Monday, May 16, 2011

ဓားများကို မှန်ကန်စွာ ရွေးချယ်ခြင်း

မီးဖိုချောင်သုံးဓားတိုင်းသည် သူ့အမျိုးအစားနှင့်သူ ထမ်းဆောင်နိုင်စွမ်းသည့် တာဝန်ကိုယ်စီရှိနေပြီး ရွေးချယ်မှု မှန်ကန်လျှင် အစား အသောက်ကို ချက်ပြုတ်ရန် ပြင်ဆင်ရာတွင် လွယ်ကူသက်သာစေပါသည်။

အစားအသောက်အတော်များများကို ချက်ပြုတ်ရန်အတွက် မီးဖိုချောင်သုံးဓားနှစ်မျိုး၊ သုံးမျိုးလောက်သာ လိုအပ်ပါသည်။ Chinese cleaver or Chopper ဟုခေါ်သော ဓားမအကြီး(သို့) အလတ်စား၊ Paring Knife ဟုခေါ်သော အခွံနွှာဓားမျိုးနှင့် Chef's Knife ဟု ခေါ်သော ဘက်စုံသုံးဓားလောက်သာလိုအပ်ပါသည်။ ဈေးပေါသော ဓားများမှာ ကောင်းမွန်ထက်မြအောင် သွေးနိုင်သည့် လုံလောက် သည့် ဓားအသားထူမျိုး မရှိကြသဖြင့် အသုံးပြုသည့်အခါ လိုအပ်သည် ထက် အားပိုသုံးကာ ဖိချပေးရသည့်အတွက် ချက်ပြုတ်ရန် ပြင် ဆင်ရာ၌ စိတ်အနှောင့်အယှက်ကို ဖြစ်စေပါသည်။ ထို့အပြင်လှီးဖြတ်ရာ တွင်လည်း ဖိအားကြောင့် ကွေးသွားခြင်း၊ ချော်ထွက်သွားခြင်း တို့ကို ဖြစ်စေနိုင်သဖြင့် ဘေးအန္တရာယ်လည်း များစေနိုင်ပါသည်။ ဈေးကြီး သောဓားများမှာမူ ဓားအသွားလည်း ထူကြသဖြင့် ဓားသွေးရာ တွင်လည်း အန္တရာယ်ကင်းသည့်အပြင် အသွားကိုလည်း ကောင်းစွာထက် စေနိုင်ပါသည်။ ဂရုတစိုက်ကိုင်တွယ်ပါက တစ်သက်လုံးပင် ကြာရှည်စွာ သုံးစွဲနိုင်စေပါသည်။ Henckeis နှင့် Victoriox တံဆိပ် မီးဖိုချောင်သုံးဓားများမှာ အရည် အသွေးကောင်းမွန်ကြသည်။
 

ဓားမ၀ယ်ခင် အရင်စမ်းကိုင်ကြည့်ပါ

ဓားကို ဆုပ်ကိုင်ကြည့်ပါက သင့်လက်အတွင်း ကောင်းမွန်စွာ ကျကျနန အနေအထားဖြစ်နေရမည့်အတွက် ဓားးကို ဘူးထဲမှ ထုတ်ယူ ဆုပ်ကိုင်ကြည့်ပါ။

ရှောင်ကြဉ်ရန်

- ဓားပြားအထူ အလွန်ပါးနေလျှင် ဖိလှီးလိုက်သည့်အခါ ကွေးသွားနိုင်ပါသည်။

- ဓား၏ လက်ကိုင်ရိုးဖြင့် ညှပ်ထားသော ဓားအသွားဘက်ခြမ်း အထိန်းသံသတ္တုအရိုးမှာ လက်ကိုင်ရိုး အဆုံးထိ မရောက်ရှိပါက အားစိုက် သုံးလိုက်သည့်အခါ အရိုးကျွတ်ထွက်သွားစေနိုင်ပါသည်။

- သားလှီးဓား အပါအ၀င် အမျိုးမျိုးသော ဓားဆက်လိုက်ဘူးမျိုးထဲမှ ကြိုတင်ထုပ်ပိုးပြီး ဘူးကို အသေပိတ်ထည့်ထားပါက ဓားကို သေချာ မကြည့်ရဘဲနှင့် အရမ်းမ၀ယ်သင့်ပါ။
 

အမြဲထက်နေပါစေ

- ကောင်းမွန်သော စဉ်းတီတုံးအပေါ်တွင်သာ ဓားကိုသုံးပါ။ ဂရင်းနိုက်ကျောက်ပြားအပေါ်နှင့် စတီးသံပြား ဘေစင်များပေါ်တွင် အသုံးပြုမှု တို့ကို ရှောင်ကြဉ်ပါ။

- ဓားများကို သီးသီးသန့်သန့် ဓားထည့်သည့် သစ်သားအိမ်များအတွင်း ထည့်သိမ်းဆည်းထားပါ။ ဇွန်း၊ ခရင်းကဲ့သို့ ပစ္စည်းများနှင့် ရောနှောမထားပါနှင့်။

- ဓားရောင်းသည့်ဆိုင်မှ ပန်းကန်ဆေးစက်များအတွင်း ထည့်ဆေးနိုင်သည်ဟု ပြောသည့်တိုင်အောင် ထိုကဲ့သို့ ဘယ်တော့မှ မလုပ်မိ ပါစေနှင့်။ ဓားကောင်းများ၏ စတီးသံများသည် ဆား၊အက်ဆစ်နှင့် ဆပ်ပြာမှုန့်များကြောင့် ပျက်စီးနိုင်သဖြင့် ဓားများကို သီးသန့် ဂရုစိုက် ဆေးကြောပေးပါ။

- ဓားများကို တစ်ပတ်တစ်ခါ ရေဆွတ်ထားသော ဓားသွေးကျောက်ပေါ်တင်ပြီး ၄၅ဒီဂရီစောင်းလျက် အနေအထားနှင့် အရပ်မျက်နှာ တစ်ဘက်သို့သာ ဆွဲပြီးသွေးပါ။
 

အန္တရာယ်ကင်းစေရန်

ဓားများကိုအလွယ်တကူပြုတ်ကျနိုင်သည့် စဉ်းတီတုံး အစွန်အဖျားနှင့် စားပွဲကဲ့သို့ စင်အစွန်းများတွင် မထားပါနှင့်။ ဓားအောက်သို့ ပြုတ် ကျသည့်အခါ ဘယ်သောအခါမှ ကြိုးစားမဖမ်းပါနှင့်။ လူကိုလွတ်အောင်ရှောင်ပြီး ဓားကိုကြမ်းပြင်သို့သာ ကျပါစေ။
 

Chinese Cleaver or Chopper ဟုခေါ်သော ဓားမအကြီး၊

ဘာအတွက်သုံးမလဲ

လေ့ကျင့်ထားသော တရုတ်စားဖိုမှူးများအတွက် ဘက်စုံအသုံးပြုနိုင်ပါသည်။ သာမန်လူအတွက် ကြက်သားအရိုးနှင့် တွဲခုတ်ရန်နှင့် ကျော်ဖရုံကဲ့သို့ မာသော ဟင်းသီးဟင်းရွက်တို့ကိုလှီးရန်သုံးသည်။ ဓား၏အလေးချိန်ကြောင့် သင့်အတွက်အလုပ်တစ်ဝက်သက်သာစေသည်။

ဘယ်လိုရွေးမလဲ

အလေးချိန်စီးပေမယ့် အရမ်းမလေးလွန်းသော ဓားမျိုးဖြစ်ရပါမယ်။ လက်ကိုင်လို့ကောင်းပြီး ချော်မနေစေသော လက်ကိုင်မျိုးဖြစ်ရပါမည်။
 

Paring Knife ဟုခေါ်သော ဓားပါး၊ ဓားသွားထက်၍ အသွားမှာ 6cm မှ 9cm ခန့်ရှိသည်။

ဘာ အတွက်သုံးမလဲ

အသီးနှင့် အရွက်များကို အခွံနွှာရန်၊ အူတိုင်လှီးရန်သုံးသည်။ နှင့် ကြက်သွန်ကဲ့သို့ အရာများလှီးစိတ်ရန်သုံးသည်။

ဘယ်လိုရွေးမလဲ

အလေးချိန် အတော်အသင့်ရှိပြီး အခွံနွှာခြင်း၊ အူတိုင်ထုတ်ခြင်းပြုလျှင် ကွေးမသွားနိုင်သော မပါးလွန်း၊ မထူလွန်းသည့် အသွားမျိုး ဖြစ်ရပါမည်။
 

Serrated Knife ဟုခေါ်သော လွှဓား။

ဓားအသွားမှာ 13cm မှ 25cm ခန့်ရှိသည်။

ဘယ်အတွက်သုံးမလဲ

ပေါင်မုန့်လှီးရာတွင် သုံးသည်။ ဖရဲသီးကဲ့သို့ အသီးမျိုးလှီးရာတွင်လည်းသုံးသည်။ ကိတ်မုန့်လှီးရာတွင်လည်း သုံးသည်။

ဘယ်လိုရွေးမလဲ

လက်ကိုင်မရှည်လွန်းဘဲ အသွားနှင့် ဟန်ချက်ညီသည့် ဓားမျိုးကို ဖြစ်ရပါမည်။
 

Chef's Knife ဟုခေါ်သော ဘက်စုံသုံးဓား၊ ဓားအသွားမှာ 15cm မှ 30cm ခန့်ရှိသည်။

ဘာအတွက်သုံးမလဲ

အလွှာလိုက်လှီးရန်၊ အတုံးလေးများလှီးရန်၊ နုပ်နုပ်စဉ်းရန် သုံးသည်။ ကြက်၊ဘဲ၊အမဲ၊၀က်တို့ကို အရိုးနှင့် အသားနွှာယူရာတွင်လည်း သုံးသည်။

ဘယ်လိုရွေးမလဲ

ဓားလက်ကိုင်ငြိမ်ပြီး အသားကိုလှီးသည့်အခါ ကွေးခြင်း၊ တုန်ခြင်း၊ ခါခြင်းမျိုး မရှိဘဲ ဓားသွားတောင့်သော ဓားမျိုးဖြစ်ရပါမည်။

                                                                                    

No comments: