ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့နယ်ခွဲ မြို့မတွင်ရှိသော မူးယစ်ဆေးသုံးစွဲသူများအတွက် မိုးကောင်းအခြေစိုက် နိုင်ငံတကာကျန်းမာရေး (NGO) အဖွဲ့ တစ်ဖွဲ့မှ တစ်လလျှင် တစ်ခါသုံးဆေးထိုးအပ် ၆၀၀၀ ကျော်ထောက်ပံ့ပေးနေကြောင်း သိရသည်။
ယခုနှစ် ဧပြီလမှစပြီး ၎င်းတစ်ခါသုံးဆေးထိုးအပ်ကို နိုင်ငံတကာကျန်းမာရေး (NGO) အဖွဲ့မှပေးခြင်းဖြစ်ကြောင်း သိရသည်။ တစ်ခါသုံးဆေးထိုးအပ်များကို တစ်ပတ်(၁)ကြိမ် သောကြာနေ့တိုင်း ပို့ပေးနေခြင်းဖြစ်ပြီး တစ်ခါပို့လျှင် ဆေးထိုးအပ် ၁၅၀၀ ကျော် ပို့ပေးနေကြောင်း NGO အဖွဲ့မှ နီးစပ်သူတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ကားမိုင်းမြို့တွင် အိမ်ခြေ ၃၀၀၀ ကျော်ရှိပြီး ၎င်းတစ်ခါသုံးဆေးထိုးအပ် ၁၅၀၀ သည် မြို့မတွင်ရှိသော သွေးကြောအတွင်း ဘိန်းများထိုးသွင်းသူများအတွက်
“ခုကျနော်တို့မှာ မူးယစ်သုံးစွဲနေတာ ၁၀ ယောက်မှာ ၇ ယောက်က ဆေးစွဲနေကြတာ။ ၁၅ နှစ် အရွယ်ကလေးတွေ ဆေးစွဲနေကြတယ်။ အထက်တန်း ကျောင်းသားတွေလည်း များတယ်။ လူငယ်တွေ အသက်ကြီးတဲ့သူတွေလည်းရှိတယ်။ ဘိန်းဖြူ၊ ဘိန်းမဲအားလုံး သုံးစွဲနေကြတယ်။” ဟု ဆိုသည်။
ဆေးထိုးအပ်များကို ပေါင်းသုံးခြင်းဖြင့် ခုခံအားကျဆင်းရောဂါ AIDS ဖြစ်ပွားမှု လျှော့နည်းအောင် ယခုလို အစိုးရခွင့်ပြုချက်အရ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း
“သုံးပြီးဆေးထိုးအပ်တွေ လမ်းဘေးမှာ ပြန့်ကျဲနေတယ်။ တချို့ကမြစ်ချောင်းထဲ ပစ်တယ်။ ရေစီးလာတော့ ရွာအောက်မှာနေသူတွေက ဆေးထိုးအပ်တွေစူးမိမှာကို အရမ်းစိုးရိမ်တယ်။” ၎င်းဒေသတွင် မူးယစ်ဆေး များကို လွတ်လပ်စွာရောင်းချနေသူများပြီး မှူးယစ်ဆေးသုံးစွဲသူ များခြင်းကြောင့် ရာဇ၀တ်မှုပြဿနာလည်းများနေကြောင်း သိရသည်။ ကားမိုင်းမြို့တွင် မြန်မာအစိုးရ ရဲစခန်းရှိသော်လည်း မှူးယစ်ဆေးများ လွတ်လပ်စွာရောင်းချမှုများနှင့် သုံးစွဲ သူများကို ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း သိရသည်။
ငြိမ်းချမ်းရေးယူသည့် (၂၀၀၄) ခုနှစ်မှ ၎င်းဒေသတွင် မှူးယစ်ဆေးဝါးများပေါများလာခြင်
ကချင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးပြန့်နှံ့မှု အများဆုံးဒေသဖြစ်နေသော်လည်း လွပ်လပ်စွာ တိုက်ဖျက်ခြင်းမရှိပဲ ခရစ်ယာန်အသင်းအဖွဲ့ နှင့် အစိုးရမဟုတ်သော NGO အဖွဲ့များက မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် စီမံကိန်းလုပ်ငန်းများ လုပ်ဆောင် အစိုးရထံတောင်းဆိုခဲ့သော်လည်း လုံးဝခွင့်ပြုခြင်းမရှိကြောင်း ခရစ်ယာန်ဆရာများကပြောသည်။
ကချင်လွတ်မြောက်ရေး တပ်ဖွဲ့သည် ယမန်နှစ်အောက်တိုဘာလမှ စပြီး မူးယစ်ဆေးတိုက်ဖျက်ရေးကို ၄င်းတို့ အုပ်ချုပ်နယ်မြေတွင် ပြင်းပြင်း ထန်ထန် ပြုလုပ်နေသော်လည်း အစိုးရအုပ်ချုပ်နယ်မြေတွင် ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသောကြောင့် မူးယစ်ဆေးဝါး သုံးစွဲမှုလျော့နည်းလာခြင်း မရှိကြောင်း ဒေသခံများပြောသည်။
KNG – ဘိန်းစားများအတွက် တစ်လလျှင် ဆေးထိုးအပ် ၆၀၀၀ ကျော် ကားမိုင်းသို့ ပို့ပေးနေ
နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ ဆေးခန်းကို လူတချို့ ဆန္ဒပြ
ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ AZG ဆေးခန်း စစ်တွေမြို့မှာ ဒီကနေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာကို မြို့ခံလူထု ၂၀ ကျော်က အဲဒီဆေးခန်းရှေ့မှာပဲ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဒီဆေးခန်းကို ယာယီ ပိတ်ထားခဲ့ပြီး စစ်တွေမြို့ အမှတ်-၁၇၊ ကမ်းနားလမ်း၊ မိဇံရပ်ကွက်မှာ ရှုခင်းသာ အမည်နဲ့ ဒီကနေ့ မနက်ပိုင်းက ဆေးခန်း ပြန်လည် ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကိုကျော်ဇောဦးက RFA ကို အခုလို ပြောပါတယ်။
“ဟိုးကတည်းက အမြဲတမ်း ဘက်လိုက်ပြီးတော့ ရခိုင်တွေကို ဘာမှ မကူညီဘူး။ ကူညီတယ်ဆိုရင်လည်း အပြသဘောပဲ ကူညီတယ်။ ပြီးတော့ ဘင်္ဂါလီတွေကို အဓိက ထောက်ပံ့ လှုပ်ရှားပေးနေတဲ့ AZG အဖွဲ့ ကျွန်တော်တို့ကလည်း ဘာမှပြောစရာ မလိုပါဘူး။ အဲဒီတော့ လူထုအနေနဲ့ သူ့အလိုလို ဒီလို ဆေးခန်းလေး တစ်ခန်း လာဖွင့်တယ်ဆိုတာ သူတို့က ဒီ HIV/AIDS ရောဂါသည်တွေကို ငါတို့ လုပ်ပေးပါတယ် ဆိုတဲ့ ဥစ္စာလေးနဲ့ သူက ခြေကုပ်ယူပြီးတော့ ဟိုကဝင်လာတဲ့ ဘင်္ဂါလီဘက်ကို သူတို့က အဓိက အားပေးချင်တယ်။ အဲဒီလို လုပ်ကိုလုပ်ဖို့ ဆိုပြီးတော့ ဒီက ရခိုင် Community က လူတွေက သဘောပေါက်တဲ့ အတွက် ဒါကို တားဆီးရမယ်ဆိုတဲ့ သဘောနဲ့ တားကြတာ ဖြစ်ပါတယ်။”
အခုလို AZG ဆေးခန်း ဖွင့်လှစ်တာကို မြို့ခံလူထုက ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ အတွက် ဒီကနေ့ ဆေးခန်း ဖွင့်လှစ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်လို့လည်း သိရပါတယ်။ ဟော်လန်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ AZG ဆေးခန်းတွေကို ရခိုင်ပြည်နယ် အတွင်း HIV ဝေဒနာရှင်တွေနဲ့ ငှက်ဖျား တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်တွေ အတွက် ၁၉၉၄ ခုနှစ်တည်းက စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဆေးခန်းအားလုံးကို ယာယီပိတ်ထားခဲ့ရပါတယ်။
ဒါ့အပြင် ဒီအဖွဲ့အနေနဲ့ ပဋိပက္ခတွေနဲ့ တစ်နည်းတစ်ဖုံ ဆက်နွယ်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲ အကြောင်းပြချက်နဲ့ အစိုးရက ဦးကျော်လှအောင် အပါအဝင် ဝန်ထမ်းအချို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး များမကြာခင် က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
RFA – နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ ဆေးခန်းကို လူတချို့ ဆန္ဒပြ
No comments:
Post a Comment