။  တကယ္ေတာ္တဲ့သူကို ခ်ီးျမႇင့္နိုင္မယ့္ ၊ သူ႔ရဲ့စြမ္းေဆာင္ရည္နဲ႔ ကိုက္ညီတဲ့ လုပ္ခ ၊လစာ ၊ ခံစားခြင့္ ၊ ရပိုင္ခြင့္ေတြကို တိတိက်က် ေပးအပ္နိုင္ရင္ အဖြဲ႕အစည္းကို အမ်ားႀကီးအေထာက္အကူျဖစ္ေစမွာျဖစ္ပါတယ္ ။  ၿပီးေတာ့ ဝန္ထမ္းေတြရဲ့  Motivation နဲ႔  လုပ္ငန္းခြင္ေက်နပ္ျခင္း ၊ အလုပ္တာဝန္အေပၚမွာ တာဝန္တိက်စြာ ေဆာင္ရြက္နိုင္ျခင္းေတြနဲ႔လည္း သက္ဆိုင္ေနတာျဖစ္တာေၾကာင့္ Compensation Management ကအေရးအႀကီးတယ္ဆိုတာ ေမ့ထားလို့မရပါဘူး ။


❗Perform


ေနာက္ဆုံး ‘ P ’ ကေတာ့ အထက္ပါ လုပ္ေဆာင္ခ်က္မ်ားကို စဥ္ဆက္မျပတ္ လုပ္ေဆာင္ေနတဲ့ တာဝန္ တစ္ရပ္အျဖစ္ နားလည္ထားဖို့ လိုပါတယ္ ။  စိတ္ကူးေပါက္လို့ ထ လုပ္လိုက္တာမ်ိဳးမဟုတ္ပဲ ပုံမွန္ ေဆာင္ရြြက္ၿပီး အဖြဲ႕အစည္းရဲ့ပန္းတိုင္နဲ႔ ခ်ိတ္ဆက္မွုကို အျမဲ လုပ္ေဆာင္ေနရမွာျဖစ္ပါတယ္ ။  ဒါမွလည္း မိမိအဖြဲ႕အစည္းက စဥ္ဆက္မျပတ္ တိုးတက္ဖြံ့ၿဖိဳးမွု (Continuous Improvement ) ကို ရရွိေစမွာျဖစ္ပါတယ္ ။


အထက္ပါ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားအျပင္အျခားေသာ HRM ရဲ့ လုပ္ငန္းစဥ္ေတြ ၊ ေရရွည္ေဆာင္ရြက္ရမယ့္ HR ဌာနေတြရဲ့ လုပ္ေဆာင္ခ်က္ေတြလည္း အမ်ားအျပားရွိေနဦးမွာပါ  ။  8 P Model of HRM ကေတာ့ အားလုံး ရိုးရွင္းလြယ္ကူစြာနဲ႔ မွတ္မိနိုင္ေစဖို့ မၽွေဝေရးသားလိုက္ရပါတယ္ ။


#Goldie_Kyaw


 

Ref : _Randal. Schuler this model melds five human resource activities with strategic highlight

_Strategic Implementation as a Core Competency

_5 P Model of HR - Mildred Golden Pryor, Donna Anderson, Leslie A Toombs and John H Humphreys

No comments: