Friday, October 16, 2015

အသည်းကြားက မဲတစ်ပြားနဲ့ ဘယ်လို Vote ကြမယ်?




၈ နိုင်ဝင်ဘာလ ၂၀၁၅ခုနှစ်မှာ မိမိတို့အသည်းကြားကမဲတစ်ပြား(သုံးပြား)ကို ဘယ်လိုဆန္ဒပြုရမယ်ဆိုတာ သိပ်မသိကြသေးဘူးလို့ အချို့သော မိတ်ဆွေများက ပြောကြပါတယ်။ ဒီတော့ ကျွန်တော် မှတ်စုထဲမှာကူးထားတဲ့ အကြောင်းအရာလေးတွေကို ပြန်လည်ဝေငှ လိုက်မယ်ဆိုရင် အသုံးဝင်ကောင်းရဲ့ဆိုတဲ့ စိတ်ကူးကြောင့် ဒီဘလော့ခ်လေးမှာ ဖော်ပြလိုက်ပါတယ် ခင်ဗျ။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပါတီ မူဝါဒ၊လမ်းစဉ်နှင့် သဘောထားများ ~



ဘယ်လို မဲပေးရမယ် ~

၈ နိုဝင်ဘာ ၂၀၁၅ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ပုံအကျဉ်းချုပ် - 

(၁) မဲရုံဝင်ပေါက်မှ ဝင်၍ နိုင်ငံသား စိစစ်ရေးကဒ်ပြားကို မဲစာရင်းစစ်ဆေးသူ (or) မဲရုံမှူးအားပြပါ။

(၂) မဲစာရင်းတွင် ပါရှိပြီး အသိအမှတ်ပြုလက်မှတ်ထိုးပြီးပါက မဲလက်မှတ် ထုတ်ပေးပါလိမ့်မည်။ (လွှတ်တော်သုံးရပ်အတွက် မဲသုံးစောင်တောင်းနိုင်သည်)

(၃) မဲလက်မှတ်ပေါ်တွင် မဲရုံမှူးလက်မှတ်နှင့် အမည်ပါရှိရပါမည်။ မပါရှိပါက ပယ်မဲဖြစ်သဖြင့် ပြန်လဲပေးရန် တောင်းဆိုပါ။

(၄) မဲလက်မှတ်တွင် စွန်းပေရာ ခြစ်ရာများ စုတ်ပြဲရာများ ရှိပါက ပယ်မဲဖြစ်နိုင်၍ ပြန်လဲပေးရန်တောင်းဆိုပါ။

(၅) ဆန္ဒပြုအခန်းသို့သွား၍ ကိုယ့်မဲဆန္ဒနယ်၏ ကိုယ်စားလှယ်နာမည်နဲ့ ပါတီတံဆိပ်သင်္ကေတရဲ့ ဘေးလေးထောင့်ကွက် အလယ်တည့်တည့်တွင် အမှန်တံဆိပ်တုံး ရိုက်နှိပ်ပါ။
(လွှတ်တော် သုံးရပ်အတွက် သုံးစောင်တွင် သက်ဆိုင်ရာ ကိုယ်စားလှယ် နာမည် တံဆိပ်သင်္ကေတ ဘေးအကွက်တွင် သေချာ တံဆိပ်တုံးကိုထုပါရန်။)


(၆) လက်မှတ်တစ်စောင်တွင် ကိုယ်ရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်းမှတပါး အခြားကိုယ်စားလှယ်လောင်းများကို ရိုက်နှိက်ရန်မလိုပါ။ ပို၍ရိုက်နှိပ်မိပါက ပယ်မဲဖြစ်သည်။

(၇) အမှန်ရိုက်နှိပ်ပြီးလျှင် မဲလက်မှတ်ကိုသုံးခေါက်ခေါက်၍ (စာအိတ်ပေးလျှင် သက်ဆိုင်ရာ လွှတ်တော်သုံးရပ်စာအိတ်အမှန်မှာထည့်) ဆန္ဒပြုအခန်းအပြင်သို့ ယူလာပြီး သက်ဆိုင်ရာ မဲပုံးထဲသို့ထည့်လိုက်ပါ။

(၈) ထိုသို့ မဲပေးပြီးပါက ကော်မရှင် မဲရုံမှူးက သင့်လက်ကို အထူး လေဆာမှင်တို့ပြီး မဲပေးပြီးကြောင်း သတ်မှတ်မှာဖြစ်ပါသည်။


[တာဝန်သိစွာ မဲပေးခြင်းဖြင့် အပြောင်းအလဲဖြစ်အောင် ပြည်သူများကသာ ဆောင်ရွက်နိုင်သည်။]

တံဆိပ်တုံးကို ဘယ်လိုထုရမယ် ~ 


 

ကိုယ့်ဒေသ မဲဆန္ဒနယ်တွေက ကိုယ်စားလှယ်လောင်းတွေရဲ့အကြောင်းသိချင်ရင်တော့ မိမိတို့ဖုန်းထဲမှာ Apps လေးတွေထည့်လို့ ကြည့်နိုင်ပါတယ်။ အင်တာနက်ကနေ Download လုပ်ပြီး ဖုန်းထဲထည့်ကာကြည့်ရမှာပါ။ အခြားသော Apps များလိုပါပဲလွယ်ပါတယ်။ မလုပ်တတ်ရင်တော့ နီးစပ်ရာဖုန်းဆိုင်လေးတွေမှာ ကိုယ်ဒေါင်းထားတဲ့ဖိုင်လေးတွေကိုယူသွားပြီးထည့်ခိုင်းလိုက်ပါလေ။



Apps ကို Download ချင်ရင် ~

မိတ်ဆွေတို့ရေ ကိုယ့်မဲဆန္ဒနယ်က ကိုယ်စားလှယ်တွေကိုသိချင်ရင် အဆင်ပြေဖို့ apps လေးတွေ ဒေါင်းလိုက်ပါ။ -

[Zawgyi]


[Unicode]
mVoter 2015 ကို iPhone/iPad များအတွက် App Store တွင် Download ရယူနိုင်ပါပြီ။


iOS App Store -> bit.ly/mvoter-ios

Google Play -> bit.ly/mvoter-android


APK Direct Download -> bit.ly/mvoter-apk


ပြောင်းလဲချိန်တန်ပြီနော် ~



နိုင်ငံရဲ့ရှေ့ရေးအပြောင်းအလဲ မိမိသားမြေးများရဲ့အနာဂတ်အပြောင်းအလဲ အရာရာပြောင်းလဲပစ်ဖို့ စာဖတ်သူမှာတာဝန်ရှိတယ်နော်။ တာဝန်ကေဖို့ မဲပေးစို့။

မျှဝေသူ (ဇာနည်)

No comments: