Friday, February 2, 2018

ငါးသံပုရာပေါင်း _ ကဏန်းပျော့ကြော်_ကယားရိုးရာ ခရုပြုတ်ဟင်းရည်

ကယားရိုးရာ ခရုပြုတ်ဟင်းရည်



ဒီခရုလေးတွေကိုတော့ ရှမ်းပြည်ကို ရောက် မှချက်စား လို့ ကောင်းကြောင်းသိခဲ့ရပြီး ကယားပြည်ရောက်ခဲ့မယ်ဆိုရင်တော့ မြည်းဖြစ်အောင်မြည်းရမဲ့ ရိုးရာဟင်းတပွဲထဲ ပါ ဝင်ကြောင်း သိခဲ့ရတာပါ။ အစားအသောက်ဇီဇာကြောင်သောသူက ဘယ်တော့မှဝယ် မကျွေးသလို အစားအသောက်အသစ်ဆို စမ်းသပ်ချင်သော ကျွန်မတို့ တွေ့ကြလေသောအခါ စားကြမယ်၊ချက်ကြမယ်အဖွဲ့  က အဖွဲ့ဝင်တွေအားကိုးနဲ့ ဟင်းချက်နည်း လေး တွေသိခွင့်ရလာခဲ့ပါတယ်။ ရှမ်းချက်၊ကယားချက်၊ကရင်ချက်၊ရခိုင်ချက် စသည်ဖြင့် အမျိုးမျိုး တွေပါ။ ဒါ့အပြင် ကယားပြည်နယ် နေ့ ဆိုင်တန်းလေးတွေမှာမြည်းစမ်းရင်   ကိုယ့်အကြိုက် ပြန်လည်ဆန်းသစ်ထားသော ချက်ပုံလေး ကို မျှပေးလိုက်ပါရစေရှင့်......

ပါဝင်ပစ္စည်းများ 
၁။ ခရု                                  နို့ဆီဗူး ၂ဗူး
၂။ ငရုတ်သီး                           ၅တောင့်
၃။ ဂျင်း                                 လက်တဆစ်
၎။ ကြက်သွန်ဖြူ                        တဥ
၅။ ဆား                                လက်ဖက်ရည်ဇွန်းတဇွန်း
၆။ ရေ                                   ၁လီတာ
၇။ ဆီ                                  ထမင်းစားဇွန်း၂ဇွန်း
၈။မက်ခါငရုတ်သီးမှုန့်              နှစ်သက်သလောက်
      သို့မဟုတ်
     မက်ခါသီးမှုန့်



ပြုလုပ်ပုံ

 ရေမြုပ်အောင်စိမ်ပြီး တရက်ခန့်ထားပါ။ တနေ့ကို ၃/၄ ကြိမ်လောက် ရေလှုပ်ဆေးပြီး ရေပြန်လဲပေးပါ။ ခရုကိုယ်တွင်းရှိသဲနှင့်အမှိုက်များ စင်သွားပါမည်။ ၂ရက်ခန့် ထားပေးနိုင်က ပိုကောင်း ပါသည်။
ခရုထိပ်ချွန်ဘက် ၃ရစ်မြောက်လောက်နေရာကို ဓားနှင့် ခုတ်ဖြတ်ထုတ်ပါ။ ရေနှင့်ပြန်ဆေးပါ။ဂျင်း၊ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ရောထောင်းထားပါ။ ဟင်းချက်မည့်အိုးတွင်ဆီထည့်ပါ။ဂျင်းထောင်းထားသောအရောကို ဆီသတ်ပါ။ ကြက်သွန်နွမ်းလာလျှင် ခရုထည့်ပါ ။ ဆား ထည့်ပါ။ ခရုမြုပ်ရုံ ရေထည့်ပါ။ ပွက်အောင်တည်ပါ ၁၀မိနစ်ခန့်ထပ်တည်ပါ။မက်ခါ မှုန့် သို့မဟုတ် မက်ခါငရုတ်သီးမှုန့်ကို လိုသလောက်ခပ်၍သုံးဆောင်ပါ။


Tips
● ခရုထိပ်ဖြတ်ရခြင်းမှာ စုပ်ပြီးစားသောအခါ အလွယ်တကူ ထွက်လာစေရန်ဖြစ်သည်။

● ဆီသတ်စဉ် ဆီတိုဖူး အနည်းငယ်ထည့်ပါကလည်း ပိုကောင်းပါသည်။

●ရိုးရာဟင်းတွင် စွန်တန်ခြောက်မထည့်ပါ။ မထည့်ပါက ချိုစပ်လေး စားကောင်းပါသည်။ချိုချဉ်စပ်အရသာကိုရရန် စွန်တန်ခြောက်ကိုထည့်သုံးကြည့်ပါသည်။တမျိုးကောင်းပါသည်။

ဤဟင်းချက်နည်းကို  


[နောက်တစ်နည်း - ဂျင်း ကြက်သွန်ဖြူထည့်ထောင်းတဲ့ထဲကို ဖယ်ဖယ် ပင်စိမ်းလေးထပ်တည့် ပြီးရေထည့်ပြီရင် ဆန်လော်မူန်လေးနဲနဲထည့်ပြီး ချခံနီး မက်ခါသီး| ပင်စိမ်း နံနံလေးအုပ်]


ကဏန်းပျော့ကြော်



ကဏန်းပျော့ကြော်ကတော့ အိမ်မှာလုပ်စားရင် ကြော်ရတာသာနံတာ စားလို့ကောင်းပြီး များများလဲစားရတယ်။ အိစံကတော့ ထုံးစံအတိုင်း သေပြီးခါစ ကဏန်းလေးတွေကို အနံ့ရှူကြည့်ပြီး အနံ့မနံရင်ဝယ်ပါတယ်။ အနံ့ရှူတယ်ဆိုလို့ကြုံတုံးပြောပြရအုံးမယ်။ တရက်က အိစံအမျိုးသားနဲ့ ကဏန်းသွားဝယ်တာ ကဏန်းကိုလတ်မလတ်ရှူကြည့်တာကို ဘာပြောတယ်ထင်လဲ။ အရမ်းလဲရှူမနေနဲ့အုံးတဲ့ မသေသေးရင် နင့်နှာခေါင်းကြီးညှပ်ထည့်လိုက်အုံးမယ်တဲ့။ ကိုယ်တောင်လှန့်သွားတယ်။ အိစံတို့အိမ်မှာတော့ ကဏန်းပျော့ကြော်ကိုခဏခဏလုပ်စားဖြစ်ပါတယ်။ ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်ရင် တကောင်လုံးဝါးစားလို့ရတော့ အကြိုက်ပဲပေါ့။ ကဲကြော်စားကြည့်ရအောင်နော်။


ပါဝင်သောပစ္စည်းများ
၁။ ကဏန်းပျော့ (blue crab) - ၅ ကောင်
၂။ ကြက်ဥ - ၂ လုံး
၃။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၎။ အကြော်မှုန့် - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း
၅။ ကြော်ရန်ဆီ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ပထမဆုံး ကဏန်းရဲ့ အခွံကိုခွာရ်ျ သန့်စင်အောင်ဆေးပါ။ ကဏန်းရဲ့ အပေါ်က အခွံမာကိုခွာပြီး လေအိတ်လေးများကို ထုတ်ပါ။ (ကဏန်းကိုသန့်စင်ရာမှာ ရေဆေးစရာမလိုပါဘူး။ တကယ်လို့စိတ်မသန့်လို့ရေဆေးချင်လျှင် အပေါ်အခွံမာကိုမခွာခင်အရင်ရေဆေးပါ။ အခွံမာခွာပြီးမှရေဆေးလျှင် ကဏန်းဥတွေ ရေထဲပါသွားတတ်လို့ပါ။) ပြီးလျှင် ကဏန်းရဲ့ ဦးခေါင်းထိပ်နားကမာမာလေးတွေကိုချိုးလိုက်ပါ။ ကဏန်းကိုဓါးဖြင့် ကိုယ်ပိုင်းအလယ်တည့်တည့်ကို ၂ ပိုင်းပိုင်းလိုက်ပါ။
၂။ ကြက်ဥကို ကဏန်းနှစ်လို့ရနိုင်မည့် ပန်းကန်ထဲမှာ ဆားထည့်ရ်ျ ခလောက်ထားပါ။
၃။ အကြော်မှုန့်ကို ပန်းကန်ပြားထဲမှာဖြန့်ရ်ျ ထည့်ထားပါ။
၎။ ကြော်မည့်ဆီ ပူလာလျှင် ကဏန်းတပိုင်းကိုယူရ်ျ ခလောက်ထားသော ကြက်ဥအရည်ထဲကိုအရင်နှစ်၊ အကြော်မှုန့်ကိုများများလူးရ်ျ ထည့်ကြော်ပါ။
၅။ ကဏန်းပျော့ကြော်များ အညိုရောင်သန်းလာလျှင် ဆီအိုးထဲမှဆယ်ရ်ျ ဆီစစ်ထားပါ။ ပူပူနွေးနွေးနဲ့ ကြွပ်ကြွပ်လေး ကဏန်းပျော့ကြော်ကိုသုံးဆောင်နိုင်ပါပြီရှင်။

ချက်ပြုတ်ပြသူ - အိစံ


ငါးသံပုရာပေါင်း ပြုလုပ်နည်း
#############


စပါးလင်၁စည်း
ဂျင်း ၃ပြား
ငရုတ်သီး ၂ကျပ်သား
ပင်စိမ်း ၁စည်း
ဖက်ဖယ် ၁စည်း
ရှမ်းနံနံ ၁ စည်း
သံပုရာသီး ၁လုံး
ကြက်သွန်ဖြူ ၅ကျပ်သား
ကက္ကတစ်ငါး ၃၀သား (ငါးဝယ်ရင် ပါးဟပ်ဖြဲကြည့်ပါ။ရဲနေတာကိုရွေးပါ)
အရင်ဆုံး ရေနွေးတည်ထားပါ။
အိုးထဲကို
ငံပြာရည် ၃ဇွန်း
ရှာလကာရည်​ ၂ဇွန်း
ဆား နဲနဲ နောက် စပါးလင်ကို ထု ထည့်ပြီး ပွက်အောင်တည်ထားပါ။
ငါးကို ပါးဟပ်ထုတ် ဗိုက်ခွဲ ကလီစာထုတ်။ ဓားနဲ့မွှန်းပြီး ခရုဆီ ငံပြာရည် ဆား နယ်ပြီး နှပ်ထားပါ။
ငါးစာအတွက် ဖက်ဖယ်ရွက် ပင်စိမ်း ငရုတ်သီးစိမ်း ရှမ်းနံနံ ကြက်သွန်ဖြူကို ကျိတ် ထားပါ။ ပြီးရင် ငံပြာရည် နဲနဲလေး နယ်ထားပါ။ ၃ပုံ ၂ပုံ ကို ငါးဗိုက်ထဲသွတ်အစာမထွက်အောင် စပါလင် အရွက်နဲ့ တုတ်ထားပါ။
ရေနွေးအိုး ပွက်ပွက်ဆူလာရင် အရသာ အပေါ့အငန် အချဉ်မြည်းပါ။ ငါးထည့်ပါ အဖုံးအုပ်ပါ ၁၀မိနစ်နေရင် နောက်တဖက်လှည့်ပါ။နောက်တဖက်ကို ၁၀မိနစ်ထား။
ပြီးရင် အစာ ချန်ထားတာလေး အပေါ်မှာဖြူး ပေး။ သံပုရာသီး ကို အကွင်းလေး လှီးထည့်။ ရပြီ။ သံပုရာသီး ကို စကတည်းက ထည့်တည်ရင် ခါသွားတက်ပါတယ်။ မီးပိတ်ပြီး မှ သံပုရာသီးထည့်။

Credit-ပေစိလက်ရာ

No comments: