မွှေးရနံ့ကမ္ဘာမှာ
ဘယ်ရနံ့ကတော့အကောင်းဆုံးဆိုတာပြောရခက်လောက်အောင် ရှုပ်ထွေးပေမယ့် ဒီနှစ်မိုးရာသီအတွက်
အမျိုးသားသုံး ထိပ်တန်းရေမွှေး(၁၀)မျိုးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
Classic
ကျသော အသစ်လွင်ဆုံးသော ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသော ရေမွှေးသုံးမျိုးကတော့ -
Best
Fall Refresher Cologne for 2015: Clean Shower Fresh for Men – $74.00 ၀န်းကျင်
Favorite
New Cologne for Fall 2015: John Varvatos Dark Rebel – $
66.00 ၀န်းကျင်
Best
Cologne for Men: Most Expensive Cologne Ever – $865 ၀န်းကျင်
Favorite
Men’s Fragrance for 2015: Spicebomb by Viktor & Rolf – $50.00 ၀န်းကျင်
Tom Ford Noir
Extreme
2012 ခုနှစ်လောက်ကထုတ်ခဲ့သော
Violet – Heavy Tom Ford Noir (လွန်ခဲ့သော ဆယ်စုနှစ်က ကျွန်တော့်အကြိုက်ဆုံးရေမွှေးတစ်ခုဖြစ်ခဲ့သော)
ရဲ့ပုလင်းဒီဇိုင်းနဲ့ နာမည်ကို ဝေမျှထားသော ရေမွှေးအသစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက
သူ့ရဲ့ Woody Oriental Scent လေးက ပင်တိုင်သဘော ပါနေပါရဲ့။
ညနေခင်းမှာအသုံးပြုလို့အဆင်ပြေမယ့်
ရေမွှေးမျိုးဖြစ်ပါတယ်။ ချွေးထွက်လေ ကိုယ်အပူရှိန်မြင့်လေ မွှေးရနံ့က ထူးခြားလေဆိုတဲ့
သဘောဆောင်နိုင်ပါတယ်။ အရေပြားပေါ်မှာ ဆွတ်ဖြန်းထားခြင်းဖြင့် မွှေးရနံ့ကစွဲပြီး ကြာရှည်ခံမယ့်ပုံပါ။
Sexy ဖြစ်တယ်လို့ခံစားရပါတယ်။
Bentley
Infinite Intense
ကား
Brand တစ်ခုဖြစ်တဲ့ Bentley ဆိုတဲ့နာမည်ဟာ ရေမွှေးကမ္ဘာထဲမှာ အံ့အားသင့်စဖွယ် ကောင်းစွာ
ထင်ရှားလာပါပြီ။ ဒီတံဆိပ်ရဲ့ ရေမွှေးအမျိုးအစားတစ်ခုခြင်းစီရဲ့ ရနံ့တွေကို စမ်းသပ်ကြည့်လိုက်တာနဲ့
သဘောကျနှစ်သက်သွားစေရမယ်လို့ ညွှန်းဆိုထားပါတယ်။
Infinite
Intense လေးကတစ်မူထူးတဲ့ ဖော်စပ်ပုံကြောင့် ရင်ခုန်စိတ်လှုပ်ရှားစေပါတယ်။ အရမ်း
Fresh ဖြစ်စေတဲ့ ရနံ့နဲ့ ခပ်ငြိမ်ငြိမ် နံ့သာနံ့တွေရယ်လို့ သီးသန့်ကွဲပြားမနေစေဘဲ နှစ်မျိုးလုံးပေါင်းစပ်ပါဝင်နေစေ
ခြင်းပါ။ ကိုယ့်ချစ်သူနဲ့ကိုယ် အပြန်အလှန်ဆွတ်ဖြန်းထားလည်း အဆင်ပြေပြီး အချိန်တိုင်းဆွတ်ဖြန်းလို့
အဆင်ချောစေတဲ့ရေမွှေးဖြစ်ပါတယ်။
Dunhill
ICON
ရေမွှေးဖန်တီးသူ
Carlos Benaïm (အမြဲတန်းလိုလို ပေါ်ပြူလာဖြစ်နေတတ်တဲ့ Calvin Klein ရဲ့ Enternity
For Men ရဲ့နောက်ကွယ်ကဖန်တီးသူ) ရဲ့ ICON ဟာ သဘောသဘာဝအရကိုက ယောက်ျားဆန်စေတယ် လို့ဆိုကြတဲ့
(Bergamot, Lavender, Black Pepper, Oud wood and Vertiver) တွေရဲ့ရနံ့တွေကို ရောမွှေထားသော
ရေမွှေးတစ်ခုဖြစ်ပါတယ်။
စတင်ဆွတ်ဖြန်းကာစမှာတော့
ချိုမြိန်ဖွယ် အရည်ရွှမ်းတဲ့သစ်သီးတစ်လုံးကိုကိုက်စားလိုက်ရသလို ခံစားရပြီး ကိုယ့်အရေပြားနဲ့ထိတွေ့ပြီးမကြာခင်မှာတော့
နွေးထွေးသော ညှို့ဓာတ်ပြင်းသောရနံ့တစ်ခုသဖွယ် တဖြည်း ဖြည်းစွဲမြဲစေပါတယ်။
Hermès
Le Jardin De Monsieur Li
တရုပ်လူမျိုးတွေရဲ့
ပန်းဥယျာဉ်တွေထဲက ရတတ်တဲ့မွှေးရနံ့မျိုးတွေကို စိတ်ကူးပြီး Hermès ရဲ့ ထင်ရှားလှတဲ့
ရေမွှေးဖန်တီးသူ JeanClaude Ellena က Monsieur Li နဲ့ပူးပေါင်းကာ ကျေနပ်ဖွယ်ကောင်း သော
လတ်ဆတ်သော လန်းဆန်းသော အမျိုးသား အမျိုးသမီးနှစ်ဦးလုံးသုံးနိုင်သော ရေမွှေးကိုဖန်တီးခဲ့တာ
ဖြစ်ပါတယ်။
ပန်းနံ့တွေရော
သံပရာရနံ့လိုရော Mint ရနံ့မျိုးတွေကော တစ်မူထူးပေါင်းစပ်ထားတာက ရာသီဥတု ခပ်နွေးနွေးမှာ
ဆွတ်ဖြန်းလို့အဆင်ပြေလှတဲ့ ရေမွှေးတစ်ခုဖြစ်ခဲ့ပါတယ်။
Carven
Vétiver
နှစ်များစွာကြာခဲ့သောကာလက
ထုတ်ဖော်ဖန်တီးခဲ့တဲ့ မွှေးရနံ့မျိုးဆိုပေမယ့် Guerlainရဲ့ ထင်ရှားသူ Vetiver က
Lemongrass, Grapefruit နဲ့Geranium တို့လိုရနံ့မျိုးတွေကို ခပ်သင်းသင်းလေးနဲ့ လန်းဆန်းတဲ့ခံစားမှုမျိုးရရှိစေတဲ့
နေ့အချိန်တွေမှာ ဆွတ်ဖြန်းလို့အဆင်ပြေစေအောင် ဖော်စပ်ထားပါတယ်။
Eau
de Cartier Vetiver Bleu
နောက်ထပ်
ခပ်သင်းသင်း Vetiver ရေမွှေးတစ်ခုဖြစ်ပါတယ်။ ဒီရေမွှေးကတော့ လန်းဆန်းတယ် ဆွဲဆောင်မှုပြင်းထန်စေတယ်ဆိုတဲ့
ရနံ့တွေပေါင်းစပ်ထားတဲ့ ရေမွှေးဖြစ်ပါတယ်။
မြင်သာအောင်
ဥပမာပြုရရင် နွယ်ချိုပင်ရဲ့ ရနံ့မျိုးလိုပေါ့။ Carven’s Vétiver ရေမွှေးလိုပါပဲ ခပ်သင်းသင်း
လေးနဲ့ နွေရာသီမှာ ဆွတ်ဖြန်းလို့အဆင်ပြေစေတဲ့ ရေမွှေးလေးပဲဖြစ်ပါတယ်။
Bottega
Veneta Pour Homme Extreme
Antoine
Maisondieu ရဲ့ “more intense, more sensual, even more masculine” လို့ညွှန်းဆိုရမယ့်
ရေမွှေးတစ်ခုဖြစ်ပါတယ်။ ‘Extreme’ ဗားရှင်းကတော့ အီတလီရဲ့ ဇိမ်ခံပစ္စည်းတံဆိပ်တစ်ခုအသွင်ရှိတဲ့
ရေမွှေးပေါ့။ Bottega Veneta Pour Homme ကိန်းကြီးခန်းကြီးဆန်သောရနံ့တွေပိုင်ဆိုင်တယ်။
Dolce
& Gabbana Light Blue Swimming in Lipari Pour Homme
Light
Blue ရေမွှေးစီးရီးရဲ့ နောက်ဆုံးထုတ် Edition ရေမွှေးလေးဖြစ်ပါတယ်။ Swimming in
Lipari က သခွားသီးကိုက်လိုက်ရင်ရတတ်တဲ့ ရေဓာတ်ရနံ့လိုမျိုး ပင်လယ်လေရဲ့ ရနံ့လိုမျိုးခံစားရအောင်
ဖန်တီးထား တဲ့ ရေမွှေးဖြစ်ပါတယ်။
ဘယ်လိုမွှေးရနံ့မျိုးလဲပြောပါဦးဆိုရင်တော့
ဆားနံ့သင်းတဲ့ နည်းနည်းတော့ငန်တဲ့ ဂရိတ်ဖရုသီးနဲ့ မွှေးရနံ့ကြွယ်တဲ့ Rosemary လိုမျိုးဖြစ်ပါတယ်။
နွေရာသီ ခရီးတွေထွက်တဲ့အခါ မပါမဖြစ်ထည့်သွားရမယ့် မွှေးရနံ့ပိုင်ရှင် ရေမွှေးတစ်ခုပေါ့။
Mont
Blanc Emblem Intense
ပုလင်းပုံစံက
Pac-Man ထဲက ဇာတ်ကောင်တစ်ခုလိုလိုပုံစံဖြစ်ပေမယ့် ဆွဲဆောင်မှုရှိတဲ့ဟန်တော့ ပေါက်ပါတယ်။
Emblem
ရေမွှေးရဲ့ ဖွင့်ဆိုချက်အသစ်က သစ်သီးတွေရဲ့လတ်ဆတ်မှုမှာ ပန်းသီးတစ်လုံးရဲ့အရည်ရွှမ်းမှုမျိုး
ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်တဲ့။ ဒီရေမွှေးကိုဆွတ်ဖြန်းပြီး အိပ်ရာထဲဝင်တဲ့အချိန်အတော်ကြာတိုင်
အရေပြား ပေါ်ဝယ် နွေးထွေးသော မွတ်ညက်သောခံစားမှုမျိုး ရရှိနေပါရော။
Givenchy
Gentlemen Only Casual Chic
2013
မှာ စတင်ဖြန့်ချိခဲ့တဲ့ Gentleman Only ဟာ Givenchy ရေမွှေးများထဲမှ တစ်မူထူးတဲ့ရေမွှေးသစ်
ဖြစ်ပါတယ်။ ရာသီဥတုခပ်ပြင်းပြင်းမှာ တောင်ပေါ်ကိုတဖြေးဖြေးတက်သွားပြီးနောက် တောင်ထိပ်ရောက်တဲ့
အခါ လန်းဆန်းလတ်ဆတ်သွားစေတဲ့ ပုံဟန်မျိုးဆိုရမယ့် မွှေးရနံ့ပါ။
နဂိုမူလထက်
နည်းနည်းလေး မူကွဲတယ်ဆိုတဲ့ရေမွှေးမျိုးဖြစ်တာကြောင့် Gym bag သို့မဟုတ် ရာသီဦးကာလတွေမှာ
သွားလေရာသယ်ဆောင်သွားသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်လို့။
နွေဦးကာလတွေမှာ
ရာသီဥတုက အအေးဓာတ်လျော့ကာ အပူရှိန်မြင့်ဖို့စတင်လာပြီဆိုတော့ အ၀တ်ဘီရိုထဲ က မလိုချင်တာတွေရှင်း
လိုတာလေးတွေဖြည့်တဲ့နေရာမှာ ကျွန်တော်ပြောခဲ့တဲ့ရေမွှေးလေးတွေကို collection တစ်ခုအသွင်စုဆောင်းထားပါက
စာဖတ်သူအတွက် အကျိုးမနည်းစေရပါဘူးလို့။ (ရာသီဦးကာလတွေ ဆွတ်ဖြန်းလို့သင့်တဲ့ရေမွှေးရနံ့တွေဖြစ်ပါတယ်။)
ပန်းရနံ့၊ချိုမြိန်သော၊လန်းဆန်းသော
ပြီးတော့ နံ့သာမွှေးရနံ့ဆန်သော မွှေးရနံ့ဆယ်မျိုးကို စာဖတ်သူရဲ့ စိတ်အခြေအနေအလိုက် ရာသီဥတုနဲ့အချိန်အခါအလိုက်
ဆွတ်ဖြန်းခြင်းဖြင့် သွားလာလှုပ်ရှားနေထိုင်မှုတိုင်း မှာ တက်ကြွအသက်ဝင်ပါစေလို့နော်။