ပဲထမင်းနှင့် ဆိတ်သားဟင်း
--------------------------------
ပါဝင်ပစ္စည်းများ
• ကုလားပဲ - ၁ ခွက်
• နနွင်းမှုန့် - လက်ဖက်ဇွန်း ၁ ဇွန်း
• ရေ - ၇ ခွက်
• ဆား - လက်ဖက်ဇွန်း ၁ ဇွန်း
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်ဖြူ - စားပွဲဇွန်း ၁ ဇွန်း (ထောင်းထားပါ)
• ချင်း - စားပွဲဇွန်း ၁ ဇွန်း (ထောင်းထားပါ)
• ကရဝေးရွက် - ၄ ရွက်
• ကြက်သွန်နီ - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ဇွန်း ၂ ဇွန်း
• ဆိတ်သား - ၃၂၀ ဂရမ်
• သကြား - လက်ဖက်ဇွန်း ၂ ဇွန်း
• ပဲငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• သံပရာသီး - ၁ လုံး
• မဆလာ - စားပွဲဇွန်း ၁ ဇွန်း
• ထောပတ် - စားပွဲဇွန်း ၂ ဇွန်း
• ဖာလာစေ့ - ၅ စေ့
• သစ်ကြံပိုးခေါက် - လက်တစ်ဆစ်
• ဇီရာ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆန် - ၃ ခွက်
• နို့စိမ်း - စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ဒယ်အိုးထဲမှာ နနွင်းမှုန့်အနည်းငယ်၊ ရေစိမ်ထားတဲ့ ကုလားပဲ၊ ဆား အနည်းငယ်နှင့် ရေတစ်ခွက်တို့ကို ထည့်ပြီး ရေခန်းအောင် တည်ပါ။
၂။ ထောပတ်၊ ဖာလာစေ့၊ သစ်ကြံပိုးခေါက်၊ ဇီရာ၊ ကရဝေးရွက် ၂ ရွက် ၊ ဆန်၊ သကြားနှင့် ဆား အနည်းငယ်တို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ။
၃။ ထမင်းပေါင်းအိုးထဲ ဆီသတ်ထားတဲ့ ဆန်နှင့် ပြုတ်ထားတဲ့ ကုလားပဲ၊ ရေ ၅ ၁/၂ ခွက်နှင့် နို့စိမ်းတို့ကို ထည့်ပြီး တည်ထားပါ။
၎။ ဆိတ်သားဟင်းချက်ဖို့အတွက် ဒယ်အိုးထဲမှာ ဆီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ကရဝေးရွက် ၂ ရွက်၊ ကြက်သွန်နီ၊ နနွင်းမှုန့် အနည်းငယ်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆိတ်သား၊ သကြား၊ ဆား၊ ပဲငံပြာရည်၊ သံပရာရည်၊ မဆလာနှင့် ကြက်သွန်ကြော်တို့ကို ထည့်၍ နယ်ပြီး ရေ ၁ ခွက်ထည့်၍ ဆီပြန်လာသည်အထိ တည်ထားပါ။ ထမင်းပေါင်းအိုးလည်း ကျက်ပြီ၊
ဟင်းလည်း ဆီပြန်ပြီး ကျက်ပြီဆိုလျှင် သုံးဆောင်နိုင်ပါပြီ။
-----------------------------------
Tin Tin Oo
နှမ်းထမင်း
---------------
ထမင်းအတွက် ပါဝင်ပစ္စည်းများ
• နှမ်းမည်း - စားပွဲဇွန်း ၂ ဇွန်း
• ဆန် - ၂ ဘူး
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ကြက်သွန်ဖြူ - ၁၅ ဂရမ်
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ရေ - ၃ ဘူး
ကြက်သားဟင်းအတွက် ပါဝင်ပစ္စည်းများ
• ကြက်သား - ၅ဝဝ ဂရမ်
• ခရမ်းချဉ်သီး - ၄ လုံး
• ငရုတ်သီးအစိမ်းမှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ကြက်သွန်နီ - ၁ လုံး
• ကြက်သွန်ဖြူ - ၁၀ ဂရမ်
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သွန်ကြော် - ၁၀ ဂရမ်
• မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ နှမ်းမည်းနှင့် ဆန်တို့ကို ဆီသတ်ပါ။ ချက်မည့် ပေါင်းအိုးထဲ ဆီသတ်ထားသော ဆန်ထည့်၍ ဆားနှင့် ရေထည့်ပြီး ချက်ပါ။
၂။ ကြက်သားကို ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့်၊ ဆားတို့နှင့် နယ်ပြီး ၁၀ မိနစ်ခန့် နှပ်ထားပါ။ နှပ်ထားသော ကြက်သားကို ဆီပူပူဖြင့် ၅ မိနစ်ဖြင့် ကြော်ပါ။ အိုးထဲ ဆီအနည်းငယ်ထည့်၍ ထောင်းထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ပြီး ဆီသတ်ပါ။ ငရုတ်သီးအစိမ်းမှုန့်နှင့် ခရမ်းချဉ်သီးကို ထည့်ပြီး အနှစ်ရသည်အထိ ဆက်၍မွှေပါ။ ကြော်ထားသော ကြက်သား၊ ငံပြာရည်၊ သကြားနှင့် ကြက်သွန်ကြော် တို့ကို ထည့်ပြီး မီးအေးအေးဖြင့် ချက်ပါ။ ကြက်သားကျက်ပြီဆိုလျှင် မဆလာကို ကြက်သားအပေါ်မှာ ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
၃။ ချက်ထားသော နှမ်းထမင်းနှင့် ကြက်သားဟင်းကို တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။
------------------------------------
Tin Tin Oo
ကော်ရည်ခေါက်ဆွဲ
ဟင်းရည်အတွက်လိုအပ်တာတွေကတော့…
ဝက်ရိုး - ၈၀၀ ဂရမ်
ဝက်ရိုးပြုတ်ရန်ရေ - ၆ လီတာ
အသားပြုတ်ရန်လိုအပ်တာတွေကတော့…
ဝက်သားဂုတ်သား - ၄၀၀ ဂရမ်
ဝက်အူ (အူပိတ်) - ၄၀၀ ဂရမ်
ကြက်ရင်ပုံသား - ၄၀၀ ဂရမ်
ABC ပဲငံပြာရည်အနောက် - စားပွဲဇွန်း ၁ ဇွန်း
ABC ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နာနတ်ပွင့် - ၆ ပွင့်
သစ်ကြံပိုးခေါက် - ၂ ချောင်း
ငရုတ်ကောင်းစေ့အဖြူ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ - စားပွဲဇွန်း ၁ ဇွန်း
ဟင်းရည်အတွက်လိုအပ်တာတွေကတော့
ABC ပဲငံပြာရည်အနောက် - စားပွဲဇွန်း ၅ ဇွန်း
ABC ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့်အဖြူ - စားပွဲဇွန်း ၁ ဇွန်း
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပီလောပီနံမှုန့် - စားပွဲဇွန်း ၁၂ ဇွန်း
ကွကျဥ - ၃ လုံး
ကြက်ဥပြုတ် - ၃-၆ လုံး
ကြက်သွန်ဖြူထောင်းအတွက်လိုအပ်တာတွေကတော့…
ကြက်သွန်ဖြူ - ၁၅ မြောင့်
ဆား - အနည်းငယ်နဲ့ထောင်းထားပါ
ခေါက်ဆွဲနဲ့စားရန် ငါးပိထောင်း
ငရုတ်သီးအနီအသေး - ၁၀ တောင့်
ငရုတ်သီးအစိမ်း - ၁၀ တောင့်
ငရုတ်သီးမှည့်အနီ - ၈ တောင့်
ငါးပိမီးကင် - ၆၀ ဂရမ်
သံပရာသီး - ၄ လုံး
ခေါက်ဆွဲအတွက်လိုအပ်တာတွေကတော့……..
ခေါက်ဆွဲအစို - ၁.၆ ကီလိုဂရမ်
ကန်စွန်းရွက်
ပဲပင်ပေါက်
ရှလကာရည်အမည်း
နံနံပင် (ကြိုက်နှစ်သက်ပါကထည့်နိုင်ပါတယ်)
ပြုလုပ်နည်း
1. ဝက်ရိုးပြုတ်ပါ။ ဆူလာရင် မီးအရှိန်လျော့ပြီး ၄၅ မိနစ်ခန့်ပြုတ်ပါ။ ၄လီတာရအောင်ပြုတ်ဖို့လိုပါတယ်။( အရိုးပြုတ်စဉ် အပေါ်တက်လာတဲ့အမြုပ်များကိုခပ်ထုတ်ပါ။ အဖုံးဖုံးပြီးပြုတ်ခြင်းဖြင့် ဟင်းရည်ကြည်ကြည်ရနိုင်ပါတယ်)
2. ဝက်သား၊ ဝက်အူနဲ့ကြက်ရင်ပုံသားကို ABC ပဲငံပြာရည်အနောက်.ABC ပဲငံပြာရည်အကြည်၊ သကြားတို့ထည့်ပြီးနယ်ပါ။
3. အသားပြုတ်မယ့်အိုးထဲကို ဆီထည့်ပြီးအပူပေးပါ။ ဆီပူရင် သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်၊ ငရုတ်ကောင်းစေ့ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် နယ်ထားတဲ့အသားများထည့်ပြီးကြော်ပါ။ ( အရောင်တက်လာရန်ဖြစ်ပါတယ်)။ ပြီးလျှင် အသားဖုံးအောင်ရေထည့်ပြီးပြုတ်ပါ။ အဖုံးဖုံးပြီးပြုတ်ပါ။
4. ၁၀-၁၅ မိနစ်ခန့်ပြုတ်ပြီးလျှင် ကြက်ရင်ပုံသားကို ဆယ်ထားပါ။ ဝက်သားနူးအောင်ဆက်ပြီးပြုတ်ပါ။
5. ၃၅-၄၀ မိနစ်ဆိုရင် ဝက်သားနူးတဲ့အတွက် ဆယ်ထားပါ။
6. အသားပြုတ်ရည်ကို အရိုးပြုတ်ရည်အိုးထဲလောင်းထည့်ပါ။ ဆူအောင်တည်ထားပါ။ ပြီးလျှင် ABC ပဲငံပြာရည်အကြည်၊ ABC ပဲငံပြာရည်အနောက်၊ ငရုတ်ကောင်းမှုန့်အဖြူ၊ ဆားထည့်ပါ။
7. ပြီးလျှင် ဟင်းရည်ပျစ်စေရန် ပီလောပီနံမှုန့် (ကော်မူန့်)ကို ရေဖျော်ပြီး ထည့်ပါ။
8. ဟင်းရည်ပျစ်လာအောင် အဆက်မပြတ်မွှေပေးပါ။ (အဆက်မပြတ်မွှေပေးခြင်းက ဟင်းရည်ကိုချောမွှေ့စေပါတယ်)(ကော်ရည်ခေါက်ဆွဲပျစ်စေရန် ပီလောပီနံမှုန့်က အကောင်းဆုံးဖြစ်ပါတယ်။ ပီလောပီနံမှုန့်အစား ပြောင်းဖူးမှုန့်ထည့်နိုင်ပေမယ့် ပြောင်းဖူးမှုန့်ကကော်ရည်အပျစ်ကို ကြာကြာမထိန်းထားနိုင်ပါ ကျဲသွားတတ်ပါတယ်)
9. ပြီးလျှင် ကြက်ဥခေါက်ထည့်ပါ။ ပြုတ်ထားတဲ့ကြက်ဥကို အလုံးလိုက်ထည့်ပြီး ပြုတ်ထားပါ။ (ကြက်ဥ အရောင်ညိုစေရန်ဖြစ်ပါတယ်)
10. ပြီးလျှင် မီးအေးအေးနဲ့တည်ထားပါ။
11. ငါးပိထောင်းအတွက် လိုအပ်တဲ့ ငရုတ်သီးသုံးမျိုးကို ငါးပိကင်နဲ့ရောပြီးထောင်းပါ။ Blender နဲ့ကြိတ်မယ်ဆိုပါက ရေနည်းနည်းထည့်ပြီးကြိတ်ပါ။ ပြီးလျှင် သံပရာရည်ညှစ်ပြီး မွှေထားပါ။
12. ကြက်သွန်ဖြူကို ထောင်းပြီး ဆားထည့်မွှေထားပါ။
13. ကြက်သွန်နီဆီချက်ချက်ထားပါ။ (ကော်ရည်မှာ ကြက်သွန်နီဆီချက်ကအရေးကြီးပါတယ်။ ကော်ရည်ခေါက်ဆွဲကို မွှေစေပါတယ်။ ရယ်ဒီမိတ်ကြက်သွန်နီကြော်သုံးပါက ကော်ရည်ခေါက်ဆွဲက မမွှေးတော့ပါ)
14. စားသုံးမည်ဆိုပါက ပန်းကန်ထဲကို ခေါက်ဆွဲထည့်ပါ။ ပြီးလျှင် ဟင်းရည်လောင်းထည့်ပါ။ ရေနွေးဖျော်ထားတဲ့ ကန်စွန်းရွက်နဲ့ပဲပင်ပေါက်ထည့်ပါ။ အသားစုံနဲ့ကြက်ဥပြုတ်ထည့်ပါ။ ကြက်သွန်နီဆီချက်ထည့်ပါ။ ( ကြိုက်နှစ်သက်ပါက နံနံပင်ထည့်နိုင်ပါတယ်)
15. ကော်ရည်ခေါက်ဆွဲကို ငါးပိထောင်း၊ ကြက်သွန်ဖြူထောင်း၊ ရှလကာရည်အမည်းနဲ့တွဲပြီးသုံးဆောင်ပါ။ ( မူရင်းကော်ရည်ခေါက်ဆွဲက ရှလကာရည်အမည်းနဲ့ စားပါတယ်)
ကြက်ဆီထမင်းလုံး Hainanese Chicken Rice Balls
ကြက်ပြုတ်ရန်အတွက်လိုအပ်တာတွေကတော့……
ကြက်သား - 1.2 kg
ဆား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ကြက်သွန်မြိတ် - ၄၀ ဂရမ်
ချင်း - ၄၀ ဂရမ်
ကြက်ဆီထမင်းအတွက်လိုအပ်တာတွေကတော့…
ထိုင်းjasmine ဆန် - ၄ ခွက် ( ထမင်းပေါင်းအိုးထဲကခွက်)
ချင်း - ၁၅ ဂရမ် (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ - ၁ လုံး( 30 ဂရမ်)
ကြက်ဆီ - စားပွဲဇွန်း ၅ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆွမ်းမွှေးရွက် - ၄ ရွက်
ကြက်ပြုတ်ရည် - ၁ လီတာ ( ၅ ခွက်)
ငရုတ်ဆော့စ် (အချဉ်ရည်) လုပ်ရန်လိုအပ်တာတွေကတော့….Chili Dipping Sauce.
ငရုတ်သီးမှည့်အနီ - ၆၀ ဂရမ်
ငရုတ်သီးမှည့်အနီအသေး - ၃၀ ဂရမ်
ချင်း - ၃၀ ဂရမ်
ကြက်သွန်ဖြူ - ၅ မြှောင့်
သံပရာရည် - စားပွဲဇွန်း ၂ ဇွန်း
ရှလကာရည် - စားပွဲဇွန်း ၂ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်ပြုတ်ရည် - စားပွဲဇွန်း ၄ ဇွန်း
နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချင်းကြက်သွန်မြိတ်ဆော့စ် Ginger & Spring Onion dipping sauce…အတွက်လိုအပ်တာကတော့..
ချင်း - ၂၄ ဂရမ် (နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ - ၃၅ ဂရမ် (နုပ်နုပ်စဉ်း)
ကြက်သွန်မြိတ် - ၆ ပင် (ပါးပါးလှီးထားပါ) ( ၄၀ ဂရမ်)
ဆီ - စားပွဲဇွန်း ၄ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နှမ်းဆီမွှေး - စားပွဲဇွန်း ၂ ဇွန်း
ကြက်သားအတွက်အရသာဆော့စ်စပ်ရန်လိုအပ်တာတွေကတော့….
ကြက်ပြုတ်ရည် - စားပွဲဇွန်း ၃ ဇွန်း
ပဲငံပြာရည် - စားပွဲဇွန်း ၃ ဇွန်း
သကြား - စားပွဲဇွန်း ၁ ဇွန်း
နှမ်းဆီမွှေး - စားပွဲဇွန်း ၁ ဇွန်း
Garnish အတွက် လိုအပ်တာတွေကတော့….
သခွားသီး
နံနံပင်.
1. ကြက်ဆီထမင်းအတွက်ဆန်ကို ရေ၃-၄ ကြိမ်ဆေးပြီး ၁ နာရီခန့်ရေစိမ်ထားပါ။ (ဒီလိုရေစိမ်ခြင်းအားဖြင့် ကြက်ဆီထမင်းက ပျော့ပြောင်းပြီး အရသာရှိမှာဖြစ်ပါတယ်)(ဆန်ရွေးချယ်ရာမှာ ထိုင်း jasmine ဆန်ကို ကို သုံးပေးခြင်းအားဖြင့် ကြက်ဆီထမင်းက အိနေမှာဖြစ်ပြီး မာခြင်းမရှိပါ)
2. ကြက်ကောင်လုံးရဲ့အတွင်းနဲ့အပြင်ကို ဆားဖြင့်ပွတ်ပေးပါ။ (ဒီလိုဆားနဲ့ပွတ်ပေးခြင်းအားဖြင့် ကြက်သားရဲ့အရေခွံကိုချောမွေ့စေပါတယ်)
3. ပြီးလျှင် ချင်းနဲ့ကြက်သွန်မြိတ်ကို ကြက်ရဲ့အတွင်းပိုင်းထဲကို ထည့်ပါ။ ကြက်ပေါင်ပြုတ်မည်ဆိုပါက ချင်းနဲ့ကြက်သွန်မြိတ်ကို အိုးထဲထည့်ပါ။
4. ကြက်ပြုတ်ရန်ရေနွေးအိုးတည်ထားပါ။ ရေဆူတာနဲ့ ကြက်ကို ရေနွေးအိုးထဲထည့်ပြီး ရေနွေးအိုးထဲကို ကြက်ကိုနှစ်လိုက် ဆွဲပြီးမလိုက် ၃-၄ ကြိမ်ခန့်လုပ်ပါ။ (ဒီလိုအကြိမ်ကြိမ်မတင်ရခြင်းက..ကြက်သားအရေခွံတင်းလာစေရန်ဖြစ်ပါတယ်။ ပြီးတော့..ကြက်တစ်ကောင်လုံးရဲ့အတွင်းပိုင်က များသောအားဖြင့်အေးနေတယ်။ ဒီလိုမတင်ခြင်းအားဖြင့်.အတွင်းအပြင် အပူချန်မျှတပြီး ကြက်သားအတွင်းပိုင်းနဲ့အပြင်ပိုင်းအကျက်ညီမှာ ဖြစ်ပါတယ်။)
5. ပြီးလျှင် မိနစ် ၂၀ ခန့်ပြုတ်ပါ။ ပြီးနောက် မီးပိတ် အဖုံးဖုံးပြီး မိနစ် ၅၀ ခန့်ထားပါ။
6. မိနစ် ၅၀ ပြည့်လာပြီဆိုရင် ကြက်ကို ရေနွေးအိုးထဲမှ ဆယ်ယူပြီးရေခဲရေမှာ စိမ်ထားပါ။( ရေခဲရေမှာစိမ်ခြင်းအားဖြင့် ကြက်သားအကျက်မလွန်တော့ဘဲ ကြက်သားကပျော့ပြောင်းပြီး အရေခွံက ချောမွေ့နေပြီး အရသာပိုရှိစေပါတယ်။)
7. ပြီးလျှင် ရေခဲရေထဲမှ ဆယ်ယူပြီးလေသလပ်ခံထားပါ။ ပြီးမှ ကြိုက်နှစ်သက်သလိုခုတ်ပါ။
8. ကြက်ဆီထမင်းချက်ရန်အတွက် ကြက်ဆီကို ဒယ်အိုးထဲထည့်ပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပေးပါ။ ပြီးလျှင် ရေစစ်ထားတဲ့ဆန်ထည့်ပြီး မွှေပေးပါ။ ကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်၊ ဆားထည့်ပါ။
9. ပြီးလျှင် ချက်မည့်အိုးထဲပြောင်းထည့်ပါ။ ကြက်ပြုတ်ရည်ထည့်ပါ။ ပြီးလျှင် ဆွမ်းမွှေးရွက်ထည့်ပြီး ချက်ပါ။
10. ထမင်းချက်နေစဉ်မှာ ကြက်သားအတွက် ဆော့စ်နဲ့ dipping sauce လုပ်ရမှာ ဖြစ်ပါတယ်။
11. ပထမဦးဆုံး ငရုတ်သီးဆော့စ်အတွက်လိုအပ်တဲ့. ငရုတ်သီးအနီ၊ ဆား၊ ကြက်သွန်ဖြူ၊ ချင်း၊ သံပရာရည်၊ ရှလကာရည်၊ ကြက်ပြုတ်ရည်ထည့်ပြီး လျှပ်စစ် blender နဲ့ကြိတ်ပါ။ ပြီးလျှင် ပန်းကန်ထဲပြောင်းထည့်ပြီး နှမ်းဆီမွှေးထည့်ပြီး မွှေပေးပါ။
12. ချင်းနဲ့ကြက်သွန်မြိတ် dipping sauce လုပ်ရန်အတွက် ဒယ်အိုးအသေးတစ်လုံးကို မီးဖိုပေါ်တင်ပါ။ ပြီးလျှင် ဆီထည့်ပါ။ ဆီပူလျှင် မီးပိတ်ပြီး နုပ်နုပ်စဉ်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ပါးပါးလှီးထားတဲ့ကြက်သွန်မြိတ်ထည့်ပြီး မွှေပေးပါ။ ပြီးနောက် နှမ်းဆီမွှေးထည့်မွှေပြီး ပန်းကန်လုံးထဲထည့်ပါ။
13. ကြက်သားအတွက် အရသာဆော့စ်လုပ်ရန်အတွက် ပန်းကန်လုံးတစ်လုံးထဲကို ပဲငံပြာရည်အကြည်၊ သကြား၊ ကြက်ပြုတ်ရည်၊ နှမ်းဆီမွှေးထည့်ပြီး မွှေပေးပါ။
14. ကြက်ဆီထမင်းကျက်လာပြီဆိုရင် အပူခံပုံးထဲပြောင်းထည့်ပြီး ပိတ်စဖြင့်ဖုံးပြီး အဖုံးပိတ်ထားပါ။ ( ကြက်ဆီထမင်းကို ထမင်းပေါင်းအိုးထဲဆက်ပြီးထားမယ်ဆိုရင် အပူရှိန်ကြောင့် ကြက်ဆီထမင်းမှာခြောက်သွားနိုင်ပါတယ်။ အပူခံပုံးထဲထည့်ပြီးသိမ်းတဲ့အခါမှာလည်း ပိတ်စဖြင့်ဖုံးရပါ့မယ်။ မဖုံးပါက ကြက်ဆီထမင်းရဲ့အပူရှိန်ကြောင့် အငွေ့ထွက်ပြီး အဖုံးမှတစ်ဆင့် ချွေးများထွက်လာနိုင်ပါတယ်။ ထွက်လာတဲ့ချွေးကို ပိတ်စကစုတ်ယူထားမှာဖြစ်တဲ့အတွက် ကြက်ဆီထမင်းမှာ ချွေးကျခြင်းကနေကာကွယ်နိုင်ပါတယ်.)
15. ကြက်သားကို ကြိုက်နှစ်သက်သလိုခုတ်ပြီး အဆင်သင့်လုပ်ထားတဲ့ ဆော့စ်လောင်းပါ။
16. ကြက်ဆီထမင်းကို ကြိုက်နှစ်သက်ရာအရွယ်လုံးပြီး ကြက်သား၊ သခွားသီး၊ dipping sauceနဲ့တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်။
ခရမ်းချဉ်သီးထမင်းနှင့် ကြက်သားကြော်
----------------------------------------------
ပါဝင်ပစ္စည်းများ
• ဆန် - ၂ ဘူး
• ခရမ်းချဉ်သီးအနှစ် - ၃ဝဝ ဂရမ်
• သစ်ကြံပိုးခေါက် - လက်တစ်ဆစ်
• ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဇီရာ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးအခြောက်တောင့် - ၁၀ တောင့်
• ဘိန်းစေ့ - ၄၀ ဂရမ်
• အုန်းသီးမှုန့် - ၅၀ ဂရမ်
• ရေ - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်ဖြူ - ၁၀ ဂရမ်
• ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သီဟိုဠ်စေ့ - ၁၅ ဂရမ်
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• မဆလာ - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• နံနံပင် - အနည်းငယ်
ကြက်သားကြော်အတွက် ပါဝင်ပစ္စည်းများ
• ကြက်သား - ၄၅၀ ဂရမ်
• ဆီ - အလုံအလောက်
• Curry Powder - လက်ဖက်ဇွန်း ၁ ၁/၂ ဇွန်း
• ဆား - လက်ဖက်ဇွန်း ၁/၂ ဇွန်း
• သကြား - လက်ဖက်ဇွန်း ၁/၂ ဇွန်း
• ငရုတ်ကောင်းမှုန့် - လက်ဖက်ဇွန်း ၁/၂ ဇွန်း
• ပဲငံပြာရည် - လက်ဖက်ဇွန်း ၁ ဇွန်း
• ပြောင်းဖူးမှုန့် - လက်ဖက်ဇွန်း ၁ ဇွန်း
• ကွကျဥ - ၁ လုံး
• တန်ပူရာမှုန့် - ၃၀ ဂရမ်
ပြုလုပ်နည်း
၁။ ထမင်းပေါင်းအိုးနဲ့ ဆန် ၂ ဘူးကို တည်ပါ။ ပြီးလျှင် ဒယ်အိုးတစ်လုံးထဲ သစ်ကြံပိုးခေါက်၊ ပဲနံ့သာစေ့၊ ဇီရာ၊ ငရုတ်သီးအခြောက်တောင့်၊ ဘိန်းစေ့နှင့် အုန်းသီးမှုန့်တို့ကို ထည့်ပြီး လှော်ပါ။
၂။ ကြိတ်စက်ထဲ လှော်ထားတာတွေနဲ့ ရေအနည်းငယ်ထည့်ပြီး ကြိတ်ပါ။ ဒယ်အိုးတစ်လုံး ထဲ ဆီ ၃ ဇွန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအစိမ်းမှုန့်၊ သီဟိုဠ်စေ့နှင့် ခရမ်းချဉ် သီးအနှစ်တို့ကို ထည့်ပြီး မွှေပါ။ ပြီးလျှင် ကြိတ်ထားတဲ့အနှစ်ထည့်၍ ဆားနှင့် မဆလာ ထည့်ပြီး ဆီပြန်အောင် ချက်ပြီးလျှင် ချက်ထားတဲ့ ထမင်းထဲ ရောပြီး နံနံပင်အုပ်ကာ
၅ မိနစ်ခန့် ပြန်နှပ်ထားလိုက်လျှင် ရပါပြီ။
၃။ ခရမ်းချဉ်သီးထမင်းနဲ့ တွဲစားဖို့အတွက် ကြက်သားကြော်ပါမယ်။ ကြက်သားထဲ Curry Powder, ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ပြောင်းဖူးမှုန့်နှင့် ကြက်ဥတို့ကို ထည့်ပြီး သမအောင်မွှေပါ။
၎။ ပြီးလျှင် တန်ပူရာမှုန့်ကို Curry Powder အနည်းငယ်ရော၍ ကြက်သားကို ကပ်ပြီး အပူချိန် ၁၈၀ ဒီဂရီနဲ့ ၁၀ မိနစ်ခန့် ကြော်လိုက်လျှင် ရပါပြီ။
၅။ ခရမ်းချဉ်သီးထမင်းနှင့်အတူ ကြက်သားကြော်ြွကပ်ြွကပ်လေးကလည်း အရမ်း လိုက်ဖက်ပါတယ်။
----------------------------

No comments:
Post a Comment