အမေရိကန် သုတေသီများက ခုခံအား
ဆဲလ်အချို့တွင် HIV ကို တိုက်ထုတ်နိုင်သော အာနိသင်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု
သိရသည်။ အဆိုပါ ...အချက်သည် HIV ပိုးကို ကိုယ်ခန္ဓာမှ တိုက်ဖျက်ရာတွင် အသုံး
ဝင်စေမည် ဟုလည်း ဖော်ပြထားသည်။
ယခုတွေ့ရှိသော ဆဲလ်စနစ်တွင်
အစိတ်အပိုင်းနှစ်ရပ် ပါဝင်ကြောင်း၊ အင်ဇိုင်းစနစ်များ၊ DNA စနစ်များ
ပါဝင်နေကြောင်း၊ အဆိုပါဆဲလ်သည် အခြား ခုခံအားဆဲလ်များ၏ DNA အတွင်းသို့
ဝင်ရောက်နိုင်ပြီး HIVပိုးကို တိုက်ဖျက်နိုင်မည့် DNA recording system ကို
ဖန်တီးနိုင်ကြောင်းကို ယခု သုတေသနကို ပြုလုပ်ခဲ့သော ဂျွန်ဟော့ကင်း တက္ကသိုလ်မှ
သုတေသီများကပြော ကြားခဲ့သည်။
ယခုတွေ့ရှိမှုသည် ကိုယ်ခန္ဓာမှ HIV ကို
တိုက်ဖျက်ရာတွင် နည်းလမ်းသစ် တစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ မျိုးဗီဇ ဆိုင်ရာ
ကျွမ်းကျင်သူများ၊ ဇီဝဓာတု ဗေဒပညာရှင်များ ပူးပေါင်းလေ့လာမှု အရ ထွက်ပေါ်လာသော
အသီးအပွင့် တစ်ရပ်ဖြစ်ကြောင်း၊ ဆဲလ်များအား ဗိုင်းရပ်တိုက်ဖျက်သည့်
စနစ်ကိုပြောင်းလဲပေးနိုင်ပါက HIV ကူးစက်ခံထား ရပြီး သူများအတွက်
မျှော်လင့်ချက်များ အကောင်အထည် ပေါ်လာနိုင်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၊
ဆေးဝါးဗေဒ နှင့်မော်လီကျူး ဆိုင်ရာ ဆေးပညာဌာန Dr. James Stivers က ပြောကြားခဲ့သည်။
ယခုလေ့လာမှုကို Johns Hopkins
University မှ ထုတ်ဝေသော Biomedical Sciences Journal တွင် ဖော်ပြထားခြင်းဖြစ်သည်။
သက်ကို
Ref: IANS
Health Updates Journal
Vol-2,No-6
Myawady News
Ref: IANS
Health Updates Journal
Vol-2,No-6
Myawady News
ချိုးငှက်ဟူသည် - HIV နှင့် ပတ်သက်၍ သုတေသန ရလဒ်သစ် တစ်ခုပေါ်ပေါက်
HIV
လူနာ စောင့်ရှော က်ပေးနေသော အေးမြကရုဏာ ဖောင်ဒေးရှ င်း အလှူရှင် လိုအပ်နေ
အိပ်ခ်ျအိုင်ဗွီပိုး
ရှိသူများကို စောင့်ရှောက်မှု ပေးနေသော အေးမြ ကရုဏာ ဖောင်ဒေးရှင်းတွင် အလှူရှင်များ
လိုအပ်နေကြောင်း ယင်းဖောင်ဒေး ရှင်းမှ သိရသည်။အဆိုပါ ဖောင်ဒေးရှင်းတွင် အိပ်ခ်ျအိုင်ဗွီပိုး ရှိသူ ၆ဝ ကျော်ကို တည်းခိုရေးနှင့် အာဟာရ အတွက် အဓိက ထောက်ပံ့ပေးလျက် ရှိကြောင်း အေးမြ ကရုဏာဖောင်ဒေးရှင်းမှ နာယက ဆရာတော် ဦးကုဏ္ဍလက မိန့်သည်။ လက်ရှိတွင် ၄င်းတို့၏ အာဟာရ အတွက် ဖောင်ဒေးရှင်း၏ စိုက်ပျိုး သီးနှံများ အပေါ်တွင် အဓိကမှီခိုနေရကြောင်း ၄င်းက ပြောသည်။
ဖောင်ဒေးရှင်း၌ လက်ခံထား သောလူများတွင် လူလတ်ပိုင်း အများဆုံး ဖြစ်ပြီး တစ်နေ့လျှင် အာဟာရ သုံးကြိမ် ကျွေးရပြီး ရေရှည်တွင် အာဟာရ အတွက်ပင် အခက်အခဲများ ရှိနေကြောင်း ၄င်းကပြောသည်။ အေးမြ ကရုဏာ ဖောင်ဒေးရှင်းကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ မှစတင် ဖွဲ့စည်းခဲ့ပြီး (ဈ) ရပ်ကွက်၊ မေဓာဝီလမ်း၊ ဝေဘာဂီ အထူး ကုဆေးရုံရှေ့၊မြောက်ဥက္ကလာတွင် ဖွင့်လှစ်ထားသည်။
လှူဒါန်းလိုပါက (ဝ၉၄၂၁ ၁၃၂၉၂၁၊ ဝ၉-၄၃၁၁၂၁၁၉၊ ဝ၉-၇၃၄၉၄၂ဝ၇) သို့ ဆက်သွယ်နိုင် ကြောင်းသိရသည်။
မြတ်စုငြိမ်း (ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁)
Popular Myanmar - HIV လူနာ စောင့်ရှောက်ပေးနေသော အေးမြကရုဏာ ဖောင်ဒေးရှင်း အလှူရှင် လိုအပ်နေ
No comments:
Post a Comment