Thursday, October 18, 2012

၂၀၁၂ ခုနှစ်အတွက် နိုဗယ်ဆုများ ချီးမြှင့်


စတော့ဟုမ်း၊ အောက်တိုဘာ - ၁၅



၁၈၉၅ ခုနှစ်တွင် မစ္စတာအဲဖရက်နိုဗယ်စတင်ထူထောင်ခဲ့သော ဖောင်ဒေးရှင်းက ကြီးကြပ်၍၁၉၀၁ ခုနှစ်မှစ၍ သိပ္ပံပညာနယ်ပယ် အသီးသီးမှ ထူးချွန်ပညာရှင်များ၊ အဖွဲ့အစည်းများကို နိုဗယ်ဆုများ ချီးမြင့်လာခဲ့ရာ ၂၀၁၂ခု နှစ်အတွက် နိုဗယ်ဆုများကို အောက်တိုဘာလ ၈ ရက်မှ ၁၅ရက်အထိ ကြေညာခဲ့သည်။

ယခုအခါ ရူပဗေဒ၊ ဓာတုဗေဒနှင့် စီးပွားရေးပညာနိုဗယ်ဆုများအား တော်ဝင်ဆွီဒင်သိပ္ပံပညာအကယ်ဒမီက ချီးမြှင့်လျက်ရှိပြီး ဆေး ပညာဆိုင်ရာ နိုဗယ်ဆုအား Karolinska အင်စတီကျူဒ်က ချီးမြှင့်ခဲ့သည်။ ငြိမ်းချမ်းရေးနိုဗယ်ဆုကိုမူ နော်ဝေးနိုဗယ်ဆုကော်မတီ ကချီးမြှင့်သည်။

ဆုရရှိသူများသည် နိုဗယ်ဆုနှင့်အတူ ဆုကြေးငွေ ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ရရှိကာဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်းမြို့ ၌ အဲဖရက်နိုဗယ် သေဆုံးသောနေ့ အမှတ်တရအဖြစ် နှစ်စဉ် ဒီဇင်ဘာ ၁၀ ရက်တွင် ဆုချီးမြှင့်သည်။

(၂၀၁၂) စာပေနိုဗယ်ဆု
- မိုယန်း (တရုတ်နိုင်ငံသား) 

တိုင်းရင်းသား ရိုးရာပုံပြင်များ၊ သမိုင်းနှင့် ခေတ်ပြိုင်သဘောတရားများကို ပေါင်းစပ်ထားသော စိတ်ချောက်ချားစရာ ပကတိအရှိတရား စာပေများဖွဲ့ဆိုရေးသားခဲ့၍ချီးမြှင့်ခြင်းဖြစ်။

(၂၀၁၂) ရူပဗေဒနိုဗယ်ဆု
- ဆာ့ခ်ျဟာဂိုချီ (ပြင်သစ်နိုင်ငံသား)
- ဒေးဗစ်၊ ဂျေ၊ ၀ိုင်လန်း (အမေရိကန်နိုင်ငံသား)

ကွမ်တမ်စနစ်တစ်ခုချင်းစီ တိုင်းတာခြင်းနှင့် လိုအပ်သလို ပုံသွင်းရေးလုပ်ဆောင်နိုင်သော နည်းလမ်းသစ်များရှာဖွေတွေ့ရှိခြင်းကြောင့် ချီးမြှင့်ခြင်းဖြစ်။

(၂၀၁၂) ဓာတုဗေဒနိုဗယ်ဆု

- ရောဘတ်၊ဂျေ၊လက်ဖ်ကိုဝင်(အမေရိကန်နိုင်ငံသား)
- ဘရိုင်၊ ကေ၊ ကိုဘီလ်ကာ(အမေရိကန်နိုင်ငံသား)

လူခန္ဓာကိုယ်အား ပြင်ပမှ ရောဂါများဝင်ရောက်ခြင်း ခုခံကာကွယ်ရာတွင် အရေးပါသော G-protein-coupled receptors များအကြောင်း လေ့လာသိရှိမှုကြောင့်ချီးမြှင့်ခြင်းဖြစ်။

(၂၀၁၂) ငြိမ်းချမ်းရေးနိုဗယ်ဆု


- ဥရောပသမဂ္ဂ (အီးယူ)

ဥရောပတိုက်တွင် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ တိုးတက်စေရန် နှစ်ပေါင်း ၆၀ ကျော်
ပါဝင်လုပ်ဆောင်ပေးခဲ့ခြင်းကြောင့် ချီးမြှင့်ခြင်းဖြစ်။

(၂၀၁၂) ဆေးပညာဆိုင်ရာနိုဗယ်ဆု

- ဆာဂျွန်ဟီ၊ ဂါဒွန် (ဗြိတိန်နိုင်ငံသား)
- ရှင်ရာယာမာနာက (ဂျပန်နှင့်အမေရိကန်နိုင်ငံသား)

ရင့်ကျက်ပြီး ဆဲလ်များအား အသုံးချမှုပေါင်းစုံအတွက် ဆဲလ်အသစ်များပုံစံ ပြန်လည်ဖွဲ့စည်းနိုင်ရေးလုပ်ဆောင်နိုင်ခဲ့ခြင်းအတွက်
ချီးမြှင့်ခြင်းဖြစ်။

(၂၀၁၂) စီးပွားရေးပညာနိုဗယ်ဆု


- အယ်လဗင်၊အီး၊ရော့သ် (အမေရိကန်နိုင်ငံသား)
- လွိုက်၊အက်စ်၊ရှက်ပ်လေ (အမေရိကန်နိုင်ငံသား)

ဈေးကွက်ဒီဇိုင်းအလေ့အကျင့်နှင့် ပုံမှန်ငွေကြေးချထားခွင့် ပြုပေးခြင်း သီအိုရီကို ဖော်ထုတ်ခဲ့၍ ချီးမြှင့်ခြင်းဖြစ်။ 

—Ref: The Star
Credit: 7 Days News Journal - Vol.11, No.32 October 18, 2012

No comments: