Sunday, May 1, 2011

Penis Pump ကျားအင်္ဂါသုံး ကရိယာတွေ

Mar 24, 2011 at 6:52 AM
ကျွန်တော့် အင်္ဂါက ပုံမှန်အရွယ်အစား ရှိပါတယ်၊ Penis Pump တစ်ခုဝယ်ထားမိပါတယ်။ သုံးလည်း မသုံးရသေးပါဘူး။ ပြီးတော့ ချောဆီ တစ်မျိုးလည်း (Pjur® superhero lubricant) ဝယ်ထားပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုရင် စမ်းသပ် ကြည့်ချင်ပါတယ်။ ပန့် အသုံးပြုပြီးနောက်မှာ ကျားအင်္ဂါ ပုံပျက်ပန်းပျက် ဖြစ်သွားမှာကိုလည်း စိုးပါတယ်။ အဆိုးဆုံးက ပန်းသေ ပန်းညှိး ဖြစ်မှာကို ကြောက်မိပါတယ်။ ကျားအင်္ဂါက သဘာဝအတိုင်း မသန်မာနိုင်မှာကိုလည်း စိုးမိပါတယ်။ ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိလို့ ဖြစ်မှာစိုးမိပါတယ်။ ဘေးထွက် ဆိုးကျိုးတွေကို ညွှန်ပြပေးပါဦး။ အင်တာနက်ထဲမှာ ဆိုးကျိုးရှာရတာ ဘယ်လိုမှ မတွေ့နိုင်သေးလို့ အကူညီတောင်းရတာပါ။

ကျားလိင်အင်္ဂါ အရွယ်အစား ကြီးထွားစေဘို့ နည်းလမ်းတွေ အမျိုးမျိုးရှိတယ်။ Manual exercises လေ့ကျင့်ခန်း လုပ်တာ၊ Stretching devices ပစ္စည်း-ကရိယာနည်းနဲ့ Surgical procedures ခွဲစိတ်-ပြုပြင်နည်းတွေ ဖြစ်တယ်။ ဘယ်ရောဂါကို ကုတာ ဖြစ်ဖြစ် အောင်မြင်တာ-မအောင်မြင်တာ၊ ကောင်းကျိုး-ဆိုးကျိုးတွေ ရှိပါတယ်။

ဒီအရေးအရာမှာ သိပ္ပံနည်းကျ သုတေသနလုပ်ထားတာ သိပ်မများလို့ ဘယ်ဒေါင့်ကနေ ဘာပြောပြော မရေရာ မသေခြာပါ။ အထူး သတိထားဘို့က မေးတဲ့သူ စိုးရိမ်သလို ဝန်ထောက်မင်းကယ်မှ ထောင်ကျတာ မဖြစ်ဘူး မပြောနိုင်ပါ။ Tearing of skin အရေပြား စုတ်ပြဲတာ၊ Scarring အမာရွတ်ဖြစ်တာ၊ Permanent loss of sexual function လိင်ဆက်ဆံလို့ မရတော့တာတွေ ထည့်စဉ်းစားရပါမယ်။

Urologic literature ဆီးလမ်း-အထူးကု ဆေးစာထဲမှာ Penis lengthening လိင်အင်္ဂါ ရှည်စေနည်း နဲ့ Penis widening လိင်အင်္ဂါ ကြီးထွားနည်း ဆိုတာတွေ ရှိနေခဲ့တာ ကြာပါပြီ။ St. Peter's Andrology Centre and Institute of Urology in London ကနေ ကျေနပ်မှု မရတာ များတယ်လို့ ၂ဝဝ၆ စက်တင်္ဘာ တုံးက ထုတ်ပြန်ပါတယ်။

Penis enlargement (girth) surgery ခွဲစိတ်ကုသနည်း
လိင်တံ ထွားစေဘို့ ခွဲစိတ်ကုသနည်းမှာ Silicone, PMMA တွေကို လိင်တံနဲ့ ကပ်ပဲ့အိတ်ထဲ ထိုးပေးနည်း ဖြစ်တယ်။ သာမန် အချိန်မှာ 3.1 လက္မကနေ 4.1 လက္မ၊ သန်မာချိန်မှာ 4.1 လက္မကနေ 4.8 လက္မအထိ တိုးတက်လာ စေနိုင်တယ်။ ဒါပေမဲ့ Loss of sensation ထိတာ-နာတာ မသိဘဲ ထုံနေတာ၊ Inability to perform penetrative intercourse လိင်တံ ထိုးသွင်း ဆက်ဆံလို့ မရတော့တာ၊ Scarring အမာရွတ်တွေ ဖြစ်တာနဲ့ Deformation ပုံသဏ္ဌာန် ပြောင်းလဲ သွားတာတွေ ဖြစ်လာစေနိုင်တယ်။

Penis enlargement (length) surgery ခွဲစိတ်ကုသနည်း
ကျားလိင်တံရဲ့ ခန္ဓာဗေဒအရ ၃ ပုံ ၁ ပုံကနေ တဝက်လောက်အထိ အတွင်းထဲမှာ ကျန်နေတာမို့ ဒါကို ခွဲစိတ် ထုတ်ပေးရင် ပိုရှည်လာစေတယ်။ Fundiform ligament နဲ့ Suspensory ligament အရွတ်တွေကို Pubic bone ဆီးစပ်ရိုးကနေ လွတ်လပ်ပေးရင် ၂-၃ စက်တီမီတာ ပိုရှည်လာတယ်။ ဒါပေမဲ့ ၇ဝ% မက သဘောမကျဘူးလို့ တွေ့ရတယ်။

Weight hanging အလေးဆွဲနည်း
လွန်ခဲ့တဲ့ အနှစ် ၂ဝဝဝ လောက်ကတည်းက အာဖရိကားမှာ သုံးခဲ့တဲ့ ရှေးဟောင်းနည်းဖြစ်တယ်။ လိင်တံအဖျား တနေရာရာမှာ ကြိုးစခြည်၊ အလေးတခုခု ဆွဲထားပြီး တင်ချည်-ချချည်လုပ်တဲ့ လေ့ကျင့်နည်း ဖြစ်တယ်။ တခါလုပ်ရင် ၅-၁ဝ မိနစ်ထက် မကြာရဘူး။ အလေးကလဲ 1/16 ပေါင်ကနေ 1/4 pound ပေါင်အထိသာ ရှိသင့်တယ်။

Jelqing (ဂျဲလ်ကင်း) နည်း
(ဂျဲလ်ကင်း) လေ့ကျင့်ခန်းနည်းကို Milking နို့ညှစ်နည်းလို့လဲ ခေါ်တယ်။ လက်မနဲ့ လက်ညှိုး နှစ်ချောင်းသုံးပြီး တဝက် တပျက် သန်မာနေပြီဖြစ်တဲ့ လိင်တံကို ကိုင်ပါ။ ကိုယ်ခန္ဓာကနေ အဝေးဆီ၊ (ကွမ်းသီးခေါင်ဆီ) ကို ဆွဲယူပါ။ သွေးတွေ ဆွဲယူနေတာဖြစ်တယ်။

Inflatable implants ပစ္စည်းထည့်နည်း
လိင်တံထဲက Corpora cavernosa ဆိုတဲ့ ခပ်ပွပွ-မွမွ (တစ်ရှူး) နှစ်ခုထဲကို Inflatable penile implants ဖေါင်းအောင် လုပ်လို့ရတဲ့ ပစ္စည်း ထည့်ပေးနည်း ဖြစ်တယ်။ Complete impotence လုံးဝ ပန်းသေနေသူတွေကို လုပ်ပေးရတာ ဖြစ်တယ်။

Pills ဆေးသုံးနည်း
Penis enlargement pills, penis patches or ointments စားဆေး၊ ကပ်ခွါဆေး၊ လိမ်းဆေး ကြော်ညာတွေ အင်တာနက်မှာ ရှိပါတယ်။ ဒါပေမဲ့ Mold, Yeast မှို၊ E. coli ဗက်တီးရီးယား၊ Pesticides ပိုးသတ်ဆေးနဲ့ Lead ခဲဓါတ်တွေ တွေ့ရတယ်လို့ သုတေသနက ဆိုလာပါတယ်။ American Urological Association က ဒီဆေးတွေဟာ ငွေအမြတ် ထုတ်ဘို့ သက်သက်ပါလို့ ပြောပါတယ်။

Stretching ဆွဲဆန့်နည်း
လိင်တံကို Constant traction တောက်လျှောက် ဆန့်နေစေအောင် လုပ်ပေးတယ်။ ၂ဝဝ၂ တုံးက International Journal of Impotence Research ကပြောတာကတော့ ရှည်တာရော၊ တုတ်တာပါ တိုးတက်မှု ရှိတယ်။ ၂ဝဝ၉ တုံးက University of Turin ကနေလဲ အဲလိုပြောပါတယ်။ ဒီနည်းမှာ Plastic ring ပလပ်စတစ်ကွင်းတခု နဲ့ ဆွဲပေးတဲ့ Dynamic metallic rods သတ္ထု အချောင်း ၂ ခု ပါတယ်။ တနေ့မှာ ၄ နာရီ၊ ၆ လလုပ်ရင် ၂့၃ စင်တီမီတာ ပိုရှည်လာတယ်။ ရှည်တာကတော့ လက်ခံနိုင်လောက်တယ်၊ ကောင်းတယ်၊ ဒါပေမဲ့ ပိုတုတ်တာတော့ မထူးခြားဘူးတဲ့။

Clamping ကြိုးခြည်နည်း
လိင်တံအရင်းမှာ ကြိုးတခုခုနဲ့ ခြည်ထားနည်းဆိုတာ သန်မာနေပြီးသား လိင်တံကို ပြန်မကျအောင် လုပ်တာဖြစ်တယ်။ တင်းလွန်းရင် အချိန်ကြာရင် မကောင်းပါ။

Penis pump (ပန့်ပ်) သုံးနည်း
လိင်တံကို စွပ်ရတဲ့ Cylinder (ဆလင်ဒါ) တခုပါတယ်။ Manual လက်နဲ့ဖြစ်ဖြစ် မော်တာနဲ့ ဖြစ်ဖြစ် Pump (ပန့်ပ်) လုပ်ပြီး Suction စုပ်အား သက်ရောက်စေတယ်။ လိင်တံကို Partial vacuum တ၀က်တပျက် လေဟာနယ်သဘော ဖြစ်လာစေပြီး သွေးတွေ ပိုဝင်လာစေအောင် ဖန်တီးတာ ဖြစ်တယ်။ Excessive pressure သိပ်များသွားရင် Vascular damage သွေးကြောတွေကို ထိခိုက်နိုင်တယ်။ Penis pump with a translucent cylinder နဲနဲ ပိုကောင်းပြီး ပိုဈေးကြီးတယ်။

လိင်တံ သန်မာလာတာနဲ့ Flexible Compression ring ကွင်းလေးတခု စွပ်ထားရတယ်။ ကွင်းက တချို့မှာ ၁ ကွင်းမက ပါတယ်။ Cock rings လို့လဲ ခေါ်တယ်။ အစမှာ (ဆလင်ဒါ) ထိပ်နေရာ ထားရပြီး၊ Pumping လုပ်လို့ Erection သန်မာမှု ရလာတာနဲ့ Ring ကို လက်နဲ့ ကိုင်ပြီး Base of the erect penis သန်မာနေတဲ့ လိင်တံအရင်းကို ရွေ့ရမယ်။ ပြီးမှ Vacuum လုပ်ထားတာ လျော့လိုက်ရတယ်။ ဒါမှ များနေတဲ့သွေးတွေက လျော့ထွက်မသွားမှာ ဖြစ်တယ်။

ကွင်းစွပ်တာကို နာရီဝက်သာ အထားခိုင်းတယ်။ Lubricant ချောဆီသုံးရတာကတော့ ကွင်း ကျွတ်ထွက် မသွားအောင်နဲ့ ပြန်ချွတ်တော့လဲ ပိုလွယ်မယ်။ လိင်တံအရှည် 10 cm ထက်တိုတဲ့ ယောက်ျား ၃၇ ယောက်ကို ၆ လကြာ Pumps သုံးတော့ ထူးခြားတာ မတွေ့ရပါ။ Follow-up နောက်ပိုင်း ခေါ်ယူစစ်ဆေးတော့ ၃ဝ% က ကျေနပ်ကြတယ်။

• သွေးကြောတွေ မပေါက်စေအောင် ဆန္ဒမစောဘို့ သတိပေးထားတယ်။
• သွေးယိုရင် သွေးခြည်ဥဖြစ်လာနိုင်တယ်။
• ဆလင်ဒါထဲကို မတော်တဆ Testicles အစေ့ပါဝင်ရင် နာလိမ့်မယ်။ ဒါပေမဲ့ တချို့ ကရိယာတွေက ကပ်ပဲ့အိတ် ကိုပါ ထည့်သုံးတာတွေ ရှိနေတာ တွေ့ရတယ်။ ပုံတွေမှာ ရောဂါရနေတဲ့ အင်္ဂါလို မြင်ရတယ်။
• Rim of the cylinder ကြာကြာသုံးရင် ဆလင်ဒါ-နှုတ်ခမ်းက လိင်တံရဲ့ အရေပြားနဲ့ အထဲက Ligaments အရွတ်တွေကို ထိခိုက်တတ်တယ်။
• လေဟာနယ် လုပ်တယ်ဆိုတာ 10 torr/1,333 Pa ထက် နည်းတာကို ဆိုလိုတာ ဖြစ်တယ်။ 10 mm Hg ထက် မများစေရပါ။ များရင် Permanent and irreparable injury ပြန်ပြင်လို့ မရအောင် ပျက်စီးစေမယ်။
• Not normal erections ပုံမှန်မဟုတ်တဲ့ သန်မာမှုလို့ အသိရှိနေစေမယ်။
• Lymph blisters သွေးပြန်ရည် ဖေါင်းတာမျိုး ဖြစ်တတ်တယ်။ ခွဲစိတ်ကုဘို့ လိုနိုင်တယ်။
• နောင်ဆိုရင် ဒါမျိုးမသုံးဘဲ သန်မာမှုရဘို့ ခက်လာနိုင်တယ်။ ပန်းမညှိုးသူတွေ မသုံးသင့်ဘူး။
• Coumadin နဲ့ Aspirin တို့လို သွေးကျဲဆေး သုံးနေရသူတွေ ဒီနည်း မသုံးသင့်ဘူး။
• Sickle cell anemia နဲ့ တခြား သွေးခဲစနစ် ရောဂါ ရှိသူတွေလဲ မသုံးသင့်ဘူး။
• Numbness ထုံနေတာ၊ Coldness အေးနေတာ၊ Bluish-colored skin အရောင်ပြာနေတာ ဖြစ်လာမယ်။
• Lack of firmness at the base of the penis လိင်တံအရင်းမှာ ပျော့နေမယ်။
• Pain of the penis နာနိုင်တယ်။
• Delayed ejaculation သုတ်လွှတ်နှေးစေမယ်။
• Sense of trapped semen during ejaculation သုတ်ရည် အကုန်မထွက်သလို ခံစားရနိုင်တယ်။

Dr. တင့်ဆွေ
၂၈-၃-၂ဝ၁၁


No comments: