Thursday, October 29, 2015

မြန်မာပြည်ဖြစ် ကလေးပို့ကုန်အသစ်


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်ကောင်အတွင်း ဖွင့်လှစ်ထားသည့် KFC ကြက်ကြော်ဆိုင် အပြင်ဘက်တွင် ကလေး အချို့ ရှိနေကြသည်။သူတို့၏ သွင်ပြင်လဏ္ခဏာက ချေးအထပ်ထပ်အဝတ်အစားများ နှင့်ဖြစ်ပြီး ဖိနပ်မပါဆော့သူဆော့၊ တစ်ယောက်နှင့် တစ်ေ ယာက်တွန်း တိုက်မှုပြုသူကပြု၊ ရန်ဖြစ်သူကဖြစ် အစရှိသည်ဖြင့် ပုံစံအမျိုးမျိုးနှင့်ဖြစ်သည်။ သို့သော်လည်း တူညီသော လှုပ်ရှားမှုတစ်ခုက လမ်းသွားလမ်းလာတို့ကို လက်ကလေးဖြန့်ပြီး ပိုက်ဆံတောင်းနေကြခြင်းပင် ဖြစ်သည်။ အချို့ကတော့ ဆိုင်ထဲမှ စားသောက်ပြီး  ပြန် လည်ထွက်လာ သူတို့ထံသွားပြီးတောင်းကြသည်။ထိုထဲမှ အသက် ၁၂ နှစ်အရွယ်ရှိ  မြန်မာကောင်လေး ညီညီတစ်ယောက်ကတော့ ဆိုင် ထဲမှ ပြန်ထွက်လာသည့်  သမီးရည်းစားစုံတွဲတစ်တွဲထံ ပြေးသွားလိုက်ပြီး မလေးဘာသာစကားဖြင့် ”စတက်က မကာနစီ” (သားဗိုက်ဆာ လို့ မုန့်ဖိုးပေးပါလား)ဟု ပြောလိုက်သည်။ သူထိုသို့ ပြောပြီး အချိန်သိပ်မကြာလိုက်။   သဘောကောင်းသည့် အစ်ကိုထံမှ မလေး ရှားရင်းဂစ် ၁ဝ တန်တစ်ရွက်ထွက်လာသည်။ ပြုံးပြီး ပိုက်ဆံထံ လက်လှမ်းလိုက်ချိန်တွင် ထိုအစ်ကိုက သူ့ကို မလေးစကားဖြင့် စ ကားပြောလိုက်သည်။ သူဘာမှနားမလည်။ ထို့အတွက်ကြောင့် ” စတက်က မကာနစီ”ဟုသာ သူထပ်ပြောလိုက်သည်။ထိုအစ်ကိုက စ ကားဆက်ပြောနေ၍ သူပေးထားသည့် ပိုက်ဆံကို လက်ထဲဆုတ်ပြီး တစ်နေရာကို ထွက်ခဲ့သည်။

”မထွက်သွားလို့ ဆက်ပြောနေလည်း သူပြောတာ သားမှမသိတာ”ဟု မောင်ညီညီကပြောသည်။ လူသားအားလုံးက နိမ့်ကျသောအ လုပ် တစ်ခု၊ ရှက်ရွံ့ဖွယ်အလုပ်တစ်ခုဟုသတ်မှတ်ထားသည့် အလုပ်ကို ညီညီသည် နေ့စဉ်ကြုံတွေ့နေရ သည့် နှိပ်စက်ညှဉ်း ပန်းမှု တို့ကြောင့် မရှက်မကြောက်လုပ်နေရသည်။ ”သား ပိုက်ဆံမတောင်းချင်ဘူး။ ဒါပေမဲ့ သူတို့ရိုက်မှာကြောက်တယ်” ဟု မျက်လွှာအစုံကို ချ ကာ ပြောပြနေသည်။ မလေးရှားနိုင်ငံရှိ လူစည်ကားရာနေရာတွင် အခြားသော မလေးလူမျိုးလူငယ်လေးအချို့နှင့်အတူ မောင်ညီညီကဲ့သို့ မလေးစကားမတတ်သော နိုင်ငံခြားသားကလေးများ ရှိကြသည်။၎င်းတို့ထဲမှ အချို့သည် ခေတ်သစ်ကျွန်ပြုမှုဖြင့် သူတောင်းစားအဖြစ် ခိုင်းစေခံထားရသူတို့ ဖြစ်နေကြသည်။

မြန်မာကလေးတွေ
နိုင်ငံခြားဘယ်လိုရောက်
”သား ဗန္ဓုလလမ်းပန်းခြံမှာ ဆော့နေတုန်းခေါ်သွားတာ” ဟု မလေးရှားရောက် မြန်မာကလေးငယ်တစ်ဦးကပြောသည်။ သူ့လိုပင် အုပ်ထိန်းသူတို့မပါ ဘဲနေအိမ်ပြင်ပသို့ သွားလာခဲ့ကြသည့် အခြားကလေးငယ်အချို့ကို လူကုန်ကူးသူများက အကြောင်းအမျိုးမျိုးဖြင့် မလေးရှားသို့ ခေါ်လာခဲ့ကြသည်။ အချို့က ချမ်းသာသွားလိမ့်မည်ဟု ပြောခေါ်လာ၍လိုက်လာ သူလည်းရှိသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ လေယာဉ်ဖြင့် သွားလျှင် ၃ နာရီကြာသည့် မလေးရှား ကွာလမ်လာပူ မြို့ခရီးစဉ်ကိုကလေးငယ် တို့မှာ ကား လမ်း၊ ရေလမ်းအသွယ်သွယ်ဖြင့် နာရီပေါင်းမြောက် မြားစွာကြာအောင်အောက်လမ်းမှ နေ၍၃၊ ၄ ရက်ကြာအောင် သွားခဲ့ရသည်။ ကလေးခိုးဂိုဏ်း၏ လက်တံရှည်မှုကြောင့် ရန်ကုန်မှ ကော့သောင်း၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်း၊ယင်းမှ မလေးရှားနိုင်ငံ ကွာလမ် လာပူမြို့တောင်ပိုင်းဒေသသို့ အတားအဆီးမရှိဘဲ ခရီးဆက်နိုင်ခဲ့ကြသည်။ ကလေးခိုးဂိုဏ်းနှင့် ပါသွားသူ ကလေးငယ်တစ်ဦးက ၎င်း အပါအဝင် ကလေးငယ် စုစုပေါင်း ၅ ဦးတို့ သည် ထိုနည်းအတိုင်းသွားခဲ့ရသည်ဟု ပြောပြသည်။ ”လမ်းမှာ သားတအားအိပ်ချင်ခဲ့တယ်။ ကျန်တာတော့ သားမသိတော့ဘူး။ ကျန်တဲ့သူတွေလည်း သားလိုပဲအိပ်နေတာတွေ့တယ်” ဟု ၎င်းကပြောသည်။

နိုင်ငံခြား ရောက်ပြီ
လူကုန်ကူးသူတို့သည် ရန်ကုန်ကဲ့သို့ပင် အခန်းကျဉ်းကျဉ်း၊အထပ်မြင့်မြင့် တိုက်ခန်းများဆီသို့ ၎င်းတို့ ကိုခေါ်သွားပြီး၊ သူတို့ကဲ့သို့ပင် အရင် ရောက်နေသည့် ကလေးတို့နှင့်အတူ ကြမ်းပြင်ပေါ်တွင် အိပ်စက်ခဲ့ရသည်။ ”မီးတွေ တအားလင်းထိန်နေတာပဲ။ နောက်ပြီး တိုက်တွေက ရန်ကုန်ထက် အများကြီးမြင့်တယ်”ဟုသူကပြောသည်။ ထိုမြင်ကွင်းမျိုးကို မြင်ခဲ့ရ၍ အစပထမတွင် ပျော်ရွှင်ရတော့မည်ဟု သူမျှော်လင့်ခဲ့သော်လည်း အိပ်စက်မှုမှ နိုးလာပြီးနောက် ပျောက်ကွယ် သွားခဲ့ရသည်ဟု သူကပြောသည်။ ”ခြေထောက်တွေနဲ့ ကန်ပြီးနှိုး တယ်။ ဗိုက်ဆာတယ်လို့ ပြောတော့လည်း မကျွေးဘူးလို့ပြောပြီး ဇက်ပိုးအုပ်တယ်”ဟု သူကပြန် ပြောပြသည်။ ပထမနေ့တွင် သူအပါ အ ဝင် ကလေးငယ် ၅ဦးကို မြန်မာစကားတတ်သည့် အသားညိုညိုလူကြီးတစ်ဦးက မလေးစကားတစ်ခွန်းကို စသင်ပေးရင်း၊ ရှောရှောရှူရှူမ ရ သည့်အတွက်ကြောင့် အားလုံးအရိုက်ခံခဲ့ရသည်ဟု အထက်ပါကလေးငယ်နှင့် အတူလွတ်မြောက် လာသည့် ကလေးငယ်တစ်ဦးထံမှ သိရသည်။

ကြမ်းတမ်းသော
ဘဝ နေ့ရက်များ
မနက် ၆ နာရီတွင်ကလေးများ အကုန်အိပ်ရာမှ ထကြရပြီး ၇ နာရီအရောက်တွင် ကားတစ်စီးက သူတို့ကိုလာခေါ်သည်။ ဗလီများ နှင့် လူစည်ကားရာ ဈေးများ၊ ဆိုင်များရှေ့တွင် အသီးသီး ထားခဲ့ကြသည်။ ကလေးများချည်းမဟုတ်ဘဲ မလှမ်းမကမ်းတွင် စောင့်ကြည့်သူတို့နှင့် ထားခဲ့ခြင်းဖြစ်သည်။”စတက်က မကာနစီ” ၊”စတက်က မကာနစီ” ဟုအကြိမ်ကြိမ်ရွတ်ဆိုရင်း ကားပေါ်တွင် မေ့သွားသေး၍ သူနှင့်ပါလာ သူ မြန်မာတစ်ဦးဆီ လှမ်းမေးဖြစ်ခဲ့သေးကြောင်း အဆိုပါ ကလေးငယ်က ပြောသည်။ စစခြင်း နေ့ရက်လည်းဖြစ်၊ စကားလည်း မပြော တတ်၍ ပိုက်ဆံ တစ်ပြားမှမရခဲ့ရာ အပြန်အိမ် သို့အရောက် ဆော်ပလော်တီးခံခဲ့ရသည်ဟု ကျောနှင့် တင်ပါးမှ ဒဏ်ရာအမာ ရွတ်တို့ ကိုပြ ရင်းပြောသည်။ မုန့်ပေါင်းဟုခေါ်သည့် အစားအစာတစ်ချပ်ကို မနက် ၁၁ နာရီ အကျော်တွင် စားခဲ့ရပြီး ယင်းမုန့်ဖြင့်ပင် တစ်နေ ကုန်နေ ရကာ ပိုက်ဆံလိုက်တောင်းသူတောင်း၊ ဘာသာရေးစာအုပ် လိုက်ရောင်းသူ ရောင်းနှင့် ကလေးများတစ်နေ့တာကို ကုန်လွန်ခဲ့ရသည်။ မလေးပိုက်ဆံ ရင်းဂစ် ၂ဝဝ ကို နေ့စဉ်ပြည့်မီအောင် တောင်းရပြီး ပြည့်မီပါက ညစာကျွေးသည့်စနစ်ကို မြန်မာ ကလေးများအား ခိုးသွားသည့် အဖွဲ့က ကျင့် သုံးသည်။ ”မပြည့်ရင် ရိုက်တယ်။ ညစာလည်း မကျွေးဘူး”ဟု ကိုယ်တွေ့ ကြုံခဲ့သူ ကလေးငယ်ကပြောသည်။

ဒဏ်မခံနိုင်သည့် ကလေးတို့မှာ ထွက်ပြေးကြသော်လည်း အများစုမှာ မလွတ်ခဲ့ပေ။
တောင်းရမ်းစားသောက်ခိုင်းသည့်အမှုတစ်ခုကို လိုက်ခဲ့ဖူးသူ  မြန်မာနိုင်ငံလူကုန်တား ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်နောင်က ၎င်းကြုံတွေ့ခဲ့သော ဖြစ်စဉ်ကို ပြောပြရာတွင်”ကျွန်တော်တို့လိုက်ခဲ့ဖူးတဲ့ အမှုတစ်ခုမှာဆိုရင် မောင်ဖြစ်တဲ့ ၈ လသားကို တောင်းခိုင်း တဲ့ သူက အိမ်မှာခေါ်ထားပြီး အစ်မလုပ်သူ ကို ပိုက်ဆံလိုက်တောင်းခိုင်းတယ်။ သူတို့လိုသလောက်မရရင် ၈ လသားကလေးလေးကို အစ် မရှေ့မှာ နှိပ်စက်ပြတယ်။ အဲ့ဒီလောက်ရက် စက်တယ်” ဟု ၎င်းက ဆိုသည်။

ရအောင် ရုန်းထွက်ပြီ
တင်းကျပ်သည့် စည်းကမ်းချက်များကြားထဲ ထွက်ပြေးရန် မြန်မာကလေးငယ်နှစ်ဦးက နေ့စဉ်စဉ်းစားနေရင်း ၇ လအကြာ တွင်ေ တာ့ မြန် မာလူမျိုးတစ်ယောက်၏အကူအညီဖြင့် လွတ်မြောက်သွားသည်။ ၃ ကြိမ်မြောက်ထွက်ပြေးရင်း ကလေးခိုးဂိုဏ်း လိုက်မ လာနိုင်ေ သာ ရထားဘူတာရုံထဲ ပြေးဝင် ရင်း၊ ဘုရားကျောင်းထဲ ခေတ္တခိုကာ  မြန်မာသံရုံးမှတစ်ဆင့်မြန်မာနိုင်ငံ သို့ရောက်ရှိခဲ့ရသည်။ ”သားတို့ ၂ ခါ ထွက်ပြေးတာကိုမိတော့  သားတို့ပါးစပ်ထဲအဝတ် ထည့်ပြီးရိုက်တယ်။ နောက်ရက် ပိုက်ဆံတောင်ထွက်မတောင်းနိုင်ခဲ့ဘူး”ဟုသူတို့ ၂ ဦး ကပြောပြသည်။ 

ပထမနှစ်ကြိမ်စလုံးသည် ပြင်ပတွင် တောင်းရမ်းနေရင်းထွက် ပြေးခြင်းဖြစ်သော်လည်း နောက်ဆုံးအကြိမ်မှာမူ ထိန်း သိမ်းထားသည့် ၁ဝ လွှာအခန်းမှဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။ကလေးများ ပြန်လည်လွှတ်မြောက်လာရပုံနှင့် ပတ်သက်၍ မြန် မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက  ”ကလေးတွေက သူတို့ဟာသူ တို့ထွက်ပြေးလာကြတာ။ ပြီးတော့ တစ် ဆင့်ချင်း သံရုံးကိုရောက်တယ်။ သံရုံးကနေ မြန်မာနိုင်ငံကို  ပြန်ရောက်လာတယ်။ တပ်ဖွဲ့ထဲမှာပဲ ခဏစောင့်ရှောက်ထားတယ်။ ပြီးတော့ အမှုဖွင့်တာတွေလုပ်ပြီး မိသားစုကို ပြန်အပ်လိုက်ပါတယ်”ဟုပြောသည်။

ရဲတပ်ဖွဲ့ခေါင်းပူပြီ
အစိုးရအဖွဲ့သစ်လက်ထက် နှစ်စဉ်တိုးတက်လာနေသော မှုခင်းကိန်းဂဏန်းထဲတွင် လူကုန်ကူးခံရမှု ကိန်းဂဏန်းတို့လည်း ပါဝင်နေ သည်။ထိုထဲတွင် သားမယားအဖြစ် လူကုန်ကူးခံရမှု၊ အတင်းအဓမ္မခိုင်း စေခံရမှု၊ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရမှုစသည့် အမှုအပြင် ဆန်းပြားသည့် အပျိုစင်ဈေးကွက်အတွက်လည်း မြန်မာမိန်းကလေးငယ်များ မကြာသေးမီကပုံစံသစ်ဖြင့် လူကုန်ကူးခံနေရ သည်။ လူကုန် ကူးခံနေရမှု ခေါင်းစဉ်အသစ်တစ်ခု တိုးချဲ့လိုက်ပြီး သိပ်မကြာမီမှာပင် ယခုတောင်းစားရန် အလို့ငှာ ပြည်ပ သို့ မြန်မာ ကလေးငယ်များ တင်ပို့ နေသည့် ဈေးကွက်က ထပ်ပေါ်လာသည်။ပြင်ပတွင်ကလေးများ ပျောက်ဆုံးနေမှုကို အဖြေမရှာနိုင်သေးခင်မှာပင် ယခုကဲ့ သို့ ဖြစ် စဉ်က ပေါ်လာရာ လူပျောက်တိုင်ထားသော မိဘများ၏ စိုးရိမ်မှုကမြင့်တက်လာ သည်။ ထို့အတွက်ကြောင့် ရဲတပ်ဖွဲ့ထံ ဖိအားတို့ ရောက် လာသည်။ မကြာမီက မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် ကလေးငယ်နှစ်ဦးကို ပြည်ပပို့ခဲ့သူထဲမှ ဒလမြို့နေ ၂ ဦးကိုသာ ရဲက ဖမ်းနိုင်သေးသည်။ ကျန်နှစ်ဦးလွတ် နေ၍ ဖမ်းဝရမ်းထုတ်ထားရသည်။ကွင်းဆက်များ ချိတ်ဆက်လိုက်သည့်အတွက်အမှုက ကြီးနေ သည်။ မလေးရှားတွင် ကျန်နေသေးသော ကလေးငယ်တို့ကိုလည်း ကယ်တင်နိုင်ရန် ရဲက မလေးရဲနှင့်အပူတပြင်း ချိတ် ဆက်ေ ဆာင် ရွက်နေကြောင်း ပြောသည်။ အဘယ့်ကြောင့်ဆိုသော် ယခုအမှုက သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပထမဦးဆုံး အမှု ဖြစ်နေ ၍ဖြစ် သည်။

ဤအစိုးရသစ် သက်တမ်းအတွင်း ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ကလေးတွေ ဘယ်လောက်ထွက်နေလဲ
ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPPCR) ၏ ထုတ်ပြန်ခဲ့သော စာရင်းအရ ကလေးများကာ ကွယ် စောင့်ေ ရှာက်နေသောအဖွဲ့အစည်းများက ကယ်ဆယ်ခဲ့ရသော နိုင်ငံခြားရောက် ခိုင်းစေခံရသော မြန်မာကလေးအရေအတွက်မှာ ၂ဝ၁၁မှ ၂ဝ၁၃ ခုနှစ်အတွင်းမှာပင် ခုနစ် ရာကျော်ရှိနေကြောင်း ထုတ်ဖော် ပြောကြားထား သည်။ နိုင်ငံရပ်ခြား သို့ မြန် မာနိုင်ငံမှကလေးများ လူကုန်ကူးခံရ၍သော်လည်းကောင်း၊ ခိုးယူခံရ၍ သော်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် ပို့ဆောင်ခံနေရသည့် နိုင်ငံများထဲတွင် မလေး ရှားနှင့် ထိုင်းနိုင်ငံက အများဆုံးဖြစ်သည် ဟု  ရဲတပ်ဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောကြသည်။ မြန်မာနိုင်ငံ လူကုန်တားရဲ တပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရဲတပ်ဖွဲ့မှ သတင်းမရရှိလိုက်ဘဲ တိုင်းတစ်ပါးသို့ လူကုန်ကူးခံရကာ ရောက်ရှိသွားပြီး ခိုင်းစေခံနေရ သည့် မြန် မာကလေးငယ်များ များစွာရှိနေနိုင်သေးကြောင်း သူ၏အမြင်ကို ပြော ပြသည်။

ဒီလိုအဖြစ်အပျက်မျိုးတွေ အရင်ကရှိခဲ့ဖူးသလား
တပ်မတော်အစိုးရ အုပ်ချုပ်သည့် ၂ဝဝ၇ ခုနှစ်က မလေးရှားတွင် တောင်းရမ်းနေသည့်  မြန်မာကလေးငယ်အချို့ကို မလေးရဲက တွေ့ သွားပြီး မြန်မာရဲထံအကြောင်း ကြားရာမှတစ်ဆင့် ကလေးခိုးသူအချို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ဖူးသည်။ ထိုစဉ်က အမှု ၃ မှုဖွင့်ခဲ့ရ သည် ဟု မြန်မာနိုင်ငံလူကုန်တားရဲ တပ်ဖွဲ့မှ ဒုရဲမှူးမင်းနိုင်ကပြောသည်။ ထိုအမှုတို့က ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်၊ ဧရာဝ တီ တိုင်းဒေသကြီး ပုသိမ်မြို့နယ် နှင့် မန္တလေးတိုင်း ဒေသကြီး မတ္တ ရာမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည်။ ရန်ကုန် တွံတေးအမှုမှာ ပွဲစားမှ  ကလေးမိခင်ထံ အသက် ၇ နှစ်နှင့် ၁၁ အရွယ်ရှိ ကလေးငယ်တို့ကို နယ်စပ်တွင် ဂျာနယ်ရောင်းရင်း တစ်လ ကျပ် ၃ဝဝဝဝ ရမည် ဟု ခေါ် သွားရင်း တောင်းရမ်းရန် မလေးရှား ပို့လိုက်သည်။

”ပိုက်ဆံတောင်းနေတဲ့အချိန် မလေးရဲက ဖမ်းလိုက်တော့မှ လူကုန်ကူးခံရတာမှန်းသိပြီး သံရုံးက နေတစ်ဆင့် အဲ့ဒီတုန်းက ကလေးေ တွ မြန်မာနိုင်ငံကို ပြန်ရောက်လာတာ။ သူတို့ကို ကုန်ကူးတဲ့ပွဲစားကို တော့ဖမ်းမိလိုက်တယ်။ စမ်းချောင်းထဲမှာနေတာ။ တစ်ယောက် တည်း လုပ်တာပဲ။ ထောင်ဆယ်နှစ်ကျ သွားတယ်”ဟု ဒုရဲမှူးမင်းနိုင်က ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ နယ်တွင် ဖြစ်ပွား ခဲ့သော အမှု ကို ပြန်လည်ပြောပြသည်။ထို့အပြင် မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း လူပွဲစားများက အသက် ၇ နှစ်ဝန်းကျင်အရွယ်ရှိ ကလေးငယ်ခြောက်ဦးကို မလေးရှားနိုင်ငံသို့ပို့ဆောင် လိုက်သည့် မှတ်တမ်းတို့ရှိသည်ဟု မြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ အကြီး တန်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ထိုအမှုတို့တွင် တရားခံတစ် ဦးကိုသာ ဖမ်းဆီးရမိလိုက်ပြီး ကျန်သူများမှာ ယနေ့အ ချိန် ထိထွက်ပြေးလွတ်မြောက်နေဆဲဖြစ်နေကြသည်။

မြန်မာကလေးတွေ အများကြီး
ကျန်သေးတယ်လို့ပြော
မကြာမီက ထွက်ပြေးလွတ်မြောက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာကလေးငယ်တစ်ဦးက ၎င်းကဲ့သို့ပင် မလေးရှား သို့ရောက်ရှိပြီး တောင်းစားနေသော မြန်မာကလေးများ မလေးရှားနိုင်ငံတွင် ကျန်ရှိနေသေးကြောင်းပြောသည်။ ၎င်းကိုယ်တိုင် တွေ့ခဲ့ ရကြောင်းဆိုကာ ၎င်းနေထိုင်ခဲ့ရသည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ စင်နီနီလမ်းရှိနေအိမ်တွင်ပင်  မြန်မာနိုင်ငံသား ကလေးငယ် အ များစုပါသည့် ကလေးအယောက် ၄ဝ ခန့် ကျန်ခဲ့ကြောင်း ပြောသည်။  ”မြန်မာနိုင်ငံက ကလေးတွေလည်းအများကြီးပဲ။ သူတို့နဲ့ က စားလို့ရတယ်။ တချို့က သားထက်ကြီးတယ်။ တချို့က သားထက်ငယ်တယ်” ဟု ၎င်းကပြောသည်။ ယင်းစကားကြောင့် ရဲကအပူ တပြင်း ရှာဖွေစုံစမ်းနေကြသည်။

နောက်အစိုးရအတွက်
သတိပေး ခေါင်းလောင်းသံ
နိုင်ငံ၏ လက်ရှိအခြေအနေသည် ဆင်းရဲနေသည်။ ပြည်ပမှ သွင်းသည့်ကုန်က ပြည်တွင်းကပို့သည့်ကုန်ထက်များနေ၍ ကမ္ဘာ့ဘဏ် က ရေရှည်တွင် ပြဿနာတက်နိုင်ကြောင်း သတိပေးလာသည်။ ယင်းအတွက်ကြောင့် ပို့ကုန်အသစ်များထုတ်ပြီးပို့ရန် လမ်းညွှန်လာသည်။ သဘာဝသယံဇာတများ၊ လူသားအရင်းအမြစ်များသာ ပြည်ပသို့ထွက်နေသည့် နိုင်ငံသည် အရွယ်မရောက်သေးသော ကလေးများပါ လိုက်ထွက်နေရလျှင် မကြာမီ ချောက်ထဲကျတော့မည်ဟု အရပ်ဘက် လူ့အဖွဲ့အစည်းတို့က ထောက်ပြလာသည်။

 မကြာသေးမီကပင် မလေးရှားမှ ပြန်လာသည့် မြန်မာကလေးငယ်တို့၏ ဖြစ်ရပ်က မြန်မာတစ် နိုင်ငံလုံးရှိ ကလေးသူငယ်များ အပါအဝင် အုပ်ထိန်းသူ မိဘများ အားလုံး၏ မေ့လျော့နေမှုကိုသတိ ပေးလိုက်သလိုပင်။ အားလုံးသတိထား ကာကွယ်ရတော့မည့် ကိစ္စတစ်ခုပင်ဖြစ်လာသည်ဟု လူကုန် တားရဲတပ်ဖွဲ့နှင့် အရပ်ဘက်အဖွဲ့ အစည်းများက ပြောဆိုကြသည်။

မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ကလေးငယ်တစ်ဦး၏ဖခင်ဖြစ်သူ ဦးကျော်ဇောက ”ကျွန်တော်တို့ ကိုယ့်သားသမီးကို ကိုယ်သေချာ ဂရုစိုက်ရမှာပေါ့ဗျာ။ ကျွန်တော့်သား ကြုံတွေ့ခဲ့ရသလိုပဲ ကျန်တဲ့သူတွေ မဖြစ်အောင်လည်း သတိထားသင့်တယ်။ သား ကတော့ကံကောင်းလို့ လွတ်မြောက် ခဲ့တယ်”ဟု ပြောသည်။ မြန်မာနိုင်ငံ လူကုန်တားရဲ တပ်ဖွဲ့မှ ရဲအရာရှိများကလည်း မိသားစု၏ အုပ် ထိန်းမှုကို ပြည့်ဝစွာပေးသင့်ကြောင်း၊ မိမိသား၊ သမီး၏ နေ့စဉ်ဖြစ်ပျက်နေမှုများကိုအတတ်နိုင်ဆုံး စောင့်ကြည့်ပေးရန်လိုကြောင်းနှင့် တစ်စုံတစ်ခုထူးခြားမှုရှိပါက လူကုန်တားရဲတပ်ဖွဲ့ထံသို့ အမြန်ဆန်ဆုံး လာရောက်သတင်း ပေးကြရန် တိုက်တွန်းကြောင်း ပြောကြသည်။ ကာယကံရှင်တစ်ဦးဖြစ်သူ မောင်ညီညီကတော့ ”သားအပြင်မသွားတော့ဘူး။ ချမ်းလည်းမ ချမ်းသာချင်တော့ဘူး။ အိမ်ရှေ့မှာ ပဲ ဘောလုံး ကန်တယ်။ သား ကားဝပ် ရှော့လုပ်ငန်းကို အဖေနဲ့အတူတူလိုက်ပြီးတော့လုပ်မယ်” ဟု ပြောသည်။

ပေါ်ပြူလာနယူးစ် သတင်းအဖွဲ့

No comments: