Monday, October 12, 2015

သွားညှိကိရိယာ တပ်ဆင်အသုံး ပြုခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုး များ


တိုးတက်လာတဲ့ ယနေ့ခေတ်မှာ လူငယ်တော်တော် များများဟာ သွားတွေ ညီညာ လှပစေဖို့အတွက် သွားညှိ ကိရိယာ ဆိုတဲ့ ပစ္စည်းလေး တစ်ခုကို တပ်ဆင် အသုံးပြုလာကြပါပြီ။ ဒီကိရိယာလေးကို ဘယ်လိုလူတွေ တပ်ဆင်အသုံးပြုသင့် သလဲဆိုတာနဲ့ ဒီကိရိယာ ကို အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို သိရှိစေဖို့အတွက် World Federation of Orthodontists အဖွဲ့ ဝင်  သွားညှိကုပါရဂူ ဒေါက်တာ မိုးဝင်း သိန်းကို တွေ့ဆုံမေးမြန်းထားပါတယ်။
 
ဘယ်လိုလူတွေက သွားညှိကိရိယာ တပ်ဆင်အသုံးပြုဖို့ လိုအပ်ပါသလဲ။
သွားညှိပညာရဲ့ ရည်ရွယ်ချက် က သွားတွေ ညီအောင် လုပ်ဖို့ပါ။ အဲဒီလို လုပ်ခြင်းဖြင့် သွားတွေညီ လာရင် သွားဖုံးရောဂါ တွေ သွားပိုး စားရောဂါတွေကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးနိုင်သလို အပေါ်အောက်သွား ထိချက်တွေ ညီညာမှ အပေါ်အောက် မေးရိုးဆုံ ရာ အဆစ်၊ မျက်နှာနဲ့ မေးရိုးမှာ ရှိတဲ့ ကြွက်သားတွေရဲ့ လုပ်ငန်းတွေ ကောင်း မှာ ဖြစ်တဲ့ အပြင်၊ အပေါ် အောက်မေးရိုး အချိုးကျလာ မှာ ဖြစ်ပါတယ်။ အသက် အရွယ်ပေါ် မူတည်ပြီး သွားတွေကို သင့်လျော် တဲ့ ရွေ့လျားစေတဲ့ ကိရိယာ တပ် ဆင်ကုသမှု  အပါအဝင် ကြီး ထွား နေတဲ့ ကလေးတွေမှာ မေးရိုးကြီး ထွားမှုကို ထိန်းညှိပေးတဲ့ ကိရိယာ ဖြင့် သင့်လျော်တဲ့ ကုသပြုပြင်မှုပေး တာပါ။ ဒါပေမဲ့ အများစု ကတော့ သွားမညီလို့ သွားခေါလို့ ပါးစပ်မ လှလို့ကိုပဲ အဓိက လိုအပ်ချက်ဖြစ် နေကြပါတယ်။ အလှအပအတွက် သာမက အပေါ်အောက် သွားနှင့် မေးရိုးမညီညာ အချိုးမကျ၍ စားရ ဝါးရ ခက်သောနှုတ်ခမ်းကွဲ အာခေါင် ကွဲလူနာတွေ အခြားမွေးရာပါ မျက် နှာ နဲ့ မေးရိုးပုံ သဏ္ဌာန်ချွတ်ယွင်းတဲ့ အခြေအနေတွေမှာ ခွဲစိတ် ကုသမှုနဲ့ သွားညှိတာ ပူးပေါင်းပြီး လုပ်ပါတယ်။ အချို့ သွားတု တပ်ဆင် ဖို့ နေရာအ ခက်အခဲရှိရင် အသုံးပြုသလို လွတ် နေတဲ့ သွားနေရာမှာ ကပ်လျက်သွား ကို ရွှေ့ပြီး အစားထိုးရင်လည်း အ သုံးပြုပါ တယ်။ မေးရိုး ကြီးထွားမှုအ နည်းအများ ဖြစ်နေတဲ့ ကလေးတွေ မှာလည်း အဲဒါနဲ့ လိုက်ဖက်တဲ့ ကိရိယာကို သုံးပါတယ်။

သွားညှိကိရိယာ တပ်ဆင်အသုံးပြု ခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးလေး တွေပြောပြပေးပါရှင်။
သွားညှိ ကိရိယာ တပ်ဆင်ခြင်း ရဲ့ကောင်းကျိုးတွေ ကတော့ အ ပေါ်က ပြောတဲ့အချက်တွေ အတိုင်း ကောင်းတာတွေ ရလာမှာပါ။ သွား တွေ ညီရင် သွားဖုံးရောဂါတွေ  သွားပိုးစား ရောဂါတွေ ကာကွယ် နိုင်မယ်။ အချုပ်ပြောရရင် သွား နှင့်ခံတွင်း၊ အလှအပနှင့် ကျန်းမာ ရေးတွေ ကောင်းလာမှာပါ။ ဆိုး ကျိုး အနေနဲ့တော့ ကြီးကြီးမားမား မရှိပါဘူး။ အဓိကက လူနာရဲ့ အ ခြေအနေ ဟာ ကုသ သင့် တဲ့ အခြေ အနေဖြစ်ပြီး ကုတဲ့သွားဆရာဝန် ရဲ့ ကျွမ်းကျင်မှုနဲ့အတွေ့အကြုံ၊ ပြီး တော့ အသုံးပြုတဲ့ကိရိယာရဲ့အ ရည်အသွေး၊ အသုံးပြုတဲ့ နည်းစနစ် ကောင်းပါက ဆိုးကျိုး မရှိသလောက် မပြောပသလောက်ပါပဲ။ အဲဒီအ ချက်တွေမှာ အားနည်းချက် ရှိရင် တော့ နည်းနည်း ပါးပါးရှိနိုင်ပါတယ်။

သွားညှိ ကိရိယာကို အချိန်ကာလ ဘယ်လောက် တပ်ဆင်ထားဖို့ လို အပ်ပါသလဲရှင့်။
သွားညှိကိရိယာကို တပ်ဆင် ရမယ့်ကာလ အနေနဲ့ လူနာရဲ့ အ ခြေအနေရယ်၊ သုံးတဲ့ ကိရိယာရဲ့ အရည်အသွေး၊ သွားဆရာဝန် ရဲ့ ကျွမ်းကျင်မှု၊ အသုံးပြုတဲ့ နည်းစနစ် တွေနဲ့လည်း အချို့ဆိုင်ပါတယ်။ ဥပမာ အောက်မေးရိုး တိုနေတဲ့ ကလေး တစ်ယောက် ကို အောက် မေးရိုး ပုံမှန်ပြန်ဖြစ်လာအောင် အ ခြေအနေ ကြည့်ပြီးတော့ ကိရိယာ တစ်ခု တပ်ပြီးနောက် ကုသပြီး မေး ရိုးတိုးတက် လာမှ နောက်ထပ် သွားညီလာအောင် နောက် ကိရိယာ တစ်မျိုး ပြောင်းတပ်ရတာမျိုး ရှိပါတယ်။ အဲဒါမျိုးဆို နှစ်နှစ် နဲ့ အထက်ကြာ ပါတယ်။  အချုပ်ပြောရ ရင် ကလေးတွေမှာ အဆင့်နှစ်ဆင့် ပါတဲ့ ကုသမှုနဲ့ အဆင့် တစ်ဆင့်သာ ပါတဲ့ ကုသမှု ဆိုပြီး ရှိတယ်။ ကြီး ထွားမှု ရပ်သွား တဲ့ အချိန်မှာတော့ ကုသမှုပြီးတဲ့အထိ သွားမျက်နှာပြင် မှာ တောက်လျှောက် ကပ်ထားရတဲ့ ကိရိယာမျိုး Braces (Fixed app-liances) လို့ခေါ်တဲ့ ကိရိယာကို အဓိက သုံးရပါတယ်။ အဓိက cases  တွေကတော့ တစ်နှစ်ခွဲ ကနေ နှစ် နှစ်ခွဲအထိ ကြာတတ် ပါတယ်။ လွယ် တဲ့  cases တွေ ဆိုရင်တော့ ဘယ် လောက်လွယ်လဲ အပေါ် မူတည်ပြီး အဲဒီအချိန် ကာလထက် ပိုပြီးလျော့ သွားပါတယ်။ ခွဲစိတ် ကုသမှုနဲ့ ပေါင်း လုပ်တဲ့  cases တွေကတော့ ခွဲစိတ် ကုသမှု အမျိုးအစား အပေါ် မူတည် ပြီး တစ်နှစ် ကနေနှစ်နှစ်ကျော် ထိ ကြာ တတ်ပါတယ်။ အရေးကြီးဆုံး အချက်က သွားညီသွားပြီ၊ မေးရိုးညီ သွားပြီဆိုပြီး တပ်ထားတဲ့ ကိရိယာ ဖြုတ်ပြီးရင် ရွှေ့ ထားတဲ့ သွားတွေ ပြန်မရွေ့သွားအောင် Retainer လို့ ခေါ်တဲ့ အထိန်းကို အနည်းဆုံး တစ်နှစ်လောက် ကစပြီး နှစ်ရှည်အ ထိ အခက် အလွယ်ပေါ် မူတည်ပြီး ဆက်တပ်ရတာပါပဲ။

သွားညှိကိရိယာ တစ်ကြိမ်တပ်ဆင် ပြီးရင် နောက်ထပ် ထပ်ပြီး တပ် ဆင်ဖို့ လိုအပ်ပါသလား။
သွားညှိကိရိယာ တပ်ဆင်ပြီး ကုသမှု ပြီးမြောက်သွားရင်တော့ Retainer အထိန်းကို ဆရာဝန် ညွှန် ကြားတဲ့ အတိုင်း ကာလတစ်ခု တပ် ဆင်ရပါမယ်။ တကယ်လို့ တပ်ဆင် မှုပျက်ကွက်လို့ သွားတွေ အခြေ အနေ ပြောင်းလဲသွားရင် လူနာနဲ့ သွားဆရာဝန် တို့ရဲ့ ဆန္ဒအရ ထပ် ပြီး တပ်ဆင်မှုကို ဆုံးဖြတ်ရပါမယ်။

သွားညှိကိရိယာ တပ်ဆင်လို သူတွေ အနေနဲ့ ဘယ်လို လိုအပ်ချက်တွေ ရှိပါသလဲရှင့်။
သွားညှိကိရိယာ တပ်ဆင်လို သူတွေ အများစုက သွားမညီလို့ သွားအနေအထား မလှလို့ လာတဲ့ လူတွေ များပါတယ်။ သွားဆရာဝန် ဘက် ကတော့ အဲဒီလိုအပ်တဲ့ လူ တွေကို သွားညှိ ကုသမှု လုပ်သင့်တဲ့ အခြေအနေတွေ ရှိ မရှိ စစ်ဆေး ပြီး လုပ်ပေးသင့်ရင် လုပ်ပေးရပါ တယ်။ မလုပ်ပေးသင့်ရင် လည်း ပြန်လည် ရှင်းပြပေးရပါတယ်။ ဥပမာ အရိုးနှင့် ဆိုင်တဲ့ ရောဂါအချို့ ဖြစ်နေလို့ သက်ဆိုင် ရာဆေးသောက် နေသူတွေ အပေါ် အောက် မေးရိုးဆုံရာ အဆစ် လှုပ်ရှားမှု မကောင်း တဲ့သူတွေ၊ သွားဖုံးရောင် ရေစီး ကမ်းပြိုရော ဂါ ဖြစ်နေသူတွေမျိုးကို  မလုပ်သင့်ပါဘူး။

ဒီကိရိယာ တပ်ဆင်ထားစဉ် ကာလ အတွင်းမှာ ဘာတွေ ဆောင်ဖို့၊ ရှောင်ဖို့ လိုအပ်ပါသလဲရှင့်။
ကိရိယာတပ်ဆင်ချိန်မှာ ရှောင် ရန်ဆောင်ရန်တွေ အနေနဲ့ ကိရိ ယာကြောင့် အစာတွေ ပိုခိုနိုင်တယ်။ သွားပိုးစားနဲ့ သွားဖုံးရောဂါတွေ မ ဖြစ်လာဖို့ သွားသန့်ရှင်းရေး လုပ် ရတာ ပိုပြီး အာရုံစိုက် ဖို့ လိုတယ်။ သက်ဆိုင်ရာ သွားဆရာဝန်က လူ နာကို သုံးဖို့ သွားတိုက်တံ အမျိုး အစား၊ သွားတိုက် နည်းစနစ်၊ ပလုပ်ကျင်းဆေးရည်တွေနဲ့ သုံးပုံ သုံးနည်း ရှင်းပြပေးမှာ ဖြစ်သလို လူနာရဲ့အခြေအနေပေါ် မူတည် ပြီး သွားဆေးခန်းမှာ သွားသန့်ရှင်း ရေး လုပ်ပေးပါလိမ့်မယ်။ နောက် တစ်ခုက အဓိက သွားမျက်နှာပြင်မှာ ကုသမှုပြီးတဲ့ အ ထိ တောက် လျှောက် ကပ်ထားသော ကိရိယာ ( braces ) တွေ တပ်တဲ့အခါမှာ မ တော်တဆ ပြုတ်မထွက်ဖို့ အစာစား ရင် ဂရုပြုရမယ့် အချက်လေးတွေ ကို သွားဆရာဝန် ကမှာပါလိမ့်မယ်။

သတ်မှတ်ထားတဲ့ ကာလထက် ကျော်လွန်ပြီး ဒီကိရိယာကို တပ် ဆင်မိရင် ဘာဖြစ်နိုင်ပါသလဲရှင့်။
သွားဆရာဝန်က ညွှန်ကြား ထားတဲ့ ကာလမှာ ပြန်ပြနိုင်ရင် တော့ အကောင်းဆုံးပါပဲ။  ခရီး ကြာကြာ သွားရမယ် ဆိုရင်လည်း သက်ဆိုင် ရာ သွားဆရာဝန်ကို ကြို ပြောပြထားမှ ကုသမှု အဆင်ပြေ အောင် ကြိုတင်ပြင်ဆင်ပေး လို့ ရ ပါမယ်။ တချို့က တစ်လလောက် ခရီး သွားမယ်ဆိုပြီး ထွက်သွား လိုက်တာ တစ်နှစ်ကျော်လောက် ကြာမှ ပြန်လာတယ်။ ပါးစပ်ထဲ ကြည့်လိုက်တော့ ကိရိယာတွေ က ပြုတ် ထွက်နေပြီ။ သွားတွေက ဆက်မရွေ့တော့ဘဲ အချို့က မလို အပ်တဲ့ အနေ အထားတွေ ရောက် နေပါတယ်။ ပြုတ်ထွက်နေတဲ့ ကိရိ ယာက ပါးစပ်ထဲမှာ အချိန်မီမဖြုတ် ဘဲထားလို့ စူးရှပြီး အနာတောင်ဖြစ် ချင်နေတာတွေ့ရပါတယ်။ ဒါကြောင့် အဲဒီကုသမှုယူရင် သွားဆရာဝန် နဲ့ မှန်မှန်ပြဖို့၊ မပြနိုင်ရင်တောင် ကြို ပြောမှ သွားဆရာဝန်က သင့်လျော် တဲ့ ကိရိယာကို ရွေးချယ်ပြီး သင့် လျော်တဲ့အား အတိုးအလျှော့နဲ့ ကိရိယာကို ပြင်ဆင်နိုင်မှာပါ။

ထပ်မံ ဖြည့်စွက် ပြောချင်တာများ ရှိရင် ပြောပါဦးဆရာ။
Orthodontics လို့ခေါ်တဲ့ ဒီ ပညာဟာ အများစုက သွားညီ အောင်၊ လှအောင် ကုသမှုယူနေ ကြပေမယ့် အလှအပ အတွက် သာ မက စားလို့ ဝါးလို့ ရေရှည်အဆင် ပြေအောင် အတွက်ပါ ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခု ကာလမှာ ထူးချွန်တဲ့ သွားညှိအထူး ကု ဆရာဝန်တွေ အများကြီး ထွက် ပေါ်လာပါပြီ။ အထက် ကပြောခဲ့သ လိုပဲ သွားညှိကိရိယာ အမျိုးအစား အရည် အသွေး နည်းစနစ် အမျိုး မျိုး ရှိသလို အဲဒါတွေကလည်း ပိုတိုး တက်လာတာ တွေ့ရပါတယ်။ ရှေ့ လျှောက်လည်း ကျွန်တော်တို့ နိုင်ငံ ရဲ့ သွားညှိ ပြုပြင်မှုဟာ ဒီထက် ပိုပြီး တိုးတက် လာမှာပါ။


Credit: ပေါ်ပြူလာဂျာနယ်

2 comments:

Unknown said...

ဘယ်လောက်လဲ

Unknown said...

ဘယ်လောက်လဲ