Thursday, February 7, 2013

G-mail INbox


Online မှာရုပ်ရှင်ကြည့်မယ်

အင်တာနက်ပေါ်ကနေ နိုင်ငံတကာရုပ်ရှင်ဇာတ်ကားတွေအစအဆုံးကြည့်ချင်တဲ့သူတွေအတွက် ဆိုက် ကောင်းကောင်းလေးတစ်ခု ရှိပါတယ်။

ဆိုက်ရဲ့လိပ်စာက http://www.watch32.com/ ဖြစ်ပါတယ်။ ရုပ်ရှင်ကိုတစ်ဖိုင်တည်းအစအဆုံးပြတာမဟုတ်ဘဲ အပိုင်း လိုက် လေးတွေခွဲပေးထားတဲ့အတွက် ကွန်နက်ရှင်သိပ်မကောင်းတဲ့သူတွေအတွက် တော်တော်လေးကိုအဆင်ပြေတာတွေ့ရပါတယ်။

ဆိုက်ကတော်တော်လေးကို့စိအေန ဖြစ်တာလည်း တွေ့ရပါတယ်။နောက်ဆုံးထွက်ဇာတ်ကားတော်တော်များများကို အဲဒီဆိုက် မှာရှာလို့ရပါတယ်။ ဇာတ်ကားတွေသိပ်များလွန်းလို့ ဘာကားကြည့်ရမယ်ဆိုတာ မသိရင် Popular Movies ဆိုတဲ့ Menu လေးနှိပ်လိုက်တာ အကောင်းဆုံးပါပဲ။ သူ့ဝက်ဆိုက်မှာဇာတ်ကားအသစ်ထွက်တိုင်း ကိုယ့် Facebook Wallမှာလာ ပေါ် နေစေချင်တယ်ဆိုရင်တော့ https://www.facebook.com/watch32  ကိုသွားပြီး Like လုပ်ထားလို့ရပါတယ်။

ဖုန်းအကြောင်း မြန်မာလိုတင်ပေးထားတဲ့ ၀က်ဘ်ဆိုက်
မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဖုန်းကိုင်ဆောင်မှု များလာပါပြီ။ အဲဒီလိုမျိုးများလာပေမယ့်လည်း မိုဘိုင်းလ်တစ်ခုတည်းကိုပဲ သီးသန့်ရှင်းပြတဲ့
Website ဆိုတာ ရှားပါသေးတယ်။အဲဒီလိုမျိုး ရှားတဲ့ကြားက တချို့ဆိုက်တွေက နာမည်ကြီးပြီးတော့တချို့ဆိုက်ကောင်းလေးတွေက လူမသိသေးတာတွေ ရှိပါသေးတယ်။ အခုပြောပြပေးချင်တဲ့ Website ကတော့ Zealot လို့ခေါ်တဲ့ Website ပါပဲ။

သူ့မှာဖုန်းအမျိုးအစား အမျိုးမျိုးနဲ့ပတ်သက်ပြီး တစ်ခုချင်းစီအလိုက်ရေးပေးထားပါတယ်။ နောက်ထပ်သူ့မှာ ဖုန်းအမျိုးအစားနဲ့ ပတ်သက်
တာတွေကို Categories အလိုက်Review ပါ ကြည့်လို့ရအောင် ပြုလုပ်ပေးထားတာဖြစ်ပြီး ဖုန်းထဲမှာထည့်သွင်းလို့ရတဲ့ Application တွေ၊ကစားလို့ရတဲ့ Games တွေကိုလည်းတင်ပေးထားတာအတွက်ကြောင့် အခုမှSmart Phone တစ်လုံးကို အသုံးပြုသူတွေအတွက် အဆင်ပြေစေမှာပါ။ အဲဒါအပြင် Phone Review ကဏ္ဍမှာလည်းအသစ်ထွက်တဲ့ ဖုန်းတွေအတွက်ဘယ်ဟာက အားသာတယ်၊ ဘယ်ဟာက မကောင်းဘူးဆိုတာကိုပါ ထည့်သွင်းထားတာမို့ အခုမှ ဖုန်းဝယ်ယူမယ့်သူတွေအနေနဲ့လည်း အားကိုးလို့ရမယ့် Website တစ်ခု ဖြစ်မှာပါ။

အသုံးပြုချင်တယ်ဆိုရင်တော့ http://www.zealot-mko.blogspot.com/ ကို ၀င်ပြီးကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ ၀င်ငွေရှာမယ်

အွန်လိုင်းပေါ်မှာ တချို့က သူငယ်ချင်းတွေနဲ့ Chat လုပ်ကြဖို့၊ တချို့ကျတော့ နည်းပညာလေ့လာကြဖို့၊ အွန်လိုင်းပေါ်မှာ ၀င်ငွေကို ဘယ်လိုရှာရမလဲလို့ စဉ်းစားနေတဲ့ သူတွေရှိပါတယ်။အခုပြောပြပေးချင်တာကတော့ အွန်လိုင်းပေါ်မှာ ၀င်ငွေကိုဘယ်လိုရှာမလဲဆိုတာ
ပါ။ ကိုယ့်မှာ ကိုယ်ပိုင် Website တစ်ခုရှိခဲ့ရင် အလွယ်တကူ ကြော်ငြာထည့်ပြီး ၀င်ငွေရှာလို့ရမယ့် နည်းလမ်းလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော AdInnwa ဆိုတဲ့Website ပါ။ အဲ့ဒီ Website ပေါ်မှာ ကြော်ငြာတွေကိုလက်ခံလို့ရသလိုပဲ AdInnwa မှာလက်
ခံထားတဲ့ ကြော်ငြာတွေကို ကိုယ့်ဝက်ဘ်ဆိုက်မှာ လာပေါ်အောင်ပြုလုပ်ပေးတာမျိုးဖြစ်ပါတယ်။ သူ့ပုံစံက Google မှာ
ဆိုရင် Google Adsense ပုံစံမျိုးပါ။

Google Adsense ကကျတော့ မြန်မာနိုင်ငံအတွက်အဆင်မပြေဖြစ်တတ်တာမျိုးရှိတဲ့အတွက် AdInnwa မှာဆိုရင် အဆင်ပြေစေ ပါတယ်။ AdInnwa ကကြော်ငြာတွေကို လက်ခံတော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ဝက်ဘ်ဆိုက် နာမည်နဲ့ အကောင့်တစ်ခု သွား ဆောက်ရပါတယ်။ ဥပမာ- www.thevoicemyanmar.com ဆိုရင် Username (အသုံးပြုနာမည်) Password (စကားဝှက်) နဲ့
ဝက်ဘ်ဆိုက်လိပ်စာထည့်ပေးရပါတယ်။ ဘာလို့ထည့်ပေးရလဲဆိုတော့အဲ့ဒီ Website Page မှာ ကြော်ငြာမှာဖြစ်လို့ပါ။

ပြီးရင်လိုအပ်တာတွေကိုထပ်ဖြည့်ပြီး Register ဆိုတာလေးကိုနှိပ်ပေးပါ။ Admin တွေဘက်က စစ်ဆေးတာကိုတော့ ခဏစောင့်ရမှာ ဖြစ်ပြီးစစ်ဆေးပြီးတာနဲ့ ချက်ချင်း အကြောင်းပြန်ပေးသွားမှာဖြစ်ကာ Activate ပြုလုပ်သွားမှာပါ။Register လုပ်မယ့်သူတွေအနေနဲ့ http://platform.adinnwa.com/default/sign-up/publisher မှာဝင်ပြီး Register လုပ်ရမှာဖြစ်ပြီး ပိုက်ဆံကတော့ သုံးသောင်း (ဒေါ်လာ ၄၀ ) ပြည့်တိုင်းထုတ်ခွင့်ရနေမှာပါ။ Paypal အကောင့်နဲ့ ထုတ်ခွင့်ရှိသလိုမျိုး မြန်မာနိုင်ငံမှာ နေထိုင်တဲ့သူ တွေအတွက် ရန်ကုန်ကနေ ထုတ်ခွင့်ရအောင် ပြုလုပ်ပေးထားပါသေးတယ်။

ပိုက်ဆံကလည်း ကလစ်တစ်ချက်နှိပ်တိုင်းရနေမှာမဟုတ်ပါဘူး။ အဲ့ဒါအပြင်အဓိကအရေးကြီးတာက Website က ကြော်ငြာကို ကိုယ့် ဘာသာကိုယ် နှိပ်ခွင့်မပေးထားပါဘူး။ နောက်တစ်ခုက စည်းကမ်းချက်နဲ့ အသေးစိတ်ရှင်းပြထားတာတွေကို အရင်ဖတ်သင့်ပါတယ်။ တကယ်လို့ စိတ်ဝင်စားမယ်ဆို၊ ကိုယ့်မှာလည်း လူကြည့်များတ Website ရှိနေမယ်ဆို http://www.adinnwa.com/ ကကြော်ငြာတွေကို လက်ခံပြီးတော့ အွန်လိုင်းပေါ်ကနေ တစ်ဆင့်ပိုက်ဆံရှာနိုင်မှာပါ။

Software စုံတဲ့နေရာ

ကွန်ပျူတာကို Virus ၀င်မှာစိုးရိမ်တဲ့ သူတွေအတွက် ဒီ Website ကအသုံးဝင်မယ်ထင်ပါတယ်။ Kaspersky ဆိုရင်သူ့ရဲ့ Key တွေ တော်တော်များများက Black List ဖြစ်သွားတာဖြစ်ပြီးအခုနောက်ပိုင်းဆိုရင် အသုံးပြုလို့မရတော့ပါဘူး။ အဲ့ဒီအတွက်ကြောင့်
Kasper မဟုတ်ဘဲ ဘယ်လိုဟာမျိုးကိုအသုံးပြုရမယ်ဆိုတာ စဉ်းစားနေရတဲ့သူတွေအတွက် Software တစ်ခုချင်းစီကို အသေး စိတ်ရှင်းပြပေးထားတဲ့နေရာကို ညွှန်ပေးချင်တယ်။ Website မှာ AVG, Kaspersky, Norton, Avastစတာတွေကိုတင်ပေးထားပြီး တခြားလုံခြုံရေးနဲ့ဆိုင်တာတွေကိုလည်း တင်ပေးထားပါသေးတယ်။ တခြား Software တွေဖြစ်တဲ့ Adobe Photoshop,Pagemaker စတဲ့ Software တွေကိုလည်း Softwares အောက်မှာ တင်ပေးထားပါသေးတယ်။ နောက်ထပ် IDM နဲ့ပတ်သက်တဲ့Software Operation System အကြောင်းတွေကိုလည်းလေ့လာလို့ရအောင် တင်ပေးထားတာဖြစ်ပြီး တကယ်လို့လိုအပ်လို့ Download လုပ်ချင်တယ်၊ ၀င်လေ့လာချင်တယ်ဆိုရင် http://daoudsoftwareworld.blogspot.com သို့မဟုတ် https://www.facebook.com/DaoudSoftwareWorld  မှာ ၀င်ရောက်လေ့လာလို့ရမှာပါ။

စာသားပါသီချင်းသစ်တွေ အမြဲတမ်းရယူမယ်

ဂီတဟာ လူတွေနဲ့ မကင်းနိုင်ဘူးလို့ ဆိုလိုက်ရင် ငြင်းချင်သူရှိမယ် မထင်ပါဘူး။ ဒီလိုသူတွေအတွက် အခုပြောပြချင်တာကတော့ နိုင်ငံတကာကနာမည်ကျော်တေးသံရှင်တွေရဲ့ သီချင်းတွေနဲ့ ကိုယ်နားဆင်လိုတဲ့ တေးသီချင်းတွေကို ရယူနိုင်မယ့် TTPop ဆိုတဲ့
ဆော့ဖ်ဝဲလ်လေးတစ်ခုအကြောင်းပါ။ဒီဆော့ဖ်ဝဲလ်လေးရဲ့ ထူးခြားချက်ကတေးသီချင်းတစ်ပုဒ်ကို Download ချလိုက်တာနဲ့ ဒီသီချင်းရဲ့ စာသားတွေပါတစ်ခါတည်းပါဝင်တာဖြစ်ပြီး ကိုယ်လိုက်ဆိုတဲ့ အခါ အဆင်ပြေအောင်ကာရာအိုကေတွေထဲကလို ဖော်ပြပေး
တာဖြစ်ပါတယ်။

အင်တာနက်နဲ့ ချိတ်ဆက်သုံးဖို့လိုတဲ့  TTPop ကလတ်တလော နိုင်ငံတကာမှာ Hits ဖြစ်နေတဲ့ သီချင်းတွေအပြင် Channel V, Hoto Radio, iTunes တို့မှာ ထုတ်လွှင့်နေတဲ့သီချင်းတွေကို နားဆင်နိုင်၊ Download ရယူနိုင်မှာပါ။ Adele , Rihanna , Justin Bieber, Lady Gaga တို့လို နာမည်ကျော်တေးသံရှင်တွေရဲ့ သီချင်းတွေအပြင် West Life, The Beatles,Linkin Park, Bachstreet Boys တို့လိုအဖွဲ့လိုက် အဆိုရှင်တွေရဲ့ တေးသီချင်းတွေပါရရှိနိုင်တာမို့ သီချင်းဟောင်းတွေကို နှစ်သက်သူတွေပါ အကြိုက်တွေ့ နိုင်မှာပါ။ အင်္ဂလိပ်သီချင်းတွေအပြင်လတ်တလော Hits ဖြစ်နေတဲ့ Kpop သီချင်းတွေနဲ့ တရုတ်သီချင်းတွေကိုပါ စာသားတွေနဲ့တကွ ဖော်ပြပေးထားလို့ဘာသာစကားလေ့လာလိုသူတွေပါအထောက်အကူဖြစ်စေမှာပါ။

Andriod စနစ်သုံး ဖုန်းတွေနဲ့ Tablets တွေမှာ ထည့်သွင်း နိုင်မှာဖြစ်ပြီးဒီ Software လေးရဲ့ Updates က ဒီဇင်ဘာလ ၁၇ ရက် နေ့ကမှ ထပ်ပေးထားတာပါ။

1 Mobile Market နဲ့ https://play.google.com/store/apps/details?id=com.sds.android.ttpod မှာအခမဲ့ Download ရယူနိုင်ပါတယ်။

No comments: