Tuesday, November 15, 2011

အိမ်တွင်းပစ္စည်းလေးတွေနဲ့ အလှပြင်

-->
တစ်ဖန်ပြန်လည်လန်းဆန်းစေတဲ့ သခွားသီး-တရုတ်နံနံ Mask
တရုတ်နံနံ။ သခွားသီးတို့နဲ့ပြုလုပ်တဲ့ မျက်နှာပေါင်းတင် မျက်နှာဖုံးကတော့ တစ်ဖန်ပြန်လည်လန်းဆန်းစေတဲ့ အာနိသင် (Refreshing) ရှိပါတယ်။
ပါဝင်သည့်ပစ္စည်းများ
အဆီပြည့် ဒိန်ချဉ် ဟင်းစားဇွန်း တစ်ဇွန်း၊ စဉ်းထားသော သခွားသီး ဟင်းစားဇွန်း တစ်ဇွန်း၊ လတ်ဆတ်သော တရုတ်နံနံ ဟင်းစားဇွန်း တစ်ဇွန်း
ဆောင်ရွက်ပုံ
စဉ်းထားသော သခွားသီးနှင့် စဉ်းထားသောတရုတ်နံနံကို ပျော့ပျောင်းအောင် ဇွန်းဖြင့်ခေါက်ပြီးရောမွှေပါ။ ပြီးရင် ဒိန်ချဉ်ထည့်ပြီးသမ အောင်မွှေပါ။ ၄င်းအရောအနှောကို မျက်နှာအရေပြားပေါ်တွင် လူးပြီး ၁၅-၂၀မိနစ်ထားပါ။ ရေအေးအေးနှင့်ဆေးကြောပါ။ နွမ်းနယ်သမျှ လန်းဆန်းအားပြည့်သွားပါပြီ။ အာရုံစူးစိုက်ရသော အလုပ်လုပ်ကိုင်သူများ၊ ပင်ပန်းနွမ်းနယ်နေသူများ၊ အိပ်ရေးပျက်သူများ၊ ခရီးဝေးမှပြန် လာသူများအတွက် အထူးသင့်လျော်ပါတယ်။

ငှက်ပျောသီး-ထောပတ်သီး မျက်နှာပေါင်းတင် Mask
ငှက်ပျောသီးနဲ့ ထောပတ်သီးကို အသုံးပြုပြီး မျက်နှာကို အဟာရပေးတဲ့ မျက်နှာပေါင်းတင် မျက်နှာဖုံး Nourish Mask လုပ်ကြည့်ကြ ပါစို့။
ပါဝင်သည့်ပစ္စည်းများ
ငှက်ပျောသီးမှည့်မှည့်ပျော်ပျော် တစ်ဝက်၊ ထောပတ်သီးမှည့်မှည့်ပျော်ပျော် တစ်ခြမ်း၊ အဆီပြည့် ဒိန်ချဉ် ဟင်းစားဇွန်း၂ဇွန်း၊ သံလွင် ဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြုလုပ်ပုံ
ငှက်ပျောသီးနှင့်ထောပတ်သီးကို ချေပြီးရောပါ။ ဒိန်ချဉ်နှင့် သံလွင်ဆီပါရောထည့်ပြီး သမအောင်မွှေပါ။ လည်ပင်းနှင့် မျက်နှာကို ခပ်ထူထူ ခပ်ဖွဖွလိမ်းပြီး မိနစ် ၂၀မှ ၃၀ထားပါ။ ရေနွေးနွေးနှင့် ဆေးချပါ။ နူးညံ့စိုပြေတင်းရင်းတဲ့ မျက်နှာလေးဖြစ်ဖို့ ဓာတုပစ္စည်းမသုံးဘဲ သဘာဝပစ္စည်းများနဲ့ပေါင်းတင်ပြီး အဟာရပေးခြင်းဖြစ်ပါတယ်။

No comments: