Thursday, August 22, 2013

ငါးငှက်ပျောရွက်ကင် (Otak – Otak)



အင်ဒိုနီးရှားမှာတော့ အဆန်းတကျယ်မဟုတ်ပေမယ့် ကိုယ်တို့မြန်မာပြည်မှာ လုပ်စားလို့ရအောင် သူငယ်ချင်းတစ်ယောက် ရဲ့မှတ်စုထဲက ကူးယူဝေငှလိုက်ပါတယ်…… အရသာရှိစွာစားသောက်နိုင်သော အာရှအစားအစာတစ်ခုပေါ့နော်။

ပမာဏ - ၄ ဦးစာ

ပြင်ဆင်ချိန် - ၂ နာရီ

ချက်ပြုတ်ချိန် - ၃၀ မိနစ်

ပါဝင်ပစ္စည်းများ
ငါးအသား ၅၀၀ ဂရမ် (၁ပေါင်) အရိုးထုတ်ပြီးစဉ်းထားပါ။ အုန်းနို့ ၂၅၀ မီလီလီတာ (ဖန်ခွက်၁ခွက်စာ)၊ ရေ - ၂၅၀မီလီလီတာ (ဖန်ခွက် ၁ခွက်စာ)၊ ဆား ကော်ဖီဇွန်း ၁ ၁/၂ ဇွန်းစာ၊ ငါးထုပ်ရန် ငှက်ပျောရွက် သို့မဟုတ် အုန်းရွက် အနည်းငယ်။

ငါးထဲထည့်ရန် အနှစ်
ကြက်သွန်နီဥသေး ၁၀ဥ၊ စပါးလင် ၂ ပင်(အောက်ခြေရှိ နူးညံ့သောအပိုင်းကိုယူပြီး နုတ်နုတ်စဉ်းထားရန်)၊ချင်း ၆စင်တီမီတာခန့်၊ အုန်းသီးဆန်ကြော် ဟင်းစားဇွန်း ၂ဇွန်းခန့်၊ ငရုတ်သီးအမှည့်အနီအတောင့်ရှည် ၁၂တောင့် အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ။ ပုစွန်ခြောက် မှုန့် ဟင်းစားဇွန်း ၁ဇွန်း၊ ရေ ၂၅၀မီလီလီတာ (ဖန်ခွက် ၁ခွက်စာ)၊

ပြုလုပ်ပုံ
ငါးထဲထည့်ရမည့် အနှစ်များအားလုံးကို ညက်အောင်ထောင်းပြီး နှံ့စပ်အောင်ရောမွှေပါ။

၎င်းအနှစ်နှင့် ငါးအသားအနှစ်များ၊ အုန်းနို့၊ ရှောက်ရွက်ပါးပါးလှီးထားသည်များကို သေချာစွာရောနယ်ပါ။

ငှက်ပျောရွက်ကို ပျော့ပျောင်းစေရန် မီးအပူရှိန်ဖြင့် အနည်းငယ်ကင်ပါ။ အုန်းရွက်ကိုလည်းသုံးနိုင်ပါတယ်။ ငှက်ပျောရွက်ကို ၃၀စင်တီမီတာခန့် စတုရန်းပုံဖြတ်ပါ။

ငှက်ပျောရွက်ထဲကို ငါးအနှစ်ဟင်းစားဇွန်း ၃ဇွန်းစာခန့်ထည့်ပြီး ခပ်ပြားပြားရှည်ရှည် (၃စင်တီမီတာ x ၆စင်တီမီတာအရွယ်အစားခန့်) အထုပ်ပြုလုပ်ပါ။ အထုပ်၏ထိပ်နှစ်ဘက်မှာ သွားကြားထိုးတံဖြင့်ထိုးကာပိတ်ပါ။

ပြီးလျှင် အကင်စက်ထဲမှာဖြစ်စေ၊ မီးဖို Hotplate ပေါ်မှာဖြစ်စေ ၅မိနစ်ခန့်ကင်ပါ။

အဆာပြေစားစရာ Snack အနေနှင့်ဖြစ်စေ၊ထမင်းဖြူဖြင့်ဖြစ်စေ၊ဆင်းဒ၀စ်ခ်ျထဲမှာ အဆာပလာအနေနှင့်ဖြစ်စေ စားသုံးနိုင်ပါတယ်။

No comments: