“Sexual objectification”
မြန်မာလို အဓိပ္ပါယ်ကတော့ လူတစ်ဦးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအတွက် အသုံးချစရာ အရာဝတ္ထုတစ်ခုလို သဘောထား ဆက်ဆံတာမျိုးကို ခေါ်တာပါ။
ခပ်ဟော့ဟော့ ဝတ်စားတတ်တဲ့ နာမည်ကျော် မင်းသမီးကို ဆိုင်ဖွင့်ပွဲ ဖိတ်တယ်။ ဒီအတိုင်း မင်းသမီးတစ်လက်ကို ပွဲတက်ဖို့ ဖိတ်တာမျိုး မဟုတ်ဘဲ ဘယ်လို ဝတ်လာပေးရင် ဈေးပိုပေးမယ် ဆိုတာ ဒီသဘောပါပဲ။ ကားဘက်ထရီ ကြော်ငြာတွေမှာ Sexy model တွေ သုံးတာ၊ Hip Hop MTV တွေမှာ အတိုအပြတ် ဝတ်ထားတဲ့ မိန်းကလေးတွေ အများကြီးနဲ့ ရိုက်ပြတာ၊ ဓါတ်မြေသြဇာကြော်ငြာကို Sexy မင်းသမီး ၃ လက်နဲ့ ကြော်ငြာတာ၊ ဒါတွေဟာလည်း Sexual objectification လုပ်နေတာပဲ ဖြစ်ပါတယ်။
တကယ်တော့ ဒီလိုလုပ်ရပ်မျိုးတွေက ကမ္ဘာမှာလည်း ရှိပါတယ်။ ဥပမာ ကားမောင်းပြိုင်ပွဲတွေမှာ ပွဲစဖို့ အလံထောင်တဲ့ မိန်းကလေးတွေ၊ လက်ဝှေ့ပြိုင်ပွဲတွေမှာ ဘယ်နှချီမြောက် ရောက်ပြီ ဆိုတာကို ဆိုင်းဘုတ်ထောင်ပြတဲ့ Ring girl တွေ စသဖြင့် တွေ့ဖူးကြမှာပါ။ ယူနီဆက်ဖ်က ကိုးကားထားတဲ့ လေ့လာချက်တစ်ခုမှာတော့ အမျိုးသားမဂ္ဂဇင်းတွေမှာ ပါတဲ့ ကြော်ငြာတွေရဲ့ ၇၆ % မှာ အမျိုးသမီးတွေကို အဲ့လို Sexual object အဖြစ် ဖော်ပြထားကြတယ်လို့ သိရပါတယ်။
နောက်ပြီး ဒီလိုပုံဖော်တာက အမျိုးသမီးတွေတင် မဟုတ်ပါဘူး။ အမျိုးသားတွေကိုလည်း ပုံဖော်ကြပါတယ်။ ဒါကို MTV တွေ၊ ကြော်ငြာတွေမှာ တွေ့နိုင်ပါတယ်။ ဗလတောင့်တောင့်၊ Six packs နဲ့ အမျိုးသားတစ်ယောက်ကို မဆီမဆိုင် ထည့်ရိုက်ပြတာမျိုးပေါ့။ နောက် အမျိုးသားချင်း ချစ်ကြိုက်သူတွေကို ရည်ရွယ်တဲ့ ကြော်ငြာမျိုးတွေမှာလည်း အဲ့လို Sexual object အနေနဲ့ သဘောထား ခံနေရပါတယ်။ အမျိုးသမီးနဲ့ ယှဉ်လိုက်ရင်တော့ နည်းကောင်းနည်းမယ်ပေါ့။ ဒါကြောင့် အမျိုးသမီးနဲ့ ပတ်သက်တာကို ဆက်ပြီး ရေးသွားပါ့မယ်။
(တစ်လက်စတည်း ရှင်းပြချင်တာက မိန်းကလေးတစ်ယောက် ခန္ဓာကိုယ် အချိုးအစား လှတာကို ပြသတိုင်း၊ ယောက်ျားလေးတစ်ယောက် သူ့ဗလကိုသူ ပြတိုင်း Sexual objectification မဟုတ်ဘူးဆိုတာပါပဲ။ ဟိုတလောက ရေပန်းစားသွားတဲ့ ဖိနပ်ကြော်ငြာနဲ့ နမူနာပေးရရင် ဒီမိန်းကလေးဟာ သူ့အလှကို ပေါ်လွင်စေမဲ့ ဝတ်စားဆင်ယင်မှုမျိုး လုပ်လို့ရတယ်။ မင်းသမီးအနေနဲ့ ကပြ၊ သရုပ်ဆောင်ပြလို့ ရတယ်။ သို့သော် သူ့ရင်သားဟာ ကြော်ငြာတစ်ခုလုံးရဲ့ အဓိက အာရုံစိုက်စရာ ဖြစ်နေရင်တော့ Sexual objectification ဖြစ်ပါတယ်။)
ဒီလို လုပ်ရပ်တွေကြောင့် ဘာဆက်ဖြစ်လာသလဲဆို အရင်ဆုံးအနေနဲ့ လူတစ်ယောက်၊ အထူးသဖြင့် မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူရာဝင်မှု၊ အောင်မြင်မှုတွေဟာ ဒီလိုခန္ဓာကိုယ် လှပမှုအပေါ်မှာ မူတည်တယ် ဆိုတဲ့ အမြင်တွေ ရကုန်ပါတယ်။ ဒီမင်းသမီးဟာ သရုပ်ဆောင် ကောင်းစရာ မလိုဘူး။ ဒီလိုဝတ်စားတတ်ရင်၊ ဝတ်စားရဲရင် ရပြီ ဆိုတာမျိုးပေါ့။ အဲ့တော့ အနုပညာဝမ်းစာ ဖြည့်ဖို့ထက် ခန္ဓာကိုယ်က လိင်ဆွဲဆောင်မှု ရှိဖို့ကိုပဲ ကြိုးစားကြတော့တယ်။ ခွဲစိတ်ပြုပြင်ကြတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံပန်းသွင်ပြင်နဲ့ ပတ်သက်လို့ ရှက်ရွံ့တာ၊ သိမ်ငယ်တာတွေ ဖြစ်လာကြတယ်။
နောက်ပြီး အမျိုးသမီးတွေအပေါ်မှာ အထင်သေးတဲ့ အမြင်တွေ ရှိလာတယ်။ လိင်ဖျော်ဖြေမှုအတွက်ပဲလို့ မြင်လာကြတယ်။ ဒီကနေမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ အကြမ်းဖက်တာတွေ ဖြစ်လာတယ်။ ဒါကိုလည်း သာမန်လုပ်ရပ်တစ်ခုလိုပဲ ယူဆနေကြတယ်။ အဆိုးဆုံးကတော့ Self-objectification လို့ခေါ်တဲ့၊ အမျိုးသမီးတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ အဲ့လိုသဘောထားလာကြတာပဲ။
ခုနက ဆိုင်ဖွင့်ပွဲတက်တဲ့ မင်းသမီးကို ဒီအကြောင်း ပြောပြကြည့်ပါလား။ ဘာပြန်ပြောမယ် ထင်သလဲ။ ငါ့အလှနဲ့ငါ ပိုက်ဆံရှာနေတာ နင့်အပူပါလားလို့ ပြန်ဖြေမှာပေါ့။ ပိုလည်း ဝင်ငွေရတယ်။ ပိုလည်း နာမည်ကြီးတယ်။ ပိုလည်း အောင်မြင်တယ်။ ငါ့ကို စော်ကားနေပါလားလို့လည်း မခံယူဘူး။
ဖိနပ်ကြော်ငြာ ရိုက်လိုက်တဲ့ မိန်းကလေးနေရာကနေလည်း စဉ်းစားကြည့်ရအောင်။ သူဆို မျက်နှာသစ် သရုပ်ဆောင်လို့ ပြောလို့ ရတယ်။ အခုနေ သူနာမည်ကြီးပြီလို့များ တွေးနေမလား။ နောက်ထပ်များ ဒီလိုထပ်ရိုက်ဖို့ ကြုံလာမယ်ဆိုရင်ရော ငြင်းမလား။
ဆိုပါစို့၊ ဒါရိုက်တာတစ်ယောက်က လာကမ်းလှမ်းတဲ့အခါ ဒီသရုပ်ဆောင်က ငြင်းမယ်။ ကျွန်မ ဒါမျိုး မရိုက်နိုင်ဘူး။ ဒါရိုက်တာက ဘာပြန်ပြောမယ် ထင်သလဲ။ သြော် အိုခေပေါ့ ဆိုပြီး နောက်တစ်ယောက် သွားခေါ်မယ်။ ဟိုက လက်ခံလိုက်မယ်။ နာမည်ကြီးသွားမယ်။ ဆိုတော့ သူပဲ မရိုက်လိုက်ရတာ အဖတ်တင်မယ်ပေါ့။ ဒီလိုနဲ့ Sexual objectification ဟာ မိန်းကလေးတွေအတွက် အောင်မြင်ဖို့ လမ်းစ ဖြစ်လာတော့တယ်။
ဒါကြောင့် ဒီလိုမျိုး ရိုက်တဲ့ မင်းသမီးတွေ၊ သရုပ်ဆောင်တွေထက်စာရင် သူ့ကို ကမ်းလှမ်းတဲ့သူ၊ ဒါမျိုး ရိုက်ဖို့ လုပ်တဲ့သူကို ရှုံ့ချရမယ်။ ဒါဖြင့် ဆက်စဉ်းစားတော့ သူတို့ ဘာလို့ အဲ့လိုရိုက်လဲ။ ရှင်းပါတယ်။ ကြည့်တဲ့သူ ရှိလို့ပေါ့။ နောက်ပြီး ဆဲခံရလေ နာမည်ကြီးလေလို့ ယူဆကြတဲ့ ခေတ်ကြီးလည်း ဖြစ်နေပြန်တယ်လေ။
ဒါဆို ကျွန်တော်တို့ ဘာလုပ်မလဲ။ မကြည့်နဲ့ပေါ့။ အားမပေးနဲ့ပေ့ါ။ ဒီလိုရိုက်ထားတဲ့ ကုန်ပစ္စည်းဆို မဝယ်ဘူး။ ဒီလိုကြော်ငြာထားတဲ့ ဆိုင်ဆို အားမပေးဘူး။ ဒါမျိုးတွေသာ လုပ်ကြမယ်ဆိုရင် ဘယ်ရိုက်တော့မလဲ။
ဒါကလည်း ပြောတော့သာ လွယ်တာ။ Sexual objectification ကို ပုံမှန်လိုပဲ ယူဆနေကြသူတွေက တစ်ပုံကြီးမို့လား။ အများစုကလည်း တက်သစ်စကိုသာ ဆဲနေကြတာ။ နာမည်ကျော် မင်းသမီးဆိုရင်တော့ အားပေးကြတာကိုး။
ဆိုတော့ ဒီယဉ်ကျေးမှုကြီးက ကာလတစ်ခုထိတော့ ရှိနေဦးမှာပဲ။ Demand ရှိရင် ကြော်ငြာချင်တဲ့သူ ရှိမယ်။ ရိုက်ချင်တဲ့သူ ရှိမယ်။ ဒီအခါ တက်သစ်စတွေ၊ ငွေကြေးလိုအပ်နေသူတွေ၊ ဝမ်းစာမပြည့်သူတွေ၊ တစ်နည်းအားဖြင့် ငြင်းဆန်တောင့်ခံနိုင်စွမ်း မရှိသူတွေဟာ ဒါတွေကို လုပ်နေကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကို သိစေချင်တယ်။
နောက်တစ်ခု ထပ်စဉ်းစားကြည့်မယ်။ ကားဘက်ထရီပဲ ဆိုပါတော့။ အကုန်လုံးက အဲ့လိုမျိုးတွေ ကြော်ငြာထားကြတယ်ဆိုရင် ကျွန်တော်တို့က ငြင်းမယ်ဆို ဘယ်လိုငြင်းမလဲ။ ကားမစီးဘဲ နေရတော့မလို ဖြစ်နေပြီပေါ့။ ဒီတော့ လုပ်ငန်းရှင်တွေဘက်ကလည်း ဒါမျိုး မလုပ်တော့ဖို့၊ ဝယ်သူတွေဘက်ကလည်း ဒါမျိုး မကြော်ငြာတဲ့သူကို ပိုအားပေးဖို့ စသဖြင့် အပြန်အလှန် တာဝန်လေးတွေ ရှိလာတယ်။
ဒီနေရာမှာ Women empowerment ဆိုတဲ့ ကိစ္စကိုလည်း ချန်ထားခဲ့လို့ မရပြန်ဘူး။ တကယ်တော့ Women empowerment ဆိုတာ အမျိုးသမီးတွေကို စွမ်းရည်မြှင့်ပေးတာ မဟုတ်ဘူး။ စွမ်းရည်က ရှိပြီးသား။ သူတို့ကို လုပ်ပိုင်ခွင့်ပေးတာ၊ တန်းတူညီမျှခွင့် ပေးတာ၊ အလှအပထက်၊ လိင်ဆွဲဆောင်မှုထက် အရည်အချင်းနဲ့ ရပ်တည်ခွင့်ကို ပေးတာကို ဆိုလိုတာပါ။
ဥပမာ အမျိုးသမီးတစ်ယောက်ကို ရာထူးတိုးပေးဖို့ အရည်အချင်းနဲ့ မဆုံးဖြတ်ဘဲ လိင်ကိစ္စနဲ့ ဆုံးဖြတ်နေမယ်၊ ဒါကို အမျိုးသမီးက မလိုက်လျောဘူးဆိုရင် ရာထူးမတိုးပေးဘဲ နေမယ်။ တက်သစ်စ မင်းသမီးတွေကို သရုပ်ဆောင်ပညာ၊ အနုပညာဝမ်းစာနဲ့ မရွေးဘဲ ဒါရိုက်တာ၊ သို့မဟုတ် ထုတ်လုပ်သူရဲ့ ဆန္ဒကို ဘယ်လောက် ဖြည့်ဆည်းပေးနိုင်သလဲ ဆိုတာနဲ့ တိုင်းတာပြီး စင်တင်ပေးနေမယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ အရည်အချင်းကို အသုံးချပြီး ရှင်သန်နိုင်ဖို့ရာ ခက်သွားပါတယ်။ Sexual object လို့ ကိုယ့်ကိုယ်ကိုယ် သဘောထားနိုင်သူက ကျန်ခဲ့မယ်။ မထားနိုင်သူက ဒီလောကထဲက ထွက်သွားရမယ် ဆိုတာမျိုး ဖြစ်လာပါတယ်။
ဒါကြောင့်လည်း အမျိုးသမီးတွေ ခေါင်းဆောင်နေရာ ရဖို့ လိုတယ် ပြောတာပါ။ ခုနက ပြောတဲ့ ဥပမာတွေမှာ အထက်လူကြီးက အမျိုးသမီး ဖြစ်ခဲ့မယ်၊ ဒါရိုက်တာ သို့မဟုတ် ထုတ်လုပ်သူကသာ အမျိုးသမီး ဖြစ်ခဲ့မယ်ဆို ဒီပြဿနာ နည်းသွားနိုင်တယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်သာ အမျိုးသမီး ဖြစ်ခဲ့မယ် ဆိုပါတော့။ အဲ့လို Sexual object အနေနဲ့ သုံးထားတဲ့ Billboard ကြော်ငြာဆို လုံးဝခွင့်မပြုဘူးလို့ လုပ်လိုက်ရင် ဘယ်သူမှ ကြော်ငြာလို့ မရတော့ဘူး။ ဒီအတွက် အမျိုးသမီးတွေရဲ့ အရေးကိစ္စကို ပိုပြီး အာရုံစိုက်နိုင်စေချင်တယ်ဆိုရင် အမျိုးသမီးတွေ နေရာပိုရဖို့ လိုပါတယ်။
ပြောရရင်တော့ Sexual objectification ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ကျားမခွဲခြားဆက်ဆံမှု၊ ကျင့်ဝတ်၊ Women empowerment စသဖြင့် အချက်အလက်ပေါင်း မြောက်များစွာနဲ့ ဆက်စပ်နေပါတယ်။ အမျိုးသမီးတွေကို Sexual object လို သဘောမထားနဲ့ ဆိုတဲ့ တစ်ခွန်းတည်းနဲ့ ပြီးသွားမှာ မဟုတ်ဘဲ သူတို့အတွက် ရင်သားနဲ့ တင်ပါးထက် ဦးနှောက်နဲ့ အရည်အချင်းကို ပိုအသုံးချခွင့်ရတဲ့ ဝန်းကျင်ကောင်းတစ်ရပ် တည်ဆောက်ပေးနိုင်မှသာ ပပျောက်သွားမယ်လို့ ထင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကိုတော့ သိစေချင်ပါတယ်။
၂.၁၀.၂၀၂၀
(လက်ရှိအချိန်နှင့် ကိုက်အောင် ဆောင်းပါးကို အနည်းငယ် တည်းဖြတ်ထားပါသည်။)
Ref: Sexual Objectification of Women: Advances to Theory and Research: Dawn M. Szymanski, Lauren B. Moffitt and Erika R. Carr
#16DaysActivism
#Day3
(Zawgyi)
“Sexual objectification”
ျမန္မာလို အဓိပၸါယ္ကေတာ့ လူတစ္ဦးတစ္ေယာက္ကို လိင္ပိုင္းဆိုင္ရာ လွုံ႔ေဆာ္မွုအတြက္ အသုံးခ်စရာ အရာဝတၳဳတစ္ခုလို သေဘာထား ဆက္ဆံတာမ်ိဳးကို ေခၚတာပါ။
ခပ္ေဟာ့ေဟာ့ ဝတ္စားတတ္တဲ့ နာမည္ေက်ာ္ မင္းသမီးကို ဆိုင္ဖြင့္ပြဲ ဖိတ္တယ္။ ဒီအတိုင္း မင္းသမီးတစ္လက္ကို ပြဲတက္ဖို့ ဖိတ္တာမ်ိဳး မဟုတ္ဘဲ ဘယ္လို ဝတ္လာေပးရင္ ေဈးပိုေပးမယ္ ဆိုတာ ဒီသေဘာပါပဲ။ ကားဘက္ထရီ ေၾကာ္ျငာေတြမွာ Sexy model ေတြ သုံးတာ၊ Hip Hop MTV ေတြမွာ အတိုအျပတ္ ဝတ္ထားတဲ့ မိန္းကေလးေတြ အမ်ားႀကီးနဲ႔ ရိုက္ျပတာ၊ ဓါတ္ေျမၾသဇာေၾကာ္ျငာကို Sexy မင္းသမီး ၃ လက္နဲ႔ ေၾကာ္ျငာတာ၊ ဒါေတြဟာလည္း Sexual objectification လုပ္ေနတာပဲ ျဖစ္ပါတယ္။
တကယ္ေတာ့ ဒီလိုလုပ္ရပ္မ်ိဳးေတြက ကမၻာမွာလည္း ရွိပါတယ္။ ဥပမာ ကားေမာင္းၿပိဳင္ပြဲေတြမွာ ပြဲစဖို့ အလံေထာင္တဲ့ မိန္းကေလးေတြ၊ လက္ေဝွ႕ၿပိဳင္ပြဲေတြမွာ ဘယ္ႏွခ်ီေျမာက္ ေရာက္ၿပီ ဆိုတာကို ဆိုင္းဘုတ္ေထာင္ျပတဲ့ Ring girl ေတြ စသျဖင့္ ေတြ႕ဖူးၾကမွာပါ။ ယူနီဆက္ဖ္က ကိုးကားထားတဲ့ ေလ့လာခ်က္တစ္ခုမွာေတာ့ အမ်ိဳးသားမဂၢဇင္းေတြမွာ ပါတဲ့ ေၾကာ္ျငာေတြရဲ့ ၇၆ % မွာ အမ်ိဳးသမီးေတြကို အဲ့လို Sexual object အျဖစ္ ေဖာ္ျပထားၾကတယ္လို့ သိရပါတယ္။
ေနာက္ၿပီး ဒီလိုပုံေဖာ္တာက အမ်ိဳးသမီးေတြတင္ မဟုတ္ပါဘူး။ အမ်ိဳးသားေတြကိုလည္း ပုံေဖာ္ၾကပါတယ္။ ဒါကို MTV ေတြ၊ ေၾကာ္ျငာေတြမွာ ေတြ႕နိုင္ပါတယ္။ ဗလေတာင့္ေတာင့္၊ Six packs နဲ႔ အမ်ိဳးသားတစ္ေယာက္ကို မဆီမဆိုင္ ထည့္ရိုက္ျပတာမ်ိဳးေပါ့။ ေနာက္ အမ်ိဳးသားခ်င္း ခ်စ္ႀကိဳက္သူေတြကို ရည္ရြယ္တဲ့ ေၾကာ္ျငာမ်ိဳးေတြမွာလည္း အဲ့လို Sexual object အေနနဲ႔ သေဘာထား ခံေနရပါတယ္။ အမ်ိဳးသမီးနဲ႔ ယွဥ္လိုက္ရင္ေတာ့ နည္းေကာင္းနည္းမယ္ေပါ့။ ဒါေၾကာင့္ အမ်ိဳးသမီးနဲ႔ ပတ္သက္တာကို ဆက္ၿပီး ေရးသြားပါ့မယ္။
(တစ္လက္စတည္း ရွင္းျပခ်င္တာက မိန္းကေလးတစ္ေယာက္ ခႏၶာကိုယ္ အခ်ိဳးအစား လွတာကို ျပသတိုင္း၊ ေယာက္်ားေလးတစ္ေယာက္ သူ႔ဗလကိုသူ ျပတိုင္း Sexual objectification မဟုတ္ဘူးဆိုတာပါပဲ။ ဟိုတေလာက ေရပန္းစားသြားတဲ့ ဖိနပ္ေၾကာ္ျငာနဲ႔ နမူနာေပးရရင္ ဒီမိန္းကေလးဟာ သူ႔အလွကို ေပၚလြင္ေစမဲ့ ဝတ္စားဆင္ယင္မွုမ်ိဳး လုပ္လို့ရတယ္။ မင္းသမီးအေနနဲ႔ ကျပ၊ သ႐ုပ္ေဆာင္ျပလို့ ရတယ္။ သို့ေသာ္ သူ႔ရင္သားဟာ ေၾကာ္ျငာတစ္ခုလုံးရဲ့ အဓိက အာ႐ုံစိုက္စရာ ျဖစ္ေနရင္ေတာ့ Sexual objectification ျဖစ္ပါတယ္။)
ဒီလို လုပ္ရပ္ေတြေၾကာင့္ ဘာဆက္ျဖစ္လာသလဲဆို အရင္ဆုံးအေနနဲ႔ လူတစ္ေယာက္၊ အထူးသျဖင့္ မိန္းကေလးတစ္ေယာက္ရဲ့ ဂုဏ္သိကၡာ၊ လူရာဝင္မွု၊ ေအာင္ျမင္မွုေတြဟာ ဒီလိုခႏၶာကိုယ္ လွပမွုအေပၚမွာ မူတည္တယ္ ဆိုတဲ့ အျမင္ေတြ ရကုန္ပါတယ္။ ဒီမင္းသမီးဟာ သ႐ုပ္ေဆာင္ ေကာင္းစရာ မလိုဘူး။ ဒီလိုဝတ္စားတတ္ရင္၊ ဝတ္စားရဲရင္ ရၿပီ ဆိုတာမ်ိဳးေပါ့။ အဲ့ေတာ့ အႏုပညာဝမ္းစာ ျဖည့္ဖို့ထက္ ခႏၶာကိုယ္က လိင္ဆြဲေဆာင္မွု ရွိဖို့ကိုပဲ ႀကိဳးစားၾကေတာ့တယ္။ ခြဲစိတ္ျပဳျပင္ၾကတယ္။ ကိုယ့္ရဲ့ ခႏၶာကိုယ္ ပုံပန္းသြင္ျပင္နဲ႔ ပတ္သက္လို့ ရွက္ရြံ့တာ၊ သိမ္ငယ္တာေတြ ျဖစ္လာၾကတယ္။
ေနာက္ၿပီး အမ်ိဳးသမီးေတြအေပၚမွာ အထင္ေသးတဲ့ အျမင္ေတြ ရွိလာတယ္။ လိင္ေဖ်ာ္ေျဖမွုအတြက္ပဲလို့ ျမင္လာၾကတယ္။ ဒီကေနမွတစ္ဆင့္ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္တာ၊ အၾကမ္းဖက္တာေတြ ျဖစ္လာတယ္။ ဒါကိုလည္း သာမန္လုပ္ရပ္တစ္ခုလိုပဲ ယူဆေနၾကတယ္။ အဆိုးဆုံးကေတာ့ Self-objectification လို့ေခၚတဲ့၊ အမ်ိဳးသမီးေတြကိုယ္တိုင္က သူတို့ကိုယ္သူတို့ အဲ့လိုသေဘာထားလာၾကတာပဲ။
ခုနက ဆိုင္ဖြင့္ပြဲတက္တဲ့ မင္းသမီးကို ဒီအေၾကာင္း ေျပာျပၾကည့္ပါလား။ ဘာျပန္ေျပာမယ္ ထင္သလဲ။ ငါ့အလွနဲ႔ငါ ပိုက္ဆံရွာေနတာ နင့္အပူပါလားလို့ ျပန္ေျဖမွာေပါ့။ ပိုလည္း ဝင္ေငြရတယ္။ ပိုလည္း နာမည္ႀကီးတယ္။ ပိုလည္း ေအာင္ျမင္တယ္။ ငါ့ကို ေစာ္ကားေနပါလားလို့လည္း မခံယူဘူး။
ဖိနပ္ေၾကာ္ျငာ ရိုက္လိုက္တဲ့ မိန္းကေလးေနရာကေနလည္း စဥ္းစားၾကည့္ရေအာင္။ သူဆို မ်က္ႏွာသစ္ သ႐ုပ္ေဆာင္လို့ ေျပာလို့ ရတယ္။ အခုေန သူနာမည္ႀကီးၿပီလို့မ်ား ေတြးေနမလား။ ေနာက္ထပ္မ်ား ဒီလိုထပ္ရိုက္ဖို့ ၾကဳံလာမယ္ဆိုရင္ေရာ ျငင္းမလား။
ဆိုပါစို့၊ ဒါရိုက္တာတစ္ေယာက္က လာကမ္းလွမ္းတဲ့အခါ ဒီသ႐ုပ္ေဆာင္က ျငင္းမယ္။ ကၽြန္မ ဒါမ်ိဳး မရိုက္နိုင္ဘူး။ ဒါရိုက္တာက ဘာျပန္ေျပာမယ္ ထင္သလဲ။ ေၾသာ္ အိုေခေပါ့ ဆိုၿပီး ေနာက္တစ္ေယာက္ သြားေခၚမယ္။ ဟိုက လက္ခံလိုက္မယ္။ နာမည္ႀကီးသြားမယ္။ ဆိုေတာ့ သူပဲ မရိုက္လိုက္ရတာ အဖတ္တင္မယ္ေပါ့။ ဒီလိုနဲ႔ Sexual objectification ဟာ မိန္းကေလးေတြအတြက္ ေအာင္ျမင္ဖို့ လမ္းစ ျဖစ္လာေတာ့တယ္။
ဒါေၾကာင့္ ဒီလိုမ်ိဳး ရိုက္တဲ့ မင္းသမီးေတြ၊ သ႐ုပ္ေဆာင္ေတြထက္စာရင္ သူ႔ကို ကမ္းလွမ္းတဲ့သူ၊ ဒါမ်ိဳး ရိုက္ဖို့ လုပ္တဲ့သူကို ရွုံ႔ခ်ရမယ္။ ဒါျဖင့္ ဆက္စဥ္းစားေတာ့ သူတို့ ဘာလို့ အဲ့လိုရိုက္လဲ။ ရွင္းပါတယ္။ ၾကည့္တဲ့သူ ရွိလို့ေပါ့။ ေနာက္ၿပီး ဆဲခံရေလ နာမည္ႀကီးေလလို့ ယူဆၾကတဲ့ ေခတ္ႀကီးလည္း ျဖစ္ေနျပန္တယ္ေလ။
ဒါဆို ကၽြန္ေတာ္တို့ ဘာလုပ္မလဲ။ မၾကည့္နဲ႔ေပါ့။ အားမေပးနဲ႔ေပ့ါ။ ဒီလိုရိုက္ထားတဲ့ ကုန္ပစၥည္းဆို မဝယ္ဘူး။ ဒီလိုေၾကာ္ျငာထားတဲ့ ဆိုင္ဆို အားမေပးဘူး။ ဒါမ်ိဳးေတြသာ လုပ္ၾကမယ္ဆိုရင္ ဘယ္ရိုက္ေတာ့မလဲ။
ဒါကလည္း ေျပာေတာ့သာ လြယ္တာ။ Sexual objectification ကို ပုံမွန္လိုပဲ ယူဆေနၾကသူေတြက တစ္ပုံႀကီးမို့လား။ အမ်ားစုကလည္း တက္သစ္စကိုသာ ဆဲေနၾကတာ။ နာမည္ေက်ာ္ မင္းသမီးဆိုရင္ေတာ့ အားေပးၾကတာကိုး။
ဆိုေတာ့ ဒီယဥ္ေက်းမွုႀကီးက ကာလတစ္ခုထိေတာ့ ရွိေနဦးမွာပဲ။ Demand ရွိရင္ ေၾကာ္ျငာခ်င္တဲ့သူ ရွိမယ္။ ရိုက္ခ်င္တဲ့သူ ရွိမယ္။ ဒီအခါ တက္သစ္စေတြ၊ ေငြေၾကးလိုအပ္ေနသူေတြ၊ ဝမ္းစာမျပည့္သူေတြ၊ တစ္နည္းအားျဖင့္ ျငင္းဆန္ေတာင့္ခံနိုင္စြမ္း မရွိသူေတြဟာ ဒါေတြကို လုပ္ေနၾကရဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိစၥေတြနဲ႔ ပတ္သက္ရင္ ကၽြန္ေတာ္တို့အားလုံးမွာ တာဝန္ရွိတယ္ ဆိုတာကို သိေစခ်င္တယ္။
ေနာက္တစ္ခု ထပ္စဥ္းစားၾကည့္မယ္။ ကားဘက္ထရီပဲ ဆိုပါေတာ့။ အကုန္လုံးက အဲ့လိုမ်ိဳးေတြ ေၾကာ္ျငာထားၾကတယ္ဆိုရင္ ကၽြန္ေတာ္တို့က ျငင္းမယ္ဆို ဘယ္လိုျငင္းမလဲ။ ကားမစီးဘဲ ေနရေတာ့မလို ျဖစ္ေနၿပီေပါ့။ ဒီေတာ့ လုပ္ငန္းရွင္ေတြဘက္ကလည္း ဒါမ်ိဳး မလုပ္ေတာ့ဖို့၊ ဝယ္သူေတြဘက္ကလည္း ဒါမ်ိဳး မေၾကာ္ျငာတဲ့သူကို ပိုအားေပးဖို့ စသျဖင့္ အျပန္အလွန္ တာဝန္ေလးေတြ ရွိလာတယ္။
ဒီေနရာမွာ Women empowerment ဆိုတဲ့ ကိစၥကိုလည္း ခ်န္ထားခဲ့လို့ မရျပန္ဘူး။ တကယ္ေတာ့ Women empowerment ဆိုတာ အမ်ိဳးသမီးေတြကို စြမ္းရည္ျမႇင့္ေပးတာ မဟုတ္ဘူး။ စြမ္းရည္က ရွိၿပီးသား။ သူတို့ကို လုပ္ပိုင္ခြင့္ေပးတာ၊ တန္းတူညီမၽွခြင့္ ေပးတာ၊ အလွအပထက္၊ လိင္ဆြဲေဆာင္မွုထက္ အရည္အခ်င္းနဲ႔ ရပ္တည္ခြင့္ကို ေပးတာကို ဆိုလိုတာပါ။
ဥပမာ အမ်ိဳးသမီးတစ္ေယာက္ကို ရာထူးတိုးေပးဖို့ အရည္အခ်င္းနဲ႔ မဆုံးျဖတ္ဘဲ လိင္ကိစၥနဲ႔ ဆုံးျဖတ္ေနမယ္၊ ဒါကို အမ်ိဳးသမီးက မလိုက္ေလ်ာဘူးဆိုရင္ ရာထူးမတိုးေပးဘဲ ေနမယ္။ တက္သစ္စ မင္းသမီးေတြကို သ႐ုပ္ေဆာင္ပညာ၊ အႏုပညာဝမ္းစာနဲ႔ မေရြးဘဲ ဒါရိုက္တာ၊ သို့မဟုတ္ ထုတ္လုပ္သူရဲ့ ဆႏၵကို ဘယ္ေလာက္ ျဖည့္ဆည္းေပးနိုင္သလဲ ဆိုတာနဲ႔ တိုင္းတာၿပီး စင္တင္ေပးေနမယ္ဆိုရင္ အမ်ိဳးသမီးေတြအေနနဲ႔ အရည္အခ်င္းကို အသုံးခ်ၿပီး ရွင္သန္နိုင္ဖို့ရာ ခက္သြားပါတယ္။ Sexual object လို့ ကိုယ့္ကိုယ္ကိုယ္ သေဘာထားနိုင္သူက က်န္ခဲ့မယ္။ မထားနိုင္သူက ဒီေလာကထဲက ထြက္သြားရမယ္ ဆိုတာမ်ိဳး ျဖစ္လာပါတယ္။
ဒါေၾကာင့္လည္း အမ်ိဳးသမီးေတြ ေခါင္းေဆာင္ေနရာ ရဖို့ လိုတယ္ ေျပာတာပါ။ ခုနက ေျပာတဲ့ ဥပမာေတြမွာ အထက္လူႀကီးက အမ်ိဳးသမီး ျဖစ္ခဲ့မယ္၊ ဒါရိုက္တာ သို့မဟုတ္ ထုတ္လုပ္သူကသာ အမ်ိဳးသမီး ျဖစ္ခဲ့မယ္ဆို ဒီျပႆနာ နည္းသြားနိုင္တယ္။ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္သာ အမ်ိဳးသမီး ျဖစ္ခဲ့မယ္ ဆိုပါေတာ့။ အဲ့လို Sexual object အေနနဲ႔ သုံးထားတဲ့ Billboard ေၾကာ္ျငာဆို လုံးဝခြင့္မျပဳဘူးလို့ လုပ္လိုက္ရင္ ဘယ္သူမွ ေၾကာ္ျငာလို့ မရေတာ့ဘူး။ ဒီအတြက္ အမ်ိဳးသမီးေတြရဲ့ အေရးကိစၥကို ပိုၿပီး အာ႐ုံစိုက္နိုင္ေစခ်င္တယ္ဆိုရင္ အမ်ိဳးသမီးေတြ ေနရာပိုရဖို့ လိုပါတယ္။
ေျပာရရင္ေတာ့ Sexual objectification ဆိုတဲ့ ကိစၥဟာ ကၽြန္ေတာ္တို့ရဲ့ ယဥ္ေက်းမွု၊ က်ားမခြဲျခားဆက္ဆံမွု၊ က်င့္ဝတ္၊ Women empowerment စသျဖင့္ အခ်က္အလက္ေပါင္း ေျမာက္မ်ားစြာနဲ႔ ဆက္စပ္ေနပါတယ္။ အမ်ိဳးသမီးေတြကို Sexual object လို သေဘာမထားနဲ႔ ဆိုတဲ့ တစ္ခြန္းတည္းနဲ႔ ၿပီးသြားမွာ မဟုတ္ဘဲ သူတို့အတြက္ ရင္သားနဲ႔ တင္ပါးထက္ ဦးေႏွာက္နဲ႔ အရည္အခ်င္းကို ပိုအသုံးခ်ခြင့္ရတဲ့ ဝန္းက်င္ေကာင္းတစ္ရပ္ တည္ေဆာက္ေပးနိုင္မွသာ ပေပ်ာက္သြားမယ္လို့ ထင္ပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တို့အားလုံးမွာ တာဝန္ရွိတယ္ ဆိုတာကိုေတာ့ သိေစခ်င္ပါတယ္။
၂.၁၀.၂၀၂၀
(လက္ရွိအခ်ိန္ႏွင့္ ကိုက္ေအာင္ ေဆာင္းပါးကို အနည္းငယ္ တည္းျဖတ္ထားပါသည္။)
Ref: Sexual Objectification of Women: Advances to Theory and Research: Dawn M. Szymanski, Lauren B. Moffitt and Erika R. Carr
#16DaysActivism
#Day3