Wednesday, December 18, 2019

SD Card တွေကို ဘယ်လိုရွေးချယ်ဝယ်ယူသင့်လဲ?


SD (Secure Digital) cards တွေကို Digital Cameras , Music Players , Smartphones, Tablets နဲ့ Laptops တွေမှာအသုံးပြုကြတာကို လူတိုင်းသိကြမှာပါ။
ဒါပေမယ့် SD Card တွေက အကုန်အတူတူထုတ်လုပ်ထားတာမဟုတ်ဘဲ Speed Class , အရွယ်အစားနဲ့ Storage Capacities ကိုလိုက်ပြီး ကွဲပြားတာကြောင့် ကိုယ့်နဲ့သင့်တော်မယ့် SD Card ကိုရွေးချယ်ဖို့ စဉ်းစားရပါမယ်။

****************
Speed Class
****************
SD Card တွေအားလုံးမှာ တူညီတဲ့အမြန်နှုန်းမရှိကြပါဘူး။
အကယ်၍ သင်ဟာ ဓာတ်ပုံဆရာတစ်ယောက်ဆိုရင် ဓာတ်ပုံရိုက်တဲ့အခါမှာ High Resolution Raw Format နဲ့ပဲသိမ်းထားချင်တဲ့အတွက် မြန်တဲ့ SD Card သုံးဖို့လိုပါတယ်။

Video Recording တွေအတွက်ဆိုလည်း မြန်တဲ့ SD Card ကအရေးပါပါတယ်။bစမတ်ဖုန်းထဲမှာ သာမာန်ဓာတ်ပုံရိုက်တာတွေ နဲ့ Files တွေသိမ်းဆည်းထားချင်ရင်တော့ ရိုးရိုး SD Card ကိုသုံးလို့အဆင်ပြေပါတယ်။

အဲ့တာကို Speed Class နဲ့ခွဲပြီးတော့ Speed Class အမျိုးအစား ၄ မျိုးရှိပါတယ် ။ 10(10MB/s), 6(6MB/s), 4(4MB/s), 2(2MB/s) ဆိုပြီး SD Card ရဲ့ညာဘက် C ပုံစံထဲမှာ ထည့်သွင်းရေးထားပါတယ်။

SD Card ထဲမှာ အမြန်ဆုံးဖြစ်ပြီး Full HD Video တွေ Record လုပ်မယ်ဆို Class 10 ကအသင့်တော်ဆုံးပါပဲ။
Class 6 နဲ့ Class 4 ကတော့ HD Video Recording လောက်ပဲအဆင်ပြေမှာပါ။
Class 2 ကတော့ အနှေးဆုံးဖြစ်ပြီး SD Video Recording အတွက်ပဲအဆင်ပြေမှာပါ။
Ultra High Speed ( UHS) မှာတော့ Class I, U1(10MB/s) နဲ့ II, U3(30MB/s) ဆိုပြီး ရှိပါတယ်။ UHS ကိုတော့ Digital Cameras တွေမှာအသုံးများပါတယ်။

အကြောင်းက အခုနောက်ပိုင်းမှာ 4K Videos တွေကိုမြန်မြန်ရိုက်ကူးနိုင်ဖို့သုံးလာကြတာကြောင့် အပြင် 8K Video ကလည်း မကြာခင်မှာ ရလာနိုင်တော့မှာမလို့ UHS ကဒ်က လိုကိုလိုလာမှာပါ ။

Read Speed (သင့် Device ထဲကတစ်ခုခုကိုဖွင့်ရန်ကြာချိန်နှုန်းကိုပြခြင်း)
Write Speed (Data Transfer)  (သင့် Device ထဲကတစ်ခုခုကိုသိမ်းရန်ကြာချိန်နှုန်းကိုပြခြင်း)
ဥပမာ 32MB/s Write Speed ရှိတယ်ဆိုရင် စက္ကန့်တိုင်းမှာ 32MB ထိ Record လုပ်ပေးနိုင်မှာပါ။

Smartphones နဲ့ Tablet တွေအတွက် 10, 6 နဲ့ 4 တင်လုံလောက်ပါတယ်။ Class 2 တွေအနေနဲ့ကတော့ အရမ်းနှေးတဲ့အတွက် မဝယ်သင့်တော့တဲ့ထဲမှာ ပါနေပါပြီ။ Speed Class တွေကို SD Card အပေါ်မှာရေးပြထားတော့ ရွေးရမခက်ပါဘူး။ အခုနောက်ပိုင်း SD Card တွေက Class 10 ကို UHS 1နဲ့ တွဲပြီးထုတ်လာတာများတော့ ဈေးကွက်ထဲမှာ Class 10 တွေပဲရှိမှာပါ ။

Smartphones နဲ့ Tablets တွေအတွက်သာမက Digital Cameras အတွက်ပါ အသင့်တော်ဆုံး SD Card (microSD) list ကိုအောက်မှာဖော်ပြပေးထားပါတယ်။


(1) Samsung PRO Endurance
Capacity: Up to 128GB | Read Speed: Up to 100MB/s | Write Speed: Up to 30MB/s

(2) Samsung EVO Plus
Capacity: Up to 256GB | Read Speed: Up to 100MB/s | Write Speed: Up to 30MB/s

(3) SanDisk Extreme Plus
Capacity: Up to 128GB | Read Speed: Up to 95MB/s | Write Speed: Up to 90MB/s

(4) SanDisk Ultra
Capacity: Up to 400GB | Read Speed: Up to 80MB/s | Write Speed: Up to 10MB/s

(5) Remax
Capacity: Up to 128GB | Read Speed: Up to 40MB/s | Write Speed: Up to 10MB/s

*****************
 Physical Size
 ****************
အရွယ်အစားမှာ Standard SD ( လက်မဝက်အရွယ်), mini SD ( Standard SD ထက်အနည်းငယ်သေး) , microSD နဲ့ Huawei ကမိတ်ဆက်ခဲ့တဲ့ Nano SD (microSD ထက် 40% သေးတဲ့အရွယ်) ဆိုပြီးရှိပါတယ်။Standard SD တွေကို Digital Cameras တွေမှာသာအသုံးများပါတယ်။ miniSD ကို တစ်ချို့သော Mobile Phones တွေမှာအသုံးပြုကြပေမယ့်အခုနောက်ပိုင်းတော့မရှိသလောက်ရှားသွားပါတယ်။
micro SD ကတော့အခု Smartphones နဲ့ Tablets တွေမှာအသုံးများပါတယ်။ Nano SD ကတော့ Huawei Mate 30, Huawei Mate 30 Pro, Huawei Mate 20, Huawei Mate 20 Pro, Huawei Mate 20 X, Huawei P30 နဲ့ Huawei P30 Pro မှာသာထည့်သွင်းလို့ရနိုင်ပါတယ်။

သင်ရွေးချယ်တော့မယ်ဆိုရင် သင့်ဖုန်း ဒါမှမဟုတ် တခြား Devices တွေနဲ့ကိုက်ညီတဲ့ အရွယ်အစားကိုပဲရွေးရမှာဖြစ်ပါတယ်။
Adapter တွေလဲဝယ်လို့ရနေတာမလို့ MicroSD ကနေ Standard SD ကိုလွယ်လွယ်ကူကူပြောင်းလို့ရမှာပဲဖြစ်ပါတယ်။

************
Capacity
************
SD Standard Capacity (SDSC) - 1MB to 2GB
SD High Capacity (SDHC) - 2GB to 32GB
SD Extended Capacity ( SXHC) - 32GB to 2TB စသဖြင့်ရှိပါတယ်။
SDHC နဲ့ SXHC ကိုဝယ်တော့မယ်ဆိုရင် သင့်ရဲ့ Device က SD ဘယ်လောက်ထိစိုက်လို့ရနိုင်တယ်ဆိုတာကိုသိဖို့လိုပါမယ်။
လက်ရှိမှာ အသုံးပြုများနေတာကတော့ SDHC တွေဖြစ်ပြီး ခုနောက်ပိုင်းမှာ SXHC တွေကိုလည်း တော်တော်သုံးလာကြတာ တွေ့ရပါတယ်။

ဒီတော့ SD Card ဝယ်ယူတော့မယ်ဆိုတိုင်း ကိုယ်သုံးချင်တဲ့ Class အမျိုးအစား, ကိုယ့်ဖုန်း (or) Device မှာ သုံးရမယ့် Size နဲ့ ကိုယ်လိုချင်တဲ့ Capacity ကို သေချာရွေးပြီးဝယ်ယူနိုင်ဖို့ အရေးကြီးပါတယ်။
အပေါ်မှာ ပြောပြခဲ့တဲ့အချက်တွေကို ကြည့်ပြီးတော့ ကိုယ်နဲ့အသင့်တော်ဆုံး SD Card ကို ရွေးချယ်ဝယ်ယူနိုင်ကြပါစေဗျ။

(Ref: Google)

#Anycall_Mobile #Knowledge #SDCard

No comments: