မနက်ခင်း အစားအစာကို ပြောတော့ ညနေခင်းမှာ ဟင်းအ ဖြစ်စားရ တဲ့ခေါက်ဆွဲကြော်ကို သွား သတိရပါ တယ်။ ကျွန်တော် တို့ငယ်ငယ် တုန်းက တော့ တစ်ခါ တရံများ ဟင်းမချက်တဲ့နေ့ သွား ဝယ်လိုက် ခေါက်ဆွဲကြော်၊ အိမ် ကိုပါဆယ် ဆွဲလာပြီး ထမင်းနဲ့ ခေါက်ဆွဲကြော် ရောလို့ တွယ်ကြ တာပါ။ ဒီခေါက်ဆွဲ ကြော်ကလဲ အခုခေတ်လို အသားပါ လေကာ မုံလာထုပ်(ခ) ဂေါ်ဖီထုပ် များများ ခေါက်ဆွဲ သား ပွစိစိ မဟုတ်ပါဘူး။ အရင်က ရိုးရိုး ခေါက်ဆွဲ အသားက အခု ခေတ်ကြက်ဥ ခေါက်ဆွဲအ သားလောက် ကို နူးညံ့ ပါတယ်။ အ သီး အရွက် တွေက လည်း စားလို့ ကောင်းအောင် လှလှပပ လှီးထား တဲ့ဂေါ်ဖီထုပ်၊ ခါကြက်ဥနီ။ ဘို စားပဲသီးတွေ ပါပါတယ်။
ဆောင်း တွင်းအသီး အနှံပေါ တဲ့ရာသီများ ဆိုရင် ဂေါ်ရခါးသီး၊ ပန်းမုံလာ ပွင့်အစုံထည့်လို့ကြော်ပါတယ်။ ဝက်သားနဲ့ဆိုရင်လည်း အသား ချည်းတုံးထားတာလေးပါမယ်။ အသဲအမြစ်ပါမယ်၊ ကျောက်ကပ် ပါမယ်။ ဝက်ခေါက်ကိုနူးအိနေ အောင်လုပ်ထားတာပါမယ်။ ဝက် အူချောင်းပါမယ်။ ဟောပြီးရင် အပေါ်ကနေ ကြက်ဥတစ်လုံးကို ကြော်ထားတာကိုပုံပေးလိုက်ဦး မယ်။ အထုပ်ကိုဖွင့်လိုက်တာနဲ့ တရုတ် နံနံပင်နဲ့ မွှေးမွှေးလေး၊ ပြောရင်းတောင် အနံ့လေးသင်း လာသလိုပါပဲ။ ကြက်သားနဲ့ဆို ရင်လည်း အသား၊ အသဲအမြစ် အစုံထည့်လို့ကြော် ပေးတာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်း ကတော့ ခေါက်ဆွဲကြော် ဝယ်ရင် အင်ဖက်နဲ့ ထုပ်ပေးတာပါ။ နှစ် ထပ်ထပ် ထားတဲ့ အင်ဖက်ကြီးထဲ ကို ကြော်ထားတဲ့ ခေါက်ဆွဲကြော် တွေထည့်ပြီးရင် ဖက်အောက်မှာ ပဲတီချဉ်ရယ်၊ ကြက်သွန်နီအ ကွင်းလိုက်လှီး ထားတာ ရယ်ကို ထည့်၊ ငရုတ်ဆီအချဉ် ရေဆမ်း ထားတာကို ထည့်ပေး လိုက်ပါတယ်။
ဟင်းရည်လိုချင်ရင် အိမ်ကချိုင့် ယူသွား၊ ဝက်နံရိုးတွေ၊ ကြက် လည်ချောင်းရိုးတွေ ကြက်ခြေ ထောက်တွေအဆစ်ပါလာပါလိမ့် မယ်။ အခုခေတ်မှာတော့ ဘာ ဝယ်ဝယ် ကြွပ် ကြွပ်အိတ်ပါပဲ။
ဒီ တော့ ခေါက်ဆဲကြော်အပူနဲ့ ကြွပ် ကြွပ်အိတ်ထိလို့ထွက်လာတဲ့ ဘာမှန်း မသိတဲ့ အနံ့လဲရပါတယ်။ ငယ်ငယ်တုန်းက အပူဓာတ်နဲ့ထိ လို့မွှေးလာ ရတဲ့ အင်ဖက်နံ့ကလေး ကိုတော့ လွမ်းမှလွမ်းပါပဲ။ ဒီ ခေါက်ဆွဲကြော် ဆိုတော့ မန္တလေး မှာဘယ်ဆိုင်တွေ နာမည်ကြီးလဲ ဆိုတာ ပြန်တွေးမိတော့...။ ကျွန်တော်တို့ ငယ်ငယ်တုန်း က ပုလင်း ဝင်းမှာနေတုန်းက ခေါက်ဆွဲကြော်ဝယ်မယ်ဆိုရင် အခု ၁၉လမ်း၊ ရွှေပြည်ဓမ္မာရုံနား မှာရှိတဲ့ဆိုင်မှာ ဝယ်ချင်ဝယ်၊ ဒါမှ မဟုတ်ရင် ညောင်ပင် ဈေးအရှေ့ ဖက်မှာရှိတဲ့ ကျောင်း တောင်ဘက် ကပ်ရပ်က ဆိုင်မှာ ဝယ်ချင်ဝယ် ငယ်တုန်းက မို့လားမသိ စားလို့ ကောင်းတာ ချည်းပါပဲ။ ၂၅လမ်းမှာ နေတော့၊ ဝယ် စရာခေါက် ဆွဲဆိုင်တွေကပေါမှ ပေါပါ။
ဈေးချိုနားမှာဆိုရင် ၈၃နဲ့ ၈၂ကြား ၂၈လမ်းညောင်ပင်ကြီး အောက်မှာရွှေညောင်ပင်ဆိုင်၊ ၂၈x၂၉ကြား၊ ၈၃လမ်းပေါ်မှာ တိုကျိုဆိုတဲ့ ဆိုင်လေးရှိတယ်။ ဟင်းချက် ကောင်းတယ်။ ဒါပေ မယ့် ခုတော့လည်းလုပ်ငန်းပြောင်း သွားပြန်ရော။ ၂၉လမ်း၊ အောက် ဖက်ဆင်း လိုက်ရင် ပါတ်ကားတို့ ရွှေဝါဝင်း တို့ရှိပြန်ပါတယ်။ နောက် ၈၁လမ်း၊ ၃၀x၃၁ကြားမှာက ရှင်း ရှင်းစားတော်ဆက်၊ သူ့တောင် ဘက်ကို ဆက်သွား မယ်ဆိုရင် ရွှေ ဝါဖူး၊ ၃၅လမ်းကိုကျော်လို့ ၃၆ ရောက်လို့ အနောက်ဖက်ဆင်း လိုက်ရင်တရုတ်နာမည်နဲ့စင်ချွမ်း ယဉ်ရှိပါတယ်။ ကုန်စည်ဒိုင်နား မှာတော့ သုံးထပ် ဝက်သားပေါင်း ကောင်းတဲ့ ဦးချစ်ခင်ရှိပါတယ်။ နောက်၂၁လမ်း၊ ၃၅x၈၆လမ်းကြား နှစ်ကြားထဲက ဝင်းကြားထဲမှာ ဖွင့်ထားပေမယ့် မိတ်ဆွေ အပေါင်း အသင်းများကို ဧည့်ခံ မယ်ဆိုရင် နေရာ ကျယ်ကျယ်ပြန့်ပြန့်လွတ် လပ်ပြီး မြက်ခင်း ပြင်ပေါ်မှာ ခုံတွေ ခင်းပေးတဲ့ "အဲဗားဂရင်း" ရှိပြန် ပါတယ်။
အခုများမှာတော့ အဲဒီ ဆိုင်တွေက တစ်ချို့လည်းပိတ်၊ တစ်ချို့ကလည်းဒီပြင်နေရာပြောင်း ဆိုတော့ နေရာဟောင်းမှာ က လူအသစ်၊ဆိုင်အသစ်တွေဖြစ်ကုန် ကြပါတယ်။ ရုံတော်ကြီးလည်းပိတ်၊ ထိုင် စိန်ကဖေးလည်းပိတ်၊ အဲဗားဂရင်း လည်းပိတ်၊ ရှင်းရှင်းလည်းပိတ်၊ ၈၂လမ်း၊ ၂၆x၂၇ကြားမှာဖွင့်တဲ့ "မင်းမင်း"ကတော့ ဆက်လက်ချီ တက်ဆဲပါ။ ၂၉လမ်းမှာဆိုရင် ဆိုင်ဟောင်းဆိုလို့ ဒေါ်စင်းယုံ ဆီချက်ပဲ အခုထိကျန်နေပါတယ်။ ဟိုးအရင်က ဒေါ်စင်းယုံဆီချက် ဆိုတာ ၂၉လမ်း၊ ၈၃x၈၄ကြား ဘီကျင် တည်းခိုခန်းနဲ့ ကပ်ရပ်ဆိုင် ခန်းကျဉ်းကျဉ်း လေးထဲမှာ ဖွင့်ထား တာပါ။ အခုတော့ အခန်းကျယ် ကြီးဖြစ် သွားပါတယ်။
ငယ်ငယ်က နေမကောင်းဘူး ဆိုရင် အိမ်က ဖက်ထုပ်ဒါမှ မဟုတ် မြူစွမ်ဝယ် ကျွေးတတ်ပါတယ်။
ဒေါ်စင်းယုံ ဆိုင်မှာ ဆန်ပြုတ်ကောင်းကောင်း လဲရှိပါတယ်။ ဒါပေမယ့်ကျွန် တော်တို့က အဲဒီအစားအစာတွေ ကို လူမမာစာလို့ သတ်မှတ်ထား တော့ မစားပါဘူး။ အခုချိန်မှာ တော့ ခေတ်မှီအောင်ကြေးအိုး ပါတွဲလို့ရောင်းပါတယ်။ လွန်ခဲ့ သော အနှစ်သုံး လေးဆယ်ကနေ အခုချိန်ထိ အောင်လုပ်ငန်းတစ်ခု ကို ခေတ်အဆက်ဆက်ကတည်တံ့ အောင်ထိန်းသိမ်းထားနိုင်တာက တော့ လေးစား စရာပါ။ ဘယ်မှာ မှမရနိုင်တာ ကတော့ ဆိုင်ရှင်အန်း မကြီးကိုယ်တိုင်လုပ်တဲ့ မုန်လာဥ ချဉ်ပါ။ အဲဒါကိုငရုတ်သီးအစိမ်း ကို ကြက်သွန်ဖြူနဲ့ ရောထောင်းပြီး ထည့်ထားတဲ့ အချဉ်ရေဆမ်းစားရ ပါတယ်။ မန္တလေးက ဆိုင်တော် တော်များများ အချဉ်ကိုမုန်ညှင်း ချဉ်ချပေးတာများပါတယ်။ မုန် ညှင်းချဉ်တောင်မှ တစ်ချို့ကအ ချဉ်သက်သက်၊ တစ်ချို့ကအချို ဘက်ကဲတာကိုသုံးပါတယ်။ တစ် ချို့ဆိုင်တွေကတော့ ကြက်သွန်နီ ကိုအကွင်းလိုက်လှီးထားတာ ဒါ မှမဟုတ် ပဲတီချဉ်ကိုငရုတ်ဆီအ ချဉ်ရေနဲ့ တွဲပေးထားပါတယ်။ နောက် ၁၉လမ်း၊ ၈၂လမ်းဒေါင့် မှာ အောင်ချမ်းသာခေါက်ဆွဲဆိုင် ကတော့ အခုချိန်ထိရှိနေပါသေး တယ်။
ဒါပေမယ့် မင်္ဂလာဈေး ဘက်က မင်းစိန်နဲ့ ၇၃လမ်းဒေါင့် က အခေါ်ရခက်တဲ့ တရုတ်နာ မည်နဲ့ဆိုင်တွေကတော့ တစ်ချိန် တုန်းကလူသိများခဲ့ပေမယ့် အခု ချိန်မှာတော့ နားသွားကြပါပြီ။ တောင်ဘက်ခြမ်း ၄၁လမ်း မှာတော့ ဝှင်းဝှါနဲ့ ဘုရားကြီး အောက်ကျင်းကွေ့က ရွှေလာ ငွေလာတို့ကတော့ အခုချိန်ထိ ရှိနေဆဲပါ။ အရင်ကဆိုရင် ဧည့် ကောင်းစောင်ကောင်းများကို ထမင်းလိုက်ကျွေးချင်တယ်ဆိုရင် တော့ ၂၉လမ်း၊ မီးသတ်မျှော်စင် နားက "ကိန်ကြည်" မှာလိုက်ကျွေး ကြတာများပါတယ်။ အရင်က ခေါက်ဆွဲဆိုင်များကို ပျော်ပွဲစား လို့နာမည်တပ်ထားတာလည်းရှိ ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ ဆိုင်တွေက အရက်ပါတွဲရောင်း တာများပါတယ်။ အရင်က အ ရက်ဆိုင်ဆိုရင် အစိုးရဖွင့်တဲ့ "ဘီ အီး" ဆိုင်တွေက တရားဝင်ဖွင့်ပါ တယ်။ သူကတော့ အရက်ဖြူပဲ ရပါတယ်။ (အရပ်ထဲမှာတော့ ဖွင့် ထားတဲ့ခွက်ပုန်းဆိုင်လေးတွေလဲ ရှိတာတော့ရှိသပေါ့။)
နောက် တော့မှသာ ရမ်အရက်ပါရတဲ့ "မန်းသီရိ" တို့ "နန်းသီတာ"ဘား တို့ပေါ်လာတာပါ။ အခုတော့ ဒီ ဆိုင်တွေရော အစိုးရအရက်ဆိုင် လေးတွေပျောက်လို့ ရပ်ကွက် တိုင်း ရပ်ကွက်တိုင်းမှာ တစ်ပက် တစ်ရာကျပ်တန် ရမ်ဆိုင်လေး တွေစည်ဘီယာစတေရှင်လေးတွေ ကလည်း မတွေ့ချင်မှအဆုံးပါပဲ။ အရင်က ယမကာလုလင်များက ကိုယ်သွားနေကျနီးစပ်တဲ့ခေါက် ဆွဲဆိုင်ခေါ်ခေါ်၊ ပျော်ပွဲစားရုံပဲ ခေါ်ခေါ်၊ အရက်ဘားပဲခေါ်ခေါ် စားတော်ဆက်ပဲခေါ်ခေါ် အရက် သောက်ချင်ရင် အဲဒီကိုပြေးကြတာ ပါပဲ။ အဲဒီဆိုင်တွေသွားမှသာ ကိုယ်နဲ့တူရာတူရာအပေါင်းအ သင်းတွေစုလို့ အရက်သောက်ကြ တာများပါတယ်။ ဝီစကီ၊ ဘရန်ဒီ၊ ရမ်ကြိုက်တာကို တစ်ပက်လောက် ထည့် ဆိုဒါလေးနဲ့ရော အမြည်း ကလေးကဝက်အူချောင်းကြော် တို့ နံကင်တို့အသားအစုံကင်တို့နဲ့ အမြည်းလုပ်ပြီး ညနေခင်လေးကို လွန်မြောက်ဖို့ကြိုးစားကြပါတယ်။ ထိုင်နေကျဆိုင် ထိုင်နေကျ အပေါင်းအသင်းကို သောက်နေ ကျလူတွေနဲ့စားကြသောက်ကြ စကားတွေပြောကြနဲ့ပါ။
တစ်ခါ တလေတော့လည်း တဝေါဝေါ တသောသောရီစရာတွေပြောလို့ တစ်ခါတလေတော့လည်း အရစ် လွန်လို့ကွိုင်တွေပူတော့ ရိုက်ကြ ခွဲကြပြန်ပြီဆိုရင်လည်း ဆွဲကြလွှဲ ကြ။ နောက်နေ့တွေ့တော့လည်း ဒီလူတွေပြန်ဆုံကြတာပါပဲ။တစ် ချို့နေ့တိုင်း လာတဲ့ ဖောက်သည် များကတော့ ကိုယ်ကြိုက်တဲ့အ ရက်ကို ပုလင်းလိုက်ဝယ် ကိုယ် ကြိုက်သလောက်ဝအောင်သောက် မကုန်လို့ကျန်တာကို ဆိုင်မှာ အပ် ပြီးရင် နောက်နေ့မှပြန်ယူပြီးဆက် သောက်၊ သူ့ဟာနဲ့သူတော့ ဟုတ် လို့ပါပဲ။ မန္တလေးက ဆီချက်ခေါက် ဆွဲဆိုင်လေး တွေက ထမင်းလည်း တွဲရောင်းပါတယ်။ ထမင်းကိုတစ် ခါစားလောက်ရုံကို ပုဂံလုံးလေး တွေနဲ့ထည့်ပြီးရောင်းပါတယ်။ ဝက်သားသုပ်နဲ့ စားကြတာများပါ တယ်။ ဝက်သားသုပ်မှာလည်း အသားပါတယ်။ နံကင်ပါတယ်။ အသဲကင်ထားတာပါတယ်။ နား ရွက်ပါတယ်။ လျှာပါ တယ်။ ခေါင်း ပါတယ်။ ပြီးမှ ဆော့ရယ်၊ ကြက် သွန်နီဒါမှမဟုတ် မုံလာထုပ်ပါးပါး လှီးထားတာကိုထည့်လို့သုပ်ပေး ပါတယ်။ အစုံမသုပ် ချင်ဘူး ဆိုရင် လည်း ကိုယ်ကြိုက်တာကိုပဲ ရွေး ထည့်ပြီးသုပ်ခိုင်းလို့ရပါတယ်။ နောက် အဲဒီဆိုင်တွေမှာရနိုင်တာ ကတော့ ဝက်ခြေ ထောက်တို့ ဝက်စတူးတို့ပါပဲ။
နီညိုညိုရောင် ဝက်ခြေထောက်နူးအိအိ၊ ဝက် သားသုံးထပ်သားကို ပေါင်းထား တာကလည်း နူးနူးအိအိ အင်မ တန်ကိုအရသာရှိပါတယ်။ နောက် အဲဒီဆိုင်တွေမှာ စားလို့ကောင်း တာကတော့ ထမင်ပေါင်းပါ။ မန္တလေးထမင်းပေါင်းကတော့ ထမင်းကို ငရုတ်ဆော့ရယ်၊ ငံပြာ ရည်ရယ်၊ ကြက်သွန်ဖြူဆီချက် ရယ်ကို ရောလို့နယ်ထားတဲ့အ ပေါ်မှာ မြေပဲဆံလေးတွေရယ် ဝက်သားကင်ထားတာတွေရယ်၊ နံကင်လေးတွေရယ်ကို အပေါ်က ဖြူးပြီးပေးပါတယ်။ ဒါကမန္တလေး ကဆိုင်တော်တော်များများရဲ့ပုံစံ ပါပဲ။ ဒေါ်စင်းယုံရယ် ၃၂လမ်း၊ ၈၄လမ်းဒေါင့်ကဆိုင်နှစ်ဆိုင်က တော့ ပုံစံတစ်မျိုးပါ။ ထမင်းအဖြူ ထဲကို ဝက်စတူးအရည်ကိုဆမ်း ပေးပြီးမှ နံကင်ရယ်၊ အသဲကင်၊ အသားကင်၊ ဝက်ခေါက်ကင်၊ ဝက်အူချောင်းတွေကိုဖြူးပေးထား တော့ အရသာတစ်မျိုးနဲ့စားလို့ ကောင်းပါတယ်။ ရန်ကုန်ထမင်း ပေါင်းကတော့ မန္တလေးနဲ့ကွာပါ တယ်။
ထမင်းအဖြူပေါ်မှာ ကော်ရည်နည်းနည်းဆမ်းပြီးအ သီးအရွက်တွေရယ် အသားတွေ ရယ်ထည့်ပေးလိုက်တာပါ။ လာရှိုး ထမင်းပေါင်းကတော့ မန္တလေးနဲ့ ကွာ ပါတယ။် ထမင်းအဖြူပေါ်မှာ ငရုတ်သီးခပ်စပ်စပ်နဲ့ချက်ထားတဲ့ အသားဟင်းရယ်၊ ငုံးဥရယ်ထည့် ပေးလိုက်တဲ့အရည်စပ်စပ်လေးနဲ့ စားရတာပါ။ တစ်နယ်နဲ့တစ်နယ် တစ်ဒေသနဲ့တစ်ဒေသနည်းနည်း ချင်းစီကွာသွားတာပါပဲ။ နောက် တော့ ဒီခေါက်ဆွဲဆိုင်လေးမှာ အမဲလုံးနဲ့တွဲစားရတဲ့ အချဉ်ကို မျှစ်ချဉ်ချပေးတဲ့ "နမ့်ခမ်းမန်း" ခေါက်ဆွဲဆိုင်လေးတွေလည်းပေါ် လာပါတယ်။ မန္တလေးညနေစာ စာရင်းထဲမှာ မပါမဖြစ်တဲ့ဆိုင် လေးတွေကတော့ အမဲအူပြုတ် ဆိုင်လေးတွေပါ။ အရင်ကမန္တလေး မှာ "ဆိတ်ပုဆိုးကြမ်း" လို့ခေါ်တဲ့ ဆိတ်ဝမ်းတွင်းသားကိုအရည် သောက်ချက်ထားတဲ့ အစားအစာ က ဘုရားပွဲဈေးတန်းမှာ ရေနံဆီ မီးခွက်လေးထွန်းထားတဲ့ ဆိုင်မှာ ထိုင်သောက်ရတဲ့ သွားရည်စာ တစ်မျိုးပါ။
ဒါပေမယ့် လမ်း ၃၀နဲ့ လမ်း၈၀ဒေါင့်မှာတစ်ဆိုင် ၂၉လမ်း ၈၃x၈၄လမ်းကြား ဒေါ်စင်းယုံ ဆီချက်နဲ့မလှမ်းမကမ်းမှာတစ်ဆိုင် ထမင်းနဲ့တွဲရောင်းတဲ့အမဲအူပြုတ် ဆိုင်လေးတွေပေါ်လာပါတယ်။ အဲသည်တော့လည်း ညလည်စား စရာတစ်မျိုးတိုးလာပါတယ်။ အဆီအနှစ်တွေနဲ့ဟင်းကိုမစားချင် ရင် ဒီဆိုင်လေးတွေကို အရည် သောက်လေးနဲ့သွားစားလိုက်ရုံ ပါပဲ။ ၂၉လမ်းကဆိုင်ကတော့ ငါး ဖယ်လုံးလည်းရတယ်။ အမဲလုံး လည်းရတယ်။ ထမင်းနဲ့တွဲစားလို့ အတော်ကောင်းပါတယ်။ နောက် တော့ ဒီဆိုင်လေးက မြို့မရုပ်ရှင် ရုံနားမှာ အိမ်ဖြူတော်ဆိုတဲ့နာ မည်လေးနဲ့ဖွင့်ရာကနေ ၃၄-၃၅ ကြား ၈၁လမ်းပေါ်ကိုတစ်ခါထပ် ပြောင်းသွားရာကနေ အခုတော့ အမဲအူပြုတ်ဆိုင်နှစ်ဆိုင်လုံး ဘယ် ဆီကိုရောက်မှန်းတောင်မသိတော့ ပါဘူး။ လွမ်းမိသဗျာ။
ကိုပေါက် (မန္တလေး)
No comments:
Post a Comment