Wednesday, October 28, 2015

USB Stick အစားထိုး ဒေတာကပ်ခွာ - Magic leap - အာရုံခံစနစ်ပါဝင်တဲ့ ရှူးဖိနပ် Nike



USB Stick အစားထိုး ဒေတာကပ်ခွာ 


မကြာခင် ဒေတာကပ်ခွာကို သုံးပြီး ကွန်ပျူတာတွေကနေ ဒေတာကူးနိုင် ပို့နိုင်တော့မှာပါ။

သိပ္ပံပညာရှင်တွေဟာ ကပ်ခွာနုတ်တွေနဲ့ သဏ္ဍာန်တူတဲ့ data storage deviceတွေကို တီထွင်လိုက်ပါတယ်။ ပြီးတော့ ကွန်ပျူတာတစ်လုံး၊ ဒါမှမဟုတ် တခြားစက်တစ်ခုခုမှာ ကပ်လိုက်ရုံနဲ့ ဒေတာ အလွှဲအပြောင်း လုပ်နိုင်တယ်လို့ သိရပါတယ်။

သေးငယ်ပြီး စက္ကူအလား ပါးလွှာတဲ့ driveတွေကို Datastickies လို့ခေါ်ပါတယ်။ တကယ့် ကပ်ခွာနုတ်တွေလိုပဲ တစ်ခုပေါ်တစ်ခုထပ်ပြီး ကပ်ထားလို့ရပါတယ်။ လိုအပ်ရင် ဆွဲခွာပြီး အသုံးပြုရမှာပါ။

Graphene တွေနဲ့ လုပ်ထားပြီး 32G သိုလှောင်မှုပမာဏထိရှိတဲ့ driveတွေကို ရောင်းချပေးပါလိမ့်မယ်။ Graphene ဆိုတာက ကာဗွန်အက်တမ်တွေနဲ့လုပ်ထားပြီး လျှပ်စစ်ကူးအားကောင်းတဲ့ အရာတစ်ခုပါ။

Datastickies driveတွေရဲ့ ဈေးနှုန်းနဲ့ စတင်ရောင်းချပေးမယ့် နေ့ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

( Jack )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

ဝဘ်ဆိုဒ်တွေကိုမေ့ထားပြီး Facebook ထဲမှာတင် သတင်းဖတ်စေချင်

 Facebook က ကျွန်တော်တို့အတွက် သတင်းစာစင်ဖြစ်ချင်ပါတယ်တဲ့။

Facebook App ထဲမှာတင် သတင်းဆောင်းပါးတွေကို အသင့်ဖတ်နိုင်မယ့် Feature ကို Facebook က ထုတ်နေပါပြီ။ သတင်းခေါင်းစဉ်တွေကို ဖတ်ရုံတင်မဟုတ်ဘဲ၊ သတင်းဆောင်းပါး အဆုံးထိ ဖတ်နိုင်စေပြီး သတင်းဗီဒီယိုတွေကိုလည်း ကြည့်စေနိုင်မယ်လို့ Facebook က အောက်တိုဘာ ၂၀ရက်နေ့မှာ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅လတုန်းက ဒီလို feature ကို အကန့်အသတ်နဲ့ မိတ်ဆက်ခဲ့ဖူးပါတယ်။

Facebook ထဲမှာ သတင်းဖတ်ရတာဟာ စံဝဘ်ဆိုဒ်တစ်ခုမှာဖတ်ရတာထက် ၁၀ဆ ပိုမြန်တယ်လို့လည်း ဆိုပါတယ်။ ပိုမြန်တဲ့ loading, ပိုကောင်းတဲ့ အပြင်အဆင်တွေ ဖြစ်စေရမယ်လို့လည်း Facebook က ကတိပေးထားပါတယ်။

“ကျွန်တော်တို့ အာရုံအစိုက်ဆုံးအရာကတော့ နေ့စဉ်တန်ဖိုးကို ထောက်ပံ့ပေးဖို့ပါပဲ။” လို့ Instant Articles အဖွဲ့ကို စီမံခန့်ခွဲနေသူ Chris Cox က Wall Street ဂျာနယ်ကလုပ်တဲ့ WSJDLive အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မဂ္ဂဇင်းတွေ၊ ဝဘ်ဆိုဒ်တွေ နဲ့ နေ့စဉ်သတင်းစာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တစ်နေ့တစ်နေ့ကို သတင်းဆောင်းပါးပေါင်း ၁၀၀၀ Facebook မှာ ထုတ်ဝေဖို့ စီစဉ်နေတယ်လို့ Facebook ကပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

တရုတ်နိုင်ငံက Apple Store အတု

 
ကမ္ဘာ့နိုင်ငံအနံ့အပြားရှိ နိုင်ငံများတွင် ကန့်သက်ချက်ဖြင့် ဖွင့်လှစ်ထားတဲ့ Apple Store ဟာ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံ Kunming (ကူမင်) မြို့မှာ Apple မှ တရားဝင်ဖွင့်လှစ်ထားခြင်းမဟုတ်ပဲ Apple Store အတုတစ်ဆိုင် ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ Apple Store ဟာ Apple ကုမ္ပဏီ မှ တရားဝင်ဖွင့်လှစ်ထားတဲ့ Apple Store များနှင့် ခွဲခြားမရအောင် တူလွန်းနေပါတယ်။ ဆိုင်အပြင်အဆင်ကအစ ရောင်းတဲ့ ပစ္စည်းက အဆုံးအကုန်လုံးက Apple Store နဲ့ တထေရာတည်းဖြစ်အောင်ကို ဖန်တီးဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ Apple ရဲ့ တရားဝင် Store ဟာ နှစ်ခုတည်းရှိပြီး ရှန်ဟိုင်း နဲ့ ဘေကျင်းတို့မှာ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ Apple Store အတုဟာ ဆိုင်အပြင်အဆင်ကို Apple Store အစစ်နဲ့ လုံးဝတူအောင်ဖန်တီးထားဖြစ်ပြီး ဆိုင်မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကလည်း Apple ရဲ့ တရားဝင် Store ရှိ ဝန်ထမ်းများနည်းတူ Apple အမှတ်တံဆိပ်ပါ T-Shirt အပြာရောင်များကိုသာ ဝတ်ဆင်ထားကြခြင်းဖြစ်ပါတယ်။ ရောင်းတဲ့ ပစ္စည်းများကလည်း Apple ပစ္စည်းများသာ ဖြစ်ပြီး iPhone ၊ iPad ၊ iPod ၊ Mac Book Air ၊  Mac Book Pro  ၊ i Mac နှင့်အခြား Apple ပစ္စည်းများကိုသာ ရောင်းချပါတယ်။

ဆိုင်ရဲ့ ပုံစံဟာအခြား Apple Store များနည်းတူ နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်ကို တက်မဲ့ လှေကားကိုလည်း Apple ရဲ့  တရားဝင် Store မှာရှိတဲ့ လှေကားနဲ့ တူအောင် ဖန်တီးထားပါတယ်။ ကောင်တာထားပုံတွေကအစလည်း လုံးဝကွဲခြားမရအောင် ဖန်တီးထားပါတယ်။ သာမန် Apple အသုံးပြုသူ တစ်ယောက်အနေနဲ့ အဆိုပါ Apple Store ကို ဝင်သွားမိပါက Apple Store အစစ်အဖြစ်ထင်မှတ်မိမှာ မလွဲပါပဲ။

Ref : Wired
Aung Ko Htet (MMA)
#aungkohtet_mma

မျက်မှန်တပ်စရာမလို တကယ့်အပြင်မှာ မြင်သလို မြင်ရမယ့် Magic leap

Google နဲ့ Qualcomm တို့ကနေပြီးတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၄၀ အကုန်ကျခံပြီးတော့ တီထွင်ဖန်တီးတဲ့ ရုပ်ရှင် နည်းပညာ တစ်ခု အောင်မြင်သွားပါပြီ။ ရုပ်ရှင် ဆိုတဲ့အတိုင်းပဲ တကယ်အပြင်မှာ အရှင် လတ်လတ်ရှိသလိုကို မျက်မှန်တပ်စရာမလိုပဲ မြင်ရတော့မယ့် နည်းပညာ ဖြစ်ပါတယ်။ သူ့ကို Magic Leap လို့ အမည်ပေးထားပါတယ်။

သူ့အကြောင်းမပြောခင် လက်ရှိ ရုပ်ရှင်ရုံနဲ့ ပရိုဂျက်တာများရဲ့ အလုပ်လုပ်ပုံကို ပြောပြပါရစေ။ ပရိုဂျက်တာကို ထိုးတဲ့ ရုပ်ပုံကနေ အလင်းပြန်ပြီးတော့ Angel တစ်ခုကနေ မျက်လုံးပေါ်ကို အလင်းပြန်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ပုံရိပ်တွေ ပေါ်လာပါတယ်။ ယခု Magic Leap ကတော့ ဘယ်နံရံကိုမှ ပြန်ကန် မထွက်ပဲ မျက်စိကို တိုက်ရိုက်သွားမယ့်အလင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Retina ကို တိုက်ရိုက်ထိတာကြောင့် တကယ့် လက်တွေ့ အပြင်လောကမှာ မြင်ရတဲ့ ခံစားချက်မျှိုးကို ဦးနှောက်သို့ ပို့ပေးပြီး အပြင်မှာ မြင်တွေ့ဖြစ်ပျက်နေတဲ့ အရာတစ်ခုလို့ ခံစားမိစေပါလိမ့်မယ်။ Microsoft က ပြုလုပ်တဲ့ Hololens ကလည်း ယင်းနဲ့အလားတူပေမယ့် သူက မျက်မှန်တပ်ရပါတယ်။ Magic leap က တပ်စရာ မလိုပါဘူး။ ကြည့်နေရင် ကြည့်နေတဲ့ လူတိုင်းရဲက မျက်စိ ကို တိုက်ရိုက်သွားပါတယ်။
ရုပ်ရှင် ရုံတွေမှာသာ အစားထိုးမယ်ဆိုရင် ပိတ်ကား မလိုတော့ ပါဘူး။ Magic Leap နဲ့ ကြည့်လို့ရမယ့် ပထမဆုံး ရုပ်ရှင်ကိုလည်း စတင်ရိုက်ကူးနေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ နောက်တစ်ခုအနေနဲ့ ကတော့ Gaming Industry မှာ အသုံးချမှု ဖြစ်ပါတယ်။ Gaming အတွက်လည်း အသုံးချနိုင်တဲ့အပြင် လုပ်ငန်းခွင်သုံးလည်း ဖြစ်လာနိုင်တာကြောင့် သူ့ကိုသာ ဈေးသက်သက်သာသာနဲ့ တွင်တွင်ကျယ်ကျယ်သာ အသုံးပြုနိုင်ရင် လာမယ့် ၇နှစ် အတွင်း ဖန်သားပြင် ဆိုတာ ပျောက်ကွယ်လာနိုင်ချေ ရှိကြောင်းတော့ ခန့်မှန်းထားကြ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

အာရုံခံစနစ်ပါဝင်တဲ့ ရှူးဖိနပ် Nike က ထုတ်တော့မည်

Back to the future လို့အမည်ရတဲ့ ရုပ်ရှင်ဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ခန့်က အင်မတန် အောင်မြင်ခဲ့ ပါတယ်။ ယင်း ရုပ်ရှင်ထဲမှာ၂၀၁၅ ခုနှစ်ကို ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ အဲ့ဒီတိုင်းမှာ လူ့ရဲ့ လမ်းလျှောက်မှု အနေအထားပေါ်မူတည်ပြီးတော့ စီးထားတဲ့ ဖိနပ်က အတင်းအကြပ် မှန်ကန်အောင် ပြောင်းလဲပေးနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ဖြစ်နိုင်မဖြစ်နိုင်ကို လူတွေ ဝေဖန်ခဲ့ကြပေမယ့် ယခုတော့ တကယ်ဖြစ်လာပါပြီ။ Nike ကနေ ထုတ်လုပ်နေပြီဖြစ်တဲ့ ရှူးဖိနပ်ဖြစ်ပါတယ်။

၂၀၁၆ နှစ်ဆန်းလောက်မှ ရောင်းချဖွယ် ရှိပါတယ်။ တရားဝင် ဓာတ်ပုံနဲ့ ဗီဒီယိုများကို တင်ခဲ့ ပါတယ်။ စမ်းသပ် အသုံးပြုနေမှုကိုလည်း Nike မှ အရာရှိ အချို့က Twitter ပေါ် တင်ခဲ့ကြ ပါတယ်။ သူ့ကို Limited Edition ထုတ်ပြီးတော့ ရောင်းချမှာ ဖြစ်ပါတယ်။ ဖိနပ်ဟာ ရုပ်ရှင်ထဲကလို လုပ်ဆောင်ချက် အပြည့်ဝ မလုပ်နိုင်ပေမယ့် စီးလိုက်တာနဲ့ ကြိုးအလိုအလျောက်တင်းပေးတာ လမ်းလျှောက်မှုပေါ် မူတည်ပြီးတော့ ခြေထောက်မနာအောင် ပြုပြင်ပေးတာတို့ ပြုလုပ်မှာ ဖြစ်ပါတယ်။
ယင်း ရှူးဖိနပ် အပြင် Back to the future များ ပစ္စည်းများကို ၂၀၁၆ နှစ်ဆန်းပိုင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
.
Ref: mashable
အောင်ခမ်း (MMA)

No comments: