HIV ရောဂါ ကူးစက်ခံရသူများမှ လူဦးရေ (၄) သောင်းခန့်သာ
ရရှိနေသည့် HIV ပိုးထိန်းဆေး ART
ပြည်တွင်းရှိ
HIV ရောဂါပိုး ကူးစက်ခံရသူများထဲမှ လူဦးရေ (၄) သောင်းခန့်သာ HIV ပိုးထိန်းဆေး ART
ဆေးကို ရရှိနေသေးတယ်လို့ အမျိုးသား ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးစီမံချက်ရဲ့
စစ်တမ်းများအရ သိရပါတယ်။ လက်ရှိ ပြည်တွင်းရဲ့ ခန့်မှန်းခြေ လူဦးရေ
(နှစ်သိန်းလေးသောင်း) ခန့်ဟာ HIV ပိုး ကူးစက်မှု ခံစားနေရတာဖြစ်ပြီး
မူးယစ်ဆေးထိုးသူများနဲ့ လိင်တူဆက်ဆံသူများမှာ ရောဂါပိုး ကူးဆက်မှု
ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ အဲ့ဒီလို ရောဂါပိုး ကူးစက်ခံရသူများထဲမှ
လူကြီးနဲ့ကလေး လူဦးရေ (၄) သောင်းခန့်သာ ART ဆေးရရှိတဲ့ အတွက် ကုသနိုင်မှု ကွာဟချက်
ကြီးမားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ဒီလို ကုသနိုင်မှုတွေကို တိုးမြှင့်နိုင်ဖို့ အတွက် ဝေးလံပြီးရောက်ရှိဖို့ ခက်ခဲပြီး ဘေးဒုက္ခကျရောက်လွယ်တဲ့ ဒေသများမှ ပြည်သူများကို ကျန်းမာရေး ၀န်ဆောင်မှုများ ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် အစိုးရနဲ့ HIV/AIDS ကုသရေးနဲ့ ကာကွယ်ရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်နေတဲ့ NGO အဖွဲ့အစည်းများကြား ချိတ်ဆက်ပေးမယ့် မဟာဗျူဟာ ချမှတ်နိုင်ဖို့ ဂျပန်နိုင်ငံရန်ပုံငွေမှ ထောက်ပံ့ငွေသုံးစွဲပြီး ADB ဆောင် ရွက်ပေး သွားမှာဖြစ်ပါတယ်။
ဒီလို ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် ဂျပန်နိုင်ငံ ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၁၀) သန်းကို သုံးစွဲပြီး ADB မှမွန်၊ ကရင်၊ ရှမ်းပြည်နယ်တို့ရှိ ကျေးရွာပေါင်း (၇၃၉) ရွာမှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ အဆိုပါ စီမံချက်ကို လာမယ့် (၂၀၁၇) ခုနှစ်ထိ ဆောင်ရွက်မှာဖြစ်ပြီး HIV/AIDS လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါများအတွက် အစီအစဉ်ချမှတ်တဲ့ ကျန်းမာရေး စနစ်ပိုမိုကောင်းမွန် လာမှာဖြစ်တယ်လို့ သိရ ပါတယ်။
ဗုဒ္ဓဘာသာ ပြန့်ပွားစေဖို့အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်တဲ့ ဓါတ်ပုံပြပွဲကို ဇန်န၀ါရီလ (၆) ရက်နေ့က ရွှေတိဂုံစေတီတော် ချမ်းသာကြီး တန်ဆောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံပြပွဲကို တရုတ်သံရုံးမှ ကြီးမှူးပြသတာ ဖြစ်ပြီး ဇန်န၀ါရီလ (၆) ရက်နေ့မှ (၁၉) ရက် နေ့အထိ (၁၄) ရက်ကြာ ပြသသွားမှာဖြစ်ပါတယ်။ အဆိုပါပြပွဲမှာတော့ ဓါတ်ပုံပေါင်း (၆၅) ပုံ ပြသထားတာဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးက ရိုက်ကူး ထားတာပဲဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုရိုက်ကူးရာမှာ တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်မှ ဘုန်းတော်ကြီးကျောင်းများမှ ဘုန်းတော်ကြီးများရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ လှုပ်ရှားပုံများကို ရိုက်ကူး ထားတာပဲဖြစ်ပါတယ်။ အဆိုပါပြပွဲကို ပြုလုပ်ရခြင်းဟာ တရုတ်နိုင်ငံမှ ဘုန်းတော်ကြီးများရဲ့ ဗုဒ္ဓဘာသာ ပြန့်ပွားရေး ဆောင်ရွက်နေပုံများကို သိရှိစေဖို့နဲ့ ဗုဒ္ဓဘာသာပြန့်ပွားစေဖို့ ရည်ရွယ်ပြုလုပ်တာပဲဖြစ် တယ်လို့သိရပါတယ်။ အဆိုပါပွဲမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမှ ရွှေတိဂုံစေတီတော်မြတ်ကြီး ဝေယျာဝစ္စအတွက် အလှူငွေ ကျပ်သိန်း (၅၀) လှူဒါန်းမှုကိုပါ ဆောင်ရွက်ခဲ့သေးတယ်လို့ သိရပါတယ်။
MRTV-4 - HIV ရောဂါ ကူးစက်ခံရသူများမှ လူဦးရေ (၄) သောင်းခန့်သာ ရရှိနေသည့် HIV ပိုးထိန်းဆေး ART
ယောင်္ကျားပေါင်း
၃၀ ကျော်နှင့် လိင်ဆက်ဆြံ ပီး HIV ပြန့်နှံ့ေ စခဲ့သူကို ရဲက တရားစွဲဆို
အမေရိကန် နိုင်ငံမှာ ရှိတဲ့ အသက် (၂၂)
နှစ် အရွယ် တက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်တဲ့ မိုက်ကယ်ဂျွန်ဆင်ဟာ ယောက်ျားပေါင်း
(၃၀) ကျော်ကို HIV ပိုး ကူးစက်အောင် ပြုလုပ်ခဲ့လို့ အရေးယူမှုနဲ့ ရင်ဆိုင်နေ ရပြီ
ဖြစ်ပါတယ်။ မိုက်ကယ်ဂျွန်ဆင်ဟာ မိန်းမလျာ တစ်ဦးဖြစ်ပြီး အင်တာနက် ပေါ်ကနေ ယောက်ျားတွေကို
ဆွဲဆောင်စည်းရုံးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
မိုက်ကယ်ဂျွန်ဆင်ဟာ အမျိုးသား
အဖော်တွေနဲ့ အကာ အကွယ်မဲ့ လိင်ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် သူနဲ့ ပျော်ပါး
ခဲ့တဲ့သူတွေ အားလုံးကိုလည်း ဗွီဒီယိုမှတ်တမ်း တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိုက်ကယ်
ဂျွန်ဆင်ဟာ စိန့်ချာလီမြို့က လင်အိုဝုဒ် တက္ကသိုလ်မှာ ပညာသင်ကြား နေသူဖြစ်ပြီး
နပန်းကစားသမား ဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့က မိုက်ကယ် ဂျွန်ဆင်ကို HIV
ပိုး ကူးစက်ပျံ့နှံ့စေမှုဖြင့် စွဲချက် တင်ထား ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဟာ
မိုက်ကယ်ဂျွန်ဆင်ကြောင့် HIV ရောဂါပိုး ဘယ်နှယောက် ကူးစက်သွား သလဲဆိုတာ စုံစမ်း
နေဆဲ ဖြစ်ပြီး ဗွီဒီ ယိုခွေ မှတ်တမ်းတွေ အရ သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု
ပြုလုပ်ခဲ့သူ (၃၂) ဦးအထိ ရှိတယ်လို့ သိရပါတယ်။ တရားရေး အရာရှိ တစ်ဦးက မိုက်ကယ်
ဂျွန်ဆင်ဟာ သူနဲ့ ဆက်ဆံတဲ့ အဖော်တွေကို ဗွီဒီယို ရိုက်ကူးမှု ပြုလုပ်ထားကြောင်း၊
ဒါကိုလည်း ဘယ်သူကမှ သိခဲ့ပုံ မရကြောင်း၊ ဗွီဒီယို ဖိုင်မှတ်တမ်းတွေကို
သူ့ရဲ့လက်တော့ပ်မှာ သိမ်းဆည်းရမိကြောင်း ပြောကြားခဲ့ပါတယ်။
မိုက်ကယ် ဂျွန်ဆင်နဲ့ လိင်ဆက်ဆံခဲ့သူ
တစ်ဦးဟာ ရောဂါကူးစက်ကြောင်း သိရှိပြီးတဲ့နောက် တိုင်ချက်ဖွင့်ခဲ့ရာမှ အခုလို
အဖြစ်အပျက်ကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ကတော့ အမှုကို ခိုင်မာစွာ
တည်ဆောက် နိုင်ဖို့ မိုက်ကယ်ဂျွန်ဆင်နဲ့ ပျော်ပါးခဲ့သူတွေကို ရဲစခန်းထံ
လာရောက်ပြီး ဆက်သွယ်ဖို့ တိုက်တွန်းနှိုးဆော် ထားပါတယ်။ ဒီအမှုကို စုံစမ်းစစ်
ဆေးမှုတွေ ပြုလုပ်နေတာ ငါးလကျော်သွားခဲ့ ပြီဖြစ်ပြီး သက်သေပြ ထွက်ဆိုချက်တွေ
မခိုင်မာသေးတာမို့ ကြာမြင့်နေတာ ဖြစ်ပါတယ်။
နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း
ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း
ပါဝင်
ရန်ကုန်၊ ဇန်န၀ါရီ ၂၂
ရန်ကုန်၊ ဇန်န၀ါရီ ၂၂
ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့် ရရှိရန် အစုငွေ ထည့်ဝင်ထားသော
ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ
ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု
ကျပ်(၁၃၁၈)သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။
၎င်းက ““ကျွန်တော်တို့က အမှတ်(၅) ရှင်စောပုလမ်း၊ စမ်းချောင်းမှာ နေတာပါ။ ကျွန်တော်တို့ တိုက်ခန်းကို ဒေါ်ဆွေဆွေအုန်းတို့က ငှားနေပါတယ်။ ဒီ ၂၀၁၄ မတ်လကျမှ စာချုပ် ပြည့်ပါမယ်။ တိုက်ခန်း ငှားရမ်းခက တစ်လကို လေးသိန်းပါ။ စာချုပ်မှာ တစ်နှစ်ချုပ်ပေမယ့် လစာကိုတော့ ၆လ တစ်ခါ ရှင်းပါတယ်။ သူက လုပ်ငန်း ကြီး လုပ်ကိုင်တော့ ရှယ်ယာတွေ ထည့်ဝင်ကြတာပေါ့။ Cupid ပရိဘောဂပစ္စည်း ထုတ်တာပေါ့နော်။ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်(၂)၊ ဦးဘိုးလှိုင်လမ်းမှာလည်း သူ့စက်ရုံ ရှိတယ်လို့ သိရတယ်။ ကျွန်တော် တို့နဲ့ ခင်နေတာလည်း အတော်ကြာပါပြီ။ အစုထည့်ဝင်ငွေအတွက် တစ်လကို ကျပ်(၄၄) သိန်း ကျွန်တော်တို့က ရတယ်။ ပထမတော့ အမြတ်ငွေကို မှန်မှန်ပေးတယ်။ နောက်တော့ လုပ်ငန်းရှုံးလို့ဆိုပြီး ငါးသိန်းပေးလိုက်၊ ငါးသိန်းပေးလိုက် တစ်ခါတလေ သိန်း(၅၀)ပေးနဲ့ လစဉ်ရှင်းရမယ့် ငွေကြေးက အမြဲတမ်း ကျန်တယ်။ ခုပြီးသွားတဲ့ ဒီဇင်ဘာဆိုရင် ငွေ(၇)သိန်းပဲ ရသေးတယ်””ဟု ပြောသည်။
၎င်းကဆက်၍ ““ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း အမှတ်(၈) ဆိုရင်လည်း တစ်ခန်း ရောင်းပြီးသားကို နောက်လူထပ်ရောင်းနဲ့ ပြဿနာတွေ ကြားနေရတယ်။ ကျွန်တော် ငှားထားတဲ့ အခန်းကိုလည်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ကျွန်တော့်ဦးလေးတွေ အဒေါ်တွေဆိုရင် ၀န်ထမ်းလစာ ရတဲ့ငွေကို စုဆောင်းပြီး ထည့်ထားတာ ခုတော့ သူဘယ်လို ရှင်းမလဲ။ ကျွန်တော်တို့ ရမယ့် ငွေကြေးအတွက် ရှိတာကုန် သွားမှာမို့ တရားလည်း မစွဲနိုင်တော့ပါဘူး။ တချို့ဆို လူကို ယုံကြည်မှုနဲ့ စာချုပ်တောင် မချုပ်ဘဲ အလွတ် ပေးကြတာတွေ ရှိတယ်။ ခုလိုအရေးယူ ခံရတယ် ဆိုတော့လည်း စိတ်မကောင်းပါဘူး။ သူ့ကိုတွေ့ရင် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလောက်ငွေတွေ အများကြီး ဘာတွေ သုံးလိုက်တာလဲ ဆိုတာပါပဲ””ဟု ပြောသည်။
အဆိုပါ ဒေါ်ဆွေဆွေအုန်းထံတွင် အစုရှယ်ယာ ထည့်ဝင်ကြသည့် လူတန်းစားများမှာ တရားရုံးချုပ်(ငြိမ်း) တရားသူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများ ပါဝင်ပြီး နာမည်ကြီး အဆိုတော် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစုထည့်ဝင်ခြင်း မဟုတ်ပါဟု ငြင်းဆိုသည်။ ထိုသူမှာ ထွန်းထွန်း (Example) ဖြစ်သည်။
သိန်းပေါင်း (၆၃၀၀) အစု ထည့်ဝင်သူ (အမည်မဖော်လိုသူ) ကလည်း ““ကျွန်မ ဖခင်နဲ့မိခင်က နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတာ၊ ဒေါ်ဆွေဆွေအုန်းကို ယုံကြည်ပြီး ရှယ်ယာ ထည့်ပါတယ်။ တစ်ခါတည်း ဆုံးရော။ သူနဲ့ ရန်ဖြစ်ရတာလည်း အတော်မောနေပြီ၊ အမှုလည်း ဆက်မလုပ် ချင်တော့ပါဘူး။ အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ သိပ်လည်း မရင်းနှီးဘဲ ဒီလောက် ငွေကြေးတွေ ထည့်ဝင်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့ မဆုံးဘူး။ သြော် ငါးထမင်းချဉ်တော့ မကြာခဏ လာပို့တယ် ””ဟု ပြောသည်။
မှတ်ချက်။ (အဆိုပါသူအား ဂုဏ်သိက္ခာအရ အမည် မဖော်ပြသော်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း နိုင်သည်။)
ပတ်ဝန်းကျင်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်း သိန်း (၁၀၀၀) ပါဝင်သည်ဟု သတင်းကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အ၀င်ဖုန်း ပိတ်ထားသည်ဟု ဖြေကြားသည်။
တရားလို (အမည်မဖော်လိုသူ) ကျွန်းပါကေးတုံးပေါင်း (၃၅၁၀၀)တန်ဖိုးငွေကျပ် သိန်း (၃၀၀) အတွက် အမှုဖွင့် ထားသူကလည်း ရှယ်ယာငွေ ကျပ်သိန်း(၂၀၀၀) ထည့်ထားသည့် အမှုအတွက် မည်သို့မျှ ဒေါ်ဆွေဆွေအုန်းနှင့် မရင်ဆိုင်ရသေးကြောင်း၊ ယင်းသိန်း ၂၀၀၀ သည် ဆွေမျိုးများ၏ ၀ိုင်းဝန်း ထည့်ဝင်ငွေများ ဖြစ်ပြီး ၄င်းက တာဝန်ခံ ထားသဖြင့် စိုက်ရှင်းရမည် ဖြစ်၍ ခေါင်းခဲလျက် ရှိကြောင်း ပြောကြားသည်။
““ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဆိုတာက မည်သူမဆို ရာဇ၀တ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် အဲဒီလူကို သုံးနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမယ်တဲ့။ နောက်ပြီး အာမခံ မပေးနိုင်ဘူး။ ကျေအေးခွင့် မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်””ဟု တရားရုံးချုပ် လ/ထ ညွှန်ကြားရေးမှူး (ငြိမ်း) တရားလွှတ်တော် ရှေ့နေ ဦးသောင်းမြင့်က ပြောသည်။
အဆိုပါ အစုရှယ်ယာရှင် အချို့ထံ ဒေါ်ဆွေဆွေအုန်းက ငါးထမင်းချဉ် ပေးပို့လေ့ ရှိသည်ဟုလည်း သိရပြီး ၂၂-၁-၂၀၁၄ တွင် အစုရှယ်ယာရှင်များကို ဒေါ်ဆွေဆွေအုန်းက တွေ့ဆုံ ညှိနှိုင်းမည်ဟု အကြောင်းကြား ထားသော် လည်း ၂၁-၁-၂၀၁၄ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပုဒ်မ ၄၀၆ ဖြင့် အရေးယူ ခံထားရသဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် မသိကြောင်း အခုရှယ်ယာရှင် ကိုဖြိုးမင်းသိန်းက ထပ်လောင်း ပြောကြားသည်။
ဒေါ်ဆွေဆွေအုန်း၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ထံ ဆက်သွယ် မေးမြန်းရာ ““မိသားစု သော်လည်းကောင်း၊ ဆွေမျိုး များမှသော်လည်းကောင်း အမှုကိစ္စနှင့် ပတ်သက်၍ အမှုသည်၏ ညွှန်ကြားချက်အရ ပြောဆိုမည် ဖြစ်သော်လည်း ညွှန်ကြားချက်နှင့် သွေဖည်သော မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအား ပြောကြားခွင့် မရှိပါ။ အခြား လိုအပ်တာ မှန်သမျှ လုံးဝ ကူညီမည်”” ဟုပြောသည်။
စိန်မျက်ခုံး
Myanmartandawsint Newspaper

No comments:
Post a Comment